
ပုံစံတူမြေပုံတွေအများကြီးထုတ်လုပ်တာ ကိုမြေပုံစီးရီးထုတ်တယ်လို့ သုံးကြပါတယ် – ဆိုလိုတာက မြေပုံတစ်ခုနဲ့တစ်ခုက ပုံစံတူပြီး အဓိကဖော်ပြတဲ့ နေရာဒေသ သို့မဟုတ် အုပ်ချုပ်ရေးယူနစ် က မြေပုံတစ်ခုစီမှာ မတူကြပါဘူး။ ဥပမာ မြို့နယ်မြေပုံတွေအများကြီးထုတ်မယ်ဆိုရင် မြေပုံတွေရဲ့ ယေဘုယျပုံစံက ဖြစ်တဲ့ ခေါင်းစဉ်စာလုံးဖောင့်ပုံစံ၊အရောင်၊အရွယ်အစား က အတူတူပဲဖြစ်ပြီး၊ မြေပုံတစ်ခုရဲ့အခြားအစိတ်အပိုင်းများဖြစ်တဲ့ အညွှန်း၊ စကေးဘား၊ ဂရစ်လိုင်း စတာတွေရဲ့ ပုံစံတွေလည်းတူပါမယ် ဒါပေမယ့် မြေပုံတစ်ချပ်စီမှာ မတူတဲ့ မြို့နယ်တွေကို ရေးဆွဲဖော်ပြထားပါတယ်။
ဒီအခါမှာ မြို့နယ်တိုင်းအတွက် layout တစ်ခုစီပြင်ပြီးထုတ်လုပ်မယ်ဆိုရင် အချိန်ကြာပြီး အမှားများလည်း ကြုံပါမယ်။
ယနေ့ခေတ် GIS software တွေမှာ ဒီလိုမြေပုံစီးရီးတွေထုတ်လုပ်ဖို့ လုပ်ဆောင်ချက်တွေပါလာပါပြီ။ ArcMap မှာ Data Driven Page လို့ခေါ်ပြီး QGIS မှာတော့ Atlas လို့ခေါ်ပါတယ်။
ဤသင်ခန်းစာမှာ အာစီယမ်နိုင်ငံများ မြေပုံစီးရီးတစ်ခုပြုလုပ်ပြီး လိုအပ်တဲ့ သဘောတရား၊ ကိရိယာများ၊ expression များကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။
သင်ယူရရှိမည့်အရာများ
- Map Series ပြုလုပ်ပုံ သဘောတရား
- Rule-based symbology နှင့် Rule-based labelling နည်းများ
- @atlas, @layout ဖြင်စသော variable များ အသုံးပြုပုံ
- “Data defined override” ဖြင့် map item များ၏ parameter များကိုပြောင်းခြင်း
- စာရွက်အနေအထားကိုအလိုက်သင့်ပြောင်းခြင်း (Dynamic page orientation)
- မြေပုံအစိတ်အပိုင်းများ၏နေရာနှင့် အရွယ်အစားကို အလိုက်သင့်ပြောင်းခြင်း (Dynamic map items’ position and size)
အစရှိတာတွေဖြစ်ပါတယ်
>> Atlas Tutorial သင်ခန်းစာ ကိုဤနေရာမှဝင် ရောက်သင်ယူနိုင်ပါတယ်
>> သင်ခန်းစာ video Watch on YouTube
>> Atlas tutorial ကို pdf ဖိုင်ဖြင့်လည်းရယူနိုင်ပါသည်။
