QGIS Attribute Dropdown list အသုံးပြုခြင်း

View Categories

Digitizing လုပ်တဲ့အခါမှာ များသောအားဖြင့် လုပ်လေ့ရှိတာက feature geometry တစ်ခုဆွဲပြီးရင် သူ့အတွက် attribute တန်ဖိုးတွေကို လက်နဲ့ရိုက်ထည့်ကြလေ့ရှိပါတယ်။

ဥပမာ လမ်း တွေကို လုပ်တဲ့အချိန်မှာ လမ်းအမျိုးအစား တွေကို road_type field မှာ primary, secondary, tertiary စသည်ဖြင့်ထည့်သွင်းပေးရပါတယ်။ ဒီလိုလက်နဲ့ feature တစ်ခုခြင်းစီကို ရိုက်ထည့်မယ်ဆိုရင် စာလုံးပေါင်းမှားတာ ဖြစ်တတ်ပါတယ်၊ စာလုံးပေါင်းမှားရင် class အသစ်အဖြစ် ယူဆမှာမို့ symbolization classification ပြုလုပ်ရာမှာ စနစ်မကျတော့တာမျိုးတွေ။ image classification လုပ်ငန်းတွေမှာ  class မသန့်တာတွေဖြစ်လာနိုင်ပါတယ်..

Digitizing လုပ်တဲ့အချိန်မှာ attribute တွေကို dropdown list လိုမျိုးကနေရွေးထည့်မယ်ဆိုရင် အထက်က အမှားမျိုး တွေကို ရှောင်လွဲနိုင်တဲ့အတွက် သေသပ်တဲ့ ဒေတာတစ်ခု တိကျမြန်ဆန်စွာ တည်ဆောက်နိုင်ပါတယ်။

Dropdown list ကို ဖန်တီးနိုင်တဲ့ နေရာကိုလိုက်ပြီး အကြမ်းအားဖြင့် နှစ်နေရာ ရှိပါတယ်..

  1. Layer level
  2. Geodatabase level  တို့ဖြစ်ပါတယ်

Layer level

Layer level ဆိုတာမှာ QGIS ထဲမှာ ဖွင့်ထားတဲ့ မည်သည့် vector layer မဆိုဖြစ်ပါတယ်။ တစ်ဖိုင်ခြင်းစီရှိနိုင်တဲ့ standalone vector GIS format တွေနဲ့ Geodatabase က  vector layer ( table)  တွေဖြစ်ပါတယ်။

Formats – standalone formats (shapefile, geojson), and layers form geodatabases (qgkg, sqlite, gdb)

အားသာချက် – dropdown list ဖန်တီးရန်လွယ်ကူ

အားနည်းချက် – dropdown list သည် ယခုဖွင့်ထားသည့် project တွင်သာ သိမ်းဆည်းထားသည့်အတွက် project အသစ်တွင် ၎င်းကိုအသုံးပြုသည့်အခါ  dropdown list မပါလာပါ။ 

Geodatabase level

Geodatabase ထဲမှာကတည်းက  Layer (table) field မှာ dropdown listကိုချိတ်ထားတာဖြစ်ပါတယ်။

Formats: GeoPackage (gpkg), Sqlite, FilGeoDatabase (ESRI)

အားသာချက် – layer ကို မည်သည့် project တွင်ထည့်သုံးသည်ဖြစ်ပါစေ dropdown list ကိုတန်းပြီးအသုံးပြုနိုင်သည်။

အားနည်းချက် –  dropdown list တွင်မပါသော class အသစ်ထည့်ရန်  domain table ကို SQL ဖြင့်သာထည့်လို့ရသည့်အတွက် အများစုအတွက်ခက်ခဲမှုရှိသည်။

1.     Layer level တွင် dropdown setup ပြုလုပ်ခြင်း

Layer properties ကနေ Attribute Form tab ကိုဖွင့်ပါ

Fields အောက်က dropdown အသုံးပြုမည့် field ကိုရွေးထားပါ

1.1 Value Map Widget နည်း

  • Widget Type မှာ Value Map ကိုရွေးပါ

Value နဲ့ Description ကော်လံနဲ့ အလွတ်တစ်ခုကိုတွေ့ရပါမယ်

Value ဆိုတာက ရွေးထားတဲ့ field ထဲမှာ သိမ်းဆည်းသွားမယ့် တန်ဖိုးတွေပါ၊ field က text type ဆိုရင် စာသားတွေအနေနဲ့ သိမ်းဆည်းပါမယ်၊ numeric type ဆိုရင်တော့ ဂဏန်းတွေပဲဖြစ်ရပါမယ်။ Description ကတော့ အရှည်ဖော်ပြပေးချင်တဲ့စာသား တွေကိုထည့်ပေးရပါမယ်။ attribute table ကို ဖွင့်ကြည့်ရင် တော့ Description မှာရေးထားတဲ့စာသားတွေနဲ့မြင်ရပါမယ်။

(csv file တစ်ခုမှာ Value  Description တွေကို ကြိုတင်ရေးသား သိမ်းထားပြီး Load Data from CSV file မှလည်းထည့်သွင်းနိုင်ပါတယ်)

  • Value  နဲ့ Description မှာ ဖြည့်ပါ
  • Ok နှိပ်ပြီး Layer properties ကိုပိတ်ပါ

အခုဆိုရင် layer မှာ dropdown list setup ပြုလုပ်ပြီးပါပြီ။ QGIS ပေါ်မှာ Digtize  လုပ်တဲ့အခါမှာ dropdown list ကိုအသုံးပြုနိုင်ပါပြီ

ဒီလိုနည်းအပြင် Layer Level မှာ အခြားနည်းတစ်ခုနဲ့လည်း လုပ်လို့ရပါသေးတယ်..

1.2 Classification Widget နည်း

  • Widget Type မှာ classification ကိုရွေးပါ
  • Symbology tab ကိုဖွင့်ပါ
  • Categorized နည်းကိုရွေးထားပါ
  • Value နေရာတွင် dropdown ပြုလုပ်လိုသည့် field ကိုရွေးထားပါ
  • + ခလုပ်ဖြင့် class တစ်ခုစထည့်ပါ
  • Value တွင် class တန်ဖိုးထည့်ပါ Legend အပြည့်အစုံရေးပါ
  • နောက်ထပ်အသုံးပြုမည့် class များကိုလည်း ဤနည်းအတိုင်းဆက်ထည့်ပါ။

Ok နှိပ်ပြီး Layer properties ကိုပိတ်ပါ

အခုဆိုရင် layer မှာ dropdown list setup ပြုလုပ်ပြီးပါပြီ။ QGIS ပေါ်မှာ Digtize  လုပ်တဲ့အခါမှာ dropdown list ကိုအသုံးပြုနိုင်ပါပြီ

2.     Geodatabase တွင် dropdown setup ပြုလုပ်ခြင်း

အသုံး ပြု မည့် layer ရှိသည့် geodatabase ပေါ်တွင် right click နှိပ်ပါ

New Field Domain မှ Ragne Domain နှင့် Coded Values Domain တို့မှရွေးနိုင်ပါသည်

Range သည် ကိန်းဂဏန်း တန်ဖိုးများအတွက်ဖြစ်သည်။ ဥပမာ အသက်၊ အပူချိန်၊မိုးရေချိန် စသည့်တန်ဖိုးများအတွက်ဖြစ်သည်။

ဤ ဥပမာ တွင် landcover class များ အတွက် dropdown list လုပ်မည်ဖြစ်သဖြင့်  New Coded Values Domain ကိုရွေးပါသည်။

  1. Domain အမည် အတို နှင့် အပြည့်အစုံကိုဖြည့်ပါ
  2. Field type တွင် attribute table တွင် ဒေတာလက်ခံမည့် field ၏ data type ဖြစ်ရပါမည်
  3. + ခလုပ်ဖြင့် class တစ်ခုစထည့်ပါ
  4. Code တွင် class တန်ဖိုးထည့်ပါ, Value တွင် class label အပြည့်အစုံရေးပါ
  5. နောက်ထပ်အသုံးပြုမည့် class များကိုလည်း ဤနည်း (3,4) အတိုင်းဆက်ထည့်ပါ။
  • Ok

Domain နှင့် attribute field ချိတ်ခြင်း

ချိတ်လိုသည့် layer ၏ field များကိုမြင်ရအောင်ဖြည်ထားပါ

ဤဥပမာတွင် class_id field နှင့် lu_classes_int domain  တို့ချိတ်ဆက်ပေးရမည်ဖြစ်သည်

  • Field ပေါ်တွင်  right click နှိပ်ပါ
  • Set Field Domain ကိုနှိပ်ပါ ထို့နောက် အသုံးပြုမည့် domain (dropdown list) ကိုရွေးပေးရပါမည်

အခုဆိုရင် ဒီ geodatabase layer မှာ dropdown list setup ပြုလုပ်ပြီးပါပြီ။ QGIS ပေါ်မှာ Digtize  လုပ်တဲ့အခါမှာ dropdown list ကိုအသုံးပြုနိုင်ပါပြီ

Digitizing/Editing ပြုလုပ်ခြင်း 

အထက်ပါနည်းများဖြင့် Dropdown list ပြုလုပ်ထားသော layer တွင် digitizing/editing လုပ်သည့်အခါ attribute ကိုရိုက်ထည့်ရန်မလိုပဲ dropdown မှ ရွေးပေးလိုက်ခြင်းဖြင့် အမှားအယွင်းကင်းသည့် အရည်အသွေးမြင့်သည် ဒေတာတစ်ခုကို ဖန်တီးနိုင်ပါသည်။

YouTube Video

Dropdown ကဲ့သို့ mouse ဖြင့် ဒေတာကို ရွေးနိုင်သော Widget အမျိုးအစားများ

  • Check box widget
    • တန်ဖိုးနှစ်ခုတည်းပဲ သိမ်းဆည်းမည့် field  အတွက်အသုံးပြုနိုင်ပါတယ်
      • ဥပမာ – Yes/No, High/Low, Enabled/Disable စသည့်တန်ဖိုးများ ကို check box နဲ့ ရွေးနိုင်ပါတယ်
  • Date/Time widget
    • ရက်စွဲတွေကို pop up calendar သုံးပြီးရွေးနိုင်ပါတယ်
  • Range widget
    • တဆက်တည်းရှိနိုင်တဲ့ ကိန်းဂဏန်းတန်ဖိုးတွေဖြည့်ရမည်ဆိုပါက အသုံးပြုနိုင်ပါတယ်
      • ဥပမာ – အသက်၊ အပူချိန်၊ မိုးရေချိန် စသည့်တန်ဖိုးများ

ဤသင်ခန်းစာကို PDF file ဖြင့်ရယူနိုင်ပါသည်..

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details