
QGIS – Basic
QGIS သည် ကွန်ပြုတာပလက်ဖောင်းမျိုးစုံတွင် အသုံးပြုနိုင်သော GIS ဆော့ဝဲတစ်ခုဖြစ်ပြီး ပထဝီသတင်းအချက်အလက်များ ကို ဖန်တီးခြင်း၊ ပြင်ဆင်ခြင်း၊ ပုံထုတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ နှင့် ထုတ်ဝေခြင်း လုပ်ငန်းများတွင်အသုံးပြုနိုင်ပါသည်။ ၎င်းသည် အခမဲ့ ဆော့ဝဲတစ်ခုဖြစ်ပြီး မြေပုံထုတ်ခြင်း နှင့် အချက်အလက် သရုပ်ခွဲခြင်း နှင့် အချက်အလက်စီမံခန့်ခွဲခြင်း တို့အပါအဝင် လုပ်ငန်းနယ်ပယ်ကျယ်ကျယ်ပြန့်ပြန့် တွင် အသုံးပြုလျက်ရှိပါသည်။
QGIS ၏ User Interface သည် ရိုရှင်းရင်းနှီးလွယ်သည့်ပုံဖြစ်ပြီး အသုံးပြုရလွယ်ကူပါသည်။ User Interface ကို လိုအပ် သလိုလည်း ပြင်ဆင်နိုင်သေးသည်။ ၎င်း တွင် vector ဒေတာများကို ဖန်တီးရန်၊ တည်းဖြတ်ရန် နှင့် သရုပ်ခွဲလေ့လာရန် ကိရိယာအစုံပါသကဲ့သို့ ပင် raster ဒေတာများ ဖြင့်လုပ်ကိုင်ရန် အတွက်လည်း ကိရိယာမျိုးစုံပါဝင်ပါသည်။ ထို့အပြင် နယ်ပယ်မျိုးစုံသုံး များပြားလှသော plug-in များဖြင့် ၎င်း၏လုပ်နိုင်စွမ်းကို တိုးချဲ့နိုင်ပါသေးသည်။
QGIS ၏ ထင်ရှားလူသိများသော အချက်တစ်ခုမှာ သည် ဒေတာအမျိုးအစားများစွာကို ကိုင်တွယ်နိုင်စွမ်းရှိခြင်းဖြစ်သည်။
အနှစ်ချုပ်ဆိုရလျင် QGIS သည် စွမ်းဆောင်ရည်မြင့်မား ပြီး အသုံးပြုရလွယ် သည့် ဆော့ဝဲတစ်ခုဖြစ်ပြီး geospatial data အသုံးပြုသည့် ကျယ်ပြန့်သည့် လုပ်ငန်းမျိုးစုံတွင် အသုံးပြုနေသည့် ဆော့ဝဲတစ်ခုဖြစ်ပါသည်။
ဘယ်သူတွေအတွက်လဲ
GIS ဒေတာ နှင့် အချက်အလက်များ ကို ကိုင်တွယ် လုပ်ဆောင်နေကြသော ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို ဤသင်ခန်းစာများသည် သင့်တော်ပါသည်။
ရည်ရွယ်ချက်
QGIS ကိုအသုံးပြုပြီး မိမိတို့လုပ်ငန်း တွင် လိုအပ်သည့် မြေပုံ များ ပြုလုပ်နိုင်ရန်ရည်ရွယ်ပါသည်။ ဆက်လက်ပြီး အဆင့်မြင့်သင်ခန်းစာများကိုလေ့လာနိုင်ရန် အတွက်အခြေခံ ဖြစ်ပါသည်။
Contents of the materials
အောက်တွင် သင်ခန်းစာ များကို pdf ဖိုင်ဖြင့်ရယူနိုင်ပါသည်။
- Getting started with QGIS
- Working with coordinate reference system
- Working with vector data and basic operation
- Working with raster data
- Labelling in QGIS
- Symbology in QGIS
- Create and Edit Data in QGIS
- Import and join data
- Simple Map Layout
- Training data
QGIS Basic သင်တန်းတက်ရောက်လိုပါက ဒီနေရာမှာကြည့်ပါ (အခမဲ့) . . .
