QGIS မှာ OpenStreetMap ကို default XYZ tile layer အဖြစ်ထည့်ပေးထားပါတယ်။ အောက်ခံမြေပုံအဖြစ်အများစုအသုံးပြုရန်သင့်တော်််််သည့် Basemap တစ်ခုလည်းဖြစ်ပါတယ်။
အချို့လည်းသတိထားမိကြမယ်ထင်ပါတယ်။ Online က OSM မှာ ဒေတာအသစ်တွေကိုမြင်နေရပေမယ့် ကိုယ့် QGIS က OSM basemap မှာ ဒေတာအသစ် မမြင်ရတာပါ။ ကိုယ်တိုင် OSM မှာ data အသစ်တွေ ကူညီထည့်ပေးလိုက်ပေမယ့် QGIS မှာ data အသစ်တွေကို မမြင်ရတော့ အသုံးပြုရာမှာ အဆင်မပြေသလိုခံစားမိပါလိမ့်မယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကိုသိရင် အလွယ်တကူဖြေရှင်းလို့ရပါတယ်။
Online မြေပုံတွေကိုသုံးတဲ့ Applicaiton တိုင်းမှာ (Google Earth, Google Map, Navigation Mobile Apps, QGIS etc) နေရာတစ်ခု ကို ပြန်ကြည့်တိုင်း ဒေတာတွေကို လိုင်း ပေါ် ကနေ ထပ်ခါထပ်ခါ ပြန်ရယူနေရတာကိုရှောင်လွှဲဖို့အတွက် သင်ကြည့်ခဲ့တဲ့နေရာတွေက ဒေတာတွေကို ကွန်ပြူတာ/ဖုံး ထဲမှာ သိမ်းဆည်းထားပါတယ်။ ကြည့်ခဲ့ဖူးတဲ့နေရာ ဟောင်းတစ်ခုကို ပြန်ကြည့်ချိန်မှာ အသင့်ဒေတာကိုယူပြီးပြလိုက်တဲ့အတွက် မြန်မြန်ဆန်ဆန်ပြသပေးနိုင်ပါတယ်။ ဒီလိုသိမ်းဆည်းတာကို cache လုပ်ခြင်းလို့ခေါ်ပါတယ်။ သူ့ရဲ့အားနည်းချက်က အွန်လိုင်းမှာ ဒေတာအသစ်တွေ ဝင်လာတာကိုမသိတာပါ။ ဒီအခါ cache ဖိုင်က ဒေတာအဟောင်းတွေကိုပဲ ပြန်ပြန်ပြနေပါတယ်။ ဒေတာအသစ်ကို မြင်ရဖို့ဆို cache file တွေကို ရှင်းလင်းပေးဖို့လိုပါတယ်။
QGIS ကလည်း အလားတူ caching ခြင်းပြုလုပ်ပါတယ် ဒါကြောင့် online map update data တွေကိုမမြင်ရဘူးဆိုရင် cache file ကိုရှင်းလင်းပေးရပါမယ်။
Settings meun > Options ကိုဖွင့်ပါ
- Network tab ကိုဖွင့်ပါ
- Cache setting မှာ delete button ကို နှိပ်ပါ

QGIS တွင် Cache file မရှင်းလင်းမှီနှင့် ရှင်းလင်းပြီး ဥပမာ . .

Cache file သည် OpenStreeMap တစ်ခုတည်းအတွက်သာမဟုတ်ပါ မည်သည့် online map/imagery မဆို cache file ကိုအသုံးပြုသည့်အတွက် လိုအပ်ပါ ဤနည်းကိုအသုံးပြုနိုင်ပါသည်။
