Line features များ ဖြစ်သည့် road, waterway, pipeline အစရှိသည်ကို ရေးဆွဲကြတဲ့အခါ ဆွဲရမည့် feature သည် အကွာအဝေး ရှည်လွန်းလျှင်သော်လည်းကောင်း၊ အဆုံးထိရေးဆွဲရန် အချိန်မရသည့်အခါမျိုးတွင် သော်လည်းကောင်း ပြီးဆုံးသည်အထိ မရေးဆွဲနိုင်ဘဲ တဝက်တပျက်နှင့် ရပ်ထားရလေ့ရှိသည်။ နောင်တချိန်ပြန်ဆွဲလိုသည့်အခါ ထိုလိုင်းအဆုံးမှဆက်လက်ဆွဲသားရန် လိုအပ်ပါသည်။ ဆက်ဆွဲသည့်လိုင်းသည် အသစ်တခု မဟုတ်ဘဲ မူလလိုင်းဖြစ်ဖို့လိုသည်။ ထိုအခါ Vertex Tool နှင့် Reshape Features Tool တို့အား အသုံးပြု၍ ရပ်ထားသော နေရာမှ ဆက်ဆွဲနိုင်ပါသည်။
Vertex Tool
နှင့် ဆက်လက်ရေးဆွဲသည့်အခါ နောက်ဆုံးရေးဆွဲ ထားသော node ပေါ်တွင် cursor တင်၍ + sign ပေါ်လာသည့်အခါ ကို ထို + ဖက်သို့ ရွှေ့သားသော အခါ + သည်အနီရောင်ဖြစ်ပြောင်းချိန် တွင် left-click နှိပ်၍ ဆက်လက်ရေးဆွဲရပါမည်။
Reshape Features Tool
ဖြင့် ရေးဆွဲသည့်အခါ ပထမဦးစွာ Vertex Snapping ကို ဖွင့်ပေးထားရန် လိုအပ်ပါသည်။ နောက်ဆုံးရေးဆွဲ ထားသော node ပေါ်တွင် cursor ကပ်သွားချိန် Vertex ပြသည့်အခါ left-click နှိပ်၍ ဆက်လက်ရေးဆွဲနိုင်ပါတယ်။
လက်တွေ့လုပ်ဆောင်ပုံကို အောက်က ဆည်းပူးရာ SeePuuYar YouTube Channel မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။
