QGIS တွင် Field Calculator အသုံးပြုပြီး အလျား နှင့် ဧရိယာများတွက်ချက်ခြင်း

View Categories

Geographic Information System (GIS) တွင် မျဉ်းကြောင်းအရှည် နှင့် polygon ဧရိယာများကို တွက်ချက်ခြင်းသည် spatial analysis အတွက် အခြေခံကျသော အလုပ်ဖြစ်သည်။

ထိုသို့ တွက်ချက်သည့်အခါ 2D (ပြင်ညီ), 3D (စက်လုံး အီလစ်ဆွိုက်) မျက်နှာပြင်များပေါ်တွင် အခြေခံ၍ တွက်ချက်နိုင်ပါသည်။

QGIS တွင် field calculator ကို အသုံးပြု၍ $length, $area, length($geometry) နှင့် area($geometry) ကဲ့သို့သော built-in function များဖြင့် အလျား နှင့် ဧရိယာများ ကိုတွက်ချက်နိုင်သည်။ ၎င်းတွက်ချက်မှုများ အတွက် အသုံးပြုလိုသော အတိုင်းအတာယူနစ်များကို Project Propeties တွင် ကြိုတင်သတ်မှတ် ပြင်ဆင်နိုင်ပါသည်။

$length, $area funtion များဖြင့် တွက်ချက်ရာတွင် Project Propeties တွင် datum သတ်မှတ်ပေးခဲ့ပါက တွက်ချက်မှုကို 3D Ellipsoid မျက်ပြင်ပေါ် တွင်ရှိမည့် အတိုင်းအတာဖြင့် တွက်ချက်ပေးမည်ဖြစ်သည်။ အကယ်၍ None/Planimetric ဟုသတ်မှတ်ပေးခဲ့ပါက Layer ၏ CRS အတိုင်း ပြင်ညီအဖြစ်သဘောထားတွက်ချက်မည်ဖြစ်သည်။ အလားတူပင် length($geometry) နှင့် area($geometry) function များသည်လည်း Layer ၏ CRS အတိုင်းသာတွက်ချက်မည်ဖြစ်ပြီး Project Properties setting တွင်သတ်မှတ်ပေးထား သော datum နှင့် unit များကိုအသုံးမပြုပါ။

Layer ၏ CRS သည် GCS ဖြစ်ပါက ဒီဂရီ ယူနစ်ဖြစ်ထွက်လာမည်ဖြစ်သဖြင့် အသုံးပြုနိုင်မည်််််် မဟုတ်ပါ။ Layer ၏ CRS သည် PCS ဖြစ်ပါက ၎င်းစနစ်တွင်အသုံးပြုသည့် ယူနစ်ဖြင့်ထုတ်ပေးမည်ဖြစ်သည်။ ဥပမာ – UTM PCS အတွက် မီတာ၊ စတုရန်းမီတာ ဖြင့်လည်းကောင်း LCC PCS ဖြင့်ဆိုလျင် ကိုက်၊ စတုရန်းကိုက် စသည့် ယူနစ်များဖြင့် ထုတ်ပေးမည်ဖြစ်သည်။ နောက်မှသာ မိမိလိုချင်သော ယူနစ်ရ‌အောင် ပြောင်းတွက်ပေးရပါလိမ့်မည်။

အောက်ပါ YouTube Video တွင် လမ်းအရှည် နှင့် polygon ဧရိယာများ၏ အတိုင်းအတာ တွက်ချက်ခြင်း တို့အား သရုပ်ပြ ရှင်းလင်းထားပါသည်။

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details