QGIS တွင် Firefly Symbol ဖန်တီးခြင်း

View Categories

ဆရာကြီး Tobler ရဲ့  ပထမ ပထဝီဝင် နိယာမ ဖြစ်တဲ့ “အရာရာတိုင်းသည် အခြားတစ်ခုခုနှင့်ဆက်စပ်နေသည် သို့သော် အဝေးကအရာတွေထက်အနီးအနားက အရာတွေက ပိုပြီးဆက်စပ်နေသည်” ( everything is related to everything else, but near things are more related than distant things.‘) ဆိုတာကို ထင်ရှားအောင် ပြသနိုင်တဲ့ မြေပုံ သင်္ကေတ စတိုင်တစ်မျိုးရှိပါတယ်။ ဒါကတေ့ Firefly style ပါ။

အင်္ဂလိပ်လို fireflyစတိုင်၊ မြန်မာလိုဆိုရင် ပိုးစုန်းကြူးစတိုင် လို့ ခေါ်တဲ့ မြေပုံသင်္ကေတဆွဲနည်းတစ်ခုဟာ အောက်ခံ အမည်းရောင် (သို့မဟုတ် ခပ်မှိုင်းမှိုင်းမှိန်မှိန်အရောင်တွေ) ပေါ်မှာ မြေပုံအရာ ဝတ္ထုတွေကို လင်းလက်တောက်ပနေသကဲ့သို့ ဖော်ပြထားတဲ့အတွက် ကြည့်ရှုသူတွေရဲ့အာရုံကို ကောင်းကောင်းဖမ်းစားနိုင်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ယေဘုယျအားဖြင့် firefly map တွေရဲ့ ဖွဲ့စည်းပုံ မှာ ပါဝင်လေ့ရှိတာတွေကတော့

  • အနက်/အလင်းနည်း (de-satuated) သို့မဟုတ်  imagery အောက်ခံ
  • ပြလိုသည့်အရာများ အလွှာ
  • ပြလိုသည့်အရာများ ကို အရောင်တောက်ပစွာ ဖော်ပြထားချက်တစ်ခု တို့ပဲဖြစ်ပါတယ်
( John M Nelson ၏ ဘ‌လော့မှပုံ)

Firefly symbol ပြုလုပ်နည်းများလေ့လာချက်

ESRI ရဲ့ Cartographer တစ်ဦးဖြစ်တဲ့ John M Nelson က firefly symbology တွေအကြောင်း ဘလော့ရေးသားခဲ့ပါတယ်။ သူကတော့ firefly symbol တွေကို ဘယ်လိုဖန်တီးတယ်ဆိုတာ အသေးစိတ်ရေးမထားပါဘူး။ ၎င်းရဲ့ firefly point symbology တွေက picture တွေနဲ့ဖန်တီးထားတာ တွေ့ရပါတယ်။ John က ArcGIS Pro အတွက် အဆင်သင့် သုံးရန် firefly symbol file ကို ဖန်တီးပေးထားတဲ့အတွက် ArcGIS သမားတွေအတွက်တော့ အဆင်ပြေပါတယ်။ ၎င်းရဲ့နည်းကို သုံးပြီး QGIS မှာ firefly symbol တွေ ဖန်တီးဖို့ ရာ မှာ အခက်အခဲ တွေရှိပါတယ် အထူးသဖြင့် firefly picture တွေကို ဖန်တီးဖို့ရာ graphic software ကျွမ်းကျင်မှု လိုပါတယ်။

GIS Geography နဲ့ Medium.com မှာ Omowonuola Akintola နဲ့ Helen McKenzie တို့က QGIS မှာ firefly symbol တွေကို ဘယ်လိုဖန်တီးနိုင်တယ်ဆိုတာ ရေးသားထားပါတယ်။ ၎င်းတို့ရဲ့နည်းတွေဟာ Layer Glow effect ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။ Single symbol မှာ Glow effect color ကို တစ်ကြိမ်ပဲပြောင်းစရာလိုတဲ့အတွက် သိပ်အခက်အခဲမရှိပေမယ့် Categorized နဲ့ Graduated symbology တွေမှာ Glow effect color ကို class တစ်ခုခြင်း အတွက် လိုက်ပြောင်းဖို့ရာမှာ တော့ အခက်အခဲ တွေ့ရပါတယ်။ အထူးသဖြင့် Graduated color အတွက် လက်နဲ့ လိုက်ပြောင်းဖို့ရာမှာ color တွေကို မှန်အောင်တွက်နိုင်ဖို့က လူအများစုအတွက် အခက်အခဲဖြစ်နေပါတယ်။

အခြား Draw effect များကို လေ့လာစမ်းသပ်ပြီး တဲ့နောက်မှာ Blur effect နည်းက မူလ John Nelson ရဲ့ firefly symbology နဲ့ ပိုပြီးတူသလို လူအများစုအတွက် လည်း အသုံးပြုလို့အဆင်ပြေ တာကို တွေ့ရပါတယ်   ဤသင်ခန်းစာမှာ Blur effect သုံးပြီး firefly symbology ပြုလုပ်ပုံကို ပြသမှာ ဖြစ်ပါတယ်။

ဤသင်ခန်းစာတွင် ဥပမာအဖြစ် MIMU မှထုတ်ဝေထားသော မြန်မာနိုင်ငံမြို့များ  layer ကို အသုံးပြုပြီး fire fly symbology ဖန်တီးအသုံးပြုပုံကို အဆင့်ဆင့် ရှင်းလင်းပြသပေးသွားမှာဖြစ်ပါတယ်. .

အဆင့်(၁) – Map Canvas ပြင်ဆင်ခြင်း

QGIS ကို ပရောဂျက်အလွတ်တစ်ခုဖွင့်ထားပါ။

Firefly symbology တွေဟာ နောက်ခံ အရောင် အမှောင်မှာ ပိုပြီးကြည့်လို့ကောင်းတာဖြစ်တဲ့အတွက် map canvas background ကိုအရောင် ပြောင်းရပါမယ်

  1. Project menu > Properties ဖွင့်ပါ
  2. General tab တွင် background color ပေါ်တွင် မောက်စ် ကလစ်ပါ
  3. ကျလာသော color palette မှာ html notation တွင် နက်ပြာရောင်အရင့် RGB code #000030 ရိုက်ပြီး အရောင်ကိုပြောင်းပါ

အဆင့်(၂) – Layer များထည့်ခြင်း

World boundary  layer ထည့်သွင်းခြင်း

နိုင်ငံတကာ နယ်နိမိတ် layer ကို ခေါ်တင်ရန်အတွက် အောက်ခြေ Taskbar ပေါ်ရှိ coordinate box  တွင် “ world “  ဟုရိုက်ပြီး enter နှိပ်ပါ။ world map layer တက်လာမည်။

၎င်း layer  symbology တွင် fill color ကို အနက်ရောင် ပြောင်းပါ။ outline color  ကို မီးခိုးရောင် (40%) တစ်ခု ရွေးပါ

Town layer ထည့်သွင်းခြင်း

  1. MIMU website ကနေရယူထားတဲ့ မြို့ Layer ကို ထည့်ပါ။
  2. ၎င်း Layer ကို အပေါ်ဆုံးမှာ နေရာချထားပါ၊

အဆင့်(၃) – မြို့ Layer ကို Firefly symbol ပြင်ဆင်ခြင်း

  1. Town layer ၏ Symbology ပြင်ဆင်ပါ ။  layer properties > symbology tab
    1. Method: Categorized
    1. Value: Level
    1. Symbology ကိုနှိပ်ပါ

Firefly symbology ဖန်တီးခြင်း

  1. Dot symbol တစ်ခုကို ရွေးပါ။  symbol properties ပြင်ပါ
    1. Size ကို 1 ထားပါ
    1. fill color ကို အဖြူထားပါ၊
    1. stroke style ကို no line ရွေးပါ

အထက်ပါ marker ကို copy ကူးပါ။ ထို့နောက် ဒုတိယာ marker ၏ properties ပြင်ပါ

  • Size ကို 3 ထားပါ
  • fill color ကို အရောင်တောက်တောက်တစ်ခု‌ရွေးပါ၊
  • stroke style ကို no line ရွေးပါ
  • symbology dialog box ကိုဆက်ဖွင့်ထားပါ

ဒုတိယ marker ကို  select ဆက် လုပ်ထားပါ။ အောက်ခြေနားရှိ Draw effect ကို အမှန်ခြစ်ပါ ။ ကြယ်ပုံ icon ကိုနှိပ်ပါ

  • Effect properties
    • Source properties ကို select လုပ်ထားပါ။

Effect type drop down တွင် Blur ကိုရွေးပါ။ Blur strength 1.5 ထားပါ။ OK

အပေါ်ဆုံး symbol layer ၏ color lock လုပ်ပါ

Firefly symbology ကိုသိမ်းဆည်းခြင်း

အခြားပရောဂျက်များတွင်ပါ အသုံးပြုနိုင်ရန် firefly marker symbol ကိုသိမ်းဆည်းနိုင်ပါသည်။ ဒီလိုင်း symbol ကို သိမ်းထားရင် သုံးတဲ့အခါမှာ အသုံးပြုလိုတဲ့အရောင်ကိုပြန်ရွေးပေးလိုက်လို့ရပါတယ်

  1. အပေါ်ဆုံး symbol root ကို select လုပ်ပါ၊ Save Symbol.. ကိုနှိပ်ပါ
  • Save New Symbol တွင်
    • Destination: Default
    • Name: firefly_dot
    • Tag(s): firefly symbols
    • Save

Categorized Symbol ဖန်တီးခြင်း

Layer properties > symbology tab > symbol တွင် firefly_dot ကိုရွေးထားပါစေ

  1. Classifying symbols
    • Classify ကိုနှိပ်ပါ၊ random color ဖြင့် (သို့မဟုတ် color ramp ဖြင့်) class တစ်ခုခြင်းအတွက်  firefly dot symbol များဝင်လာမည်

မြို့ များ၏အဆင့် အရ symbol layer  များကို ‌မောက်စ်ဖြင့် ဖိဆွဲနေရရွေ့ပြီး အထက်အောက် ပြန်စီပါ  ..

Union > District > State > Main town > Other

မြို့ များ၏အဆင့် အရ အရွယ်အစားကို အကြီးအသေးပြင်ပါမည်

  • Union Captial: 3.6
  • District capital: 2.4
  • State capital: 2.0
  • Main town: 1.2
  • Other town: 0.8
  • All other town: off

မြို့များအားလုံးကိုအရောင်တစ်ခုတည်းပြောင်းပါမည်။

  • Class အားလုံးကို select ပြုလုပ်ပါ
  • Right click > change color ဖြင့် အရောင်ပြောင်းပါ

OK နှိပ်ပြီး symbology tab ကို ပိတ်ပါ။ ယခုအခါ ဆွဲဆောင်မှုရှိတဲ့ firefly symbol ကိုသုံးထားတဲ့ မြို့ များကိုမြင်တွေ့ရပါမယ်

Line feature အတွက် firefly symbol ပြုလုပ်နည်း

John ရဲ့နည်းလမ်းကိုမှီပြီး QGIS အတွက်သင့်တော်အောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ John က line symbol layer တွေရဲ့ transparency ကိုပြောင်းပြီးပြုလုပ်ထားပါတယ်။ QGIS အတွက်ကတော့ blur draw effect နဲ့ပဲပြုလုပ်ပါတယ်။

  1. Color: white; thickness: hairline; locked color*; no draw effect
  2. Color: purple; thickness: 0.2; joint: round; no draw effect; no locked color
  3. Color: purple; thickness: 0.6; joint: round; draw effect: blur 1.2; no locked color
  4. Color: purple; thickness: 1.8; joint: round; draw effect: blur 3.2; no locked color

Firefly point symbol အတွက် အပေါ်မှာ အသေးစိတ်ရေးပြခဲ့ပြီးဖြစ်ဤ အတွက် လိုအပ်တဲ့အချက်လေးတွေ ကိုပဲ ဖော်ပြ လိုက်ပါတယ်။ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒီလိုင်း symbol ကို သိမ်းထားရင် သုံးတဲ့အခါမှာ အသုံးပြုလိုတဲ့အရောင်ကိုပြန်ရွေးပေးလိုက်လို့ရပါတယ်

နိဂုံး

ဒီသင်ခန်းစာမှာ symbol layer control တွေနဲ့ blur draw effect တွေကို အသုံးပြု ပြီး firefly symbol တွေကို ပြုလုပ်ပုံကို ပြသခဲ့ပါတယ်။ ဒါ့အပြင် “Addition” Layer Blending mode ကိုပါအသုံးပြုပြီး အနည်းငယ်ကွဲပြားတဲ့ effect ထည့်နိုင်ပါသေးတယ်။ စမ်းသပ်ကြည့်ဖို့တိုက်တွန်းပါတယ်။

Firefly marker ပြုလုပ်ပုံဗွီဒီယိုကို ဆည်းပူရာ YouTube မှာ ကြည့်ရှုနိုင်ပါတယ်

ဤသင်ခန်းစာ PDF file ကို ဒီမှာ ရယူနိုင်ပါတယ်

ကိုးကားစာရင်း

Steal This Firefly Style Please by John Nelson

Firefly Cartography by John Nelson

How to Create Firefly Cartography with QGIS – Geography Realm

How to make a firefly map with QGIS | by Helen McKenzie | Medium

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details