
QGIS မှာ layer တွေရဲ့ ဒေတာ တွေကို Graduated Marker Symbology နဲ့ပြဖို့ အတွက် အဆင်သင့်သုံးနိုင်တဲ့ လုပ်ဆောင်ချက်တွေ အခု ဗားရှင်း ၃.၄၄ အထိ မပါရှိသေးပါ။ Graduated Color Symbology ပဲအသုံးပြုလို့ရပါတယ်။
မည်သည့် Geometry အမျိုးအစားဖြစ်နေပါစေ Graduate symbology ဟာ အရောင်တွေနဲ့ပဲ ပြပေးနိုင်ပါတယ်။ Polygon layer မှာ polygon တွေရဲ့ centroid မှာ marker အရွယ်အစား အချိုးကျပြပေးနိုင်ဖို့နေနေသာသာ point line type တွေမှာ တောင် point symbol ကို အရွယ်အစား (size ) အချိုးကျနဲ့ ပြမပေးနိုင်ပါဘူး။
လက်ရှိအချိန် (Sep 2025) ထိကတော့ point, line တို့ကို QGIS မှာ Graduated Symbol Size နဲ့ပြချင်တဲ့အခါ
- Graduate method နဲ့ class အရင်ခွဲပါတယ်။
- ရလာတဲ့ class တွေကို အရောင်တစ်မျိုးတည်းဖြစ်အောင်ပြင်ပါတယ်။
- ပြီးမှ class တစ်ခုခြင်းကို symbol size/line width တွက်ချက်/မှန်းထည့်ပါတယ်
Symbol size တွေကို attribute data အရ အချိုးကျပြချင်ရင် သုံးနိုင်မည့်နည်းအချို့ရှိပါတယ်။ Graduated symbology method အောက်မှာတော့မရှိပါဘူး။ အရွယ်အစားကို data အရ အချိုးကျ ပြပေးတဲ့အခြားနည်းတွေကိုအသုံးပြုနိုင်ပါတယ်
1. Pie chart ကိုအသုံးပြုပြီးပြနည်း
ဒီနည်းကို Point နှင့် Polygon layer တွေမှာ အသုံးပြုနိုင်ပါတယ်
Layer Properties > Diagram tab ကိုဖွင့်ပါ

1. Pie chart ကိုရွေးပါ
2. Enable diagram ကိုဖွင့်ထားပါ
3. Attributes မှာ
- ဒေတာပါတဲ့ attribute field column ကိုရွေးပါ
- လိုချင်တဲ့အရောင်ကိုရွေးပါ
4. Size option မှာ

- Scaled size ကိုရွေးပါ
- Attribute မှာ ပြလိုသည့် field ကိုရွေးပါ
- Find ကိုနှိပ်ပါ
- Size မှာ အကြီးဆုံး symbol size အတွက်သတ်မှတ်ပါ
- Increase size of small diagram ကိုဖွင့်ထားပါ
- Minimum size မှာ အသေးဆုံး symbol size အတွက်သတ်မှတ်ပါ
5. Placement option မှာ Over point ကိုရွေးထားပါ

Apply နှိပ် OK နှိပ်ပြီး အဆုံးသတ်ပါ
2. Data defined override နည်းဖြင့်ပြနည်း
2.1 Point Layer အတွက်
Layer Properties > Symbology tab ကိုဖွင့်ပါ
Size unit ညာဖက် အစွန်ရှိ Data Driven Override ကိုဖွင့်ပြီး Assistant ကိုရွေးပါ

Symbol Size dialog box ပေါ်လာမည်။

Source: တွင် အသုံးပြုမည့် data field ကိုရွေးပါ
- Refresh button ကိုနှိပ်ပါ
- “ Size From” နှင့် “ to” တွင် အသေးဆုံးနှင့် အကြီးဆုံးရှိမည့် symbol size ကိုသတ်မှတ်ပေးပါ
- OK
- Properties’ Symbology dialog box တွင် Apply လုပ် OK နှိပ်ပြီး အဆုံးသတ်ပါ
2.2 Polygon Layer အတွက်
Polygon layer အတွက် centroid တွင် point ဖြင့်ပြရန် symbology ကို ပြင်ရပါမည်
Layer properties > Symbology tab
Single symbol တွင် centroid pointများကိုပြရန် အရင်ဆုံးပြုလုပ်ပါ…. symbology တွင်

- + ဖြင့် symbol layer အသစ်တစ်ခုအပေါ်ဆုံးတွင်ထည့်ပါ
- Symbol Layer Type တွင် centroid fill ကိုရွေးပါ
- Draw markers on every part of multi-feature ကို ဖြုတ်ထားပါ
- Maker ပေါ်ကို click လုပ် (select) ပါ

အရောင်ကို ပြလိုသည့်အရောင်ပြောင်းနိုင်ပါတယ်
Size unit ညာဖက်ရှိ data defined override မှ Assistant ကိုရွေးပါ။ Symbol Size dialog box ပေါ်လာမည်

- Source: တွင် အသုံးပြုမည့် data field ကိုရွေးပါ
- Refresh button ကိုနှိပ်ပါ
- “ Size From” နှင့် “ to” တွင် အသေးဆုံးနှင့် အကြီးဆုံးရှိမည့် symbol size ကိုသတ်မှတ်ပေးပါ
- OK
- Properties’ Symbology dialog box တွင် Apply လုပ် OK နှိပ်ပြီး အဆုံးသတ်ပါ

အထက်ဖော်ပြပါနည်းများဖြင့် Graduated Marker Symbology ကို QGIS တွင်ပြုလုပ်နိုင်ပါသည်။ နောင်တချိန်ချိန်တွင်တော့ QGIS တွင် Graduated Marker Symbology ပြုလုပ်နည်းပါဝင်လာမည်ဟုမျှော်လင့်ရပါသည်။
