အမျိုးအစားတူ Layer နှစ်ခု/သုံးခု ကို symbology အတူတူဖြစ်အောင် လွယ်လွယ်လုပ်လို့ရတဲ့ နည်းရှိလား …?
Layer တစ်ခုကို project အသစ် မှာ ထည့်သုံးတဲ့အခါ တိုင်း standard symbology နဲ့ တစ်ခါတည်း အဆင်သင့် ပေါ်လာချင်ရင် ရလား..?
အဖွဲ့အစည်း က အသုံးပြုမယ့် font, color, marker, line style, symbology စတာတွေ ကို အဖွဲ့သား GIS mapper တွေဆီ အလွယ်တကူ မျှဝေနိုင်မယ့်နည်းရှိလား
အထက်ပါ မေးခွန်းတွေ သင့်မှာ ရှိနေပြီဆိုရင် တော့ ယခု ဆောင်းပါးပါ နည်းလမ်းများဟာ သင့်အတွက် အလွန်ပဲ အသုံးဝင်ပါလိမ့်မယ်…
QGIS မှာ ပြင်ဆင်ထားတဲ့ Layer Style များကို လွယ်ကူစွာ ကူးယူဖော်ပြ၊ သိမ်းဆည်း၊ ထည့်သွင်းနိုင်ရန် နည်းလမ်းများ ရှိပါတယ်။ အောက်ဖော်ပြပါနည်းလမ်းများကို အသုံးပြုခြင်းဖြင့် QGIS Project များတွင် Layer Style များကို ပြန်လည် ဖန်တီးရန် မလိုအပ်ပဲ ထပ်တူညီစွာ ပြန်လည်အသုံးပြုနိုင်သည့်အပြင် မိမိအဖွဲ့အတွင်း လျင်မြန်လွယ်ကူစွာ မျှဝေသုံးစွဲနိုင်ပါတယ်။
Layer Styles များကို ကူးယူအသုံးပြုနည်း –
1. Copy Style:
- Layers panel ထဲမှ copy လုပ်လိုသည့် Layer ကို right-click နှိပ်လိုက်ပါ။
- Styles > Copy Style ကို ရွေးချယ်လိုက်ပါ။ သင့် Layer Style ကို အခုပဲ ကူးယူလိုက်ပါပြီ။
2. Paste Style:
- Copied style ကိုအသုံးပြုလိုသည့် Target Layer ကို right-click နှိပ်လိုက်ပါ။
- Styles > Paste Style ကို ရွေးချယ်လိုက်ပါ။
အရင်ကဖန်တီးထားတဲ့ Style ကို လွယ်ကူစွာ အခြား Layer တွင် ပြန်လည်အသုံးပြုနိုင်ပါပြီ။ (Geometry နဲ့ Category တူညီတဲ့ Layer ဖြစ်ဖို့တော့ လိုမယ်နော် 😊)
Layer Styles များကို Save & Import ပြုလုပ်နည်း –
1. Save Style:
- Style Save လုပ်လိုသည့် Layer ကို right-click နှိပ်လိုက်ပါ။
- Styles > Save Style… ကို ရွေးချယ်လိုက်ပါ။
- QGIS Layer Style File (.qml) ဖိုင်ကို သိမ်းဆည်းလိုက်ပါ။
2. Import Style(.qml):
- Import လုပ်လိုသည့် Layer ကို right-click နှိပ်လိုက်ပါ။
- Styles > Load Style… … ကို ရွေးချယ်လိုက်ပါ။
- Saved လုပ်ထားသော Style ဖိုင်ကို အသုံးပြုလိုသည့် Target Layer မှာ browse လုပ်ပြီး load ပြုလုပ်လိုက်ပါ။ အရင်ကဖန်တီးခဲ့တဲ့ Style ကို လွယ်ကူစွာ အခြား Layer တွင် ထည့်သွင်း အသုံးပြုနိုင်ပါပြီ။
Layer ကို Styles များ နှင့်တူ တွဲ သိမ်းဆည်းနည်း –
1. Save Style:
- Style Save လုပ်လိုသည့် Layer ကို right-click နှိပ်လိုက်ပါ။
- Styles > Save Style… ကို ရွေးချယ်လိုက်ပါ။
- QGIS Layer Definition File (.qlr) ဖိုင်ကို သိမ်းဆည်းလိုက်ပါ။ ( .qlr File Format မှာတော့ Layer source file path နှင့် အတူ Style များ ကိုပါ တွဲ သိမ်းဆည်းတာကြောင့် layer source file များကိုနေရာ မရွှေ့ မိဖိုတော့လိုပါမယ်။)
2. Open Layer Definition file:
- Add လုပ်လိုသည့် Layer defition file (qlr) ကို QGIS browser panel မှာ right click နှိပ်လိုက်ပါ။
- Add to project … … ကို ရွေးချယ်လိုက်ပါ။
- အရင်ကဖန်တီးခဲ့တဲ့ Style တွေပါတဲ့ Layer အဖြစ်ဝင်လာပါပြီ။
လက်တွေ့လုပ်ဆောင်ပုံကို အောက်ပါ ဆည်းပူးရာ Seepuuyar Youtube channel မှာ ဝင်ရောက် ကြည့်ရှုလို့ရပါတယ်။
