QGIS Private Layers

View Categories

အောက်မှာ ဖော်ပြထားတဲ့ QGIS Map View များ က ဘာထူးခြားနေလဲ?

Map canvas မှာ မြင်နေရတဲ့ မြင်ကွင်းက  နှစ်ခုလုံး မှာ အတူတူ ပါပဲ။ ဒါပေမယ့် သေခြာကြည့် ရင် layer panel မှာ ပြထားတဲ့ layer list နှစ်ခုကတော့ မတူပါဘူး။

မြေပုံ(၁)ရဲ့ Layer panel မှာ ဆိုရင် Admin1, road နဲ့ OpenStreetMap basemap layer  တွေကို ပြသထားပါတယ်။

မြေပုံ(၂) Layer panel မှာတော့ road layer တစ်ခုပဲပြထားပါတယ် ဒါပေမယ့်  Admin 1 layer နဲ့ OpenStreetMap basemap layer တွေရဲ့ content  တွေကို Map canvas မှာ မြင်နေရသေးတယ်။ Layer panel မှာ Admin 1 layer နဲ့ OpenStreetMap basemap layer တွေကို  မမြင်ရတဲ့ အကြောင်းအရင်းကတော့ ၎င်း တို့ဟာ Private layer  တွေဖြစ်နေလို့ဖြစ်ပါတယ်။

Private layer တွေဟာ layer panel မှာ လိုအပ်လို့ ဖော်ပြချင်ရင်ပြပေးလို့ ရပါတယ်။ ဒါပေမယ့် ၎င်းတို့ကို layout legend  မှာတော့ မဖော်ပြပါဘူး။

QGIS ရဲ့ Private layer အကြောင်းကို သတိထားမိသူ အတော်နည်းပါမယ်လို့ထင်ပါတယ်။

ပုံမှန် သုံးနေတဲ့အချိန်မှာ – Layer panel  menu bar မှာ filter အိုင်ကွန် ကို နှိပ်ကြည့်ရင် Show Private Layers ကိုမြင်ရပါမယ်။ check box ကိုနှိပ်ကြည့်ရင်လည်း ဘာမှ ထူးမလာတာ တွေ့ရပါမယ်..

Private layer တွေရဲ့ ထူးခြားချက်

၁.  Layer panel မှာ private layer တွေကို ဖျောက်ထားလို့ရတယ်။ layer အများကြီး နဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ မျက်စိရှင်း စေပါတယ်

၂. Layer panel မှာ private layer တွေကို မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ Layout legend မှာ ၎င်းတို့ကို မဖော်ပြ ပဲ ချန်ထားပေးပါတယ်။

Private layer ကိုဘယ်လို သတ်မှတ်ပေးရတာလဲ

၁. ပုံမှန်လုပ်နေကြ အတိုင်း မိမိလိုအပ်သည့် layer များကို လက်ရှိ project မှာ ထည့်သွင်းပါ

၂.   Private layer များအဖြစ်သတ်မှတ်ပေးရန် – Project menu > properties (ctrl+shift+P) ဖြင့် Project properties dialog box ကိုဖွင့်ပါ။  Data sources tab ကိုရွေးပါ၊ Layer capabilities တွင် project  တွင်အသုံးပြုထားသည့်  layer စာရင်းကိုမြင်ရပါမည်။

3. Private layer  အဖြစ်သတ်မှတ်လိုသော layer များ၏ private column အောက်ရှိ check box  များ ကို အမှန်ခြစ်ထားလိုက်ပါ။ အထက်ပါ ပုံတွင် တိုင်း/ပြည်နယ်  (admin1)  layer နှင့်  OpenStreetMap layer ကို private layer များအဖြစ်သတ်မှတ်ပေးထားသည်။ OK ဖြင့်အဆုံးသတ်ပါ။

Layer panel တွင် ကိုင်တွယ်ခြင်း

Private layer များကို layer panel တွင် မြင်လိုသောအခါ  Filter icon အောက်ရှိ drop down menu မှ Show Private Layer ကိုဖွင့်ပေးရပါမည်။ ထိုအခါ စောစောက private layer ဟုသတ်မှတ်ပေးထားသော layer များ ကိုမြင်ရမည်။

Map canvas တွင် private layer များကို ပြ/မပြလိုပါ က ပုံမှန်အတိုင်းပင် layer check box ကို ဖွင့်/ပိတ်လုပ်ပေးရပါမည်။

Private Layers များ နှင့် Layout legend

Layer panel မှာ private layer တွေကို မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ Layout legend မှာ ၎င်းတို့ကို ထည့်သွင်းမဖော်ပြပါ။

ဒီမြေပုံနှစ်ခု ရဲ့  layout legend တွေကို ကြည့်ရင် မြေပုံ(၁) layout  မှာ မလိုချင်တဲ့ layer တွေကို ဖြုတ်ဖို့ Auto update  ကိုပိတ်ပြီး ( – ) ခလုပ်နဲ့ ဖယ်ရပါမယ်။

မြေပုံ(၂) ရဲ့ layout legend မှာတော့ မလိုချင်တဲ့ layer တွေ တနည်းအားဖြင့် Private Layer တွေကိုအစကတည်းက ဖော်ပြမထားတော့ပါဘူး။

အခုဆိုရင် QGIS မှာ private layer ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ နားလည် ပြီလို့ထင်ပါတယ်။   သင့်ရဲ့ QGIS skill level လည်း အဆင့်တစ်ဆင့်တက် သွားပါပြီ။

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details