QGIS မှာ label ထိုးတဲ့အခါ attribute မှာပါတဲ့ အကြောင်းအရာ သို့မဟုတ် တန်ဖိုးအပေါ်မူတည်ပြီး feature အချို့ကို မတူတဲ့နည်းဖြင့် lable ထိုးဖို့လိုတာမျိုးကြုံရတတ်ပါတယ်။ ဥပမာ လူဦးရေ၁သန်းအထက် ရှိတဲ့ ပြည်နယ်/တိုင်းဒေသကြီးတွေရဲ့ label ကို Bold ဖြင့်ထိုးတာမျိုး ကျန်တဲ့ ပြည်နယ်/တိုင်းဒေသကြီးတွေကို ပုံမှန်ပဲ စာထိုးတာမျိုးလုပ်ဖို့လိုတာမျိုး။ ဒီလိုအခါမှာ GIS သမားအများစုလုပ်လေ့ရှိတာကတော့ ထို Layer ကို duplicate လုပ်ပြီး မူလlayer နှင့် duplicate layer များကို query ဖြင့် လိုအပ်သလို filter လုပ်ပါတယ်။ ထိုနောက်မှာတော့ ထို layer များ ကို မတူတဲ့ label style များအသုံးပြုပြီး label ထိုး ခြင်းဖြစ်ပါတယ်။
အထက်ပါနည်းက ဆူလွယ်နပ်လွယ်/လက်ပူတိုက် နည်းလို့ပြောလို့ရပါတယ်။ ပိုပြီးစနစ်ကျတဲ့နည်းလမ်းက rule-based labelling method ဖြစ်ပါတယ်။ ဒီနေရာမှာ rule ဆိုတာ Condition/Query/Filter ပါပဲ။ Filter တစ်ခုစီအတွက် label ကို သီးသန့် ချိန်လို့ရအောင်လုပ်ထားတာပါ။
အောက်ပုံသည် MapTiler မှ layer တစ်ခုတွင် rule-base labelling ကိုအသုံးပြုထားပုံဖြစ်သည်။


အောက်ပါ Youtube video တွင် rule-based labelling ကိုသရုပ်ပြရှင်းလင်းထားပါတယ်။
