QGIS တွင်အဆင့်မြင့် Label ထိုးနည်းများ (၁)

View Categories

QGIS မှာမြေပုံရေးဆွဲတဲ့အခါ Label တွေထိုးလေ့ရှိပါတယ်။ အဲဒီလို Label ထိုးတဲ့အခါ တခါတရံမှာဆိုရင် မိမိတို့ရဲ့ attribute table မှာပါတဲ့ စာသားတွေက အရမ်းကို ရှည်နေတာတွေဖြစ်တတ်ပါတယ်။ Attribute table မှာ ပါတဲ့အတိုင်းပဲ label ထိုးလိုက်ပါက ဘေးတိုက်ရှိနေတဲ့ label တစ်ခုနဲ့တစ်ခု ထပ်နေတာတွေဖြစ်တတ်ပါတယ်၊ ဒါမှမဟုတ် border ကိုကျော်ပြီးအရှည်ကြီးပြနေတတ်ပါတယ်။ အဲလို မြေပုံက ကြည့်ရတာ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် Label တွေကို နှစ်ကြောင်း (အကြောင်းအများ) ခွဲပြီး ပြချင်တယ်ဆိုပါစို့။ ဒါဆိုဘယ်လိုလုပ်label ထိုးလို့ရမလဲ … ?

နောက်တစ်ခါကြုံတတ်တာက ဥပမာ မြန်မာနိုင်ငံရဲ့ မြို့နယ်တွေကို ဖော်ပြတဲ့ မြို့နယ် polygon shapefile တစ်ခုနဲ့ မြေပုံထုတ်မယ်ဆိုကြပါစို့။ မိမိတို့ရဲ့ attribute table မှာက မြို့နယ်ရဲ့နာမည်ပဲပါတယ်၊ ဥပမာ – “အမရပူရ” ။ Attribute table မှာပါတဲ့ အတိုင်း label ထိုးလိုက်ပါက “အမရပူရ” လို့ပဲ ပေါ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် မိမိတို့က “အမရပူရ”ရဲ့ နောက်မှာ “မြို့နယ်” ဆိုတဲ့ စာသားလေးထပ်ထည့်ချင်တယ်ဆိုပါစို့။ ‌Attribute table ရဲ့ မြို့နယ်ကော်လံ ထဲမှာ မြို့နယ်အမည်တွေနောက် ကနေ “မြို့နယ်” လို့လည်းသွားမထည့်ချင်ဘူး ။ ဒါဆိုရင် ဘယ်လိုလုပ် label ထိုးလို့ရမလဲ … ?

QGIS မှာမြေပုံရေးဆွဲတဲ့အခါ အခုလိုအခြေအနေမျိုးတွေကို အလွယ်တကူဘယ်လိုဆောင်ရွက်လို့ ရသလဲဆိုတာ အောက်ပါ link မှတစ်ဆင့် ဆည်းပူးရာ (See Puu Yar) ရဲ့ YouTube channel မှာ အသေးစိတ် ကြည့်ရှုလို့ရပါတယ်။

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details