QGIS မြေပုံမှာ Label ထိုးတဲ့အခါ စာလုံးများကို အရောင်ပြောင်းခြင်း၊ စောင်းခြင်း၊ ထူ (bold )ခြင်း စသည်တို့ကို QGIS ရဲ့ default setting တွေနဲ့ ဆောင်ရွက်တဲ့အခါ ပြုလုပ်ချက် ဟာ Label စာအားလုံးကို သက်ရောက်မှာဖြစ်ပါတယ်။

ဥပမာ – Magway Township သည် label စာကို bold နှင့် italic ပေါင်းလုပ်ထားခြင်းဖြစ်သည်
(ဤဥပမာ တွင် Magway အမည်သည် TS ကော််လံ မှလာတာဖြစ်ပြီး Township စာလုံးကတေ့ အလွတ်ထည့်ထားခြင်းဖြစ်သည်)
ဒါပေမယ့် မိမိတို့က “Magway Township” ဆိုတဲ့ Label ထဲကမှ “Magway” ဆိုတဲ့ မြို့နယ်အမည်အပိုင်းကိုပဲ စာလုံးထူ (Bold) လုပ်ချင်တယ်၊ စောင်းချင်တယ်၊ အရောင်ပြောင်းချင်တယ် ဆိုပါက HTML Tag တွေကို အသုံးပြုပြီးတော့ ဆောင်ရွက်လို့ရပါတယ်။

ဥပမာ – Magway Township
style/formatting html tag တွေကို www.w3schools.com/html အောက်က style နှင့် formatting အခန်းတွေမှာကြည့်ရှုလေ့လာနိုင်ပါတယ်။
အလားတူပဲ ဒသမပတွေပါတဲ့ ကိန်းဂဏန်းတွေကို Label အဖြစ်ဖော်််တဲ့အခါ ရှိသမျှ ဒသမနောက်က ဂဏန်းတွေကိုဖော်််ပြမည့်အစား ဒဿမနောက်မှာ တစ်လုံး နှစ်လုံး စသည်ဖြင့် Round လုပ်ပြီးဖော် ပြလို့ရပါတယ်။ ဒါမှ မြေပုံမှာ ဖတ်ရှုလို့အဆင်ပြေပါမယ်။ Layer properties > Label tab > format option မှာ ရှိတဲ့ “ Formatted Numbers” ကိုအသုံးပြုရမှာဖြစ်ပါတယ်။ Decimal places မှာ သုည (၀) သတ်မှတ်ပေးရင် ကိန်းပြည့်ပဲပြသမှာဖြစ်ပါတယ်။ သတ်မှတ်ပေးလိုက်တဲ့ ဒဿမဂဏန်းရဲ့နောက်မှာရှိတဲ့ တန်ဖိုးက 5 ထက်ကြီးရင် နောက်ဆုံးဂဏန်းမှာ ၁ တိုးပြီးပြဖြစ်ပါတယ်။


round(value,places) function ဖြင့်လည်း အလားတူဖော်ပြလို့ရပါသေးတယ်ဒီလိုမျိုး ဒဿမကိန်းတွေ round လုပ်တာအပြင် ဒသမကိန်း အပိုင်းကို ဖြုတ်ပြီးဖော်ပြလို့ရပါတယ်။ ဒီလိုဖော်််ပြရာမှာ ကပ်လျက်မှာ ရှိတဲ့ အနီးဆုံးကိန်းပြည့်များကိုလိုသလိုဖော်ပြနိုင်ပါသေးတယ်။ ဥပမာ မူလ ကိန်းဂဏန်း 123.6789 ကို 123 လို့ဖော် ပြနိုင်သလို 124 လို့လည်းဖော်််််််ပြနိုင်် ပါတယ်။ ဆိုလိုတာကတော့ 123.6789 ရဲ့ ရှေ့/အောက် နဲ့ နောက်/အထက် မှာ ရှိတဲ့ ကိန်းပြည့်များနဲ့ပြခြင်းဖြစ်ပါတယ်။ ဒါကိုတော့ floor( ) နဲ့ ceil( ) ဖန်ရှင်များသုံးပြီးဖော်ပြနိုင်ပါတယ်။

ဒီလို ဖော်ပြခြင်းအားဖြင့် ဖော်ပြချင်တဲ့ အကြောင်းအရာကို မြေပုံကြည့်သူများအလွယ်တကူသဘောပေါက် နားလည်လွယ်တဲ့အတွက် ဒီလို Labelling နည်းလမ်းတွေသိထားဖို့ လိုပါတယ်။ အထက်မှာပြောပြခဲ့တဲ့ Labelling trick တွေကို အသေးစိတ်ရှင်းလင်းပြထားတဲ့ video ကို အောက်ပါ link မှတစ်ဆင့် ဆည်းပူးရာ (See Puu Yar) ရဲ့ YouTube channel မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။
# အဆင့်မြင့်labelထိုးနည်းများ (1) blog ကိုဖတ်ရှုလိုပါက ဤနေရာကိုနှိပ်ပါ
