
မြေပုံစီးရီးများတွင် ပါဝင်သည့် မြေပုံတစ်ချပ်ခြင်းသည် ဖော်ပြသည့် နေရာဒေသသာ ကွဲသွားသော်လည်း မြေပုံတိုင်း၏အသွင်အပြင်ပုံစံများသည် အတူတူဖြစ်သည်။ မြေပုံအရွယ်အစား၊ အရောင်၊ ခေါင်းစဉ်၊ သုံးထားသည့် စာလုံးဖောင့်၊ မြေပုံဘောင်၊ မြေပုံပေါ်ရှိအရာဝတ္ထုများကိုဖော်ပြပုံဖော်ပြနည်းများ၊ မြေပုံအညွန်းများ နှင့် လေးအောက်(layout)ပုံစံ စသည့် အားလုံးသည် တစ်ပုံစံတည်းအတူတူပင်ဖြစ်သည်။ ဥပမာ – ပြည်နယ်နှင့်တိုင်းဒေသကြီး မြေပုံများ
ထိုသို့မြေပုံစီးရီးများကို ထုတ်လုပ်ရာတွင် မြေပုံတစ်ချပ်ခြင်းစီ ကို ပြင်ဆင်ပြီးထုတ်လုပ်ခြင်းသည် အချိန်ကုန်ပြီး အမှားအယွင်းများရှိနိုင်သည်။
အဓိကပုံစံကိုသာ ပြင်ဆင်ပြီး အတွင်းတွင်ဖော်ပြသည့် နေရာဒေသ ကိုပြောင်းပြီး ထုတ်နိုင်သော်လည်း အချို့အရာများကို လူမှ အကြိမ်တိုင်းတွင် ဝင်ရောက်ပြင်ဆင်ပေးရတတ်သည်။ ဥပမာ – မြေပုံ ခေါင်းစဉ်များ သည် အချပ်တိုင်းတွင်ပြောင်းပေးဖို့လိုသေးသည်။
ယခု ခေတ် GIS Application များတွင် မြေပုံစီးရီးများကို မြန်မြန်ဆန်ဆန်ထုတ်လုပ် ရန် အတွက် tool များပါလာခဲ့ပြီဖြစ်သည်။
Map Series Tools
ArcMap တွင် Data Driven Page ဟုခေါ်ပြီး QGIS တွင် Atlas ဟုခေါ်သည့် tool များ သည် ထိုသို့ မြေပုံ စီးရီးထုတ်ခြင်းကို လွယ်ကူ လျင်မြန်စွာ ပြီးမြောက်စေသည်။ (ArcMap 9.x version များတွင် Map Book add-on အဖြစ် သီးသန့်ထည့်သွင်းအသုံးပြုခဲ့ကြရသည်)
ထို tool များသည် မြေပုံတွင်ဖော်ပြမည့် နေရာကိုအလိုလျောက်ပြောင်းပေးခြင်း (ဥပမာ – ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုချင်း)၊ခေါင်းစဉ်ပြောင်းပေးခြင်း၊ စာရွက်နှင့် ဆန့်သည့် စကေး ဖြင့် ပြောင်းပေးခြင်း (အသေထားလို့လည်းရသည်)၊ မြေပုံတစ်ချပ်ခြင်းနှင့်သက်ဆိုင်သည့် ဒေတာအချက်အလက်များကို ဖော်ပြပေးခြင်း စသည်တို့ကို အမှားအယွင်းမရှိပြုလုပ်ပေးနိုင်လာကြသည်။
ယေဘုယျအားဖြင့် ArcGIS ၏ Data Driven Page tool နှင့် QGIS ၏ Atlas tool တို့အလုပ်လုပ်ပုံသည် ခပ်ဆင်ဆင်ဖြစ်သည်။
QGIS Atlas Tool အသုံးပြုပုံကို ဆည်းပူးရာပလက်ဖောင်း တွင် လေ့လာသင်ယူနိုင်ပါပြီ ဤနေရာကို နှိပ်ပါ
ပြည်နယ်နှင့်တိုင်းမြေပုံစီးရီးထုတ်လုပ်ခြင်း ယျေဘုယ အဆင့်များ
- Add Layers, Symbolize and Label as needed
- State/Region polygon layer
- Other layers
- Towns point layer
- Major road layer
- Major river layer
- District polygon layer
- Township polygon layer
- Map Series setup on Layout
- Set State/region layer as an index layer to generate pages for each State polygon
- Add Dynamic Titles and Texts
- Export Maps in single PDF file

Map Series Tools များအတွက် စိန်ခေါ်မှု
Map Series သို့မဟုတ် Map Book တိုင်းတွင် အနည်းဆုံး Title Cover Page တစ်ခု နှင့် Index Map page တို့ပါဝင်လေ့ရှိသည်။ ၎င်း page တို့ကို သပ်သပ် အရင် pdf အဖြစ်ဖန်တီးပြီး အထက်တွင် export လုပ်ထားသည့် map series pdf စာမျက်နှာများ၏ရှေ့တွင်ထည့်သွင်းလိုက်လျင် ပြည့်စုံသည့် Map Book တစ်ခု ရရှိပြီဟုဆိုနိုင်ပါသည်။ သို့သော် ယင်းအဆင့် အတွက် အလွယ်တကူလုပ်ဆောင် နိုင်မည့် tool များ ArcGIS QGIS တို့တွင်မပါဝင်ပါ။ ယင်းအဆင့်ကို ArcMap တွင် arcpy.mapping module နှင့် QGIS တွင် pyqgis module များသုံးပြီးပြုလုပ်နိုင်သည်။ သို့သော် python coding နားလည်တတ်ကျွမ်းဖို့လိုပါသည်။ သို့မဟုတ် Acrobat editor ကဲသို့ သော ဆော့ဝဲ (အခမဲ့မရပါ) တွင် pdf file များကိုပေါင်းပြီး ပြုလုပ်ရပါမည်။

၎င်းနည်းလမ်းသည် Map Series အများစုအတွက်လုံလောက်ပါသည်။
သို့သော် Map Series များတွင် Admin level တစ်ခုထက်ပိုပြီး ပါလိုသည့်အခါ – ဥပမာ – ပြည်နယ်တစ်ခုရှိ မြို့နယ်တိုင်း၏ကျေးရွာအုပ်စုများ မြေပုံစီးရီး PDF file ကို အောက်ပါအတိုင်းထုတ်လုပ်ချင်သည်ဆိုပါစို့ . . .
- စာမျက်နှာ (၁) – အဖွင့် စာ မျက်နှာ – မြေပုံစီးရီး အမည် – level 0
- စာမျက်နှာ (၂) – ပြည်နယ် မြေပုံ – level 0
- စာမျက်နှာ (၃) – မြို့နယ် (၁) မြေပုံ – level 1
- စာမျက်နှာ (၄) – မြို့နယ် (၁) အောက် ရှိကျေးရွာအုပ်စုများ မြေပုံ – level 2
- စာမျက်နှာ (၅) – မြို့နယ် (၂) မြေပုံ – level 1
- စာမျက်နှာ (၆) – မြို့နယ် (၂) အောက် ရှိကျေးရွာအုပ်စုများ မြေပုံ – level 2
- ကျန်စာမျက်နှာ များသည်လည်း သက်ဆိုင်ရာ မြို့နယ် မြေပုံ (level 1) နင့် ၎င်း၏အောက်ရှိ ကျေးရွာအုပ်စုများ မြေပုံ (level 2) တစ်လှည့်စီ ဖြင့် ရှိသမျှ မြို့နယ်များအားလုံးအတွက် လိုပါသည်။
- နောက်ဆုံးစာမျက်နှာ – အခြား သတင်း/အချက်အလက်များ
အထက်ပါလိုအပ်ချက် ကို Map Series Tools များဖြင့် လုပ်မည်ဆိုပါက Level တစ်ခုချင်း ကို project တစ်ခုဖြင့် pdf file များ export လုပ်ပြီး နောက်၊ လူက level အစီအစဉ်အမှန်အတိုင်းရရှိအောင် Acrobat editor ကဲသို့ သော ဆော့ဝဲ (အခမဲ့မရပါ) တွင် pdf file များကိုပေါင်းပြီး page order များပြန်စီစဉ်ရပါလိမ့်မည်။ python ဖြင့်ရေးသား မည်ဆိုပါကလည်း အတော် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အများစုအတွက် အဆင်မပြေနိုင်ပါ ထို့အပြင် အမှားအယွင်းကင်းဖို့ရာ အတော်ကိုလုံ့လစိုက်ထုတ်ပြုလုပ်ရပါလိမ့်မည်။
ယင်းကဲ့သို့ သော လိုအပ်ချက်မျိုးကို ဖြည့်းဆည်းပေးနိုင်သည့် QGIS ၏ Map Report Tool အကြောင်းကို နောက် လာမည့် ပိုစ် တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်….
