
ပုံမူရင်း – NASA (နိုင်ဝင်ဘာ ၁ ရက် ၂၀၂၃ တွင် MODIS မှ ရိုက်ကူးထားသည့် ဂျပန်နိုင်ငံဆောင်းဦးပုံ)
ဆောင်းပါးမူရင်း – https://eos.com/find-satellite/modis-mcd43a4/
MODIS (Moderate-resolution Imaging Spectroradiometer) ရဲ့ ရည်ရွယ်ချက်မှာ စံညှိထားသည့် ကမ္ဘာလွှမ်းခြုံသည့် model များအတွက် စနစ်တစ်ခုတည်းဖြင့် data စုဆောင်းရန်ဖြစ်ပါတယ်။ ဒီ model တွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကမ္ဘာ့ပြောင်းလဲမှုတွေကို တိကျစွာခန့်မှန်းပေးပါတယ်။ Terra-and Aqua_MODIS ကိရိယာတွေဟာ ကမ္ဘာ့မျက်နှာပြင် တစ်ခုလုံးကို ၁ ရက်ကနေ ၂ ရက်အတွင်း ဓာတ်ပုံရိုက်ကူးပြီး band ၃၆ ခုပါတဲ့ (လှိုင်းအလျား 0.4s ကနေ 14.4μm ထိ) data ကို ဖန်တီးပေးပါတယ်။ MODIS ဂြိုဟ်တုက ရတဲ့ဓာတ်ပုံတွေဟာ လေထု၊ မြေယာနှင့် ပင်လယ်သမုဒ္ဒရာတွေကို လေ့လာတဲ့ နေရာမှာ အသုံးပြုနိုင်ပါတယ်။
MODIS ပုံတွေကို အသုံးချပြီး လေထုနှင့်ပတ်သက်တဲ့ သုတေသနပြုလုပ်ခြင်းဖြင့် တိမ်ဖုံးအုပ်မှု၊ လေထုထဲက အမှုန်အမွှားများ နှင့် ရေငွေ့ အပါအဝင် အရေးကြီးတဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စေတဲ့ အကြောင်းအရာတွေကို သိနိုင်ပါတယ်။ MODIS ရဲ့ အဓိက လေ့လာရေးဟာတော့ ozone layer (အိုဇုန်းအလွှာ) ဖြစ်ပါတယ်။ Channel 30 (9.580-9.880 μm) ဟာ အိုဇုန်း စုပ်ယူခြင်းနယ်ပယ်အတွက် လုပ်ဆောင်တာဖြစ်ပြီး troposphere နှင့် stratosphere အလွှာတွေမှာ အိုဇုန်းအလွှာ ဘယ်လောက်အထူရှိလည်းဆိုတာကို အဓိကလေ့လာဖို့ ဖြစ်ပါတယ်။ နေ့ရော ညရော တိုင်းတာထားတဲ့ data တွေကို ဒီတန်ဖိုးကို တွက်ထုတ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ရရှိလာတဲ့ ဓာတ်ပုံဟာ 5km resolution (ကြည်လင်ပြတ်သားမှု) ရှိပြီး ozone layer ရဲ့ ကွဲပြားမှု အမျိုးမျိုးကို လေ့လာသလို တခြား MODIS ပုံတွေအတွက် လေထုကြောင့်မှားနိုင်တဲ့ အမှားတွေကို ပြင်ဆင်တဲ့နေရာမှာလည်း အသုံးပြုပါတယ်။ ဒါ့အပြင် ဂျက်လေယာဉ်တွေကထွက်တဲ့ မီးခိုးကြောင်းတွေကို လေ့လာတဲ့နေရာမှာလည်း အသုံးပြုပါတယ်။
ကြည်နေတဲ့ လေထုထဲက ရေငွေ့စုပ်ယူတဲ့ zone ထဲမှာ အငွေ့ပါဝင်မှုဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာတဲ့ MODIS စနစ်ဖြင့် အဓိက ဖန်လုံအိမ်ဓာတ်ငွေ့ တစ်ခုဖြစ်တဲ့ ရေငွေ့ကို စူးစမ်းရှာဖွေပါတယ်။ နေ့ခင်းဘက်မှာဆိုရင် ရေငွေ့ပါဝင်မှုကို near infrared range ဖြင့် 1km resolution ကို ရိုက်ကူးပြီး နေ့ရောညပါရိုက်ကူးတဲ့ thermal range ဖြင့် 5km resolution ကိုရိုက်ကူးပါသည်။ ဒီလိုတိုင်းတာမှုတွေကို ကမ္ဘာ့ရေသံသရာကို လေ့လာခြင်း၊ လေထုထဲကအမှုန်အမွှားများနှင့် တိမ်တိုက်များ အပြန်အလှန်ချိတ်ဆက်လုပ်ဆောင်မှု၊ စွမ်းအင်မျှတမှုနှင့် ကမ္ဘာ့ရာသီဥတု တို့ကို လေ့လာခြင်းတွေမှာ အသုံးပြုပါတယ်။
MODIS MCD43A4 ၏အချက်အလက်များ
| အချက်အလက် | ရှင်းပြချက် |
| ရရှိနိုင်သောအချိန် | ဖေဖော်ဝါရီ ၂၀၀၀ မှ ယခုလက်ရှိထိ |
| လုပ်ဆောင်ပေးသော ဧရိယာ | တစ်ကမ္ဘာလုံး |
| File Size (ဖိုင်အရွယ်စား) | 20.51 မီဂါဘိုက် |
| ကိုသြဒိနိတ်စနစ် | Sinusoidal |
| Datum | N/A |
| ဓာတ်ပုံရဲ့အကျယ် | ~1200*1200 စတုရန်းကီလိုမီတာ |
| Number of Science Dataset (SDS) Layers | 14 |
| Columns/Row | 2400/2400 |
| Pixel အရွယ်စား | ~500 |
MODIS Band များ
| Band နံပတ် | လှိုင်းအလျား (nm) | Resolution (m) | အဓိကအသုံးဝင်မှု |
| 1 | 620–670 | 250 | မြေယာ/တိမ်/ လေထုထဲက အမှုန်အမွှားများ |
| 2 | 841–876 | 250 | မြေယာ/တိမ်/ လေထုထဲက အမှုန်အမွှားများ |
| 3 | 459–479 | 500 | မြေယာ/တိမ်/ လေထုထဲက အမှုန်အမွှားများ |
| 4 | 545–565 | 500 | မြေယာ/တိမ်/ လေထုထဲက အမှုန်အမွှားများ |
| 5 | 1230–1250 | 500 | မြေယာ/တိမ်/ လေထုထဲက အမှုန်အမွှားများ |
| 6 | 1628–1652 | 500 | မြေယာ/တိမ်/ လေထုထဲက အမှုန်အမွှားများ |
| 7 | 2105–2155 | 500 | မြေယာ/တိမ်/ လေထုထဲက အမှုန်အမွှားများ |
| 8 | 405–420 | 1000 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 9 | 438–448 | 500 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 10 | 483–493 | 1000 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 11 | 526–536 | 1000 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 12 | 546–556 | 1000 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 13 | 662–672 | 1000 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 14 | 673–683 | 1000 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 15 | 743–753 | 1000 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 16 | 862–877 | 1000 | ပင်လယ်အရောင်၊ Phytoplankton၊ Biogeochemistry |
| 17 | 890–920 | 1000 | လေထု၊ ရေငွေ့ |
| 18 | 931–941 | 1000 | လေထု၊ ရေငွေ့ |
| 19 | 915–965 | 1000 | လေထု၊ ရေငွေ့ |
| 20 | 3.660–3.840 | 1000 | မျက်နှာပြင်၊ တိမ်အပူချိန် |
| 21 | 3.929–3.989 | 1000 | မျက်နှာပြင်၊ တိမ်အပူချိန် |
| 22 | 3.929–3.989 | 1000 | မျက်နှာပြင်၊ တိမ်အပူချိန် |
| 23 | 4.020–4.080 | 1000 | မျက်နှာပြင်၊ တိမ်အပူချိန် |
| 24 | 4.433–4.498 | 1000 | လေထုအပူချိန် |
| 25 | 4.482–4.549 | 1000 | လေထုအပူချိန် |
| 26 | 1.360–1.390 | 1000 | တိမ်မျှင်၊ ရေငွေ့ |
| 27 | 6.535–6.895 | 1000 | တိမ်မျှင်၊ ရေငွေ့ |
| 28 | 7.175–7.475 | 1000 | တိမ်မျှင်၊ ရေငွေ့ |
| 29 | 8.400–8.700 | 1000 | တိမ်ဂုဏ်သတ္တိ |
| 30 | 9.580–9.880 | 1000 | အိုဇုန်း |
| 31 | 10.780–11.280 | 1000 | မျက်နှာပြင်၊ တိမ်အပူချိန် |
| 32 | 11.770–12.270 | 1000 | မျက်နှာပြင်၊ တိမ်အပူချိန် |
| 33 | 13.185–13.485 | 1000 | တိမ်အပေါ်ယံလွှာ၊ တိမ်ရဲ့အမြင့် |
| 34 | 13.485–13.785 | 1000 | တိမ်အပေါ်ယံလွှာ၊ တိမ်ရဲ့အမြင့် |

MODIS tools များ ကိုဒီမှာကြည့်နိုင်ပါတယ်။
