သဘာဝအရောင် အတွဲအစပ် – Natural Color Band Combination

မူရင်း – https://eos.com/make-an-analysis/natural-color/

သဘာဝအရောင် (Natural Color)

သဘာဝအရောင်များ (အနီ ၊ အစိမ်း နှင့် အပြာ (RGB) ရှင်းလင်းချက်)

ကွန်ပြူတာမျက်နှာပြင်တွေမှာကျွန်ုပ်တို့မြင်တွေ့နေရသောပုံရိပ်များသည် အမှန်တကယ်မူလအရောင်၃ ရောင်၏ ရောင်စဉ်ရပ်ဝန်းအတွင်းမှာပင်ရှိသည်။ Camera တခုမှပုံရိပ်တခုဖမ်းယူသည့်အခါ အရာဝတ္တုတခု၏ အလင်းပြန်နှုန်း (reflectance) ကို အနီ၊ အစိမ်း၊ အပြာ ရောင်စဉ်ရပ်ဝန်း (RGB Channel) တစ်ခုစီတွင်သီးသန့်ဖမ်းယူသည်။ ကွန်ပြူတာမျက်နှာပြင်များပေါ်တွင် ရောင်စုံပုံရိပ်များ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းမှာ အရာဝတ္တုတခု၏ RGB Channel အသီးသီးတွင် အလင်းပြန်ရာခိုင်နှုန်း (Percent of reflectance) များပေါင်းစပ်လိုက်ခြင်းကြောင့်ဖြစ်သည်။ (အရာဝတ္တုများသည် ဖမ်းယူသည့်လှိုင်းအလျှားတစ်ခုအပေါ်တွင်ရာနှုန်းပြည့်အလင်းမပြန်နိုင်ပေ။ ရာခိုင်နှုန်းတခုသာအလင်းပြန်သည်။ လည်းကောင်းကို % Reflectance ဟုသတ်မှတ်၍ အဖြူအမည်းရောင်စဉ်တခုသာပြသည်။ လည်းကောင်း % Reflectance ရောင်စဉ် ၃ ခုပေါင်းမှသာ သဘာဝအရောင်ရရှိသည်။)  လည်းကောင်းအရာဝတ္တု၏ အရောင်ကို pixel များဖြင့် digital image များတွင်ဖေါ်ပြလေ့ရှိသည်။ သဘာဝအရောင်ပုံရိပ်များသည် RGB Channel အသီးသီးမှ reflectance များကိုကိုယ်စားပြုသည့် RGB bands (အနီ၊အစိမ်းနှင့်အပြာရောင်စဉ်များ) ပေါင်းစပ်ခြင်းဖြင့် ဖြစ်ပေါ်တွေ့မြင်နိုင်ခြင်း ဖြစ်သည်။ အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့မြင်တွေ့နေရသော အစိမ်းရောင်သစ်ပင်များ၊ အပြာရောင်မှအနက်ရောင်အထိမြင်တွေ့ရသော ရေထု နှင့် မီးခိုးရောင် သို့မဟုတ် အညိုရောင် မြေပြင်များ သည် visible light  (မြင်တွေ့နိုင်သောအလင်းရောင်) ဖြစ်သည့် RGB Band များပေါင်းစပ်ထားခြင်းဖြစ်သည်။ လည်းကောင်းသာမာန်မျက်စိဖြင့်ခွဲခြားစိပ်ဖြာမြင်တွေ့နိုင်သော အရောင်များကို Natural Colors (သဘာဝအရောင်များ) ဟုခေါ်သည်။

လူအများစုအနေဖြင့် true color composite (မှန်ကန်သောအရောင်ပေါင်းစပ်မှု) ကို ကြည့်ရှုရန် ပိုမိုနှစ်သက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့မျက်စိဖြင့်မြင်နေကျ သဘာဝအရောင်များသည် အသေးစိပ်ခွဲခြားစိပ်ဖြာရန်ခက်ခဲလှသည်။ Natural color image များကို ကြည့်ရှုသုံးသပ် ထင်ရှားပြတ်သားမှုအားနည်းနေတတ်ပြီး အမြင်အာရုံဝေဝါးနေတတ်သည်။ လည်းကောင်းမှာ ပုံရိပ်များရယူရာတွင် လေထုအတွင်း အပြာရောင်စဉ်များ ပျံ့နှံ့တည်ရှိနေခြင်းကြောင့်ဖြစ်သည်။

Visible Bands (ပုံမှန်မျက်စိဖြင့်မြင်တွေ့နိုင်တော့ရောင်စဉ်များ) ကိုပေါင်းစပ်သောပုံရိပ်များကို အသုံးပြုခြင်းအားဖြင့် မြေပြင်ရှိအရောင်များကို သာမာန်မျက်စိဖြင့်မြင်ရနေသကဲ့ မြင်နေရတတ်သည်။ ကျန်းမာသန်စွမ်းသောအပင်များကို အစိမ်းရောင်၊ ရှင်းလင်းထားသောကွင်းပြင်များကို အရောင်ဖျော့များ၊ ညှိုးနွမ်းနေသောအပင်များအား အညိုရောင်နှင့်အဝါရောင်၊ လမ်းများအား မီးခိုးရောင် နှင့် ပင်လယ်ကမ်းခြေများအား အဖြူရောင်အဖြစ် true color composite ပုံရိပ်တွင်မြင်တွေ့နိုင်ပါသည်။ ဤရောင်စဉ်ပေါင်းစပ်မှုမှ ကုန်းတွင်းရေထုထိုးဖေါက်ဝင်ရောက်မှု၊ မိုးရွာသွန်းခြင်းနှင့်ဒီရေအတက်အကျ ကြောင့် မြစ်ကြမ်းပြင် နှင့် ပင်လယ်ကြမ်းပြင်အခြေအနေပြောင်းလဲမှုများကို လေ့လာရာတွင်အသုံးဝင်သည်။ မြို့ပြစနစ်သုတေသနလုပ်ငန်းများအတွက်လည်း ဤ color combination ကိုအသုံးပြုကြသည်။

The color composite of Landsat 5 “3, 2, 1” (Red = 3 channel, Green = 2 channel, Blue = 1 channel).

Landsat 5 satellite image တွင် Band 3-2-1 အစဉ်လိုက်သုံးခြင်းဖြင့် true color composite ပုံရိပ်ကိုရရှိမည်။ (Red Band = 3 channel, Green Band = 2 channel, Blue Band = 1 channel)

သဘာဝရောင်စဉ်ပေါင်းစပ်မှုပုံရိပ်အားသုံးသပ်လေ့လာခြင်း

Visible light ရပ်ဝန်းအတွင်းရှိ အရောင်များဖြင့် ပေါင်းစပ်ထားသည့် Natural color composite များတွင် သန်စွမ်းသောအစိမ်းရောင်သစ်ပင်များ၊ ညှိုးနွမ်းခြောက်သွေ့နေသော အညိုရောင်သစ်ပင်စိုက်ခင်းများ၊ အရောင်ဖျော့ရှိသော မြေသားကွင်းပြင်များ၊ အဖြူရောင် ပင်လယ်သောင်ကမ်းများကို သဘာဝအတိုင်းမြင်ရသည်။ ယခုသဘာဝအရောင်ပေါင်းစပ်ထားသောပုံရိပ်များသည် ရေထု၏အခြေအနေ၊ အနည်ပို့ချမှုဖြစ်စဉ်များ၊  ရေအနက်တိုင်းတာခြင်းနှင့် လေထုကိုလေ့လာရာတွင်အသုံးဝင်သည်။

ရိတ်သိမ်းထားသောအပင်များသို့မဟုတ်ကျဲပါးစွာပေါက်ရောက်နေသောသဘာဝပေါက်ပင်များကို true color composite များတွင် သုံးသပ်ရာတွင် Band 4-5-1 combination သို့မဟုတ် Band 4-3-2 combination များသုံးသကဲ့သို့ထင်ရှားပြတ်သားစွာဖေါ်ထုတ်နိုင်မည်မဟုတ်ပေ။ ထို့အပြင်အပင်အမျိုးအစားများ ခွဲခြားရာတွင်လည်း ခက်ခဲလှသည်။ ရေတိမ်နှင့်မြေသားအားခွဲခြားရာတွင်လည်း အသုံးမဝင်ပေ။ လည်းကောင်းအခြေအနေတွင် Band 7-5-3 combination သည် ခွဲခြားနိုင်စွမ်းရှိသည်။

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details