မူရင်း – https://eos.com/make-an-analysis/ndsi/
NDSI ညွှန်းကိန်းခြုံငုံသုံးသပ်ချက် (ခြားနားစံထားနှင်းညွှန်းကိန်း ခြုံငုံသုံးသပ်ချက်)
ဆီးနှင်းများသည် ဇလဗေဒနှင့်ဂေဟဗေဒ တွင်အန္တရာယ်ဖြစ်စေသည့် ပြင်းထန်သောဖြစ်စဉ်၌ပါဝင်သည့် လူသိများသောကမ္ဘာ့ရာသီဥတုဖြစ်စဉ်တခုဖြစ်သည်။ ကမ္ဘာ့အစိတ်အပိုင်းအချို့တွင် ဆီးနှင်းများသည် မြင့်မားသောမြေပြင်ပေါ်တွင်သာဖြစ်တည်လေ့ရှိပြီး ဖျက်အားပြင်းထန်သော သဘာဝဘေးအန္တရာယ်တခုအဖြစ် မှတ်ယူလေ့ရှိသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာခြင်းနှင့် ရေလှောင်တမံများကို စီမံခန့်ခွဲမှုပြုနိုင်ရန် ဆီးနှင်းဖုံးဧရိယာများကို ရှာဖွေဖေါ်ထုတ်ကြသည်။ ဆီးနှင်းများရှာဖွေဖေါ်ထုတ်ခြင်းသည် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းမှု၏ တစိပ်တပိုင်းလည်း ဖြစ်သည်။ ဆီးနှင်းများကိုဖေါ်ထုတ်ရာတွင် 0.66 & 1.6 μm အတွင်းဖမ်းယူနိုင်သော ဂြိုလ်တုဆင်ဆာများကိုသုံကြသည်။ ထို လှိုင်းအလျားရှိသော ဆင်ဆာသည် ကမ္ဘာ့လေထုကို ထိုးဖေါက်နိုင်၍ ဆီးနှင်းများသည် 1.6 μm လှိုင်းအလျားတွင် လုံးဝ အလင်းမပြန်ဘဲ 0.66 μm တွင် ထူကဲစွာအလင်းပြန်ကြသည်။ (မှတ်ချက် – မူရင်းတွင် 0.66mm နှင့် 1.6mm ဟုရေးသားထားသည်။ လှိုင်းအလျားသည် μm သာဖြစ်နိုင်သည်။)
ဆီးနှင်းများသည်လည်းတိမ်များကဲ့သို့တောက်ပကြသည်။ ထိုအချက်သည် ဆီးနှင်းနှင့်တိမ်များကို ခွဲခြားဖေါ်ထုတ်ရန်ခက်ခဲစေသည်။ သို့သော် 1.6 μm လှိုင်းအလျားတွင် ဆီးနှင်းများမှ အလင်းရောင်ကိုစုပ်ယူသဖြင့် နှင်းဖုံးဧရိယာများသည် တိမ်များထက်ပို၍ မဲမှောင်သောအရောင်ကိုမြင်တွေ့ရသည်။ ဤသို့အားဖြင့် ဆီးနှင်းနှင့်တိမ်များကို အဆိုပါလှိုင်းအလျားရှိဆင်ဆာကိုအသုံးပြု၍ခွဲခြားနိုင်သည်။
အရာဝတ္တုတစ်ခု၏ Green band တွင်အလင်းပြန်သောပမာဏနှင့် SWIR တွင်အလင်းပြန်သောပမာဏကို အချိုးခြခြင်းဖြင့် NDSI ကိုရသည်။ NDSI တွင် ရောင်စဉ် ၂ မျိုးပါဝင်သည်။ ပထမတစ်မျိုးသည် NIR သို့မဟုတ် SWIR ရောင်စဉ်ဖြစ်ပြီး၊ အခြားတစ်မျိုးသည် visible band မှ တမျိုးမျိုးဖြစ်သည်။ ဆီးနှင်းဖုံးဧရိယာမြေပုံများ ဆွဲသားခြင်းအတွက်အသုံးပြုကြသည်။ ဆီးနှင်းများသည် သာမာန်မျက်စိဖြင့်မြင်နိုင်သောလှိုင်းအလျား ပေါ်တွင် အလွန်အမင်းအလင်းပြန်၍ NIR နှင့် SWIR တို့၏ လှိုင်းအလျားများပေါ်တွင် လုံးဝ အလင်းမပြန်နိုင်ပါ။ သို့သော် မိုးတိမ်များသည်အဆိုပါ NIR နှင့် SWIR တို့၏လှိုင်းအလျားပေါ်တွင် အလင်းပြန်ကြသည်။ ဤအချက်သည် ဆီးနှင်းနှင့် မိုးတိမ်များခွဲထုတ်ရန်အလွန်အသုံးဝင်သည်။
NDSI ပုံသေနည်း
NDSI တွက်ချက်ရာတွင် satellite image တခုမှ တပြိုင်နက် ရိုက်ယူထားသည့် ရောင်စဉ် ၂ ခုကိုအချိုးချခြင်းဖြင့် ရရှိနိုင်ပါသည်။
NDSI = (TM_band2 – TM_band5)/(TM_band2 + TM_band5)
Band 2 သည် Landsat 7 satellite ၏ Thematic Mapper Sensor မှ ရိုက်ယူထားသည့် visible green band ဖြစ်သည်။ လှိုင်းအလျား 0.53 – 0.61 μm အတွင်းရှိသည်။
Band 5 သည် ယင်း satellite image မှ SWIR band ဖြစ်၍၊ လှိုင်းအလျား 1.55 – 1.75 μm အတွင်းရှိသည်။
