မူရင်း – https://eos.com/make-an-analysis/index-stack/
ညွှန်းကိန်းပုံရိပ်တွဲများ၏ခြုံငုံသုံးသပ်ချက်
Landsat Image များမှ ထုတ်ယူရရှိသော ကမ္ဘာ့မြေမျက်သွင်ပြင်၏ နှင်းဖုံးဧရိယာသို့မဟုတ်ရေခဲပြင်၊ တိမ်များ၊ သစ်တောသဘာဝပေါက်ပင်များ နှင့် ရေထု တို့နှင့်စပ်လျဉ်း၍ လေ့လာနိုင်ရန် Spectral indices (ရောင်စဉ်ညွှန်းကိန်းများ) သုံးခုပါဝင်သော အညွှန်းကိန်းအတွဲများကိုအသုံးပြုလေ့ရှိသည်။
Landsat 8 ဂြိုလ်တုပုံရိပ်များကိုအသုံးပြု၍ NDWI (Normalized Difference Water Index – ခြားနားစံထားရေအညွှန်းကိန်း)၊ NDVI (Normalized Difference Vegetation Index – ခြားနားစံထား အပင်အညွှန်းကိန်း) နှင့် NDSI (Normalized Difference Snow Index – ခြားနားစံထားနှင်းအညွှန်းကိန်း) ဟူ၍ အစဉ်သဖြင့်တွက်ချက်ရယူရကြသည်။ ထွက်ပေါ်လာသော ညွှန်းကိန်းပုံရိပ်များကို RGB Channel များတွင်ထည့် ၍ NDVI ပုံရိပ်ဖန်တီးခြင်းအားဖြင့် အပင်များတည်ရှိနေမှုနှင့်သိပ်သည်းမှုကို တွက်ချက်ရယူနိုင်သည်။ Landsat 8 image များ၏အရည်အသွေးမြင့် Band များတွင် အပင်နှင့်တိုက်ရိုက်ဆိုင်သောအချက်အလက်များမပါဝင်သော်လည်း NDVI ကို ယုတ္တိတန်သောအပင်ဆိုင်ရာအကဲဖြတ်မှုအဖြစ်မှတ်ယူနိုင်သည်။ ၎င်းသည် image များတွင်ပါဝင်သော အစိမ်းရောင်ရှိအပင်များ၏ နှိုင်းရသိပ်သည်းဆ သို့မဟုတ် ပမာဏကိုညွှန်ပြနိုင်သည်။ NDVI ကို အပင်များပေါက်ရောက်နေမှုနှင့်ပတ်သက်သော ယုံကြည်နိုင်မှုအဆင့်ကိုဖေါ်ပြရာတွင်လည်းသုံးကြသည်။
အရာဝတ္တုတခု၏မှပြန်လာသော အလင်းလှိုင်းအလျား 0.66 μm ပတ်ဝန်းကျင်ရှိ red band နှင့် 0.86μm အနီးတဝိုက်ရှိ NIR band ရောင်စဉ်အောက်တွင် အလင်းပြန်သည့်နှုန်းကို ဤညွှန်းကိန်းတွင် အသုံးပြုလေ့ရှိသည်။ Red band ကို အပင်၏ကလိုရိုဖီးကစုပ်ယူပြီး ၊ NIR band တွင် တောက်ပစွာအလင်းပြန်ကြခြင်းကြောင့်ဖြစ်သည်။ Red band နှင့် NIR band သည် အပင်၏မတူညီသည့် ရွက်အုပ်အထူအပေါ်တွင်ကွဲပြားခြားနားစွာ တုံ့ပြန်ကြသည်။
NDWI ကို ခြောက်သွေ့သောကုန်းမြေများပေါ်ရှိရေထုများ သို့မဟုတ် ရေပြင်ဧရိယာများကို ဖေါ်ထုတ်ရာတွင်အသုံးပြုသည်။ ရေထုများသည်ရောင်စဉ်ဖြာထွက်ခြင်းနည်းပြီး မြင်နိုင်သော အနီအောက်ရောင်စဉ်များ၏ လှိုင်းအလျားများ ကိုစုတ်ယူနိုင်သောဂုဏ်သတ္တိရှိသည်။ NDWI ကိုဖေါ်ထုတ်ရာတွင် NIR band နှင့် Green band ကို အသုံးပြုကြသည်။ NDWI သည် ရေနှင့်ဆိုင်သောအချက်အလက်များကို လေ့ရာတွင် အများဆုံးအသုံးပြုကြသည်။ ၎င်းသည် မြို့ပြဧရိယာတွင် မှားယွင်းစာအာရုံခံ၍ တခါတရံ ရေထုတည်ရှိနေမှုကို လွန်ကဲစွာခန့်မှန်းတတ်ကြသည်။
NDSI သည်နှင်းဖုံးဧရိယာများနှင့်ရေခဲပြင်များဖေါ်ထုတ်သတ်မှတ်ရာတွင် အသုံးပြုကြသည်။ NDSI သည် ထူးခြားသောဝိသေသရှိသည့် Band များ၏ reflectance များခြားနားခြင်းကို စံပြုသတ်မှတ်ခြင်းဖြစ်သည်။ ၎င်းတို့၏ spectral လှိုင်းအလျား ကွဲပြားခြားနားမှုကို မူတည်၍ နှင်းများနှင့် အခြားဘေးပတ်ဝန်းကျင်ရှိ အရာဝတ္တုများကိုခွဲခြားပေးသည်။ နှင်းဖုံးဧရိယာနှင့်တိမ်များကိုလည်း ခွဲခြားနိုင်စွမ်းရှိသည်။
ညွှန်းကိန်းပုံရိပ်တွဲများကိုအဘယ့်ကြောင့်သုံးကြသနည်း (ညွှန်းကိန်းပုံရိပ်တွဲများကိုအသုံးချခြင်း)
Index Stack (ညွှန်းကိန်းပုံရိပ်တွဲ) image များ၏ မတူညီသောအရောင်အသီးသီးသည် မတူညီသည့် မြေမျက်နှာသွင်ပြင်များကို ကိုယ်စားပြုသည်ဟုအလွယ်တကူ ခန့်မှန်းနိုင်ကြသည်။ ၎င်း image တွင် တိမ်များကို မရမ်းစေ့ရောင် (purple) နှင့်ပန်းခရမ်းရောင် (Magenta) ရောနှောသောအရောင်၊ ရေထုကိုမရမ်းစေ့ရောင်၊ အပင်များကိုအစိမ်းရောင်၊ မြေသား၊ ကျောက်သားနှင့် ကွင်းပြောင်များကို အပြာရောင် နှင့် ရေခဲပြင်၊ နှင်းဖုံးဧရိယာများကို ပန်းခရမ်းရောင်အဖြစ်မြင်ရပေမည်။
Index stack များသည်ကွဲပြားသော မြေမျက်နှာသွင်ပြင်အမျိုးအမျိုးကို ပုံဖေါ်ဆွဲသားရန်သာမဟုတ်ပဲ ထို Index value (ညွှန်းကိန်းဂဏန်း) များကိုအသုံးပြု၍ quantitative analysis (ကိန်းဂဏန်းများတွက်ချက်လေ့လာခြင်း) များကိုပြုလုပ်နိုင်ခြင်းနှင့် ထို Index value ကို အမျိုးအစားနှင့်အဆင့်ခွဲ၍ သတ်မှတ်လေ့လာနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ကွဲပြားခြားနားသောညွှန်းကိန်းများအတွက် မှတ်သားထားရန်မှာ ဤခွဲခြမ်းစိပ်ဖြာလေ့လာမှုများချဲ့ထွင်ခြင်းနှင့် ၎င်းတို့ကိုပြင်ဆင်မွမ်းနိုင်မည့်အလားအလာများမှာ အကန့်အသတ်မရှိပါ။






