မူရင်း – https://eos.com/blog/cloud-free-ndvi/
NDVI ၏ အဓိပ္ပါယ်
အရိုးရှင်းဆုံးပြောရမည်ဆိုလျှင် Normalized Difference Vegetation Index (NDVI) သည် ဂြိုလ်တုဓါတ်ပုံတွင် စိုက်ခင်းများ၏ အစိမ်းရောင်ဖြစ်မှုနှင့် အပင်ထူထပ်စွာပေါက်ရောက်နေမှုများကို တိုင်းတာ ပေးသည်။ ကျန်းမာသန်စွမ်းသောသီးနှံစိုက်ခင်းများတွင် မြင်နိုင်သောအနီရောင်နှင့် အနီနီး အနီအောက်ရောင်ခြည် ဟူသော ရောင်စဉ်တန်း၂ ခုကြားရှိ ကွာခြားမှုကို တွက်ချက်ပေးခြင်းမှရရှိသော အလွန်ထူးခြားသည့် ရောင်စဉ်တန်း ရောင်ပြန်မှု မျဉ်းကွေးတစ်ခုရှိသည်။ NDVI တန်ဖိုးသည် ဂဏန်းအားဖြင့် (-၁) မှ (+၁) အတွင်း ရှိပါသည်။
Normalized Difference Vegetation Index: ပြောင်းလဲမှုအား ဆန်းစစ်ခြင်း (Change Detection)
အချိန်ကာလအလိုက် ပုံမှန်တွက်ချက်ထားသော အပင်တစ်ပင် သို့မဟုတ် သီးနှံပင်တစ်မျိုး၏ NDVI သည် ထိုအပင်သို့မဟုတ် သီးနှံပင်၏ ပြောင်းလဲသွားသောအခြေအနေများကို ဖော်ပြပေးနိုင်သည်။ တစ်နည်းအားဖြင့် အပင်၏ကျန်းမာရေးကို အဝေးမှခန့်မှန်းနိုင်ရန် အတွက် NDVI အား အသုံးပြုနိုင်သည်။
NDVI တန်ဖိုးများ ရုတ်တရတ်ကျဆင်းလာခြင်းသည် သီးနှံပင်များ၏ကျန်းမာရေး ယိုယွင်းလာခြင်းကို ပြသော လက္ခဏာတစ်ခုဖြစ်နိုင်သည်။
ထိုသို့ NDVI တန်ဖိုးများကျဆင်းရခြင်းသည် သီးနှံရိတ်သိမ်းချိန်ကဲ့သို့သော ပုံမှန်ပြောင်းလဲမှုများနှင့်လည်း ဆက်စပ်နိုင်ပါသည်။ ထို့ကြောင့် NDVI အား အခြားသောရရှိနိုင်သည့်ဒေတာများနှင့်လည်း ထပ်မံစစ်ဆေးသင့် သည်။ NDVI တန်ဖိုးများအား မှန်ကန်စွာကောက်ချက်ချခြင်းသည် စိုက်ပျိုးရေးပညာရှင်များအား ပိုမိုအရည်အသွေး ကောင်းမွန်သောအထွက်နှုန်းများရရှိစေရန်၊ မြေဩဇာအတွက် ငွေကုန်ကြေးကျ သက်သာစေခြင်းနှင့် သဘာဝပတ်ဝန်းကျင်အား ပိုမိုထိန်းသိမ်းနိုင်စေရန် ကူညီပေးနိုင်ပါသည်။
NDVi တွက်ချက်ခြင်း
NDVI သည် ဂြိုလ်တုဓါတ်ပုံများမှတွက်ချက်ရရှိလာခြင်းဖြစ်ပြီး အောက်တွင်ဖော်ပြထားသော ပုံသေနည်းဖြင့် တွက်ချက်သည်-
NDVI = NIR-REDNIR+RED
NIR – အနီနီး အနီအောက်ရောင်ခြည်ရောင်စဉ်တန်းတွင် ရောင်ပြန်သောအလင်း
RED – အနီရောင်ရောင်စဉ်တန်းတွင် ရောင်ပြန်သောအလင်း
အဆိုပါပုံသေနည်းအရ ဓါတ်ပုံတစ်ပုံတွင်ပါရှိသော သီးနှံစိုက်ခင်း၏အပင်ထူထပ်ပေါက်ရောက်မှု (NDVI) သည် အနီရောင်နှင့် အနီနီး အနီအောက်ရောင်ခြည်တွင် အလင်းပြန်သောအလင်းများ၏ပြင်းအား ခြားနားမှုအား ထိုပြင်းအားများ၏ပေါင်းလဒ်နှင့် စားခြင်းဖြင့် ရရှိသည်။
အညွှန်းကိန်းတန်ဖိုးများ
NDVI တန်ဖိုးများသည် (-၁) မှ (+၁) အတွင်း ရှိပြီး အနှုတ်တန်ဖိုးများသည် တိမ်များ၊ ရေပြင်နှင့် ဆီးနှင်းများကြောင့် အဓိကဖြစ်ပေါ်လေ့ရှိပြီး သုညနှင့်နီးစပ်သော တန်ဖိုးများသည် ကျောက်ဆောင်များနှင့် ပကတိမြေပြင်တို့မှ အဓိကဖြစ်ပေါ်လေ့ရှိသည်။
NDVI ၏ အလွန်သေးငယ်သောတန်ဖိုးများ (၀.၁နှင့်အောက်ငယ်သော) သည် ဘာမျှမရှိပြောင်နေသော ကျောက်ဆောင်များ၊ သဲ သို့မဟုတ် ဆီးနှင်းတို့ ဆက်စပ်သည်။
အလယ်အလတ်တန်ဖိုးများ (၀.၂ မှ ၀.၃) သည် ချုံပုတ်များနှင့်မြက်ခင်းများအား ကိုယ်စားပြုပြီး ကြီးမားသော တန်ဖိုးများ (၀.၆ မှ ၀.၈) တို့သည် သမပိုင်းနှင့်အပူပိုင်းသစ်တောများကို ရည်ညွှန်းသည်။
ကွင်း၏ မည်သည့်အစိတ်အပိုင်းတွင် အပင်များ ထူထပ်စွာပေါက်ရောက်နေသည်၊ အသင့်အတင့် ပေါက်ရောက်နေသည် သို့မဟုတ် ခပ်ကျဲကျဲသာ ပေါက်ရောက်နေသည်တို့အား တောင်သူများအား ပြသရန်အတွက် ထိုအတိုင်းအတာအညွှန်းကိန်းကို အသုံးပြုနိုင်ပါသည်။
NDVI ၏ Saturation တိုးတက်မှုတန့်ခြင်း/ပြည့်ဝရပ်တန့်မှု
NDVI အား အသုံးပြုရာတွင် လျစ်လျူမရှုသင့်သော လူသိများသည့် ကန့်သတ်ချက်များလည်းရှိပါသည်။ တစ်ခါတစ်ရံတွင် “saturation” ပြည့်ဝရပ်တန့်မှု ဟုခေါ်သော ဖြစ်စဉ်ကို အရွက်တွင်ရှိသော ရောင်ခြယ်ပစ္စည်း (pigment)များ၏ ပမာဏသည် အမြင့်ဆုံးသို့ရောက်ရှိသွားသောအခါ တွေ့ရပြီး ၎င်းသည် NDVI ၏ တုံ့ပြန်နိုင်မှုအား လျော့ကျစေသည်။
သီးနှံပင်ဖွံ့ဖြိုးမှုအဆင့်၏ နောက်ဆုံးအဆင့်များတွင် အနီနီး အနီအောက်ရောင်ခြည်ရောင်စဉ်တန်းများကို ရောင်ပြန်မှုသည် ဆက်ပြီးတိုး နေစဉ်တွင် အနီရောင်အလင်းမှာ စုပ်ယူခံထားနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် NIR တန်ဖိုးသည် ဆက်လက်ကြီးထွားနေသော်လည်း အနီရောင်တန်ဖိုးသည် မပြောင်းလဲခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် NDVI တန်ဖိုးများသည် သီးနှံပင်များ၏ သန်စွမ်းကျန်းမာမှုအတွက် ယုံကြည်စိတ်ချရမှုနည်းသော အညွှန်းကိန်းများဖြစ်လာသည်။
အဝေးမှအာရုံခံစူးစမ်းလေ့လာခြင်း (Remote Sensing) နယ်ပယ် ရှိ NDVI
NDVI သည် အဝေးမှအာရုံခံစူးစမ်းလေ့လာခြင်း (remote sensing) နယ်ပယ် တွင် အသုံးအများဆုံးသော အပင်အညွှန်းကိန်း (vegetation index) တစ်ခုဖြစ်သည်။ ၎င်းအားလက်တွေ့အသုံးချနိုင်မှုများသည် အလွန်များပြားပါသည် – သစ်တောထွက်ပမာဏတွက်ချက်ခြင်း နှင့် မိုးခေါင်မှု အညွှန်းကိန်းတစ်ခုအဖြစ် အသုံးပြုခြင်းတို့ ပါဝင်သည်။ ၎င်း၏ အခြားသောအသုံးပြုမှုများထဲတွင် မီးလောင်နိုင်သည့် ဧရိယာများကို ခန့်မှန်းခြင်း နှင့် ကန္တာရသုံး စစ်ဆင်ရေး မြေပုံများလည်းပါဝင်သည်။
EOSDA Crop Monitoring ကဲ့သို့သော တိကျသောစိုက်ပျိုးရေးပလပ်ဖောင်းများသည် NDVI ၏ အားသာချက်များအား အသုံးချ၍ ကွင်းထဲရှိ ပြဿနာရှိသော နေရာများသို့ ထောက်လှမ်းရာတွင် လမ်းညွှန်ပေးကာ သီးနှံစိုက်ခင်းများပြန်လည်ကောင်းမွန်အောင် ကုစားပေးသော အခြားနည်းလမ်းများဖြစ်သည့် မြေဩဇာ အသုံးပြုခြင်းနှင့် ရေသွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုတိကျစေရန် ဆောင်ရွက်ပေးသည်။
NDVI သည် အလင်းရောင်အနည်းအများ၊ မြေမျက်နှာသွင်ပြင် အစောင်းအပြု၊ ဟင်းလင်းပွင့်မှု နှင့် အခြား ပြင်ပအကြောင်းအရာ များ၏သက်ရောက်မှုကိုကူညီဖြေလျော့ပေးသည့်အတွက် ကမ္ဘာနှင့်အဝှမ်း အပင်နှင့်သစ်တောများစောင့်ကြည့်ခြင်းအတွက် ပိုမိုသင့်လျော်ပါသည်။
စိုက်ပျိုးရေးမှာ NDVI ဆိုတာဘာလဲ။
ရိုးရိုးရှင်းရှင်းပြောရမည်ဆိုလျှင် normalized difference vegetation index သည် အချို့သော အလင်းလှိုင်းများကို အပင်က မည်မျှအလင်းပြန်သည့်ပေါ်အခြေခံ၍ အပင်၏ကျန်းမာသန်စွမ်းမှုအခြေအနေကို တိုင်းတာပေးသည်။ (အချို့သောလှိုင်းများကို စုပ်ယူပြီး အခြားသောလှိုင်းများသည် အလင်းပြန်ပေးသည်။)
အစိမ်းရောင်ခြယ်ပစ္စည်း Chlorophyll (အပင်ကျန်းမာသန်စွမ်းမှုကို ညွှန်ပြသော ရောင်ခြယ်ပစ္စည်း) သည် မြင်နိုင်သောအလင်းရောင်ကို များစွာ(ပြင်းပြင်းထန်ထန်)စုပ်ယူပြီး အရွက်များ၏ ဆဲလ်ဖွဲ့စည်းပုံသည် အနီနီး အနီအောက်ရောင်ခြည်များကို များစွာအလင်းပြန်ပေးသည်။ အပင်သည် ရေဓါတ်ခန်းခြောက်ခြင်း၊ အားနည်းခြင်း၊ ရောဂါများကျရောက်ခြင်းစသည်တို့ကို ခံစားလာရသောအခါ အပင်၏ပျော့အိသောအလွှာသည် ပျက်စီးလာပြီး အပင်သည် အနီနီး အနီအောက်ရောင်ခြည်ကို အလင်းပြန်ခြင်းအစား ပိုမိုစုပ်ယူသည်။ ထို့ကြောင့် အနီရောင် အလင်းတန်းများနှင့် နှိုင်းယှဉ်သောအခါ NIR သည် မည်သို့ပြောင်းလဲသွားသည်အား လေ့လာခြင်းဖြင့် အပင်၏ကျန်းမာသန်စွမ်းမှုနှင့် ဆက်စပ်နေသော အစိမ်းရောင်ခြယ်ပစ္စည်း chlorophyll ပါဝင်မှုကို တိကျစွာ ညွှန်ပြပေးသည်။
Image 1 link – https://eos.com/wp-content/uploads/2021/09/how-NDVI-works-EN.jpg.webp
EOSDA Crop Monitoring ရှိ NDVI
EOSDA Crop Monitoring သည် NDVI နှင့် အခြားသောအပင်အညွှန်းကိန်းများ (Vegetation index) တို့အား အသုံးပြု၍ အဝေးမှနေ၍ သီးနှံပင်များ၏ ကျန်းမာသန်စွမ်းမှုအား ခြေရာခံရန်အတွက် ပြီးပြည့်စုံသော tool တစ်ခုဖြစ်သည်။ ပြုလုပ်ရန်လိုအပ်သည်မှာ စိုက်ခင်းများကို system ထဲသို့ထည့်ရန်ဖြစ်ပြီး NDVI settings တွင် မိမိလိုချင်သော အချက်များအားပြင်ဆင်ကာ အကြောင်းကြားချက်များကို စတင်လက်ခံရယူနိုင်ပါသည်။
EOSDA Crop Monitoring သည် ရာသီတစ်လျှောက် အခင်းတစ်ခုချင်းစီအတွက် NDVI တန်ဖိုးပြောင်းလဲမှုများကို ခြေရာခံနိုင်သည်။ ၎င်းသည် လွန်ခဲ့သော ၇ နှစ်အထိ အခင်းများ၏ အဆက်ဆက်ပြောင်းလဲလာသော ထုတ်လုပ်နိုင်စွမ်းများကို ပြန်ပြောင်းကြည့်ရှုနိုင်သည်။ သီးလှည့်ပြောင်းစိုက်ပျိုးသောပုံစံများနှင့် လက်ရှိ သီးနှံစိုက်ခင်း ကြီးထွားမှုနှုန်းထား နှစ်ခုစလုံးအား လေ့လာစောင့်ကြည့်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ အသုံးပြုရ လွယ်ကူသော graph များ၏ အကူအညီဖြင့် ပလပ်ဖောင်းသည် အပင်အညွှန်းကိန်းများ(vegetation index)၊ အပူချိန်၊ မိုးရွာသွန်းမှုနှုန်း၊ ကြီးထွားမှုအဆင့်များ၊ အချိန်ကာလတစ်လျှောက် ရာသီဥတုပြောင်းလဲခဲ့မှု အခြေအနေများနှင့် အခြားအရာများပါဝင်သော အမျိုးမျိုးသော ဒေတာအမျိုးအစားများကို ပြသပေးသည်။
NDVI တိုင်းတာချက်များကိုအခြေခံ၍ EOSDA Crop Monitoring ၏ နောက်ထပ်အရေးကြီးသော တိုင်းတာမှုမှာ ဇုန်သတ်မှတ်ခြင်း(Zoning) ပင်ဖြစ်သည်။ ၎င်းသည် မျိုးစေ့နှင့် မြေဩဇာတို့အား အသုံးပြုနိုင်သော အမျိုးမျိုးသော နှုန်းထားများအား ပြသပေးသည့် သီးသန့်မြေပုံများ ဖန်တီးပေးနိုင်ပါသည်။ အဆိုပါ အညွှန်းကိန်းသည် အချိန်ကာလ ကြာရှည်စွာတိုင်းတာထားသော ကွင်းတစ်လျှောက်ရှိ ထုတ်လုပ်နိုင်စွမ်းများသော ဧရိယာများနှင့် ထုတ်လုပ်နိုင်စွမ်းနည်းသော ဧရိယာများအား ဆုံးဖြတ်ရာတွင် ထုတ်လုပ်နိုင်စွမ်းပြ မြေပုံများ (Productivity maps) (စိုက်ပျိုးခြင်းနှင့် ပိုတက်စီယမ် နှင့် ဖော့စဖိတ် မြေဩဇာများကြဲပက်ရန်)အဖြစ် ကူညီပေးသည်။ NDVI အား ကွင်းတစ်လျှောက်တွင် သီးနှံပင်များ၏ နိုက်ထရိုဂျင် ဓာတ်မြေသြဇာလိုအပ်ချက် ကွဲပြားမှုများကို တိုင်းတာပေးသော သီးနှံစိုက်ခင်းပြမြေပုံများ (Vegetation maps)အဖြစ်လည်း အသုံးပြုသည်။
ကင်းထောက်(scout)များအား ကွင်းအတွင်းရှိ ပြဿနာရှိနိုင်သောဧရိယာများသို့ လမ်းညွှန်ပေးခြင်းဖြင့် EOSDA Crop Monitoring အပိုင်းတွင် NDVI သည်ကူညီပေးပါသည်။ ကင်းထောက် (scout)များအား ကွင်းအတွင်းရှိ ပြဿနာရှိနိုင်သောဧရိယာများကိုတိကျစွာဖော်ပြပေးခြင်းဖြင့် အချိန်နှင့်အရင်းမြစ်များကို များစွာလျှော့ချနိုင်သည်။ အော့ဖ်လိုင်းမြေပုံများ၊ အွန်လိုင်းအစီရင်ခံစာများနှင့် အလိုအလျောက် အသိပေးချက်စနစ်တို့ကြောင့် ပလက်ဖောင်း၏ မိုလ်ဘိုင်းဗားရှင်းသည် ဤအပိုင်းကိုပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါသည်။
အကြောင်းကြားချက်များနှင့်ပတ်သက်၍ပြောရမည်ဆိုလျှင် EOSDA Crop Monitoring သည် သီးနှံပင်များ ဖွံ့ဖြိုးတိုးတက်မှုရှိ နောက်ဆုံးရ အနုတ်လက္ခဏာပြောင်းလဲမှုများအား အဝေးမှကောက်ယူရန်အတွက်လည်း NDVI အား ခိုင်းစေနိုင်သည်။ ဂြိုလ်တုဓာတ်ပုံအသစ်ကိုရရှိပြီး NDVI ၏ အကူအညီဖြင့် လုပ်ဆောင်သည့်အခါတိုင်းတွင် အဆိုပါစနစ်သည် ဒဏ်ဖြစ်နေသော အခင်းတစ်ခင်း သို့မဟုတ် တစ်ခုထက်ပိုသောအခင်းများနှင့် ပတ်သက်၍ အသုံးပြုသူများထံသို့ အလိုအလျောက်အကြောင်းကြားပေးသည်။ လယ်သမားများ၊ ကုန်သည်များ၊ အာမခံလုပ်ငန်းရှင်များနှင့် အခြားအသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ သီးနှံစိုက်ခင်းများ၏ နောက်ဆုံးရ up to date အခြေအနေအား သိရှိခြင်းဖြင့် EOSDA Crop Monitoring သည် ဒေတာအပေါ် အခြေခံ၍ အကောင်းဆုံး ဖြစ်မည့်ဆုံးဖြတ်ချက်များအား ချမှတ်စေပါသည်။
နမူနာဓာတ်ပုံများ –




