
မူရင်း – https://eos.com/make-an-analysis/ndwi/
NDWI (Normalized Difference Water Index – ခြားနားစံထားရေညွှန်းကိန်း) သည် ရေမျက်နှာပြင်များကို ဂြိုလ်တုပုံရိပ်များမှ ရှာဖွေထုတ်ရာတွင်အသုံးပြုကြသည်။ NDWI သည်ရေထုကို အပင်နှင့်မြေပြင်တို့မှ ထင်ရှားကွဲပြားစေရန်ပုံဖေါ်ပေးသည်။
NDWI သည်စိုထိုင်းကိုကိုတိုင်းတာနိုင်သည့် ညွှန်းကိန်းဖြစ်သောကြောင့် NDMI (Normalized Difference Moisture Index – ခြားနားစံထားစိုထိုင်းစညွှန်းကိန်း)နှင့်နှိုင်းယှဉ်ကြသည်။ လည်းကောင်းကို NDWI GAO ဟုလည်း ခေါ်သည်။ ထိုညွှန်းကိန်း ၂ ခုသည်အမှန်တကယ်ကွဲပြားခြားနားမှုများရှိသည်။ ယေဘုယျအားဖြင့် NDMI သည် NIR နှင့် SWIR band များကိုအသုံးပြု၍ အပင်များရှိအရွက်များ၏စိုထိုင်းစကိုတိုင်းတာပြီး NDWI သည် Green နှင့် NIR band ကိုအသုံးပြု၍ ရေထု (မြစ်၊ ချောင်း၊ ရေကန် ၊ ပင်လယ်) အတွင်းမှ ရေပြင်အနေအထားပြောင်းလဲမှုကို တိုင်းတာသည်။
NDWI ကို McFeeters မှ ၁၉၉၆ တွင်မိတ်ဆက်ခဲ့သည်။ ယခုအချိန်တွင် ရေထုမှရေမျက်နှာပြင်ပြောင်းလဲမှုကို ထောက်လှမ်းခြင်းနှင့်ထိန်းချုပ်စောင့်ကြည့်ခြင်းလုပ်ငန်းများအတွက် အဓိကအသုံးပြုသည်။ NIR band နှင့် green band တို့၏ ရေထုပေါ်တွင်ကွဲပြားသည့်တုန့်ပြန်နိုင်စွမ်းကို အကြောင်းပြု၍ NDWI ကိုဖန်တီးသည်။ NDWI သည် ဂြိုလ်တုပုံရိပ်များတွင်ရေမျက်ပြင်နှင့်ရေထုအား ပုံဖေါ်နိုင်စွမ်းကို အဆင့်မြှင့်တင်ပေးသည်။ ဤအညွှန်းကိန်း၏ ခြွင်းချက်တခုမှာ အဆောက်အဦးများအား အာရုံခံနိုင်စွမ်းမြင့်မားပြီး၊ လည်းကောင်းရေထုကိုပုံဖေါ်ရာတွင် ပိုမိုမှားယွင်းခန့်မှန်းနိုင်ခြင်းဖြစ်သည်။
NDWI တွက်ချက်ပုံ
NDWI ကိုအောက်ပါအတိုင်းတွက်ချက်နိုင်သည်။
NDWI = (Green – NIR)/(Green + NIR)
- For Landsat 7 data:
NDWI = (Band 2 – Band 4)/(Band 2 + Band 4)
- For Landsat 8 data:
NDWI = (Band 3 – Band 5)/(Band 3 + Band 5)
- For Sentinel 2 data:
NDWI= (Band 3 – Band 8)/(Band 3 + Band 8)
အဆိုပါညီမျှခြင်းများရှိ Band များသည် satellite အသီးသီးရှိ Green band နှင့် NIR band တို့ကိုကိုယ်စားပြုသော band နံပါတ်အသီးသီးဖြစ်သည်။
Green band ၏ wavelength (လှိုင်းအလျား) များသည်ပုံမှန်ရေမျက်ပြင်၏အလင်းပြန်မှုကို အမြင့်ဆုံး ဖြစ်စေသည်။ NIR band ၏ wavelength သည်ကုန်းနေအပင်များနှင့်မြေကြီးများအား အလင်းပြန်မှုကို မြင့်မားထင်ရှားစေ၍ ရေ၏အလင်းပြန်မှုအား လျှော့ချပေးသည်။
NDWI ညွှန်းကိန်း၏တန်ဖိုးများသည်ရေပြင်အတွက် အပေါင်းကိန်း (positive value) ဖြင့်ဖေါ်ပြ၍ မြေပြင်နှင့်ကုန်းနေအပင်များကို အနှုတ်ကိန်း ( negative value) ဖြင့်ဖေါ်ပြသည်။
NDWI အညွှန်းကိန်းသုံးသပ်ကောက်နှုတ်ချက်
NDWI တွင်ရေထုကို 0.5 ထက်ကြီးသော ကိန်းဂဏန်းအဖြစ်မြင်တွေ့ရမည်။ အပင်များကို လည်းကောင်းထက်ငယ်သော ကိန်းဂဏန်းဖြင့်ဖေါ်ပြနေခြင်းဖြင့်ရေထုနဲ့အပင်များကိုအလွယ်တကူခွဲခြားနိုင်သည်။ မြို့ပြအဆောက်အဦးများကို အညွှန်းကိန်း 0 နှင့် 0.2 ကြားရှိတန်ဖိုးဖြင့် မြင်တွေ့ရမည်ဖြစ်သည်။
The NDWI values correspond to the following ranges:
- 0.2 – 1 – ရေမျက်နှာပြင် (Water Surface)
- 0.0 – 0.2 – ရေလွှမ်းလွင်ပြင် နှင့် စိုထိုင်းဆများခြင်း (Flooding, humidity)
- -0.3 – 0.0 – အလယ်အလတ်မိုးခေါင်ခြင်း၊ ရေမရှိသောမျက်နှာပြင် (Moderate drought, non-aqueous surfaces)
- -1 – -0.3 – မိုးခေါင်းခြင်း ၊ ရေမရှိသောမျက်နှာပြင် (Drought, non-aqueous surfaces)
NDWI မြင်ကွင်း
ဂြိုလ်တုပုံရိပ်များအသုံးပြုတွက်ချက်ထားသော NDWI ကို ရောင်စုံမြေပုံများအဖြစ်တွေ့မြင်နိုင်ပြီး၊ ဂရပ်များတွင် ညွှန်းကိန်းများအချိန်နှင့်အမျှပြောင်းလဲပုံအဆင့်ဆင့်ကို မျဉ်းကွေးများဖြင့်တွေ့မြင်ရမည်ဖြစ်သည်။ မြေပုံများများတွင် မြင့်မားသောတန်ဖိုးများသို့မဟုတ် +1 အနီးအနားတန်ဖိုးများသည်အပြာရောင်ဖြင့်မြင်တွေ့နိုင်ပြီး လည်းကောင်းသည် ရေများစွာပါဝင်သည့်အရာဝတ္တုများ သို့မဟုတ် ရေမျက်နှာပြင်များဖြစ်သည်။ အညွှန်းကိန်းတန်ဖိုး -1 အနီးအနားတန်ဖိုးများသည် မိုးခေါင်ရေရှားကိုလက္ခဏာကိုဖေါ်ပြနေသည်။ သို့မဟုတ်ပါကလည်း ထိုနေရာသည် ရေမရှိသည့်မျက်နှာပြင်များဖြစ်သည်။

