
OpenStreetMap (OSM) သည် တစ်ကမ္ဘာလုံးလွှမ်းခြုံသည့် အခမဲ့ ပထဝီဝင်ဒေတာဘေ့စ်တစ်ခုကို တည်ဆောက်ရန် ရည်ရွယ်သည့် အများပူးပေါင်းလုပ်ဆောင်သော အွန်လိုင်းမြေပုံရေးဆွဲခြင်း ပရောဂျက်တစ်ခုဖြစ်သည်။ မည်သူမဆို ပါဝင်ကူညီနိုင်ပြီး ရေးဆွဲမျှဝေလိုက်သည်များကို ဒေတာဘေ့စ်ထဲသို့ ချက်ချင်း ပေါင်းစပ်ထည့်သွင်းပေးကာ အွန်လိုင်းတွင် ပြသပေးပါသည်။ ထို့အပြင် အခမဲ့အသုံးပြုခွင့်ဒေတာလိုင်စင်ကြောင့် ၄င်း၏ဒေတာများကို လူတိုင်းအခမဲ့အသုံးပြုနိုင်ပါသည်။
မြေပုံရေးဆွဲခြင်းဆိုင်ရာနှင့်ပတ်သက်သော ဝီကီပီးဒီးယားဟု သတ်မှတ်ခံထားရသည့် ဤဝီကီပရောဂျက်ကို ၂၀၀၄ ခုနှစ်တွင် United Kingdom (UK) ၌ စတင်ခဲ့ပါသည်။ အသုံးပြုသူအများအပြားသည် ဤအသိုင်းအဝိုင်းတွင် ပါဝင်လာခဲ့ကြပြီး၊ ၎င်း၏ ပထဝီဝင်ဆိုင်ရာ ဒေတာဘေ့စ်သည် အဖွဲ့အစည်းများစွာ၏ ဂေဟစနစ်အား အထောက်အပံ့ပေးနေပြီး၊ အထူးသဖြင့် အခြားအသုံးပြုရန် ရွေးချယ်စရာ နည်းပါးသည့် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များတွင် အကိုးအကားတစ်ခုဖြစ်လာနေပါသည်။
ဂြိုလ်တုဓာတ်ပုံများနှင့် ကွင်းဆင်းအချက်အလက်စုစည်းမှုများကို အသုံးပြု၍ ပုံမှန် update ပြုလုပ်ထားသော OSM ဒေတာများသည် ၎င်း၏ လိုက်လျောညီထွေမှုရှိသည့် ဒေတာနှင့် အချက်အလက် တည်ဆောက်မှုပုံစံ၊ wiki မှတ်တမ်းအရင်းအမြစ်နှင့် များစွာသော ထိန်းချုပ်မှု tool များကြောင့် အလွန်အသေးစိတ်ပြီး အရည်အသွေး မြင့်မားလာခဲ့ပါသည်။ OSM ကို ဝက်ဘ်ဆိုဒ်ပေါ်တွင်သာမက မိုဘိုင်းအက်ပ်လီကေးရှင်းများ၏ မြေပုံဝန်ဆောင်မှု များစွာတွင်လည်း အရင်းအမြစ်တစ်ခုအဖြစ် သုံးစွဲလာကြပါသည်။
OSM အကောင့်တစ်ခုဖန်တီးရန် မိနစ်အနည်းငယ်သာကြာပြီး ထိုအကောင့်ဖြင့် ရှိပြီးသားအပြန်အလှန်ဆက်သွယ်သည့် နည်းလမ်းများကိုအသုံးပြုပြီး OSM မြေပုံရေးဆွဲခြင်း အသိုင်းအဝိုင်းထဲတွင် အလွယ်တကူ ပါဝင်နိုင်ပါသည်။
OpenStreetMap မြေပုံအချက်အလက်များ ကို ထဲထဲဝင် ပံ့ပိုးကူညီရေးဆွဲလိုသူများအတွက် UN Mappers မှ ထုတ်ဝေထားသည့်လမ်းညွှန် နှင့် လက်စွဲဲများ၏ မြန်မာဘာသာပြန်များကို အောက်တွင် ရယူနိုင်ပါသည်။
OSM လမ်းညွှန် နှင့် လက်စွဲများ
5. OSM Tasking Manager အသုံးပြုခြင်း
6. OSM တွင် မြေမျက်နှာသွင်ပြင်လက္ခဏာများကိုလွယ်ကူစွာရေးဆွဲခြင်း
7. OSM ပံ့ပိုးကူညီရေးဆွဲသူများ အပြန်အလှန်တုံ့ပြန်လုပ်ဆောင်ခြင်းများ
8. OSM တွင် မြေဖုံးလွှမ်းမှုမြေပုံများကိုရေးဆွဲခြင်း
9. OSM တွင် အတည်ပြုခြင်း နည်းစနစ်များ
10. OSM တွင် မြေပုံရေးဆွဲခြင်းအားစစ်ဆေးအတည်ပြုခြင်း (Validation)
