
MIMU ရဲ့ Power BI Training သင်တန်းကို ဆည်းပူးရာ မှာတက်ရောက်နိုင်ပါပြီ . . .
Power BI ကိုသုံးပြီး ဒေတာအချက်အလက်များကို နှိုင်းယှဉ်၊ ခွဲခြမ်းစိတ်ဖြာပုံ ဖော်ပြီး ထိုးထွင်းသိမြင်စေသည့် ပုံစံများဖြင့် ပြသပေးနိုင်ပြီး အများနှင့် မျှဝေ နိုင်ပါမည်။ ဤသင်တန်းတွင် ဆော့ဖ်ဝဲလ်လုပ်ဆောင်နိုင်သည်များ၊ ဒက်ရှ်ဘုတ်များတွင် အသုံးပြုရန် ဒေတာပြင်ဆင်နည်း၊ အသုံးပြုရမည့်ဇယားများ၊ ဝဘ်ဆိုက်တစ်ခုသို့ ဒက်ရှ်ဘုတ်များကို လွှင့်တင်နည်းနှင့် ဒေတာစီမံခန့်ခွဲမှုလုပ်ဆောင်ပုံတို့အပါအဝင် Power BI ၏ အခြေခံအကြောင်းအရာများပါဝင်ပါသည်။
ဤသင်တန်းပါအကြောင်းအရာများသည် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၏ လုပ်ငန်းများကို ပံ့ပိုးကူညီရန် ဒီဇိုင်းထုတ်ထားပါသည်။
Power BI သည် အသုံးပြုသူများအား အချက်အလက်နှင့် ထိုးထွင်းသိမြင်မှုများကို မျှဝေနိုင်စေမည့် ပုံစံများဖြင့် ဒေတာများကို နှိုင်းယှဉ်၊ ခွဲခြမ်းစိတ်ဖြာပြီး ပုံဖော်နိုင်စေမည့် အစွမ်းထက်သော ဒေတာဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ ဤသင်တန်းတွင် ဆော့ဖ်ဝဲလ်လုပ်ဆောင်နိုင်သည်များ၊ ဒက်ရှ်ဘုတ်များတွင် အသုံးပြုရန် ဒေတာပြင်ဆင်နည်း၊ အသုံးပြုရမည့်ဇယားများ၊ ဝဘ်ဆိုက်တစ်ခုသို့ ဒက်ရှ်ဘုတ်များကို လွှင့်တင်နည်းနှင့် ဒေတာစီမံခန့်ခွဲမှုလုပ်ဆောင်ပုံတို့အပါအဝင် Power BI ၏ အခြေခံအကြောင်းအရာများပါဝင်ပါသည်။
ဤသင်တန်း၏ သင်ထောက်ကူပစ္စည်းများအားလုံးကို Myanmar Information Management Unit (MIMU) မှ ဖန်တီးထားပြီး မြန်မာဘာသာဖြင့် သင်ကြားပေးပါသည်။
အောက်ပါ Module များပါဝင်ပါသည် . . .
1. Power-BI Introduction
2. Power-BI – getting started
3. From basic to publishing
4. Data shaping and Charts
5. Polish the dashboard
Module တိုင်းတွင် သင်ယူတတ်မြောက်မှုကို စစ်ဆေးသည့် မေးခွန်းများရှိပြီး ၎င်းတို့ ကို ၈၀% အထက်ရရှိအောင် ဖြေဆိုနိုင်ပါက သင်တန်းအောင်လက်မှတ် ရရှိပါမည်။
Power-BI course သို့ဝင်ရောက်ရန် . .
