
မြန်မာ GIS လူမှုအသိုင်းအဝိုင်း ထံသို့ QGIS 3.28 လက်စွဲ မြန်မာဘာသာ ဖြင့် ရောက်ရှိလာပါပြီ
ဤ လက်စွဲသည် QGIS အဖွဲ့အစည်းမှ GitHub တွင် တရားဝင်တင်ထားသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် “ QGIS User Manual – အသုံးပြုသူ လက်စွဲ” ၏ မူရင်း ReStructuredText (rst) file များကို CDE Myanmar ၏အကူအညီအထောက်အပံ့ဖြင့် ဘာသာပြန်ဆိုကာ html စာမျက်နှာများအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
QGIS3.28 Manual Myanmar Version ဟုအမည်ပေးထားသော်လည်း ပါဝင်သော အကြောင်းအရာများမှာ 3.28 ထက်ကျော်လွန်သည့် ဗားရှင်းဖြစ်သည်။ မြန်မာဘာသာသို့ပြန်ဆိုရန် GitHub မှ rst ဖိုင်များကို ရယူချိန်သည် QGIS 3.28 ထွက်ချိန်ထက် အတော်နောက်ကျနေပြီဖြစ်သည့်အတွက် 3.28 version ထက်နောက်ကျသော version ဟုဆိုနိုင်ပါသည် ။ သို့သော်လည်း ထို rst ဖိုင်များကို မိတ္တူယူပြီးနောက်ပိုင်း မူလ repository တွင် ဝင်ရောက်နေသော ဖြည့်စွက်ချက်အသစ်များ နှင့် ပြင်ဆင်ချက်အသစ်များ မပါနိင်တော့သည့်အတွက် 3.34 version ဟုလည်းမသတ်မှတ်ဘဲ လွယ်ကူစေရန် 3.28 version အဖြစ်သာ အမည်ပေးထားပါသည်။
ဤ လက်စွဲကို webpage အဖြစ် ထုတ်လွှင့်ထားပါသည်
- ဆည်းပူးရာ ပင်မ ဝက်ဆိုက် မီနူးများထဲမှ ရင်းမြစ်များ မီနူးအောက်ရှိ QGIS မြန်မာပြန် တွင်လည်းကောင်း
- https://www.seepuuyar.com/qgis328_manual_mm/docs/ လင့် နှင့်
- https://seepuuyar.github.io/QGIS328-Manual-MM/docs/ လင့် များတွင်ဖတ်ရှုနိုင်ပါသည်။

