
QGIS 4.0 Highlights
ရှစ်နှစ်ကြာ QGIS 3.x series ကိုထုတ်လုပ်ခဲ့ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ အပါတ် မတ်လ ၆ ရက်နေ့က QGIS 4.0 Norrköping ကိုထုတ်လွှင့်လိုက်ပါတယ်။ မူလက October 2025 ထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမဲ့ သုံးလလောက် နောက်ကျပြီးမှထွက်ရှိလာတာပါ။
ဘာထူးခြားလဲ
လက်ရှိ QGIS 3.x နဲ့ QGIS 4.0 က အပြင်ပန်းကကြည့်ရင်တော့ ကြီးကြီးမားမား ကွဲပြားတာမျိုးမရှိပါဘူး။ သို့သော်လည်း အတွင်းပိုင်းမှာတော့ အဆင့်မြှင့်တင်မှုအများအပြားပါဝင်နေပါတယ်။ အထူးသဖြင့် Qt 6 frame work ကိုပြောင်းလဲအသုံးပြုထားပြီး နောက်ဆုံးပေါ် libraries များကိုအသုံးပြုနိုင်လာပါတယ်။ ပိုမိုသွက်လက်မြန်ဆန်ပြီး လုံခြုံရေးအပိုင်းမှာလည်းအဆင့်မြှင့်ထားပါတယ်။ ထိုအပြင် အတွင်းပိုင်းဆော့ဝဲ့ပြဿနာများစွာကိုလည်းဖြေရှင်းထားပါတယ်။ အနာဂါတ်မှာ ပေါ်ပေါက်လာမည့် spatial analysis လုပ်ငန်းများအတွက် အခြေခံအုတ်မြစ်ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဗားရှင်းအဟောင်းကိုဖျက်လိုက်ရမှာလား
QGIS 4.0 ဗားရှင်းဟာ pre-release version ဖြစ်တဲ့အတွက် မငြိမ်သေးပါဘူး။ software errors/bugs တွေပါနေနိုင်ပါတယ်။ မြည်းစမ်းကြည့်ယုံအတွက်ပဲသုံးပါ။ မိမိသုံးလက်စ QGIS 3.x ကိုထုတ်မပစ်ပါနဲ့၊ ဆက်လက်အသုံးပြုနေပါ။ အထူးသဖြင့် QGIS 3.X plugin အများစုက QGIS 4.x အတွက်အဆင့်သင့်မဖြစ်သေးတဲ့အတွက် plugin အများစုကိုထည့်လို့မရနိုင်သေးပါဘူး
QGIS 4.2.0 ကျမှသာ stable version ရရှိမှာဖြစ်ပါတယ်။ ဒီ Longterm Release (LTR) ကို ၂၀၂၆ ဇူလိုင်လ ဆန်းလောက်မှာထုတ်လွှင့်ဖို့ စီစဉ်ထားတာကို road map မှာဖော်ပြထားပါတယ်
လုပ်ဆောင်ချက်အသစ်များ
QGIS 4.0 ဗားရှင်းမှာ လုပ်ဆောင်ချက် အသစ်ပေါင်း ၁၀၀ ကျော်ပါဝင်လာပါတယ် အဲဒီထဲက အနည်းငယ်ကိုထုတ်နှုတ်တင်ပြလိုပါတယ်
Temporal raster animation
Raster pixel တွေကို temporal (time) animation ပြုလုပ်နိုင်ပါတယ်။ ဥပမာ – နှစ်အလိုက်သစ်တောဆုံးရှုံးမှု ပြတဲ့ Hansen dataset ရဲ့ tree loss year band က နှစ်အလိုက်သစ်တောတွေဆုံးရှုံးသွားတဲ့နေရာတွေကို တစ်နှစ်ခြင်းစီ pixel တွေကို ဖော်ပြ animate လုပ် ပေးနိုင်ပါတယ်။

Copy features in an array along a line
Features တွေကို ကော်ပီကူးရာမှာ အရေအတွက် နဲ့ ကြားအကွာအဝေး များသတ်မှတ်ပေးပြီး ကော်ပီကူးနိုင်ပါတယ် အထူးသဖြင့် အကွက်လိုက်စနစ်တကျရှိနေတဲ့ အရာများကို digitize လုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာ အကွာအဝေး တစ်ခုနဲ့ စိုက်ပျိုးထားတဲ့ အပင်တွေကို digitize လုပ်ရာမှာ လည်းကောင်း၊ လမ်းဖြောင့်တစ်လျောက်ရှိ မီးတိုင်များကို digitize လုပ်ရာမှာ လည်းကောင်း အသုံးဝင်ပါတယ်။

Attribute table double click zoom
Row ကို မောက်စ် နဲ့ နှစ်ချက် နှိပ်လိုက်ရင် သက်ဆိုင် အရာဝတ္ထုကို zoom လုပ်ပြပါတယ်။ အရင်ကလို row select အရင်လုပ်ပြီး pan/zoom map to selected rows ခလုပ်တွေကိ ကိုသွားနှိပ်စရာ မလိုတော့ပါ

Bézier maptool
မျဉ်းကွေး တွေကို ပိုမိုသပ်ရပ် အောင် လုပ်ဆောင်နိုင်တဲ့ tool ပါ။ vector graphic design software တွေမှာ ပါတဲ့ tool ပါ။ line/polygon digitizing မှာ အသုံးပြုနိုင်ပါတယ်။ ထို့အပြင် Annotation layer မှာလည်း အသုံးပြုနိုင်ပါတယ်။

User defined Toolbar and Menu
ကိုယ်ပိုင် menu နဲ့ toolbar များ တည်ဆောက်ပြီး အသုံးများသည့် command & tool များ ကို စုစည်းထားနိုင်ပါတဲ့အတွက် အလွန်အသုံးဝင်ပါတယ်။


YouTube link – Welcome QGIS 4.0 – change log (official)
