
မူရင်းဆောင်းပါး – Relate vs Join: What’s the Difference in ArcGIS? – GIS Geography
“Join” က တူညီသည့် ဘုံကော်လံတစ်ခုအပေါ်အခြေခံ၍ attribute table တွေကို ပေါင်းစပ်ပေးတာဖြစ်ပြီး Relate ကတော့ ဒေတာအချက်အလက်တွေကို အမှန်တကယ် ပေါင်းစပ်ခြင်းမဟုတ်ပဲ ဒေတာအချက်အလက်များ၏ ဆက်နွယ်မှုကို ဖော်ထုတ်ရန် ဇယားနှစ်ခုကြား ယာယီချိတ်ဆက်မှုတစ်ခုကို တည်ဆောက်ခြင်းဖြစ်ပါတယ်။
“Relate” နဲ့ “Join” ဘာကွာလဲ?
ဇယားနှစ်ခုမှာ တူညီသည့် ID တွေရှိပါက table relate သို့မဟုတ် table join လုပ်ဆောင်နိုင်ပါသည်။
Table Join က တူညီသည့် ID ပေါ်အခြေခံ၍ ဇယားတစ်ခုမှ ကော်လံအားလုံးကို အခြားသော ဇယားတစ်ခုထဲသို့ ပေါင်းထည့်ပေးပါသည်။
သို့သော်လည်း Table Relate သည် table ဇယားအသစ်တစ်ခုကို တည်ဆောက်ပါသည်။ ထို့ကြောင့် ဇယားတစ်ခုထဲတွင် မှတ်တမ်း(row များ)ကို ရွေးချယ်သည့်အခါ တူညီသည့် ID များကို အခြေခံ၍ ယာယီ table ဇယားတစ်ခုကို တည်ဆောက်ပေးပါလိမ့်မည်။
1:1 Relationship ဖြင့် Join နမူနာ
1:1 relationship များအတွက် Join က သင့်တော်မှုရှိပါသည်။ ထို့ကြောင့် ဇယားနှစ်ခုလုံးတွင် ကိုက်ညီသည့် မှတ်တမ်း (record) ရှိပါက join ကို အသုံးပြုရန် သင့်တော်သည့် အချိန်ဖြစ်ပါသည်။
ဥပမာအားဖြင့် ကျွန်တော်တို့မှာ အမေရိကန်ပြည်ထာင်စုရှိ မြို့ကြီးတွေရဲ့ shapefile တစ်ခု နဲ့ မြို့တော်အမည်နှင့် အသင်းနာမည်တွေပါဝင်သည့် NFL အသင်းများ၏ စာရင်း (spreadsheet) တစ်ခုလည်း ရှိသည်ဆိုပါစို့။
နာမည်တူ မြို့နှစ်််ခုမရှိသည့်အတွက် “US_Cities” shapefile ထဲတွင် “NAME” သည် တစ်ခုတည်း (unique) ဖြစ်တယ်ဆိုတဲ့အဓိပ္ပါယ်ရပါသည်။ ထို့အပြင် ဒါက ကျွန်ုပ်တို့မှာ 1:1 relationship တစ်ခုရှိတယ်လို့လည်း ဆိုလိုပါသည်။ အဘယ်ကြောင့်ဆိုသော်််တူညီသည့် unique ID နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသည့် row တွေမရှိလို့ဖြစ်ပါသည်။
ဤအနေအထားသည် Join ဆောင်ရွက်ရန် သင့်တော်သည့် အခြေအနေဖြစ်ပါသည်။ ဤဇယားနှစ်ခုကြား join ဆောင်ရွက်သည့်အခါ “NFL_Team” ကော်လံသည် “US_Cities” shapefile ထဲသို့ ထည့်သွင်းချိတ်ဆက်သွားမည်ဖြစ်သည်။
အထက်ကဥပမာကို ArcGIS တွင် မည်သို့ “joins” ဆောင်ရွက်ရမည်နည်း?
ပထမဆုံးအနေဖြင့် drop-down ခလုပ်ကိုနှိပ်၍ “Joins and Relates” မှ Join ကို နှိပ်ပါ။
ယခုမှအစပြု၍ တူညီသည့် (unique) ID ရှိသည့် ဇယားနှစ်ခုလုံးမှ ကော်လံ(field) များကို ရွေးချယ်ပေးရမည်။ ယခုဥပမာတွင် “NAME” နှင့် “CITY” တို့ဖြစ်ကြပါသည်။
Join လုပ်ပြီးပါက ဇယားကို export ထုတ်ပါက အမြဲတမ်းပုံစံဖြစ်သွားပါသည်။ ဆိုလိုတာကတော့ ချိတ်ဆက်လိုက်သည့် ကော်လံများသည် ဇယားအသစ် သို့မဟုတ် feature class အသစ်ထဲတွင် ဆက်ပါသွားမည်ဟု ဆိုလိုပါသည်။
နောက်ထပ်နမူနာတစ်ခုကတော့ ArcGIS Pro တွင် Texas counties နှင့် လူဦးရေ စာရင်းဇယားတစ်ခုတို့အတွက် 1:1 Join နမူနာတစ်ခုဖြစ်ပါသည်။ ဇယားနှစ်ခုလုံးတွင် FIPS ID ရှိသည့်အတွက်ကြောင့် ဇယားတစ်ခုမှကော်လံများကို အခြားတစ်ခုသို့ထည့်ပေးနိုင်ပါသည်။ ဤမှာကြည့်ပါ
1:M Relationship ဖြင့် Relate Tool နမူနာ
မှတ်တမ်းတစ်ခုသည် အခြားသော ဇယားတစ်ခုတွင် တူညီသည့် ID များစွာရှိသည့်အခါ ဤအရာကို တစ်ခု-မှ-အများ ဆက်စပ်မှု one-to-many relationship (1-M) ဟုခေါ်သည်။ ထို့အခါ တစ်ခု-မှ-အများ ဆက်စပ်မှု one-to-many relationship (1-M) အတွက် “relate” ကို အသုံးပြုရန် အကောင်းဆုံးဖြစ်ပါသည်။
ဥပမာ- ကျွန်ုပ်တို့မှာ ဘောလုံးအသင်းများနှင့် ကစားသမားများစာရင်းတစ်ရှိတယ်လို့ဆိုကြပါစို့။ အသင်းတစ်သင်းတွင် ကစားသမားများစွာရှိပြီး အသင်းတစ်ခုချင်းစီသည် သီးသန့်အရာတစ်ခုစီလည်းဖြစ်ပါသည်။ ထို့ကြောင့် ဤအရာသည် 1-M ဖြစ်သည်ဟု အဓိပ္ပါယ်ရပါသည်။
Table Relate သည် ဇယားအသစ်တစ်ခုကို ဖန်တီးပါသည်။ ထို့ကြောင့် ဇယားတစ်ခုထဲတွင် မှတ်တမ်း(များ)ကိုရွေးချယ်လိုက်သည့်အခါ ကိုက်ညီသည့် ID များအပေါ် အခြေခံ၍ ယာယီဇယားတစ်ခုကို ဖန်တီးလိမ့်မည်ဖြစ်သည်။
ဥပမာအားဖြင့် ကျွန်ုပ်တို့သည် Houston Texans ကိုရွေးချယ်လိုက်ပါက ထိုအသင်းမှ ကစားသမားများသာလျှင် ဇယားအသစ်တွင် ပြပါလိမ့်မည်။
“relate” ကိုအသုံးပြုရန် “US_Teams” attribute ဇယားကို ဖွင့်ပါ။ ပထမဆုံးအနေဖြင့် attribute ဇယား၏ ဘယ်ဘက် အပေါ်ထောင့်ရှိ table drop-down ခလုပ်ကို နှိပ်ရမည် (အောက်တွင်ဖော်ပြထားသည့်အတိုင်း)။
drop-down မှ “Joins and Relates” > Relate… ကိုရွေးပါ။ ယခု ဇယားနှစ်ခုလုံးတွင်ပါဝင်သော ကော်လံကို ရွေးချယ်ပါ။ ကျွန်ုပ်တို့ဥပမာတွင် “NAME” and “NAME” တို့ဖြစ်ကြသည်။ နောက်ဆုံးတွင် မူလနာမည်ဖြစ်သည့် “Relate1” ကို ရွေးပါ သို့မဟုတ် အခြားနာမည်တစ်ပေးပါ။
Cardinality: 1-1 Relationships vs 1-M Relationships
ဆက်စပ်မှု (သို့မဟုတ် cardinality) အမျိုးအစား သုံးမျိုးရှိပါသည်။
- တစ်ခု-မှ-တစ်ခု ဆက်စပ်ခြင်း (1:1)/ One-to-one relationships (1-1)
- တစ်ခု-မှ-အများ ဆက်စပ်ခြင်း (1:M)/ One-to-many relationships (1-M)
- အများ-မှ-အများ ဆက်စပ်ခြင်း (M:M)/ Many-to-many relationships (M-N)
မည်သည့် database အမျိုးအစားအတွက်မဆို one-to-one relationships များသည် ဇယားနှစ်ခုလုံးထဲတွင် ကိုက်ညီသည့် မှတ်တမ်းတစ်ခု ပါရှိသည်။ နောက်တစ်ခုဖြစ်သည့် one-to-many relationships တွင် ဇယားတစ်ခုထဲတွင် အခြားဇယားထဲရှိ မှတ်တမ်းတစ်ခုနှင့် ကိုက်ညီသော မှတ်တမ်းများစွာ ပါရှိသည်။ နောက်ဆုံးတစ်ခုဖြစ်သည့် many-to-many relationships တွင် ဇယားနှစ်ခုလုံးတွင် ကိုက်ညီသည့် မှတ်တမ်းများ များစွာရှိပါသည်။
အခြေအနေအားလုံးတွင် မည်သည့် ဆက်စပ်မှု/ relationship အတွက် မဆို ဇယားနှစ်ခုထဲတွင် unique identifiers (သို့မဟုတ် keys) များရှိနေရပါမည်။ ဤ unique ID (မူလ key) သည် ချိတ်ဆက်လိုက်သည့် ဇယား (ပြင်ပ key) တို့ကြား အဓိကချိတ်ဆက်မှုဖြစ်ပါသည်။
ArcGIS ရှိ Table Relate နှင့် Table Join
join သည် attribute များကို ဇယားတစ်ခု၏ညာဖက်စွန်တွင် ထပ်ဆက်ပေး၍ relate သည် ကိုက်ညီမှုရှိသည့် မှတ်တမ်းများအားလုံးအတွက် ယာယီဇယားတစ်ခု တည်ဆောက်ပေးပါသည်။
cardinality (1-1 ၊ 1-M ၊ နှင့် M-N) တို့အပေါ်အခြေခံ၍ ဇယားများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကြပါသည်။ join နှင့် relate တို့သည် ဇယားနှစ်ခုလုံးတွင် တူညီသည့် ID များရှိသည့် နိယာမပေါ်တွင် အလုပ်လုပ်ပါသည်။
join သည် 1-1 relationship တစ်ခုအတွက် အထူးအသုံးဝင်ပြီး relate သည် 1-M relationship တစ်ခုအတွက် သင့်တော်ပါသည်။ သင့်အနေနဲ့ မည်သည့် unique fields မျှ မရှိပါက တည်နေရာဖြင့်ချိတ်ဆက်ခြင်း(spatial join) ကို အသုံးပြုနိုင်ပါသည်။ ဤလုပ်ဆောင်မှုသည် field များကို ချိတ်ဆက်ရန် တည်နေရာ သို့မဟုတ် နီးစပ်မှု ကို အသုံးပြုပါသည်။
မူရင်းဆောင်းပါး – Relate vs Join: What’s the Difference in ArcGIS? – GIS Geography
