နိဒါန်း
အဝေးမှ စူးစမ်းလေ့လာခြင်းပညာရပ် (remote sensing) ကို အသုံးပြုကြသည့် သိပ္ပံညာရှင်အများစုသည် အမေရိကန်ပြည်ထောင်စု ဘူမိဗေဒဆိုင်ရာ တိုင်တာရေးအဖွဲ့၏ Landsat ဂြိုလ်တု (U.S. Geological Survey’s Landsat), အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန၏ MODIS ဂြိုလ်တု (NASA’s Moderate Resolution Imaging Spectroradiometer) နှင့် ဥရောပ အာကာအေဂျင်စီ၏ Sentinel-2 ဂြိုလ်တု( European Space Agency’s Sentinel-2) များမှ optical ဂြိုလ်တုဓါတ်ပုံများဖြင့် အကျွမ်းတဝင်ဖြစ်နေချိန်/ အသုံးပြုစဉ် အခြားသော အဝေးမှ စူးစမ်းလေ့လာခြင်းဆိုင်ရာ ဒေတာတစ်မျိုးမှာ ရေဒီယိုလှိုင်းများထုတ်လွှတ်တိုင်းတာပြီးရရှိသည့် – Synthetic Aperture Radar(SAR) ဒေတာဖြစ်ပါသည်။ SAR သည် ကိုယ်ပိုင်စွမ်းအင်ထုတ်လွှင့်၍ ကမ္ဘာမြေနှင့်ထိတွေ့ပြီး အလင်းပြန်လာသည့် စွမ်းအင်ပမာဏကို မှတ်တမ်းတင်သည့် ဒေတာကောက်ယူမှုပုံစံတစ်မျိုးဖြစ်ပါသည်။ optical ပုံသည် ဓါတ်ပုံတစ်ပုံအဖြစ်ပြန်ဆိုနိုင်သော်လည်း SAR ရေဒါလှိုင်း သည် ထိတွေ့သည့်မျက်နှာပြင်၏တည်ဆောက်ပုံ နှင့် စိုထိုင်းဆကဲ့သို့ သောအရာများ ၏သက်ရောက်မှု ရှိသည့်အတွက် ၎င်းကိုအသုံးချရာတွင် မတူသည့်နည်းလမ်းဖြင့် စဉ်းစားဖို့ လိုအပ်ပါသည်။
passive and active remote sensing အကြောင်းအတွက် နောက်ထပ်အချက်အလက်များကို What is Remote Sensing? တွင် ကြည့်ရှုပါ။
Synthetic ဆိုတာဘာလဲ?
ရေဒါဒေတာ၏ အသေးစိတ်ကြည်လင်ပြတ်သားမှုသည်ထုတ်လွှတ်သည့် လှိုင်းအလျားနှင့် အာရုံခံကိရိယာ၏ antena အရှည်တို့ တိုက်ရိုက်အချိုးဖြစ်ပါသည်။ သတ်မှတ်ထားသော လှိုင်းအလျားတစ်ခုတွင် antena ရှည်လေ အသေးစိတ်ကြည်လင်ပြတ်သားမှုကောင်းလေဖြစ်ပါသည်။ အာကာသထဲ ရှိ ဂြိုလ်တုတစ်ခု မှ လှိုင်းအလျား ၅ စင်တီမီတာ (C-band ရေဒါ) ဖြင့် ကြည်လင်ပြတ်သားမှု ၁၀ မီတာ ရရှိရန် ရေဒါ antenna သည် ၄၂၅၀ မီတာခန့် ရှည်ရမည်ဖြစ်ပါသည်။ ( ဒါက ဘောလုံးကွင်း ၄၇ ကွင်း အလျားထက်ကျော်ပါသည်။)
အဲဒီလောက် အရွယ်ရှိသည့် antena သည် အာကာသရှိ ဂြိုလ်တုအာရုံခံကိရိယာတစ်ခုအတွက် လက်တွေ့တွင်မဖြစ်နိုင်ပါ။ ထို့ကြောင့် သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများသည် ပိုမိုကောင်းမွန်သည့် synthetic aperture ကို တီထွင်ဖန်တီးခဲ့ပါသည်။ ဤသဘောတရားတွင် antenna အတို တစ်ခုမှ ဆက်တိုက်တိုင်းတာမှုများကို ပေါင်းစပ်ခြင်းဖြင့် ပိုကြီးမားသည့် antenna တစ်ခုအသုံးပြု ထားသကဲ့သို့ဖန်တီးထားပါသည် ။ ထို့နည်းအားဖြင့် ပိုမိုကြည်လင်ပြတ်သားမှုရှိသော ဒေတာကို ရရှိပါသည်။ (ညာဘက်ရှိ အရာကို ရိုက်ကူးနေပုံ)
ကြိမ်နှုန်းနှင့် လှိုင်းအလျားတို့၏ အခန်းကဏ္ဍ
Landsat’s Operational Land Imager (OLI) နှင့် Sentinel-2’s Multispectral Instrument (MSI) ကဲ့သို့သော optical အာရုံခံကိရိယာများသည် လျှပ်စစ်သံလိုက် ရောင်စဉ်၏ လူမျက်စိဖြင့် မြင်ရသောအရောင်၊ အနီဦးအနီအောက်ရောင်ခြည်၊ နှင့် လှိုင်းတိုအနီအောက်ရောင်ခြည် အပိုင်းများရှိ ဒေတာအချက်အလက်များကိုသာ ကောက်ယူသည်။ ရေဒါအာရုံခံကိရိယာများသည် စင်တီမီတာမှ မီတာ စကေးထိရှိသည့် ပိုရှည်သည့်လှိုင်းအလျားများကို အသုံးပြုကြ သည့်အတွက် ထူးခြားသော ဂုဏ်သတ္တိများရှိပါသည်။ ဥပမာ တိမ်တိုက်များကိုဖောက်ထွင်းမြင်နိုင်သောစွမ်းရည် (လက်ယာဘက်ရှိ လျှပ်စစ်သံလိုက်ရောင်စဉ်ပုံကို ကြည့်ပါ) ။ SAR ၏ လှိုင်းအလျားအမျိုးမျိုးကို X ၊ C ၊ L နှင့် P ကဲ့သို့ စာလုံးဖြင့် ဖော်ပြသော band များအဖြစ် ဖော်ပြလေ့ရှိပါသည်။ အောက်ဖော်ပြပါ ဇယားသည် band များ၏ ကြိမ်နှုန်း၊ လှိုင်းအလျားနှင့် ၎င်း band များ၏ အထူးအသုံးချပုံတို့ကို ဖော်ပြထားပါသည်။
| Band | ကြိမ်နှုန်း | လှိုင်းအလျား | အထူးအသုံးချမှု |
| Ka | 27–40 GHz | 1.1–0.8 စင်တီမီတာ | SAR အတွက် အသုံးပြုမှု နည်းပါသည်။(လေကြောင်းထိန်းသိမ်းရေး) |
| K | 18–27 GHz | 1.7–1.1 စင်တီမီတာ | SAR အတွက် အသုံးပြုမှုနည်းပါသည်။ (ရေခိုးရေငွေ့စုပ်ယူမှု) |
| Ku | 12–18 GHz | 2.4–1.7 စင်တီမီတာ | SAR အတွက် အသုံးပြုမှု နည်းပါသည်။(ဂြိုလ်တုမှအမြင့်တိုင်းရာတွင်သုံးသည်) |
| X | 8–12 GHz | 3.8–2.4 စင်တီမီတာ | ကြည်လင်ပြတ်သားမှုမြင့်မားသော SAR ( မြို့ပြများကို စောင့်ကြည့်ခြင်း၊ ရေခဲနှင့် နှင်းများ၊ အပင်ဖုံးလွှမ်းမှုကို အနည်းငယ်ဖောက်ထွင်းနိုင်ပါသည်၊ အပင်ပေါက်ရောက်နေသော ဧရိယာများ လျော့ကျလာမှုကို လျင်မြန်စွာ ဆန်းစစ်နိုင်ပါသည်) |
| C | 4–8 GHz | 7.5–3.8 စင်တီမီတာ | အဓိကအသုံးပြုသော SAR (ကမ္ဘာလုံးအတိုင်းအတာဖြင့် မြေပုံရေးဆွဲခြင်း- ပြောင်းလဲမှုကို ထောက်လှမ်းခြင်း/ ပြောင်းလဲမှုကို လေ့လာဖော်ထုတ်ခြင်း၊ အနည်းငယ်မှအတော်အသင့် ဖောက်ထွင်းနိုင်သည့် ဧရိယာများကို စောင့်ကြည့်လေ့လာခြင်း၊ ရေခဲဖုံးလွှမ်းမှု မြေပုံရေးဆွဲခြင်း၊ ပင်လယ်ရေကြောင်းသွားလာခြင်း) |
| S | 2–4 GHz | 15–7.5 စင်တီမီတာ | အသုံးပြုမှုနည်းပါသည်။ သို့သော် SAR အခြေပြု ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး- စိုက်ပျိုးရေးဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်း (အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန နှင့် အိန္ဒိယ အာကသ သုတေသနအဖွဲ့အစည်း တို့ပူးပေါင်းဆောင်ရွက်သော SAR- NISAR/ NASA-ISRO SAR တွင် S band ကို ထည့်သွင်းတပ်ဆင်ထားပြီး ပိုမြင့်မားသော အပင်ပါဝင်မှုသိပ်သည်းဆ အတွက် C band ကို အသုံးပြုသည်) တို့အတွက် အသုံးချမှုများလာပါသည်။ |
| L | 1–2 GHz | 30–15 စင်တီမီတာ | ကြည်လင်ပြတ်သားမှု အတော်တင့်ကောင်းမွန်သော SAR (ဘူမိရူပ ဆိုင်ရာ စောင့်ကြည့်လေ့လာခြင်း – ဇီဝထုနှင့် သဘာဝပေါက်ပင်များ မြေပုံရေးဆွဲခြင်း၊ InSAR တွင် ပို၍ထိုးဖောက်ဝင်ရောက်နိုင်) |
| P | 0.3–1 GHz | 100–30 စင်တီမီတာ | ဇီဝထု။ ပထမ p-band spaceborne SAR ကို ၂၀၂၀ ခုနှစ်တွင် လွှင့်တင်ပါမည်။ သဘာဝပေါက်ပင်များ မြေပုံရေးဆွဲခြင်း နှင့် လေ့လာဆန်းစစ်ခြင်း၊ စမ်းသပ်နေဆဲ SAR။ |
SAR ကို အသုံးပြုသည့်အခါ လှိုင်းအလျားသည် ထည့်သွင်းစဉ်းစားရန်လိုအပ်သည့် အရာတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော လှိုင်းအလျားသည် ရေဒါ signal နှင့် မျက်နှာပြင်တို့၏ အပြန်အလှန်သက်ရောက်ပုံနှင့် ကြားခံထဲသို့ ဘယ်လောက်ထိထိုးဖောက်ဝင်ရောက်နိုင်လဲဆိုတာကိုသတ်မှတ်ပါသည်။ ဥပမာ- ၃ စင်ီမတာခန့် လှိုင်းအလျားသုံးသော X-band ရေဒါတစ်ခုသည် ရွက်ပြန့်တောများတွင် ထိုးဖောက်ဝင်ရောက်နိုင်မှု အလွန်နည်းပါသည်။ ထို့ကြောင့် သစ်ပင်ရွက်အုပ်၏ အပေါ်ပိုင်းအရွက်များကိုသာ ရေဒါလှိုင်းသက်ရောက်ပါသည်။ တစ်နည်းအားဖြင့် ၂၃ စင်တီမီတာခန့် လှိုင်းအလျားရှိသော L band signal တစ်ခုသည် သစ်တောကို ပို၍ ထိုးဖောက်နိုင်ပြီး သစ်ပင်ပင်စည်၊ သစ်ကိုင်းကြီးများ နှင့် ရေဒါ signal တို့ကြားတွင် ပို၍ အပြန်အလှန်သက်ရောက်မှုကို ရရှိပါသည်။ လှိုင်းအလျားသည် သစ်တောများတွင်သာ ထိုးဖောက်ဝင်ရောက်နိင်သည့် အတိမ်အနက်အပေါ်သက်ရောက်သည်မဟုတ် မြေဆီလွှာနှင့် ရေခဲကဲ့သို့သော အခြားသော မြေဖုံးလွှမ်းမှုအမျိုးအစားများတွင်လည်းအလားတူ သက်ရောက်ရှိသည်။
ဥပမာ- သိပ္ပံပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များသည် SAR ဒေတာကိုအသုံးပြုပြီး မြို့ဟောင်းများ နှင့် ရွက်အုပ်ပိတ်တောများ သို့မဟုတ် သဲကန္တာရများ အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားသော မြို့ပြအဆောက်အဦများ ရှာဖွေရာတွင် အသုံးပြုကြပါသည်။ အာကာသ ရှေးဟောင်းသုတေသန တွင် SAR အသုံးပြုမှုနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို NASA Earth Observatory ၏ Peering through the Sands of Time နှင့် Secrets beneath the Sand တို့တွင် ကြည့်ပါ။
Polarization (မျက်နှာပြင်တစ်ခုအတိုင်းလှိုင်းရွေ့လျားခြင်း) နှင့် ပြန့်ကျဲခြင်းဖြစ်စဉ်
ရေဒါသည် ထုတ်လွှတ်ခြင်းနှင့် လက်ခံခြင်းလမ်းကြောင်းနှစ်ခုတွင် လှိုင်း polarization များကို ထိန်းချုပ်ခြင်းဖြင့် polarization အမျိုးမျိုးမှ signal များကိုလည်း ကောက်ယူနိုင်ပါသည်။ polarization ဆိုသည်မှာ ထုတ်လွှတ်လိုက်သည့် လျှပ်စစ်သံလိုက်လှိုင်းများကို တုန်ခါသည့် ပြင်ညီတစ်ခု၏ ဦးတည်ချက်အရပ်ကို ဆိုလိုပါသည်။ တုန်ခါမှုဦးတည်ချက်အရပ်သည် မည်သည့်ထောင့်တွင်မှာမဆို ရှိနိုင်သော်လည်း SAR အာရုံခံကိရိယာတွင် အဖြောင့်အတိုင်း ရှိပါသည်။ ရေပြင်ညီအတိုင်း ဖြစ်သည့် Polarization ကို H ဖြင့် ဖော်ပြပြီး ထောင်လိုက်ဖြစ်သည့် Polarization ကို V ဖြင့် ဖော်ပြပါသည်။
ရေဒါအာရုံခံကိရိယာများ၏ အားသာချက်သည် ထုတ်လွှတ်ခြင်းနှင့် ဖမ်းယူခြင်းတို့တွင် signal polarization ကို တိတိကျကျ ထိမ်းချုပ်နိုင်ခြင်းဖြစ်သည်။ signal polarization များသည် ထောင်လိုက် (V) ထုတ်လွှတ်၍ ရေပြင်ညီအတိုင်း ရှိသည့် polarization (H) ဖမ်းယူခြင်းကို VH ဟုဖော်ပြသည်။ တစ်နည်းအားဖြင့် တုန်ခါမှု သည် ရေပြင်ညီအတိုင်း(H) ထုတ်လွှတ်၍ ရေပြင်ညီအတိုင်း (H) ဖမ်းယူခြင်းကို HH ဟုဖော်ပြပါသည်။ ဤအမျိုးမျိုးသော polarization များမှ လှိုင်းပြင်းအားကို စစ်ဆေးခြင်းဖြင့်ထိတွေ့သည့် မျက်နှာပြင်တည်ဆောက်ပုံအကြောင်းအချက်အလက်များရရှိပါသည်။ ထိုသို့ရရှိရာတွင် အောက်ပါပြန့်ကျဲမှု အမျိုးအစားများ ဖြစ်သည့် – မျက်နှာပြင်၏ကြမ်းတမ်းမှု၊ ထုထည် နှင့် နှစ်ဆင့်ထောက်ပြန်လာခြင်း (double bounce) (အောက်ပါပုံတွင်ကြည့်ပါ) တို့ကို အခြေခံပါသည်။
- မြေဆီလွှာနှင့် ရေထုတို့ကြောင် ဖြစ်သော ကြမ်းတမ်းလှိုင်းပြန့်ကျဲခြင်းကို VV အတွဲတွင် အာရုံခံနိုင်မှု အများဆုံးဖြစ်သည်။
- ဥပမာ- သစ်တောတစ်တောတွင် သစ်ရွက်များနှင့် သစ်ကိုင်းများကြောင့် ဖြစ်ပေါ်သော ထုထည်ကို ထိ၍ လှိုင့်ပြန့်ကျဲခြင်းသည် VH သို့မဟုတ် HV ကဲ့သို့သော ကန့်လန့်ဖြတ် polarized အတွဲများတွင် အာရုံခံနိုင်မှု အများဆုံးဖြစ်သည်။
- အဆောက်အဦများ၊ သစ်ပင် ပင်စည်များ၊ သို့မဟုတ် ရေလွှမ်းနေသော အပင်များ ကြောင့်ဖြစ်ပေါ်သော နှစ်ဆင့်ထောက်ပြန်လာခြင်းကို HH အတွဲ တွင် အာရုံခံနိုင်မှု အများဆုံးဖြစ်သည်။
လှိုင်းအလျားသည် ထိုးဖောက်နိုင်သည့် အနက်ကို ပြောင်းလဲစေသောကြောင့် လှိုင်းအလျားပြောင်းလဲပါက အမျိုးမျိုးသော ပြန့်ကျဲမှုပုံစံများကို ဖြစ်ပေါ်စေသည်ကို အထူးမှတ်သားရန်လိုပါသည်။ ဥပမာ- C band လှိုင်းသည် သစ်တောတစ်ခု၏ ရွက်အုပ်အလွှာကိုသာလျှင် ထိုးဖောက်နိုင်သောကြောင့် ကြမ်းတမ်းသော မျက်နှာပြင်မှ လှိုင်းပြန့်ကျဲခြင်းအများစုနှင့် ထုကြောင့်ပြန့်ကျဲမှု volume scattering အနည်ငယ်တို ရောနှောနေသည်ကို ကြုံတွေ့ရပါမည်။ သို့သော်လည်း L-band သို့မဟုတ် P-band လှိုင်းများသည် ပို၍ ထိုးဖောက်နိုင်သောကြောင့် volume scattering ကို ပို၍ဖြစ်ပေါ် စေသည့်အပြင် သစ်ပင် ပင်စည်များကြောင့် နှစ်ဆင့်ထောက်ပြန်လာခြင်းကိုလည်း ပို၍ ဖြစ်ပေါ်စေပါသည် (အောက်တွင်ပါရှိသော ရွက်အုပ်ထိုးဖောက်မှုပုံကို ကြည့်ပါ)။
Interferometry (InSAR)
SAR ဒေတာများသည် interferometry သို့မဟုတ် InSAR ဟုခေါ်သော လေ့လာဆန်းစစ်မှု့နည်းလမ်းတစ်ခုကို ဆောင်ရွက်နိုင်ပါသည်။ InSAR သည် အာရုံခံကိရိယာမှ အရာဝတ္ထုတို့ ကြား အကွာအဝေးကို တိုင်းတာရန် အာရုံခံကိရိယာတွင် မှတ်သားထားသော phase အချက်အလက်များကို အသုံးပြုပါသည်။ တူညီသည့် အရာတစ်ခုကို observation အနည်းဆုံးနှစ်ကြိမ်လုပ်သည့်အခါ အာရုံခံကိရိယာမှ ဂျီဩမေတြီသတင်းအချက်အလက်များအသုံးပြုပြီး ကမ္ဘာမြေမျက်နှာပြင် ပြောင်းလဲမှုများတိုင်းတာရန် အကွာအဝေးကို အသုံးပြုနိုင်ပါသည်။ ဤတိုင်းတာမှုများသည် အလွန်တိကျပါသည်( စင်တီမီတာအထိ)။ ထို့အပြင် မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခတ်ခြင်း (လက်ယာဘက်ရှိ interferogram ကိုကြည့်ပါ) တို့ကြောင့်ဖြစ်ပေါ်သော ပုံသဏ္ဍာန်ပျက်သွားသည့် ရှာဖွေရာတွင် အသုံးပြုနိုင်ပါသည်။
တူညီသည့် ပစ်မှတ်တစ်ခုကို observation အနည်းဆုံးနှစ်ကြိမ်ဖြစ်ပေါ်သည့်အခါ အာရုံခံကိရိယာမှ ထပ်တိုး ဂျီဩမေတြီသတင်းအချက်အလက်များနှင့်အတူ အကွာအဝေးကို ကမ္ဘာမြေမျက်နှာပြင် ပြောင်းလဲမှုများတိုင်းတာရန် အသုံးပြုနိုင်ပါသည်။
ဒေတာရရှိနိုင်မှု
၂၀၁၄ ခုနှစ်တွင် လွတ်တင်ခဲ့သည့် Sentinel-1a နှင့် ဥရောပအာကာသအေဂျင်စီ (ESA) မှ ၎င်း၏ ဒေတာပေါ်လစီများမှ စတင်ခဲ့ကာ ယခုအခါ SAR ဒေတာများကို ကျယ်ကျယ်ပြန့်ပြန့် အခမဲ့ရရှိနိုင်ပါသည်။ အခြားသောအာရုံခံကိရိယာများသည် သမိုင်းကြောင်းဆိုင်ရာဒေတာအချက်အလက်များ၊ အချို့သော ဧရိယာများအတွက်သာ ရရှိနိုင်သော ဓါတ်ပုံများ၊ သို့မဟုတ် ဒေတာများဝယ်ယူရမည့် မူဝါဒများ ရှိပါသည်။ အောက်ပါဇယားသည် လက်တလော ဒေတာများ ထုတ်လုပ်လျှက်ရှိသည့် SAR အာရုံခံကိရိယာများ၊ ဒေတာ parameter များနှင့် ရရှိနိုင်သည့် နေရာများကို စာရင်းပြုစုထားခြင်းဖြစ်ပါသည်။
| ဆော့ဖ်ဝဲယား | ထုတ်လုပ်သူ | Analysis Type | Applicable Missions |
| Sentinel Application Platform (SNAP) Sentinel 1 Toolbox(S1TBX) | ဥရောပအာကာသအေဂျင်စီ | SAR ဒေတာများကို polarimetric နှင့် interferometric လုပ်ဆောင်ရန် အသုံးပြုသော graphical user interface (GUI) တစ်ခုဖြစ်ပါသည်။ စံချိန်ကိုက် ချိန်ညှိခြင်း (calibration)၊ အမှုန်အမွှားများ ဖယ်ရှာခြင်း၊ coregistration ၊ orthorectification ၊ mosaicking နှင့် ဒေတာများ ပြောင်းလဲခြင်း | Sentinel-1ERS-1 and 2NVISATALOS PALSARTerraSAR-XCOSMO-SkyMedRADARSAT-2 |
| pyroSAR | John Truckenbrodt, Friedrich-Schiller-University Jena / Deutsches Zentrum für Luft- und Raumfahrt German Aerospace Center | GAMMA နှင့် SNAP တို့၏ ဒေတာ processing စွမ်းဆောင်ရည်များကို ရယူနိုင်သော ကြီးမားသည့် SAR ဂြိုလ်တုဒေတာများ processing လုပ်နိုင်သည့် Python framework တစ်ခုဖြစ်ပါသည်။ metadata များရယူခြင်း၊ နောင်တချိန်လေ့လာဆန်းစစ်မှုများလုပ်ရန် ကြိုတင်လုပ်ဆောင်ထားသော ဒေတာအချက်အလက်များကို ပုံစံချမှတ်ခြင်းနှင့် Data Cube ထဲသို့ ဒေတာများ export လုပ်ရန် ရွေးချယ်စရာများကို အထူးပြုလုပ်ထားပါသည်။ | Sentinel ဂြိုလ်တု၊ ရှေးယခင်နှင့် ယခုလက်ရှိ ဂြိုလ်တုများ |
| Generic Mapping Tools Synthetic Aperture Radar (GMTSAR) | ConocoPhillips, Scripps Institution of Oceanography, and San Diego State University | GMTSAR သည် Generic Mapping Tools (GMT) တွင် interferometric လုပ်ဆောင်နိုင်စ္စမ်း၊ ပထဝီဝင်အချက်အလက်များကို ကိုင်တွယ်လုပ်ဆောင်၍ မြေပုံများရေးဆွဲသည့် command line tools များကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ GMTSAR တွင် အဓိက processors နှစ်ခုပါဝင်ပါသည်။ ၁။ ပုံရိပ်အတွဲများကို focus လုပ်၍ ချိန်ညှိနိုင်ခြင်း၊ phase အဖြစ် မြေမျက်နှာသွင်ပြင်ကို မြေပုံရေးဆွဲနိုင်ခြင်း၊ phase ကို ရွဲ့စောင်းမှုမရှိအောင် ဆောင်ရွက်နိုင်ခြင်း၊ အဆင့်မြင့်၍လှိုင်းများကြောင့်ဖြစ်ပေါ်သော ပုံစံ များဖြစ်ပေါ်နိုင်သည့် InSAR processor တစ်ခု၂။ လှိုင်းများကြောင့်ဖြစ်ပေါ်သော ပုံစံကို ဖယ်ရှားရန်နှင့် စည်းနှောင်မှု၊ phase gradient နှင့် line-of sight displacement product များကိုဖန်တီးရန် postprocessor တစ်ခု | ERS-1/2EnvisatALOS-1TerraSAR-XCOSMOS-SkyMedRadarsat-2Sentinel-1ALOS-2 |
| Delft object-oriented radar interferometric software (DORIS) | Delft Institute of Earth Observation and Space Systems of Delft University of Technology | single look complex (SLC) မှ လှိုင်းများကြောင့်ဖြစ်ပေါ်လာသော ပုံဏ္ဍာန်နှင့် ပေါင်းစည်းမှုပြမြေပုံ များဖြစ် Interferometric processing လုပ်ဆောင်ခြင်း။ geocoding လုပ်နိုင်စွမ်း ပါဝင်သည်။ သို့သော် phase ကို ရွဲ့စောင်းမှုမရှိအောင် ဆောင်ရွက်နိုင်ခြင်း မပါဝင်ပါ။ | ERS, ENVISAT, JERS, RADARSAT မှ Single Look Complex ဒေတာ |
| Statistical-Cost, Network-Flow Algorithm for Phase Unwrapping (SNAPHU) | စတန်းဖို့ဒ် ရေဒါ Interferometry သုတေသန အဖွဲ့ | Unix/Linux ပလက်ဖောင်းအများစုတွင် ထည့်သွင်းဆောင်ရွက်နိုင်သော C ပရိုဂရမ်းမင်း ဘာသာဖြင့် ရေးသားထားသော ဆော့ဖ်ဝဲယား တစ်ခုဖြစ်ပါသည်။ phase ကို ရွဲ့စောင်းမှုမရှိအောင် ဆောင်ရွက်ခြင်း ( interferometric ပြုလုပ်ခြင်း) အတွက် အသုံးပြုပါသည်။ SNAPHU algorithm ကို ISCE အပါအဝင် အခြားသော SAR ဒေတာ ကိုင်တွယ်လုပ်ဆောင်နိုင်သည့် ဆော့ဖ်ဝဲယားများတွင် ပေါင်းစည်း ထည့်သွင်းထားပြီးဖြစ်ပါသည်။ | အသွင်းဒေတာကို single-precision (float, real*4, or complex*8) floating-point ဒေတာအမျိုးအစားများဖြင့် raster တစ်ခုအဖြစ် interferogram ပုံစံချမှတ်ထားပါသည်။ |
| Hybrid Pluggable Processing Pipeline (HYP3) | Alaska Satellite Facility | phase ကို ရွဲ့စောင်းမှုမရှိအောင် ဆောင်ရွက်ခြင်း (Minimum Cost Flow algorithm အသုံးပြု၍) ကဲ့သို့သော အဆင့်များအပါအဝင် InSAR processing လုပ်ဆောင်သည့် အွန်လိုင်းပက်ဖောင်းဖြစ်သည်။ interferometry ဆောင်ရွက်ရန် အချို့သော GAMMA နှင့် ISCE လုပ်ဆောင်နိုင်မှုများကိုလည်း ဝင်ရောက်လုပ်ဆောင်နိုင်ပါသည်။ Radiometric Terrain Correction (RTC) နှင့် ပြောင်းလဲမှု ထောက်လှမ်းခြင်းဆိုင်ရာ ကိရိယာ/ tool များလည်း ပါဝင်ပါသည်. | လုပ်ငန်းပေါ်တွင် မူတည်ပါသည်။ |
| InSAR Scientific Computing Environment (ISCE) | Jet Propulsion Laboratory and Stanford University | Python module ကဲ့သို့ Interferometric လုပ်ဆောင်သည့် ဆော့ဖ်ဝဲယား တစ်ခုဖြစ်သည်။ အကြမ်း သို့မဟုတ် SLC မှ အဆင်မြင့်သည့် လှိုင်းကြောင့်ဖြစ်ပေါ်သော ပုံသဏ္ဍာန် နှင့် ပေါင်းစည်းမှုပြမြေပုံများအဖြစ် Interferometric လုပ်ဆောင်ခြင်း ဖြစ်သည်။ geocoding ၊ phase ကို ရွဲ့စောင်းမှုမရှိအောင် ဆောင်ရွက်ခြင်း၊ ဖယ်ထုတ်ခြင်းများ ပါဝင်ပါသည်။ | ALOSALOS2COSMO_SKYMEDENVISATERSKOMPSAT5RADARSAT1RADARSAT2RISAT1Sentinel-1TERRASARXUAVSAR |
| MapReady | Alaska Satellite Facility | မြေမျက်နှာပြင် မှန်ကန်အောင် ဆောင်ရွက်ခြင်း၊ geocode လုပ်ခြင်းနှင့် multi-polarimetric synthetic aperture radar (PolSAR) ဒေတာ အဖြစ် polarimetric decomposition ကိုလုပ်ဆောင်ရာတွင် အသုံးပြုသော GUI/ ဆော့ဖ်ဝဲယား တစ်ခု။ | ALOS Palsar နှင့် ASF ကတ်တလော့ထဲရှိ အခြားသောဒေတာဟောင်းများ( Sentinel-1 အတွက် အကြံပြုထားသော Sentinel-1, SNAP S1TBX တို့အတွက် အသုံးမပြုပါ) |
| Python Radar Tools (PyRat) | Andreas Reigber | လေယာဉ်နှင့် ဂြိုလ်တုတို့မှ SAR ပုံရိပ်များကို post-processing လုပ်ဆောင်ရန် ဖန်တီးထားသည့် GUI တစ်ခုဖြစ်ပါသည်။ interferometric နှင့် polarimetric processing လုပ်ဆောင်ခြင်းတို့အတွက် အမျိုးမျိုးသော ဖယ်ထုတ်ခြင်းများ၊ ဂျီဩမေတြီဆိုင်ရာ ပုံစံပြောင်းလဲခြင်း များနှင့် စွမ်းဆောင်နိုင်မှုများ ပါဝင်ပါ သည်။ | လေယာဉ်နှင့် ဂြိုလ်တုတို့မှ SAR ဒေတာများ |
| Polarimetric SAR data Processing and Education Toolbox(PolSARpro) | ဥရောပ အာကသ အေဂျင်စီ | အဆင့်မြင့် polarimetric processing အတွက် GUI တစ်ခုဖြစ်သည်။ PolSAR, PolinSAR ၊ PolTomoSAR နှင့် PolTimeSAR ဒေတာများအတွက် ဘဲဥပုံ polarimetric အခြေခံ ပုံစံပြောင်းလဲခြင်းများ၊ အမှုံအမွှားများ ဖယ်ထုတ်ခြင်း၊ decomposition ပြုလုပ်ခြင်း၊ ဇာတိကိန်းများကို ခန့်မှန်းခြင်းနှင့် အမျိုးအစားခွဲခြားခြင်း/ အပိုင်းများခွဲခြင်းများ စသည့် လုပ် ဆောင်နိုင်စွမ်းများပါဝင်သောလေ့ လာဆန်းစစ်နိုင်မှုများ ပါဝင်သည်။ သစ် တောနှင့် မြေမျက်နှာပြင်များအတွက် အပြည့်အဝပေါင်စပ်ထားသော SAR ပျံ့ကျဲမှုနှင့် ပုံရိပ်ဖန်တီးခြင်းများ ပါဝင်သည်။ | ALOS-1 / PALSAR-1ALOS-2 / PALSAR-2COSMO-SKYMEDGaoFen-3RADARSAT-2RISATTerraSAR XTandem-XSENTINEL-1A and -1Bအောက်ပါ missions များတွက် အထောက်အကူပြုပါသည်။ALOS-4 / PALSAR-3BIOMASSSAOCOMNISARNOVASAR-SRCM / RADARSAT-3TerraSAR-L |
များစွာသော အာရုံခံကိရိယာများကို နောက်နှစ်အနည်းငယ်အတွင်း လွှင့်တင်နိုင်ရန် စီမံထားပါသည်။ ဤအထဲတွင် S-band ၏ လွှမ်းခြုံမှုထက် သာလွန်သော L-band SAR ကိုအသုံးပြုသည့် NASA-Indian Space Research Organisation SAR (NISAR) ဂြိုလ်တုလည်းပါသည်။ ဒေတာအားလုံးကို အခမဲ့ရယူနိုင်ပါသည်။ ဥရောပအာကသအေဂျင်စီသည် အခမဲ့ရယူနိုင်သော P-band BIOMASS ကို လွှင့်တင်ထားပါသည်။ နောက်လာမည့် SAR ဂြိုလ်တုများနှင့် ဒေတာအချက်အလက်စာရင်းကို ဒီမှာ ကြည့်ပါ။အခမဲ့ ရရှိနိုင်သော SAR ဒေတာများကို Earthdata Searh တွင် ရရှိနိုင်ပါသည်။
ဒေတာများကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်း
SAR ဒေတာများကို ကိုင်တွယ်လုပ်ဆောင်ရာတွင် အကန့်အသတ်များထဲမှ တစ်ခုသည် အဆင့်နိမ့် SAR ဒေတာများအတွက် လိုအပ်သည့် ရှည်လျားသည့်လုပ်ငန်းအဆင့်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည်။ မိမိလုပ်ချင်သည့် လေ့လာဆန်းစစ်မှုအပေါ်မူတည်၍ ဤကိုင်တွယ်ဆောင်ရွက်သည့်အဆင့်များတွင်- orbit ဖိုင်ကို အသုံးပြုခြင်း၊ radiometric ချိန်ညှိခြင်း၊ de-bursting ၊ ထပ်ကာထပ်ကာ ပြန်လည်ကြည့်ရှုခြင်း၊ အမှုံအမွှားများ ဖယ်ထုတ်ခြင်း၊ မြေမျက်နှာပြင်နှင့်မှန်ကန်အောင် ဆောင်ရွက်ခြင်းတိုပါဝင်သည်။ ဤ အဆင့်များကို SAR Pre-Processing one pager တွင် အသေးစိတ် ဖော်ပြထားပါသည်။ SAR ဒေတာများကို ကိုင်တွယ်ဆောင်ရွက်အသုံးပြုရန် ဒေတာထောက်ပံ့ပေးသည့် အဖွဲ့အစည်းများ၊ ဒေတာစတင်အသုံးပြုမှုအဆင့်နှင့် လိုချင်သည့် ဒေတာပေါ်မူတည်၍ အထူး ဆော့ဖ်ဝဲယားများလိုအပ်ပါသည်။ အောက်တွင် ဖော်ပြထားသော ဇယားသည် အခမဲ့ရရှိနိုင်သော ဆော့ဖ်ဝဲယားများကို အသုံးပြုပုံနှင့် ၎င်းဆော့ဖ်ဝဲယားများကို ဒေါင်းလုတ်ရယူနိုင်သော နေရာများ စာရင်းဖြစ်ပါသည်။မကြာသေးမီက NASA’s Alaska Satellite Facility Distributed Active Archive Center (ASF DAAC) သည် အသုံးပြုသူများအနေဖြင့် ဒေတာများကိုင်တွယ်ဆောင်ရွက်ရာတွင် အချိန်နှင့် လုပ်အားသက်စေမည့် ရေဒီယိုမက်ထရစ် အရ မြေမျက်နှာပြင် အမှန်ပြုပြင်ထားသော ဒေတာများကို နေရာအချို့အတွက် စတင်ဖြန့်ဝေလျှက်ရှိပါသည်။
အချက်အလက်အများစုကို The SAR Handbook: Comprehensive Methodologies for Forest Monitoring and Biomass Estimation: မှရယူထားပါသည်
မူရင်းဆောင်းပါး – https://www.earthdata.nasa.gov/learn/backgrounders/what-is-sar
