လှိုင်းတိုအနီအောက်ရောင်စဉ် (Shortwave Infrared)

မူရင်း – https://eos.com/make-an-analysis/shortwave-infrared/

လှိုင်းတိုအနီအောက်ရောင်စဉ် ၂ (SWIR2), အနီအောက်ရောင်စဉ်ဦး (NIR), အနီရောင်စဉ် (Red) ပေါင်းစပ်ခြင်း

Band combination: SWIR2, NIR, Red

SWIR2(လှိုင်းတိုအနီအောက်ရောင်စဉ် ၂)၊ NIR (အနီအောက်ရောင်စဉ်ဦး) နှင့် Red band (အနီရောင်စဉ် ) combination သည်အသုံးများသော ရောင်စဉ်တွဲဖြစ်သည်။ ရေဆင်းစနစ်များစောင့်ကြည့်ထိန်းသိမ်းခြင်း၊ မြေဆီလွှာ နှင့် သဘာဝပေါက်ပင်လေ့လာရေး နှင့် သီးနှံပင်များ ကြီးထွားမှုနှင့်အထွက်တိုးနှုန်းလေ့လာရာတွင် အသုံးပြုကြသည်။

ဤ band combination တွင် အပင်များကိုအနီရောင်၊ မြေပြင်ကို အညိုရောင်အနုအရင့်၊ လူနေမြို့ပြအရပ်ကို စိမ်းပြာရောင်အဖြစ်မြင်ရမည်ဖြစ်သည်။ ဆီးနှင်း၊ ရေခဲပြင်နှင့် တိမ်များကို စိမ်းပြာနုရောင်သို့မဟုတ် အဖြူရောင်အဖြစ်မြင်ရမည်။ သစ်မာပင်များကိုထင်းရှူးပင်များထက်ပိုမိုနုသောအနီရောင်ဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အနီရောင်စိုစိုရင့်ရင့်သည် စိမ်းလန်းသောအရွက်များဖြင့် ဖုံးအုပ်နေသောအပင်များကို ကိုယ်စားပြုပြီး ၊ နုသောအနီရောင်သည် အရွက်ကျဲပါးခြောက်သွေ့သော သစ်ပင်များနှင့် မြက်ခင်းများကို ကိုယ်စားပြုသည်။ လူနေထူထပ်သောမြို့ပြအရပ်ကိုမူ အပြာနုရောင်အဖြစ် မြင်ရသည်။ ဤရောင်စဉ်တွဲစပ်ပုံရိပ်မှ ပေးသော အချက်အလက်များသည် အနီအောက်ရောင်ခြည်ဖြင့် ရိုက်ယူထားသော ပုံများမှပေးသောအချက်အလက်များနှင့် ဆင်တူလှသည်။

မီးလောင်ကျွမ်းထားသောမြေပြင်သည် ဤ band combination တွင်တောက်ပစွာအလင်းပြန်လေ့ရှိသည်။ ထို့ကြောင့်တောမီးနှင့်မြို့ပြမီးကြောင့်လောင်ကျွမ်းရသောအပျက်အစီးများကို စုံစမ်းထောက်လှမ်းရာတွင် အလွန်အသုံးဝင်သည်။ မီးတောင်ချော်ရည်စီးကြောင်းများ၊ တောက်လောင်ဆဲမီးတောက်များနှင့် ပူပြင်းသောမျက်နှာပြင်များကို ဤ band combination တွင် တောက်ပသောအခြေအနေဖြင့်မြင်တွေ့နိုင်သည်။ ဘူမိဗေဒမြေပုံရေးဆွဲရာတွင်လည်းအလွန်အသုံးဝင်သည်။ ဤ band combination သည် ကျောက်အမျိုးအစားများခွဲခြားရာတွင် မတူအနည်းငယ်ကွဲပြားသော အရောင်များကိုလေ့လာခြင်းဖြင့် ဘူမိဗေဒမြေပုံရေးဆွဲရာတွင်လည်း အထောက်အကူပြုသည်။ Band ၃ ခုအနက် SWIR band ၏ အလင်းရောင်ကို မသိမသာမြှင့်တင်ခြင်းအားဖြင့် တွင်းထွက်သတ္တုရိုင်း များ၏ အရောင်ပိုမိုထင်ရှားတောက်ပစေပါသည်။

SWIR2, NIR နှင့် Red Band တို့၏အသုံးဝင်ပုံ

ဤ band combination ရှိ band အသီးသီးတွင်ထင်ရှားသောဝိသေသများရှိကြသည်။

Short-wave Infrared 2 – SWIR2 band သည် ဘူမိကျောက်စဉ်စုများခွဲခြားရာတွင် အထူးအသုံးပြုသည်။ ထို့ပြင် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှ ထုတ်လွှတ်သည့် အနီအောက်ရောင်ခြည်ပမာဏ (Infrared radiant flux) ကိုတိုင်းတာရာတွင်လည်း အသုံးဝင်သည်။

Near-infrared band – NIR band သည် အပင်များ၏ဇီဝဓါတ်အစုအဝေးကို ညွှန်ပြရာတွင်အသုံးပြုသည်။ ၎င်းကို သီးနှံပင်များခွဲခြားလေ့လာခြင်း၊ စိုက်ခင်းများနှင့်မြေပြင်အားခွဲခြားခြင်းနှင့် ရေပြင်၏နယ်နိမိတ်များ သတ်မှတ်ရာတွင်သုံးသည်။

Red band – Red band သည် အပင်များခွဲခြားသတ်မှတ်ရာတွင် မရှိမဖြစ်အသုံးပြုရသော band ဖြစ်သည်။ ထို့ပြင် ဘူမိကျောက်စဉ်စုများ ခွဲခြားခြင်း၊ မြေအမျိုးအစားများခွဲခြားရာတွင်လည်း သုံးသည်။

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details