ဆီးနှင်းနှင့်တိမ်များ

မူရင်း – https://eos.com/make-an-analysis/snow-and-cloud/

အပြာရောင်စဉ်၊ လှိုင်းတိုအနီအောက်ရောင်စဉ် ၁၊ လှိုင်းတိုအနီအောက်ရောင်စဉ် ၂ တွဲစပ်မှု

Band combination: Blue, SWIR1, SWIR2

SWIR band (လှိုင်းတိုအနီရောင်စဉ်) များသာ မပါဝင်ပါက ပုံရိပ်တခုတွင် တိမ်များနှင့် ဆီးနှင်းများကို ခွဲခြားရန်ခက်ခဲနိုင်ပါသည်။ သို့သော်လည်း ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှကြည့်လျှင် တိမ်များသည် ရွေ့လျားတတ်သောသဘောရှိသောကြောင့် နေရာတစ်ခုထဲတွင်ကြာကြာရပ်တည်မနေကြပါ။ ထို့ကြောင့် အချိန်မှန်စောင့်ကြည့်လေ့လာသောပုံရိပ်များတွင်တိမ်များ၏တည်ရှိနေမှုကြောင့် မြေပြင်အလင်းပြန်မှု ကြီးမားသောအပြောင်းအလဲဖြစ်ပေါ်စေနိုင်သည်။ ဤ ရောင်စဉ်တွဲစပ်မှုသည် တိမ်များကို ဆီးနှင်းများမှ ဖယ်ရှားပေးနိုင်သည်။

ဤရောင်စဉ်တွဲစပ်မှု၏အဓိကျသောအကျိုးပြုမှုသည် ကမ္ဘာ့လေထုအတွင်းရှိ ပျံ့နှံ့လျှက်ရှိကြသော မတူညီသော အရာဝတ္တုများကို ခွဲခြားပေးနိုင်ခြင်းဖြစ်သည်။ ဤရောင်စဉ်တွဲစပ်မှုမှ တိမ်များနှင့်ဆီးနှင်းများ၏ သိပ်သည်းဆကို သာမာန်မျက်စိဖြင့်မြင်တွေ့နိုင်သောအရောင်များဖြင့် မြင်တွေ့မှတ်ယူ နိုင်ခြင်းသည်သာမက အနီအောက်ရောင်စဉ်ပါဝင်မှုကြောင့် သီးသန့်စိတ်ဝင်စားဖွယ်ကမ္ဘာမြေ၏အချက်အလက်ဂုဏ်သတ္တိများကိုလည်း ဖေါ်ထုတ်ခွဲခြားနိုင်ခြင်းဖြစ်သည်။

အပြာရောင်စဉ်၊ လှိုင်းတိုအနီအောက်ရောင်စဉ် ၁ နှင့် ၂ တွဲစပ်ပုံရိပ်များအားသုံးသပ်ခြင်း

Interpretation Of Blue, SWIR1, SWIR2 Band Combination

Blue, SWIR1 နှင့် SWIR2 အစဉ်လိုက်ပေါင်းစပ်ထားသော band combination ကို ဆီးနှင်းနှင့်တိမ်များ ရှာဖွေရှာတွင်သုံးသည်။ အဘယ့်ကြောင့်ဆိုသော် လည်းကောင်းတို့သည် သာမာန်မျက်စိဖြင့်မြင်နိုင်သော ရောင်စဉ်များအောက်တွင် မြင်နိုင်၍ လှိုင်းတိုအနီအောက်ရောင်စဉ်တွင် အလွန်ဖေါက်ထွင်းမြင်ရလေ့ရှိသည်။ ဤတွဲစပ်ပုံရိပ်သည် visible light တမျိုးသာပါဝင်ပြီး red channel နေရာ တွင်ထားသောကြောင့် ရေခဲနှင့်ဆီးနှင်းများအား အနီရောင်တောက်တောက်ဖြင့်မြင်တွေ့ရမည်ဖြစ်သည်။ SWIR bands များသည်ရေခဲ၏အလင်းပြန်ခြင်းကို အလွန်အမင်းစုပ်ယူပစ်ခြင်းကြောင့် ထိုပုံရိပ်ထဲတွင် ရေခဲများသည် သာမာန်ထက်ပို၍တောက်ပသော အနီရောင် ကို မြင်ရသည်။ အမြင့်ပိုင်းတွင်တည်ရှိသောတိမ်များထဲတွင်ပါဝင်သော ရေခဲမှုန်ငယ်များကိုမူ လိမ္မော်နီရောင် သို့မဟုတ် မက်မုန်သီးအရောင်(peach) အနေဖြင့်မြင်ရသည်။ ရေခဲမှုန်များထူထပ်စွာပါဝင်သော ဆီးနှင်းများကို တောက်ပသောအနီရောင်သို့မဟုတ် လိမ္မော်နီရောင်ဖြင့် မြင်တွေ့ရမည်ဖြစ်သည်။ မြေဗလာကွင်းများကို တောက်ပသောစိမ်းပြာရောင်နှင့်အပင်များကို အစိမ်းရောင်များဖြင့်မြင်တွေ့နိုင်သည်။ ကမ္ဘာ့မြေပြင်ရှိရေထုအား မည်းမှောင်သောအရောင်ဖြင့်မြင်နိုင်သော်လည်း တိမ်တိုက်အတွင်းရှိ ရေစက်ရေမှုန်များအား အဖြူရောင်အစက်များဖြင့်မြင်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ SWIR နှင့် Red band တို့သည်ရေ၏အလင်းရောင်ကို လုံးဝနီးပါးစုပ်ယူထားသော်လည်း ရေစက်ရေမှုန်တို့သည် ယင်း band များတွင် အလင်းရောင်ပြန့်ကျဲစေခါ အလင်းပြန်သောကြောင့်ဖြစ်သည်။ ရေတွင်ပါဝင်သောနုံးအနည်အနှစ်များကိုမူ မှိုင်းသောအနီရောင်အဖြစ် မြင်တွေ့နိုင်ပါသည်။ 

ဤ band combination သည် ဆီးနှင်းမှတိမ်များကိုခွဲခြားရာတွင်အလွန်အရေးပါသည်။ ဆီးနှင်းဟောင်းများစုဝေးခြင်းဖြင့် အစိုင်အခဲသဏ္ဍာန်ပုံပေါ်လာကြပြီး စိုထိုင်းဆမြင့်တက်လာခြင်းကြောင့် SWIR band များတွင် အရောင်ပြန်မှုလျှော့နည်းသွားကြသည်။ ထိုအချက်ကိုအသုံးပြု၍ ဆီးနှင်းအဟောင်းနှင့် အသစ်တို့၏ရောင်ပြန်ခြင်းကို SWIR band များတွင်ခွဲခြားနိုင်သည်။ သို့သော်လည်း မြေပြင်၊ မြို့ပြတွင်းရှိလမ်းများ၊ အဝေးပြေးလမ်းများ၊ မြို့ပြနှင့်တည်ဆောက်ရေးလုပ်ငန်းဒေသများ အား ဖေါ်ထုတ်ခွဲခြားခြင်းအတွက် ဤ band combination သည် မသင့်လျှော်ပေ။ ထို့အပြင် သီးနှံပင်များကြီးထွားခြင်းကို ဖေါ်ထုတ်ရန်လည်း အသုံးမဝင်ပါ။

< Figure – https://www.usna.edu/Users/oceano/pguth/md_help/images/B754.gif >

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details