
www.seepuuyar.com ဆည်းပူးရာမှာ သင်တန်းတစ်ခု တက်ရောက်ပြီး Certificate ရပြီးသူတွေရော၊ တက်နေဆဲ နဲ့ အခုမှ တက်မည့်သူ တွေအတွက်ပါ အကျုံးဝင်တဲ့ အစီအစဉ်လေးရှိပါတယ်
အစီအစဉ်ကတော့ – သင်ရရှိလာတဲ့ ဆည်းပူးရာက သင်တန်း Certificate ကို မိမိကြိုက်ရာ ဆိုရှယ်မီဒီယာ ပလက်ဖောင်း မှာ ရှယ်ပြီး ပါက သင်တန်းတက်ရောက်စဉ်က အသုံးပြုခဲ့ရတဲ့ mobile data ကုန်ကျစရိတ် ကို ပြန်လည်ထုတ်ပေးမှာ ဖြစ်ပါတယ်။
အများ နှင့် ဖြစ်တဲ့အတွက် သင်တန်းတစ်ခုကို မြန်မာ ငွေ ၅၀၀၀/. (ငါးထောင်ကျပ်တိတိ) ဖုံးဘေအဖြစ်ထောက်ပံ့ဖို့ သတ်မှတ်ထားပါတယ် . .
သင်တန်းတက်ရောက်စဉ်က အသုံးပြု တဲ့ အီးမေးက နေ seepuuyar@gmail.com ကို အောက်ပါ အတိုင်း ပို့ပေးရမှာဖြစ်ပါတယ် .
၁. subject မှာ “ I did it!!” လို့ထည့်ပေးပါ
စာကိုမှာ . .
၂. သင်တန်းအမည်
၃. certificate တင်ထားတဲ့ ပို့စ်လင့်
၄. မိုဘိုင်း top-up လက်ခံမည့် ဖုံးနံပါတ် (မှန်ပါစေ)
ဒီအစီအစဉ်ကို 9 Sep 2024 က နေ 31 Oct 2024 အထိ လို့သတ်မှတ်ပါတယ်။
အထူးသတိထားရန် – သင်တန်းတက်ရောက်စဉ်ကသုံးတဲ့ အီးမေးဖြင့်သာ ပေးပို့ရပါမည်။ system ၏ certificate စာရင်းတွင် သင့် အီးမေးဖြင့်မှတ်တမ်းတင်ထားပြီးဖြစ်လို့ပါ . . .
ကဲ သင်တန်းတွေကို ဝင်ကြည့်ပြီးတက်လိုက်ကြစို့…..
