Tag: band combination

Natural Color, Pansharpen Band Combination

မူရင်း – https://eos.com/make-an-analysis/natural-color-pansharpen/ ရောင်စဉ်ပေါင်းစပ်မှု (အနီ ၊ အစိမ်း၊ အပြာ နှင့် ပန်ခရိုမက်တစ် ) Pan-sharpening ဟူသောဝေါဟာရသည် Panchromatic sharpening ဆိုသည့် ဝေါဟာရ၏ အတိုကောက်ဖြစ်သည်။ အဓိပ္ပါယ်မှာ panchromatic image ကိုအသုံးပြု၍ band (ရောင်စဉ်) များပေါင်းစပ်ထားသည့် Multispectral image (ရောင်စဉ်စုံပုံရိပ်) များကို လည်းကောင်းတို့၏ spatial resolution (အသေးစိပ်မြင်နိုင်စွမ်းကို) ချဲ့ထွင်ခြင်းဖြစ်သည်။ (ဤတွင်ရှင်းလင်းစရာများရှိနေသည်။ Spectral resolution ဆိုသည်မှာ sensor တစ်ခုမှ ရောင်စဉ်တန်းမည်မျှဖမ်းယူနိုင်သည်ကို ဖေါ်ပြခြင်းဖြစ်သည်။ ရိုးရိုးကင်မရာတစ်လုံးသည် visible band ၃ ခုကိုသာဖမ်းယူနိုင်သည်။ Landsat-8 sensor သည် band 9 ခုအထိဖမ်းယူနိုင်သည်။ အချို့ sensor…
Read more

စိုက်ပျိုးရေးသုံး ရောင်စဉ်များအတွဲအစပ်များ (Agriculture Band Combinations)

မူရင်း – https://eos.com/make-an-analysis/agriculture-band/ နိဒါန်း ဂြိုလ်တုမှတဆင့်သီးနှံစိုက်ပျိုးထုတ်လုပ်မှုစောင့်ကြည့်ရေးလုပ်ငန်းစဉ် သည် Agriculture Band (စိုက်ပျိုးရေးဆိုင်ရာရောင်စဉ်)များပေါင်းစပ်အသုံးပြုခြင်းမပါပဲမဖြစ်နိုင်ပေ။ ထို့အတွက် SWIR1 (လှိုင်းတိုအနီအောက်ရောင်စဉ် ၁)၊ NIR (အနီအောက်ရောင်စဉ်ဦး)၊ Blue (အပြာရောင်စဉ်) တို့ကိုအခြေခံအားဖြင့်အသုံးပြုကြသည်။ ဤရောင်စဉ်ပေါင်းစပ်မှု မှ သန်စွမ်းသောသီးနှံကို စိမ်းစိုသောအစိမ်းရောင်၊ မြေသားကွင်းပြင်ကို ပန်းခရမ်းရောင် (Magenta)၊ သီးနှံမဖြစ်ထွန်းသောအပင်တို့ကို အစိမ်းနုရောင်နှင့် အခြားအရာဝတ္တုများအား အခြားအရောင်များဖြင့်ခွဲခြားသိမြင်စေသည်။ လှိုင်းတိုရောင်စဉ်နှင့်အနီအောက်ရောင်စဉ် တို့မှ အဖိုးတန်လှသော သီးနှံသန်စွမ်းဖြစ်ထွန်းမှုအချက်အလက်များ ကိုညွှန်ပြသည်။ NIR Band မှသီးနှံအမှန်တကယ်ဖြစ်ထွန်းမှုကိုဖေါ်ပြ၍ SWIR Band မှ အပင်နှင့်မြေဆီလွှာ၏ ရေပါဝင်နှုန်းကိုဖေါ်ပြနိုင်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်သူများသည် ဤအချက်အလက်များကို စောင့်ကြည့်လေ့လာ၍ သီးနှံခင်းများအထွက်နှုန်းတိုးအောင် စောင့်ရှောက်ကာကွယ်ကြသည်။ စိုက်ပျိုးရေးဆိုင်ရာရောင်စဉ်ပေါင်းစပ်မှု (In Action) Vegetation (သစ်တော၊ သဘာဝပေါက်ပင်၊ စိုက်ပျိုးခင်း) များသည်…
Read more

ဆီးနှင်းနှင့်တိမ်များ

မူရင်း – https://eos.com/make-an-analysis/snow-and-cloud/ အပြာရောင်စဉ်၊ လှိုင်းတိုအနီအောက်ရောင်စဉ် ၁၊ လှိုင်းတိုအနီအောက်ရောင်စဉ် ၂ တွဲစပ်မှု Band combination: Blue, SWIR1, SWIR2 SWIR band (လှိုင်းတိုအနီရောင်စဉ်) များသာ မပါဝင်ပါက ပုံရိပ်တခုတွင် တိမ်များနှင့် ဆီးနှင်းများကို ခွဲခြားရန်ခက်ခဲနိုင်ပါသည်။ သို့သော်လည်း ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှကြည့်လျှင် တိမ်များသည် ရွေ့လျားတတ်သောသဘောရှိသောကြောင့် နေရာတစ်ခုထဲတွင်ကြာကြာရပ်တည်မနေကြပါ။ ထို့ကြောင့် အချိန်မှန်စောင့်ကြည့်လေ့လာသောပုံရိပ်များတွင်တိမ်များ၏တည်ရှိနေမှုကြောင့် မြေပြင်အလင်းပြန်မှု ကြီးမားသောအပြောင်းအလဲဖြစ်ပေါ်စေနိုင်သည်။ ဤ ရောင်စဉ်တွဲစပ်မှုသည် တိမ်များကို ဆီးနှင်းများမှ ဖယ်ရှားပေးနိုင်သည်။ ဤရောင်စဉ်တွဲစပ်မှု၏အဓိကျသောအကျိုးပြုမှုသည် ကမ္ဘာ့လေထုအတွင်းရှိ ပျံ့နှံ့လျှက်ရှိကြသော မတူညီသော အရာဝတ္တုများကို ခွဲခြားပေးနိုင်ခြင်းဖြစ်သည်။ ဤရောင်စဉ်တွဲစပ်မှုမှ တိမ်များနှင့်ဆီးနှင်းများ၏ သိပ်သည်းဆကို သာမာန်မျက်စိဖြင့်မြင်တွေ့နိုင်သောအရောင်များဖြင့် မြင်တွေ့မှတ်ယူ နိုင်ခြင်းသည်သာမက အနီအောက်ရောင်စဉ်ပါဝင်မှုကြောင့် သီးသန့်စိတ်ဝင်စားဖွယ်ကမ္ဘာမြေ၏အချက်အလက်ဂုဏ်သတ္တိများကိုလည်း ဖေါ်ထုတ်ခွဲခြားနိုင်ခြင်းဖြစ်သည်။ အပြာရောင်စဉ်၊ လှိုင်းတိုအနီအောက်ရောင်စဉ်…
Read more

အပင်များအားခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Vegetation Analysis)

မူရင်း – https://eos.com/make-an-analysis/vegetation-analysis/ လှိုင်းတိုအနီအောက်ရောင်စဉ် ၁ ၊ အနီအောက်ရောင်စဉ်ဦး နှင့် အနီရောင်စဉ် တွဲစပ်ခြင်း (Band Combination: SWIR1, NIR, Red) SWIR1 band (လှိုင်တိုအနီအောက်ရောင်စဉ် ၁) ၊ NIR band (အနီအောက်ရောင်စဉ်ဦး) နှင့် Red band (အနီရောင်စဉ်) တို့ကိုအစဉ်လိုက်ပေါင်းခြင်းအားဖြင့် မြေသားကွင်းပြောင်များနှင့်အပင်အမျိုးမျိုးတို့၏ ကွဲပြားသောအရောင်တို့ကိုအချက်အလက်များအဖြစ်မှတ်သားလေ့လာနိုင်သည်။ ဤ band combination ကို EOSDA ထိန်းချုပ်ရေး၏ သီးနှံရောဂါရှာဖွေရေး၊ သီးနှံစီမံခန့်ခွဲမှုလုပ်ငန်းများ နှင့် သစ်မာစိုက်ပျိုးထုတ်လုပ်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးချသည်။ အပူပိုင်းစိုက်ကွင်းများ၊ ထင်းရှုးနှင့် ရွက်ကြွေတောများကို အစိမ့်ရင့်ရောင်ပြေးများ၊ ရေသွင်းစိုက်ခင်းများနှင့်ကျန်းမာသန်စွမ်းသောစိုက်ခင်းများအား အစိမ်းနုရောင်ဖြင့် ညွှန်ပြသည်။ မြေသားကွင်းပြင်များအား ခရမ်းညိုရောင် (mauve)၊ ကာကီရောင် (tan) နှင့်အညိုရောင်များအဖြစ်…
Read more

လှိုင်းတိုအနီအောက်ရောင်စဉ် (Shortwave Infrared)

မူရင်း – https://eos.com/make-an-analysis/shortwave-infrared/ လှိုင်းတိုအနီအောက်ရောင်စဉ် ၂ (SWIR2), အနီအောက်ရောင်စဉ်ဦး (NIR), အနီရောင်စဉ် (Red) ပေါင်းစပ်ခြင်း Band combination: SWIR2, NIR, Red SWIR2(လှိုင်းတိုအနီအောက်ရောင်စဉ် ၂)၊ NIR (အနီအောက်ရောင်စဉ်ဦး) နှင့် Red band (အနီရောင်စဉ် ) combination သည်အသုံးများသော ရောင်စဉ်တွဲဖြစ်သည်။ ရေဆင်းစနစ်များစောင့်ကြည့်ထိန်းသိမ်းခြင်း၊ မြေဆီလွှာ နှင့် သဘာဝပေါက်ပင်လေ့လာရေး နှင့် သီးနှံပင်များ ကြီးထွားမှုနှင့်အထွက်တိုးနှုန်းလေ့လာရာတွင် အသုံးပြုကြသည်။ ဤ band combination တွင် အပင်များကိုအနီရောင်၊ မြေပြင်ကို အညိုရောင်အနုအရင့်၊ လူနေမြို့ပြအရပ်ကို စိမ်းပြာရောင်အဖြစ်မြင်ရမည်ဖြစ်သည်။ ဆီးနှင်း၊ ရေခဲပြင်နှင့် တိမ်များကို စိမ်းပြာနုရောင်သို့မဟုတ် အဖြူရောင်အဖြစ်မြင်ရမည်။ သစ်မာပင်များကိုထင်းရှူးပင်များထက်ပိုမိုနုသောအနီရောင်ဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အနီရောင်စိုစိုရင့်ရင့်သည် စိမ်းလန်းသောအရွက်များဖြင့်…
Read more

Thermal Infrared 2 (အပူအနီအောက်ရောင်စဉ် ၂)

မူရင်း – https://eos.com/make-an-analysis/thermal-infrared-2/ TIRS2 ရောင်စဉ်ပေါင်းစပ်မှု လှိုင်းအလျှား ( 11.50 μm – 12.51 μm) TIRS2 band (အနီအောက်အပူရောင်စဉ် ၂) ကမ္ဘာမြေပြင်၏ဖြစ်စဉ်များကိုလေ့လာရာတွင်အသုံးဝင်သော အပူချိန်နှင့်စွမ်းအင်စီးဆင်းမှုကိုတိုင်းတာတွက်ချက်ရာတွင် အသုံးဝင်သည်။  TIRS2 band တွင် မြေပြင်အပူချိန်နှင့်အပူထုတ်လွှတ်ခြင်း၊ မြေဆီလွှာ၏စိုထိုင်းမှုနှင့်ရေငွေ့ပြန်ခြင်းကိုတိုင်းထွာနိုင်သည်။ တကမ္ဘာလုံးနှင့်ဒေသဆိုင်ရာ အတိုင်းအတာ အထိ ကမ္ဘာ့မြေမျက်နှာပြင်နှင့်လေထုတို့ကြား စွမ်းအင်စီးဆင်းမှုနှင့် မြေပြင်နှင့်လေထုဆက်စပ်မှုများကို ပုံတူကူးယူနိုင်မှုရှိခြင်းကြောင့် စွမ်းအင်ကူးပြောင်းစီးဆင်းမှုများ (energy flux) နှင့် စိုက်ပျိုးရေး၊ ဇလဗေဒ၊ ဂေဟဗေဒ နှင့် မိုးလေဝသ အသုံးချစနစ်များအား ပုံစံဖေါ်ခန့်မှန်းသောအလုပ် (modeling) တို့ကို ဆောင်ရွက်နိုင်သည်။  အနီအောက်အပူရောင်စဉ် ၂ ၏ အားသားချက်များနှင့်စိန်ခေါ်မှုများ TIRS2 band သည် ထူးခြားဖြစ်စဉ်တို့ကိုနေ့ဘက်ရောညဘက်ပါ ထောက်လှမ်းစုံစမ်းနိုင်သည်။ အထူးသဖြင့်နေရောင်မရသောကြောင့်…
Read more

Thermal (အပူစွမ်းအားရောင်စဉ်)

မူရင်း – https://eos.com/make-an-analysis/thermal/ အပူစွမ်းအားရောင်စဉ်ပေါင်းစပ်မှု Thermal band (အပူရောင်စဉ်) သည် ကျယ်ပြန့်သောလှိုင်းအလျားခွင် ( dynamic range) အတွင်းလှိုင်းခွင်ကျယ်ကျယ်(low radiometric resolution) အာရုံခံဖမ်းယူထားခြင်းဖြစ်ပြီး၊ မြင့်မားသော DN (Digital Number) များအနည်းငယ်သာပါလေ့ရှိသည်။ Thermal band ပုံရိပ်များသည်အမြင်အာရုံအားဖြင့်အခြား Band များမှ ပုံရိပ်များကဲ့သိုထင်ထင်ရှားရှားမမြင်ရပေ။ အဘယ့်ကြောင့်ဆိုသော် spatial resolution သည် ၁၂၀ မီတာရှိပြီး၊ အခြား ၃၀ မီတာ spatial resolution ရှိသောအခြား ပုံရိပ်များထက်မြင်နိုင်စွမ်းနိမ့်သောကြောင့် ပုံရိပ်များကို အတုံးအကွက်ကြီးများအဖြစ်သာမြင်ရမည်ဖြစ်သည်။ (ground spatial resolution ဆိုသည်မှာ satellite image တခု၏ မြေပြင်တွင်ရှိသောအရာဝတ္တုများကိုအသေးဆုံးမြင်နိုင်စွမ်းဖြစ်သည်။ ၁၂၀ မီတာ spatial resolution ဆိုသည်မှာ…
Read more

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details