စိုက်ပျိုးရေးနှင့်သက်ဆိုင်သောကလိုရိုဖီးလ်ညွှန်းကိန်း (Chlorophyll Index – CI)
မူရင်း – https://eos.com/make-an-analysis/chlorophyll-index/ CI ခြုံငုံသုံးသပ်ချက် CI (Chlorophyll Index – စိုက်ပျိုးရေးနှင့်ဆိုင်သောကလိုရိုဖီးလ်ညွှန်းကိန်း) သည်အပင်တွင်ရှိသော Chlorophyll (ကလိုရိုဖီးလ်)စုစုပေါင်းအားတွက်ယူရာတွင်အသုံးပြုသည်။ ယေဘုယျအားဖြင့် CIတွင် ရောင်စဉ်တန်း ၂ ခု ပါဝင်သည်။ CIgreen band နှင့် CIred-edge band ဖြစ်သည်။ ဤ band များသည် အပင်၏ကလိုရိုဖီးပါဝင်ခြင်း အနည်းငယ်ကွဲလွဲမှုအပေါ်အာရုံခံနိုင်စွမ်းရှိပြီး အပင်အမျိုးအစားအများစုအတွက် တသမတ်တည်းဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် CI သည် အပင်များကျန်းမာသန်စွမ်းမှုကိုတိုင်းတာရာတွင်အတော်အတန်တိကျသော အညွှန်းကိန်းဖြစ်ပြီး၊ အပင်အဟာရများစီမံခန့်ခွဲမှုအတွက်ရာသီမရွေးအသုံးဝင်သည်။ ဤအပင်ညွှန်းကိန်းမှရရှိသော အချက်အလက်များသည် ရာသီအလိုက်စိုက်ပျိုးမှုများအတွက် အကျိုးရှိသည်။ ကလိုရိုဖီးလ်အညွှန်းကိန်းအား စိုက်ပျိုးရေး ဖောမြူလာအဖြစ်အသုံးချခြင်း CI သည် လက်ရှိစိုက်ပျိုးရေးစနစ်တွင် အလွန်အရေးကြီးသောအခန်း ကဏ္ဍမှပါဝင်သည်။ ထိုသို့အရေးပါရခြင်းကိုနားလည်နိုင်ရန် ကလိုရိုဖီးလ်အကြောင်းကို ပိုမိုနားလည်ရန်လိုအပ်သည်။ ကလိုရိုဖီးလ်များသည်အရောင်ခြယ်ပစ္စည်းတမျိုးဖြစ်၍၊၎င်းကြောင့်အပင်များအစိမ်းရောင်ဖြစ်နေရခြင်းဖြစ်သည်။ အပင်များရှင်သန်ရန်…
Read more
