Power-BI course
MIMU ရဲ့ Power BI Training သင်တန်းကို ဆည်းပူးရာ မှာတက်ရောက်နိုင်ပါပြီ . . . Power BI ကိုသုံးပြီး ဒေတာအချက်အလက်များကို နှိုင်းယှဉ်၊ ခွဲခြမ်းစိတ်ဖြာပုံ ဖော်ပြီး ထိုးထွင်းသိမြင်စေသည့် ပုံစံများဖြင့် ပြသပေးနိုင်ပြီး အများနှင့် မျှဝေ နိုင်ပါမည်။ ဤသင်တန်းတွင် ဆော့ဖ်ဝဲလ်လုပ်ဆောင်နိုင်သည်များ၊ ဒက်ရှ်ဘုတ်များတွင် အသုံးပြုရန် ဒေတာပြင်ဆင်နည်း၊ အသုံးပြုရမည့်ဇယားများ၊ ဝဘ်ဆိုက်တစ်ခုသို့ ဒက်ရှ်ဘုတ်များကို လွှင့်တင်နည်းနှင့် ဒေတာစီမံခန့်ခွဲမှုလုပ်ဆောင်ပုံတို့အပါအဝင် Power BI ၏ အခြေခံအကြောင်းအရာများပါဝင်ပါသည်။ ဤသင်တန်းပါအကြောင်းအရာများသည် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၏ လုပ်ငန်းများကို ပံ့ပိုးကူညီရန် ဒီဇိုင်းထုတ်ထားပါသည်။ Power BI သည် အသုံးပြုသူများအား အချက်အလက်နှင့် ထိုးထွင်းသိမြင်မှုများကို မျှဝေနိုင်စေမည့် ပုံစံများဖြင့် ဒေတာများကို နှိုင်းယှဉ်၊…
Read more
