တဂ်: gis

LIDAR ဆိုတာဘာလဲ

LiDAR ၏အရှည်မှာ အဓိပ္ပါယ်မှာ light detection and ranging ဖြစ်ပါသည်။  ပတ်ဝန်းကျင်မှ အရာဝတ္ထုများ၏ တိကျသောအကွာအဝေးနှင့် ရွေ့လျားနေမှုများကို တိုင်းတာရန် လေဆာတန်းများ ပစ်လွှတ်ပြီးတိုင်းတာသော remote sensing နည်းပညာတစ်မျိုး ဖြစ်ပါသည်။ တိုင်းတာမှုများမှာ real time data (တိုင်းတာနေစဉ် ချက်ချင်းအဖြေထွက်သော) များဖြစ်ပါသည်။ LiDAR ကိုအသုံးပြုပြီး အသေးစိတ်တိကျသော မြေမျက်နှာသွင်ပြင်ပြ မြေပုံများကို ဖန်တီးနိုင်သလို၊ အရှိန်ဖြင့်ပြေးလွှားမောင်းနှင်နေသော မောင်းသူမဲ့ကားများအတွက် လိုအပ်သောအချက်အလက်များကို အာရုံခံရန် လမ်းတစ်လျှောက်ရှိ အရာဝတ္ထုများ၏ 3D ရုပ်ပုံများ ဖန်တီးပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးနိုင်ပါသည်။ ထို့အပြင် ချော်ရည်ပူများ စီးဆင်းနေမှု၊ မြေပြိုခြင်း၊ ဆူနာမီလှိုင်းများ နှင့် ရေကြီးခြင်းတို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို စူးစမ်လေ့လာရန်အတွက်လည်း LiDAR ကိုအသုံးပြုနိုင်ပါသည်။ LiDAR ဘယ်လိုအလုပ်လုပ်သလဲ…
Read more

GeoLibre

လွန်ခဲ့သည့် ၂၁ နှစ်ကျော်ကတည်းက မြေပုံဝါသနာရှင်များ၊ ကျောင်းသားများနှင့် အင်ဂျင်နီယာများအထိ လူတိုင်း စွဲစွဲမြဲမြဲ သုံးစွဲလာခဲ့ကြသည့် Google Earth Pro (Desktop) ကို Google မှ လာမည့် ၂၀၂၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် Supporting ပေးတာ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၆ ဇူလိုင် ၈ ရက်နေ့က တရားဝင် ကြေညာခဲ့ပါတယ်။ ဒီလိုရပ်နားလိုက်ရင် ဘာဖြစ်မလဲဆိုတော့ သင့်ကွန်ပျူတာအသစ်မှာ Google Earth Pro ကို ထပ်မံထည့်သွင်းဖို့ installer ဒေါင်းလုဒ်ဆွဲလို့ ရတော့မှာ မဟုတ်ပါဘူး။ (မိမိစက်ထဲမှာ ရှိပြီးသား application ကတော့ ဆက်သုံးလို့ရနေဦးမှာပါ)။ Google က Web Version ကိုပဲ ဆက်ပေးတော့မှာဖြစ်ပြီး၊…
Read more

QGIS 4.0 Highlights

QGIS 4.0 Highlights ရှစ်နှစ်ကြာ QGIS 3.x series ကိုထုတ်လုပ်ခဲ့ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ အပါတ် မတ်လ ၆ ရက်နေ့က QGIS 4.0 Norrköping ကိုထုတ်လွှင့်လိုက်ပါတယ်။ မူလက October 2025 ထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမဲ့ သုံးလလောက် နောက်ကျပြီးမှထွက်ရှိလာတာပါ။ ဘာထူးခြားလဲ လက်ရှိ QGIS 3.x နဲ့ QGIS 4.0 က အပြင်ပန်းကကြည့်ရင်တော့ ကြီးကြီးမားမား ကွဲပြားတာမျိုးမရှိပါဘူး။ သို့သော်လည်း အတွင်းပိုင်းမှာတော့ အဆင့်မြှင့်တင်မှုအများအပြားပါဝင်နေပါတယ်။ အထူးသဖြင့် Qt 6 frame work ကိုပြောင်းလဲအသုံးပြုထားပြီး နောက်ဆုံးပေါ် libraries များကိုအသုံးပြုနိုင်လာပါတယ်။ ပိုမိုသွက်လက်မြန်ဆန်ပြီး လုံခြုံရေးအပိုင်းမှာလည်းအဆင့်မြှင့်ထားပါတယ်။ ထိုအပြင် အတွင်းပိုင်းဆော့ဝဲ့ပြဿနာများစွာကိုလည်းဖြေရှင်းထားပါတယ်။ အနာဂါတ်မှာ ပေါ်ပေါက်လာမည့် spatial…
Read more

ဖောက်သည်ပမာဏခန့်မှန်းခြင်း (Huff Gravity Model)

Huff Gravity Model ဘယ်လို အလုပ်လုပ်သလဲ? အကယ်၍ သင်ဟာ ကိုယ်ပိုင် လက်လီစတိုးဆိုင် တစ်ခုဖွင့်မည်ဆိုလျှင် ပုံမှန် အားပေးဝယ်ယူမည့်သူ ဘယ်နှစ်ယောက်ရရှိနိုင်သလဲ ဆိုတာကို ဦးစွာ နားလည်ထားရပါမည်။ ဝေးလေသက်ရောက်မှုနည်းလေ သဘောတရား (distance decay) အရ လက်လီစတိုးဆိုင်နှစ်ခု ကြား ဝေးလေလေ သူတို့ နှစ်ခုကြားက ယှက်နွယ်မှုတွေနည်းလေလေဖြစ်သည်။ အဆိုပါအခြေအနေမျိုးတွင် Huff Gravity Model အားအသုံးပြု၍ မိမိဆိုင်နှင့် အခြား ပြိုင်ဘက်လက်လီစတိုးဆိုင်များကြား ဈေးဝယ်သူများ၏ ဖြစ်နိုင်ဖွယ်ရာ အပြုအမူ အလားအလာ ကို ခန့်မှန်းနိုင်ပါသည်။ အခုချိန်ထိတော့ ရှုပ်ထွေးနေသလိုပါပဲ ဒါပေမယ့် အဲဒီလောက်တော့ မဆိုးပါဘူး။ ဒီ Huff Gravity Model မော်ဒယ်ကို  ဘယ်လိုတွက်ချက်ရမလဲဆိုတာ တစ်ဆင့်ချင်း ရှင်းပြသွားမှာဖြစ်တဲ့အတွက် ပိုမိုသဘောပေါက်လာမှာပါ။…
Read more

Distance Decay: ဘယ်လောက်ဝေးဝေး သွားမလဲ?

Distance Decay: ဘယ်လောက်ဝေးဝေး သွားမလဲ? စတိုးဆိုင် စီမံခန့်ခွဲရာမှာ distance decay ကို မည်သို့ အသုံးပြုမည်နည်း Distance decay ဆိုသည်မှာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများမှ ဝေးလေလေ ၎င်းတို့ကို အသုံးပြုရန် အလားအလာနည်းလေလေဖြစ်သည် ဟူသော အယူအဆဖြစ်သည်။ ဥပမာအားဖြင့် သင့်နေရာ နှင့်  မိုင် ၁၀၀ ဝေးသည့် မြို့ကြီးတစ်ခုသို့  ပိုကြီးမားပြီး ပိုကောင်းသည့် ဝန်ဆောင်မှုများ ရရန်အတွက် သွားမည်မဟုတ်ပေ။ ထို့ကြောင့် စတိုးဆိုင်တစ်ခုရဲ့အကွာအဝေးသည် အနီးနားမှ ဈေးဝယ်သူများ/ဖောက်သည်များကို ဘယ်လောက်ဆွဲဆောင်နိုင်လဲဆိုသည့်အပေါ် သက်ရောက်မှုရှိပါသည်။ ဤသက်ရောက်မှုသည် နေရာတစ်ခု နှင့် တစ်ခု အကြားတွင် ကွဲပြားမှုတော့ရှိနိုင်ပါသည်။ ပထဝီဝင်ပညာရှင်များသည် distance decay အယူအဆကို ကမ္ဘာတစ်ဝှမ်းတွင် အသုံးချနိုင်မည်ဟူ ထင်ကြပါသည်။ ထို့အပြင်…
Read more

Z value နှင့် M value

GIS နယ်ပယ်မှာ အသုံးနည်း လူသိနည်းသော Z and M values ဆိုတာဘာတွေလဲ။ Shapefile (အခြားvector format များလည်းပါသည်) အသစ်တစ်ခုစတင်ဖန်တီးတဲ့အခါ အဆင့်တစ်ခုမှာ Z  နဲ့ M value များ သုံးမှာလားဆိုရွေးခိုင်းတာ သတိထားမိတဲ့သူတွေရှိမှာပါ။   များသောအားဖြင့် အဲဒါတွေမရွေးပဲ default  (None) အတိုင်း ပဲထားပြီးလုပ်လိုက်ကြတာများပါတယ်။ ဒါဆိုရင် Z and M value ဆိုတာ ဘာတွေလဲ? Geometry feature များကိုပိုမိုတိကျစွာ ဖော်ပြလိုသောအခါ ၎င်းတို့၏ တည်နေရာနှင့်ပတ်သက်သော အချက်အလက်များတွင် Z and M တန်ဖိုးများကိုပါ ထည့်သွင်းဖန်တီးနိုင်ပါသည်။ ထို z  နှင် m များသည် attribute table တွင်…
Read more

Relate နဲ့ Join အကြောင်း

မူရင်းဆောင်းပါး – Relate vs Join: What’s the Difference in ArcGIS? – GIS Geography “Join” က တူညီသည့် ဘုံကော်လံတစ်ခုအပေါ်အခြေခံ၍ attribute table တွေကို ပေါင်းစပ်ပေးတာဖြစ်ပြီး Relate ကတော့ ဒေတာအချက်အလက်တွေကို အမှန်တကယ် ပေါင်းစပ်ခြင်းမဟုတ်ပဲ ဒေတာအချက်အလက်များ၏ ဆက်နွယ်မှုကို ဖော်ထုတ်ရန် ဇယားနှစ်ခုကြား ယာယီချိတ်ဆက်မှုတစ်ခုကို တည်ဆောက်ခြင်းဖြစ်ပါတယ်။ “Relate” နဲ့ “Join” ဘာကွာလဲ? ဇယားနှစ်ခုမှာ တူညီသည့် ID တွေရှိပါက table relate သို့မဟုတ် table join လုပ်‌ဆောင်နိုင်ပါသည်။Table Join က တူညီသည့် ID ပေါ်အခြေခံ၍ ဇယားတစ်ခုမှ ကော်လံအားလုံးကို အခြားသော ဇယားတစ်ခုထဲသို့ ပေါင်းထည့်ပေးပါသည်။…
Read more

ပုံစံများနှင့် အလားအလာများကို Time Series ဂြိုဟ်တုရိပ်များဖြင့်ရှာဖွေခြင်း

မူရင်း – Satellite Time Series: Detecting Trend And Seasonal Changes (eos.com) ဂြိုဟ်တုဓာတ်ပုံတွေကို Time series အလိုက် စမ်းစစ်မှုတွေ လုပ်တာဟာ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်အမျိုးမျိုးကို စူးစမ်းလေ့လာဖို့အတွက် အလွန်တန်ဖိုးရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နှစ်တွေများကြီးမှတ်တမ်းတင်ထားခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို စမ်းစစ်မှုတွေ ပြုလုပ်ခြင်းအားဖြင့် နယ်ပယ်အစုံမှာ ဖြစ်ပျက်နေတာတွေကို ထဲထဲဝင်ဝင်သိမြင် နားလည်နိုင်ပါတယ် (ဥပမာအားဖြင့် – လယ်ယာမြေ များနှင့် သစ်တောဧရိယာ များမှ  မြို့ပြများအဖြစ် ပြောင်းလဲသွားခြင်း)။ ဒီဆောင်းပါးမှာဆိုရင် time series ဂြိုဟ်တုဓာတ်ပုံတွေကို လက်တွေ့အသုံးချနည်းနှင့် ၄င်းတို့ဟာ စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်များချမှတ်ရာ မှာ ဘယ်လောက်အရေးပါတယ်ဆိုတာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နယ်ပယ်အစုံက ကျွမ်းကျင်…
Read more

GIS တွင်အသုံးပြုသောဆွဲကပ်ခြင်း (Snapping)

GIS တွင်အသုံးပြုသောဆွဲကပ်ခြင်း မူရင်း – https://www.gislounge.com/what-is-snapping-in-gis/ Snapping (ဆွဲကပ်ခြင်း) ကို GIS အချက်အလက်များကိုတည်းဖြတ်ချိန်တွင် အသုံးပြုကြသည်။ ဂျီဩမေတြီ ပုံများ တစ်ခုနှင့်တစ်ခုထိကပ်ရန် vertex (အထွတ်) သို့မဟုတ် edge (ထောင့်စွန်း)များ ကိုဆက်ပြီး ပြုလုပ်ရာတွင် snapping ကိုအသုံးပြုကြသည်။ Snapping ပြုလုပ်ခြင်းသည် GIS အချက်အလက်များ တည်းဖြတ်/ဖန်တီးရာတွင်အလွန်အရေးပါသည်။ အဘယ့်ကြောင့်ဆိုသော် GIS အရာဝတ္ထုများ၏ vertex သို့မဟုတ် edge များသည် သေချာစွာထိဆက်နေကြရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်။ အကယ်၍ snapping အသုံးမပြုပါက ပုံများ၏ အနားများကျော်လွန်ထပ်နေသည့် ဗဟုဂံများ၊ ကပ်လျက်ရှိရမည့် ဗဟုဂံများဟနေခြင်း၊ မျဉ်းများကျော်ခွထပ်နေခြင်း စသည့် အချက်အလက်အမှားများကို ဖန်တီးမိစေသည်။ ဘယ်ဖက်တွင်ဖေါ်ပြထားသော ဗဟုဂံများထပ်နေသည့် ပုံသည် snapping မပြုလုပ်ပဲဖန်တီးထားသောပုံ ဖြစ်၍…
Read more

GIS တွင်ပါဝင်သည့် ပမာဏပြ သင်္ကေတများအကြောင်း (Graduated Symbols)

မူရင်း – https://www.gislounge.com/what-are-graduated-symbols-in-gis/ GIS တွင်ပါဝင်သည့် အဆင့်ပြသင်္ကေတများ Graduated symbols (အဆင့်ပြသင်္ကေတ) များသည် GIS မြေပုံများတွင်ပါဝင်သော ကိန်းဂဏန်းအချက်အလက်များကို အမြင်အားဖြင့်ထင်ရှားသိသာစေရန် သင်္ကေတများဖြင့် ဖေါ်နည်းတစ်ခုဖြစ်သည်။ Graduated symbol များသည် အရေအတွက်၊ ပမာဏ၊ အချိုး နှင့် တန်ဖိုးအပိုင်းအခြား (range) စသော အရေအတွက် ကိန်းဂဏန်းအချက်အလက်များကို ဖေါ်ပြနိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် ဧရိယာတစ်ခုအတွင်းရှိ ငှက်များ၏တည်ရှိနေမှုအချက်အလက်ဒေတာဘေ့စ်တစ်ခုရှိသည်ဆိုပါစို့။ ယင်းဒေတာကို ဖေါ်ပြရာတွင် သတ်မှတ်ထားသောနေရာတစ်ခုအတွင်းရှိနေသည့် ငှက် အကောင်ရေပမာဏ သို့မဟုတ် တစ်ဧကအတွင်းရှိ ငှက်အကောင်ရေ (သိပ်သည်းမှု) ကို graduated symbol များဖြင့်ဖေါ်ပြနိုင်သည်။ ငှက်များတည်နေရာကို မြေပုံတွင်ဖော်ပြရာတွင် graduated symbol အရွယ်အစား အကြီးအသေးများ သုံး၍ ငှက်အရေအတွက်ကို မြင်သာအောင်ဖေါ်ပြနိုင်သည်။ ငှက်အများဆုံးရှိသောဧရိယာသို့မဟုတ်…
Read more

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details