ခြားနားစံထားဆီးနှင်းညွှန်းကိန်း (NDSI)

မူရင်း – https://eos.com/make-an-analysis/ndsi/ NDSI ညွှန်းကိန်းခြုံငုံသုံးသပ်ချက် (ခြားနားစံထားနှင်းညွှန်းကိန်း ခြုံငုံသုံးသပ်ချက်) ဆီးနှင်းများသည် ဇလဗေဒနှင့်ဂေဟဗေဒ တွင်အန္တရာယ်ဖြစ်စေသည့် ပြင်းထန်သောဖြစ်စဉ်၌ပါဝင်သည့် လူသိများသောကမ္ဘာ့ရာသီဥတုဖြစ်စဉ်တခုဖြစ်သည်။ ကမ္ဘာ့အစိတ်အပိုင်းအချို့တွင် ဆီးနှင်းများသည် မြင့်မားသောမြေပြင်ပေါ်တွင်သာဖြစ်တည်လေ့ရှိပြီး ဖျက်အားပြင်းထန်သော သဘာဝဘေးအန္တရာယ်တခုအဖြစ် မှတ်ယူလေ့ရှိသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာခြင်းနှင့် ရေလှောင်တမံများကို စီမံခန့်ခွဲမှုပြုနိုင်ရန် ဆီးနှင်းဖုံးဧရိယာများကို ရှာဖွေဖေါ်ထုတ်ကြသည်။ ဆီးနှင်းများရှာဖွေဖေါ်ထုတ်ခြင်းသည် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းမှု၏ တစိပ်တပိုင်းလည်း ဖြစ်သည်။ ဆီးနှင်းများကိုဖေါ်ထုတ်ရာတွင် 0.66 & 1.6 μm အတွင်းဖမ်းယူနိုင်သော ဂြိုလ်တုဆင်ဆာများကိုသုံကြသည်။ ထို လှိုင်းအလျားရှိသော ဆင်ဆာသည် ကမ္ဘာ့လေထုကို ထိုးဖေါက်နိုင်၍ ဆီးနှင်းများသည် 1.6 μm လှိုင်းအလျားတွင် လုံးဝ အလင်းမပြန်ဘဲ 0.66 μm တွင် ထူကဲစွာအလင်းပြန်ကြသည်။ (မှတ်ချက် – မူရင်းတွင် 0.66mm…
Read more