Thermal Infrared 2 (အပူအနီအောက်ရောင်စဉ် ၂)
မူရင်း – https://eos.com/make-an-analysis/thermal-infrared-2/ TIRS2 ရောင်စဉ်ပေါင်းစပ်မှု လှိုင်းအလျှား ( 11.50 μm – 12.51 μm) TIRS2 band (အနီအောက်အပူရောင်စဉ် ၂) ကမ္ဘာမြေပြင်၏ဖြစ်စဉ်များကိုလေ့လာရာတွင်အသုံးဝင်သော အပူချိန်နှင့်စွမ်းအင်စီးဆင်းမှုကိုတိုင်းတာတွက်ချက်ရာတွင် အသုံးဝင်သည်။ TIRS2 band တွင် မြေပြင်အပူချိန်နှင့်အပူထုတ်လွှတ်ခြင်း၊ မြေဆီလွှာ၏စိုထိုင်းမှုနှင့်ရေငွေ့ပြန်ခြင်းကိုတိုင်းထွာနိုင်သည်။ တကမ္ဘာလုံးနှင့်ဒေသဆိုင်ရာ အတိုင်းအတာ အထိ ကမ္ဘာ့မြေမျက်နှာပြင်နှင့်လေထုတို့ကြား စွမ်းအင်စီးဆင်းမှုနှင့် မြေပြင်နှင့်လေထုဆက်စပ်မှုများကို ပုံတူကူးယူနိုင်မှုရှိခြင်းကြောင့် စွမ်းအင်ကူးပြောင်းစီးဆင်းမှုများ (energy flux) နှင့် စိုက်ပျိုးရေး၊ ဇလဗေဒ၊ ဂေဟဗေဒ နှင့် မိုးလေဝသ အသုံးချစနစ်များအား ပုံစံဖေါ်ခန့်မှန်းသောအလုပ် (modeling) တို့ကို ဆောင်ရွက်နိုင်သည်။ အနီအောက်အပူရောင်စဉ် ၂ ၏ အားသားချက်များနှင့်စိန်ခေါ်မှုများ TIRS2 band သည် ထူးခြားဖြစ်စဉ်တို့ကိုနေ့ဘက်ရောညဘက်ပါ ထောက်လှမ်းစုံစမ်းနိုင်သည်။ အထူးသဖြင့်နေရောင်မရသောကြောင့်…
Read more
