မူရင်း – https://eos.com/make-an-analysis/thermal-infrared-1/
TIRS1 ရောင်စဉ်တွဲစပ်မှု
လှိုင်းအလျှား (10.60 μm – 11.19 μm)
TIRS1 သည် မြေပြင်၏အပူချိန်ကိုတိကျစွာ ဖေါ်ထုတ်ရယူနိုင်ရန်ရည်ရွယ်သည်။ ပုံရိပ်တွင်ဖေါ်ပြသော အချက်အလက်သည် အာရုံခံပစ္စည်းများမှတွက်ချက်ထားသော top-of-atmosphere အပူချိန်ဖြစ်သည်။ ၎င်းကို တောက်ပအပူချိန် (brightness temperature) အဖြစ်ပြန်လည်ပြောင်းလဲအသုံးပြုနိုင်သည်။ Satellite sensor မှရသော TIRS1 band သည် ပြီးပြည့်စုံပြီးမရှိမဖြစ်လိုအပ်သော မြေမျက်နှာပြင်၏ ပြောင်းလဲမှုနှင့်ဖြစ်စဉ်များ၏ စွမ်းအင်မျှခြေများကို တွက်ချက်ခြင်းနှင့် တိုင်းတာရာတွင် အထောက်အကူပြုသည်။ ဤ band သည်အလင်းရောင်အားနည်းသောအချိန်တွင် အာရုံခံမြင်တွေ့နိုင်ပြီး မြူ နှင့် မီးခိုးများကဲသို့ မြင်ကွင်းအတားအဆီး များကိုလည်း ထွင်းဖေါက်နိုင်စွမ်းရှိသည်။
ပေါင်းစပ်ရောင်စဉ်၏အကျိုးပြုမှုနှင့်အသုံးဝင်မှု
ဤ band သည် အာကာသယာဉ်များရပ်တည်ရန်ပတ်ဝန်းကျင်အခြေအနေကိုစမ်းသပ်ခြင်း၊ ပါဝင်အသုံးပြုရမည့် ပစ္စည်းများ၏ အသေးစိပ်စွမ်းဆောင်မှုများ၏ ယုံကြည်စိတ်ချမှုစမ်းသပ်ချက် (reliable testing) များပြုလုပ်ခြင်းအတွက် မရှိမဖြစ်သုံးရသည်။ သို့သော််််း မူလရည်ရွယ်ချက် မှာ မြေဆီလွှာအစိုဓါတ်တိုင်းတာခြင်း၊ သီးနှံများပိုးမွှားကျရောက်ခြင်းနှင့် ပတ်ဝန်းကျင်ဖိအားသက်ရောက်မှုကိုတိုင်းတာခြင်း၊ အပူချိန်မြေပုံများဆွဲသားခြင်း နှင့် စိုက်ပျိုးရေကိုစီမံခန့်ခွဲရန်အတွက် ရေငွေ့ပျံမှုနှုံးတိုင်းတာခြင်းတို့အတွက် ပိုမိုတိကျသောအပူချိန်ကို ရရှိနိုင်သည်အသုံးပြုကြသည်။
TIRS1 band ကို မြေပြင်အသေးစိတ်မှု (spatial) ရောင်စဉ်ခွင်အသေးစိတ်မှု (spectral) နှင့် အကြိမ်ရေများများ ရှရှိနိုင်မှု (temporal) resolution အပိုင်းများတွင် အဆင့်မြှင့်တင်ထားသည်။ ထို ပုံရိပ်အဆင့်မြှင့်တင်မှုသည် မြေပြင်အတွက်ကြည်လင်ပြတ်သားသောပုံရိပ်များ ထုတ်လုပ်ပေးရာတွင် အရေးပါသည်။ အခုအချိန်သည် ၎င်း၏ အသုံးချစနစ်များနှင့် modeling များမှရရှိလာသော ရလာဒ်များကို ဆွေးနွေးရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
Thermal image များတွင် အပူကိုအဖြူ၊ အအေးကို အနက် နှင့် အပူနှင့်အအေးကြားတန်ဖိုးများကို မီးခိုးရောင်အနုအရင့်များဖြင့်သာဖေါ်ပြလေ့ရှိသည်။ သို့သော် အရောင်စုံပုံရိပ်များ တွင် ထည့်သွင်းကြည့်ရှုခြင်း ဖြင့်အရာဝတ္တုအသီးသီး၏ အပူချိန်များကိုလေ့လာရာတွင်အထောက်အကူပြုသည်။ အချို့အရာဝတ္တုများသည် Visual Band (သာမာန်မျက်စိဖြင့်မြင်နိုင်သောရောင်စဉ်) များတွင် အလင်းပြန် သို့မဟုတ် ထွင်းဖေါက်မြင်နိုင်သော ဂုဏ်သတ္တိရှိ ကြသည်။ သို့သေ် Thermal Band များတွင်တော့ ၎င်းအလင်းပိတ်ဝတ္တုများအဖြစ်မြင်ရပေမည်။ ဥပမာ ရေနှင့်ဖန်သားများဖြစ်သည်။
ရှေ့ဆောင်းပါး . . . အပူလှိုင်းရောင်စဉ်
နောက်ဆောင်းပါး . . . အပူအနီအောက်ရောင်စဉ်(၂)
