မူရင်း – https://eos.com/make-an-analysis/thermal-infrared-2/
TIRS2 ရောင်စဉ်ပေါင်းစပ်မှု
လှိုင်းအလျှား ( 11.50 μm – 12.51 μm)
TIRS2 band (အနီအောက်အပူရောင်စဉ် ၂) ကမ္ဘာမြေပြင်၏ဖြစ်စဉ်များကိုလေ့လာရာတွင်အသုံးဝင်သော အပူချိန်နှင့်စွမ်းအင်စီးဆင်းမှုကိုတိုင်းတာတွက်ချက်ရာတွင် အသုံးဝင်သည်။ TIRS2 band တွင် မြေပြင်အပူချိန်နှင့်အပူထုတ်လွှတ်ခြင်း၊ မြေဆီလွှာ၏စိုထိုင်းမှုနှင့်ရေငွေ့ပြန်ခြင်းကိုတိုင်းထွာနိုင်သည်။ တကမ္ဘာလုံးနှင့်ဒေသဆိုင်ရာ အတိုင်းအတာ အထိ ကမ္ဘာ့မြေမျက်နှာပြင်နှင့်လေထုတို့ကြား စွမ်းအင်စီးဆင်းမှုနှင့် မြေပြင်နှင့်လေထုဆက်စပ်မှုများကို ပုံတူကူးယူနိုင်မှုရှိခြင်းကြောင့် စွမ်းအင်ကူးပြောင်းစီးဆင်းမှုများ (energy flux) နှင့် စိုက်ပျိုးရေး၊ ဇလဗေဒ၊ ဂေဟဗေဒ နှင့် မိုးလေဝသ အသုံးချစနစ်များအား ပုံစံဖေါ်ခန့်မှန်းသောအလုပ် (modeling) တို့ကို ဆောင်ရွက်နိုင်သည်။
အနီအောက်အပူရောင်စဉ် ၂ ၏ အားသားချက်များနှင့်စိန်ခေါ်မှုများ
TIRS2 band သည် ထူးခြားဖြစ်စဉ်တို့ကိုနေ့ဘက်ရောညဘက်ပါ ထောက်လှမ်းစုံစမ်းနိုင်သည်။ အထူးသဖြင့်နေရောင်မရသောကြောင့် မဖြေရှင်းနိုင်သောဖြစ်စဉ်များကို ၎င်းကဖြေရှင်းနိုင်သည်။ ဤသို့ထောက်လှမ်းနိုင်ခြင်းမှာ ဤ band အတွင်းမြင်တွေ့ရသောအရာဝတ္တုများသည်အလင်းရောင်ရခြင်း မရခြင်းအပေ်မူတည်ခြင်းမရှိပဲ အမှောင်ထုအတွင်းမှာပင် အမှားအယွင်းမရှိအာရုံခံနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ထို့အပြင်မီးခိုးများ၊ မြူမှုန်များကဲ့သို့ မြင်ကွင်းအတားအဆီးများအား ဖယ်ရှားအာရုံခံနိုင်သည်။ ထို့ကြောင့် တောမီးလောင်ခြင်းကို စုံစမ်းထောက်လှမ်းရာတွင် မီးခိုးများကို ထွင်းဖေါက်မြင်နိုင်စေသစေ။ အကယ်၍ အရာဝတ္တုများသည် အဝတ်များကဲ့ဖုံးကာထားသောမျက်နှာပြင်ကိုကျော်လွန်၍ အပူစွမ်းအင် ထုတ်လွှတ်နိုင်စွမ်းရှိပါက ထိုအရာဝတ္တုများကိုပင် ထောက်လှမ်းနိုင်သည်။
အမျိုးမျိုးသော ခန့်မှန်းချက်များနှင့်ယူဆချက်များပေါ်မူတည်၍ မြေမျက်နှာပြင်အပူချိန်ကို TIRS2 Band ကိုအသုံးချ၍နည်းမျိုးစုံဖြင့်ဖေါ်ထုတ်ကြသည်။ သို့သော်လည်း အရာဝတ္တုများ၏အပူချိန်ကို အာကာသအတွင်းမှဖေါ်ထုတ်ရန် စံပြုရမည့်နည်းလမ်းမရှိပဲ အများစုသောလုပ်ဆောင်မှုများသည် စာရင်းအင်းဆိုင်ရာယူဆချက်များနှင့် အတိအကျမရှိသောပြဿနာများအတွက်အကန့်အသတ်ဖြင့်ဖြေရှင်းချက်များ သာဖြစ်သည်။ ထိုကြောင့်လည်း ၎င်းကောင်းဖြေရှင်းချက်များသည်အမြဲတမ်းအလုပ်ဖြစ်မနေပေ။ အကောင်းဆုံးဖြေရှင်းချက်မဟုတ်သော်လည်း spatial resolution ပိုကောင်းလာခြင်း၊ temporal resolution တိုးတက်လာခြင်းနှင့် ခွင်ကျဉ်းအပူလှိုင်းများ (hyperspectral thermal spectral band) များတိုးချဲ့ထည့်သွင်းလာခြင်းဖြင့် အဆင်ပြေစွာဖြေရှင်းနိုင်မည်နည်းလမ်းရရှိလာဖြစ်သည်။
TIRS2 တွင် အကြီးအကျယ်ခန့်မှန်းချိန်ညှိရခြင်း (calibration) ပါဝင်သောကြောင့် လေထုသက်ရောက်မှု ဖယ်ရှားခြင်း (atmospheric correction ) နှင့် မြေမျက်နှာပြင်အပူချိန် တွက်ချက်ဖေါ်ထုတ်ခြင်းလုပ်ငန်များ တွင် split window method အသုံးပြု၍ ကိန်းဂဏန်းဆိုင်ရာတွက်ချက်မှု (quantitative analysis) များအပေါ် မမှီခိုရန် အကြံပြုလိုပါသည်။
ရှေ့ဆောင်းပါးများ . . .
