Thermal (အပူစွမ်းအားရောင်စဉ်)

မူရင်း – https://eos.com/make-an-analysis/thermal/

အပူစွမ်းအားရောင်စဉ်ပေါင်းစပ်မှု

Thermal band (အပူရောင်စဉ်) သည် ကျယ်ပြန့်သောလှိုင်းအလျားခွင် ( dynamic range) အတွင်းလှိုင်းခွင်ကျယ်ကျယ်(low radiometric resolution) အာရုံခံဖမ်းယူထားခြင်းဖြစ်ပြီး၊ မြင့်မားသော DN (Digital Number) များအနည်းငယ်သာပါလေ့ရှိသည်။ Thermal band ပုံရိပ်များသည်အမြင်အာရုံအားဖြင့်အခြား Band များမှ ပုံရိပ်များကဲ့သိုထင်ထင်ရှားရှားမမြင်ရပေ။ အဘယ့်ကြောင့်ဆိုသော် spatial resolution သည် ၁၂၀ မီတာရှိပြီး၊ အခြား ၃၀ မီတာ spatial resolution ရှိသောအခြား ပုံရိပ်များထက်မြင်နိုင်စွမ်းနိမ့်သောကြောင့် ပုံရိပ်များကို အတုံးအကွက်ကြီးများအဖြစ်သာမြင်ရမည်ဖြစ်သည်။ (ground spatial resolution ဆိုသည်မှာ satellite image တခု၏ မြေပြင်တွင်ရှိသောအရာဝတ္တုများကိုအသေးဆုံးမြင်နိုင်စွမ်းဖြစ်သည်။ ၁၂၀ မီတာ spatial resolution ဆိုသည်မှာ မြေပြင်ရှိ ၁၂၀ မီတာထက်ကြီးသော အရာဝတ္တုများကိုသာမြင်တွေ့နိုင်သည်။) ဆိုလိုသည်မှာ thermal band တွင်ပုံရိပ်ထင်သည့်အရာဝတ္တုများကိုမြင်တွေ့နိုင်စွမ်းသည် ရိုးရိုး optical band များထက် တဝက်ခန့်နိမ့်ကျသည်။

Thermal band ကို platform (satellite, aircraft, etc) ပေါ်တွင်ပါရှိသော dark-body cavity ကိရိယာဖြင့် ထိန်းညှိပုံဖေါ်ပေးသည်။ အလွန်အပူထွက်သည့် shutter နှင့် ဆင်ဆာကိရိယာ၏စက်အပူချိန်တွင် ရိုက်ကူးခံအရာဝတ္ထု၏မှာလည်းပူနေသည့် အတွက် Dark-body cavity ကိရိယာဖြင့်ထိန်းညှိရခြင်းဖြစ်သည်။ ရရှိလာသည့် အပူစွမ်းအင်ဆိုင်ရာအချက်အလက်သည် sensor (အာရုံခံကိရိယာ) ရှိသည့် ပတ်ဝန်းကျင် top-of-atmosphere (လေထုအထက်) အချက်အလက်များဖြစ်သည်။ ၎င်းကို brightness temperature အဖြစ် noise  များနှင့်အခြားမသေချာသောအချက်များကိုထည့်သွင်းတွက်ပြောင်းလဲ နိုင်သည်။

အပူစွမ်းအင်ရောင်စဉ်များ၏အသုံးဝင်မှု

Thermal band များကို ကမ္ဘာ့မြေမျက်နှာပြင်၏အပူချိန်ကိုတိုင်းတာရာတွင်သုံးသည်။ မိုးတိမ်များ သည် အလွန်အေးသည့်အတွက် ၎င်းကို အရောင်နုသောမြေကြီးများ မှ ခွဲခြားရန် ဘူမိဗေဒ ပညာရှင်များကအသုံးပြုကြသည်။ Earth Observatory သည်လည်း thermal band ကို မီးလောင်မြေပြင်၊ မြေပြင်၏အပူချိန်၊ မီးတောင်ချော်ရည်စီးကြောင်းများကိုထောက်လှမ်းရှာဖွေရာတွင်အသုံးပြုသည်။ တခါတရံ thermal band ပေါ်တွင် အဖြူအမည်း သို့မဟုတ် အရောင်ပါသောအခြားပုံရိပ်တမျိုးကိုတွဲဖက်၍ မီးလောင်ပြင်နှင့် မီးတောင်များလေ့လာရာတွင်အသုံးပြုလေ့ရှိသည်။

Thermal band များကို အပင်များ တွင် အပူကြောင့် ဖြစ်သည့် ဒါဏ်များကိုရှာဖွေဖေါ်ထုတ်ရာတွင်သုံးသည်။ မြေပြင်အချက်အလက်များကို သုံးသပ်ဖေါ်ထုတ်ရာတွင် အသုံးပြုနိုင်သည့်အလားအလာရှိသော်လည်း ယခုအချိန်အထိ မှန်မှန် အချက်အလက်ကောက်ယူချိန်ဇယားများ မရှိသေးပါ ထို့အပြင် မှတ်တမ်းအနည်းငယ်သာ ရှိသေးသည်။ အာရုံခံကိရိယာ ချိန်ညှိခြင်းကို တိုင်းတာရရှိသောရေထု၏အပူချိန်ကိုစံယူ၍ ပြုလုပ်ကြသည်။ 

ဆက်လက်ဖတ်ရှုရန် . . .

အပူအနီအောက်ရောင်စဉ်(၁)

အပူအနီအောက်ရောင်စဉ်(၂)

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details