အပင်များအားခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Vegetation Analysis)

မူရင်း – https://eos.com/make-an-analysis/vegetation-analysis/

လှိုင်းတိုအနီအောက်ရောင်စဉ် ၁ ၊ အနီအောက်ရောင်စဉ်ဦး နှင့် အနီရောင်စဉ် တွဲစပ်ခြင်း (Band Combination: SWIR1, NIR, Red)

SWIR1 band (လှိုင်တိုအနီအောက်ရောင်စဉ် ၁) ၊ NIR band (အနီအောက်ရောင်စဉ်ဦး) နှင့် Red band (အနီရောင်စဉ်) တို့ကိုအစဉ်လိုက်ပေါင်းခြင်းအားဖြင့် မြေသားကွင်းပြောင်များနှင့်အပင်အမျိုးမျိုးတို့၏ ကွဲပြားသောအရောင်တို့ကိုအချက်အလက်များအဖြစ်မှတ်သားလေ့လာနိုင်သည်။ ဤ band combination ကို EOSDA ထိန်းချုပ်ရေး၏ သီးနှံရောဂါရှာဖွေရေး၊ သီးနှံစီမံခန့်ခွဲမှုလုပ်ငန်းများ နှင့် သစ်မာစိုက်ပျိုးထုတ်လုပ်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးချသည်။ အပူပိုင်းစိုက်ကွင်းများ၊ ထင်းရှုးနှင့် ရွက်ကြွေတောများကို အစိမ့်ရင့်ရောင်ပြေးများ၊ ရေသွင်းစိုက်ခင်းများနှင့်ကျန်းမာသန်စွမ်းသောစိုက်ခင်းများအား အစိမ်းနုရောင်ဖြင့် ညွှန်ပြသည်။ မြေသားကွင်းပြင်များအား ခရမ်းညိုရောင် (mauve)၊ ကာကီရောင် (tan) နှင့်အညိုရောင်များအဖြစ် ညွှန်ပြသည်။

SWIR1 band သည် အပင်ရှိအရွက်တစ်ရှူးများ၏ရေပါဝင်နှုန်းပြောင်းလဲမှုများကို အထူးအာရုံခံနိုင်သည်။ ထို့ကြောင့်အပင်များနှင့်မြေဆီလွှာများ၏ ရေပါဝင်နှုန်းပြောင်းလဲခြင်းကို စောင့်ကြည့်ထိန်းချုပ်ရာတွင် အရေးပါသော band တစ်ခုဖြစ်သည်။ ဤဖြစ်စဉ်တွင် ရေပါဝင်နှုန်းများလေ အလင်းပြန်မှုနည်းလေဖြစ်သည်။ ထို့ပြင် SWIR1 သည်အပင်၏စိမ်းလန်းသန်စွမ်းမှုနဲ့ သစ်မာများ၏အရည်ရွှမ်းမှုကိုလည်း ဖေါ်ထုတ်ပေးနိုင်သည်။ SWIR1 band သည် ကျောက်သားများတွင် သံသတ္တုရိုင်း (hematite and ferric iron ores) များပါဝင်မှုကိုလည်း အာရုံခံနိုင်စွမ်းရှိသည်။ သံသတ္တုရိုင်းများပမာဏပိုမိုပါဝင်လေ အလင်းပြန်ပမာဏလျော့နည်းလေဖြစ်သည် ဟုမှတ်ယူနိုင်သည်။ တိမ်များကို အရင့်ရောင် နှင့် ရေခဲပြင်သို့မဟုတ်ဆီးနှင်းများကို အနုရောင် အဖြစ်လည်းခွဲခြားပေးသည်။ 

NIR band သည်အပင်များ၏စိမ်းလန်းသန်စွမ်းမှုနှင့်အပင်အမျိုးအစားများကိုခွဲခြားပေးနိုင်သည်။ NIR သည်ရေ၏အလင်းပြန်မှုကို အထူးစုပ်ယူနိုင်သဖြင့် ရေထုနှင့် ခြောက်သွေ့သောမြေ၊ စိုစွတ်သောမြေ တိုကို့ခွဲခြားရာတွင်အသုံးပြုကြသည်။

Red bad သည် ကလိုရိုဖီးကိုစုပ်ယူနိုင်စွမ်းရှိသဖြင့် အပင်နဲ့မြေကြီးများခွဲခြားရန်အသုံးပြုကြသည်။ မြေပြင်များအတွက် အထူးအလင်းပြန်စေသောဂုဏ်သတ္တိရှိ၍ နှင်းဖုံးဧရိယာများ ဖေါ်ထုတ်ရာတွင်လည်းသုံးသည်။

SWIR1-NIR-Red band combination အသုံးပြုပုံနှင့်သုံးသပ်လေ့လာခြင်း

SWIR1, NIR နှင့် Red အစဉ်လိုက်ပေါင်းစပ်ထားသည့် band combination သည် အပင်များ လေ့လာရာတွင် အသုံးဝင်သည်။ အပင်များ၏အခြေအနေနှင့်မြေဆီလွှာရေပါဝင်မှုများကို အကဲဖြတ်ရန် အသုံးပြုကြသည်။ ထို့ပြင် ကုန်းတွင်းရေထုတည်ရှိနေမှုနှင့်ရေပြင်နှင့်ကုန်းမြေနယ်နိမိတ်ပြုရာတွင်လည်းအသုံးပြုကြသည်။

ဤ band combination တွင် သန်စွမ်းသောအပင်များကို တောက်ပသောအစိမ်းရောင်ဖြင့်မြင်တွေ့နိုင်ပြီး မြေပြင်ကို ခရမ်းညိုရောင်တွေ့မြင်နိုင်သည်။ သန်မာသောသစ်ကိုင်းများကို အနီရင့်ရောင်ဖြင့်တွေ့မြင်ရမည်။ ဤ band combination သည် remote sensing ဘာသာရပ်တွင် စိုက်ပျိုးရေး၊ သစ်တော နဲ့ ရေဝပ်မြေ များကို လေ့လာရာတွင် များစွာအကျိုးပြုသည်။

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details