GLIDE Number

သဘာဝ သို့မဟုတ် လူလုပ်ဘေးအန္တရာယ် တွေကျရောက်ပြီးနောက်မှာ ၎င်းဘေးအန္တရာယ် နဲ့ပတ်သက်တဲ့အချက်အလက်တွေ မြောက်များစွာထွက်ရှိ – ဥပမာ အပျက်စီး အထိအခိုက်စာရင်း၊ ပျက်စီးမှု ပြမြေပုံ နှင့်မှတ်တမ်းဓါတ်ပုံ video များ၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးဆိုင်ရာ အချက်အလက်များ၊ ကနဦးကွင်းဆင်းမှတ်တမ်းများ စသည်ဖြင့် မြောက်များစွာရှိနိင်ပါတယ်။ တစ်ချိန်ထဲမှာ ကမ္ဘာ့နေရာ အနှံအပြားမှာ ဘေးအန္တရာယ်မျိုးစုံကကျရောက်လျက်ရှိပါတယ်။ ဒီအခါမှာ လိုချင်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ ရယူဖို့ဟာ အချိန်ပေးရှာဖွေရပြီး လက်ဝင်လှပါတယ်။ ဒေတာတွေကလည်း အဖွဲ့အစည်းမျိုးစုံမှ တစ်ကွဲတစ်ပြားရှိနေတတ်သလို အထူးသဖြင့်နိုင်ငံတစ်ခုထဲမှာ ဘေးကျရောက်ခဲ့တဲ့ ဘေးအန္တရာယ် တစ်ခုနဲ့ တစ်ခုကို ကွဲပြားအောင်ပြောဆိုဖော်ပြဖို့ဟာလည်း အတော်မျက်စိလည်စေပါတယ်။ ဒီအခက်အခဲကို ကျေ်လွှားဖို့ အာရှဘေးအန္တရာယ်လျော့ချ‌ရေးဗဟို (Asian Disaster Reduction Center – ADRC) အဖွဲ့ က တစ်ကမ္ဘာလုံးအသုံးပြုနိုင်မည့် ဘေးအန္တယ်ရာယ်သီးသန့်ကုဒ်များ…
Read more