သမုဒ္ဒရာရေထု ပူနွေးလာခြင်းနှင့် ပတ်သက်သည့် အချက် ၅ ချက်

‌သမုဒ္ဒရာသည် ကမ္ဘာမြေ၏ ပိုလျှံနေသော အပူချိန်များကို စုပ်ယူနေသည့်အတွက် ယင်းသည် လူသားများ၊ သဘာဝတရားနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအပေါ် ကြီးမားကျယ်ပြန့်သော သက်ရောက်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ သမုဒ္ဒရာရေထု ပူနွေးလာခြင်းသည် ရာသီဥတုပြောင်းလဲမှု၏ အထင်ရှားဆုံးသော သက်ရောက်မှုများအနက် တစ်ခုဖြစ်ပါသည်။ သမုဒ္ဒရာသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ပိတ်မိနေသော ပိုလျှံအပူအများစုကို စုပ်ယူပေးထားပြီး လေထုအတွင်း အပူချိန်မြင့်တက်မှုနှုန်းကို နှေးကွေးသွားစေရန် အထောက်အကူပြုပါသည်။ ဤကဲ့သို့ သဘာဝအလျောက် အပူဒဏ်ခံပေးနိုင်စွမ်းသည် ကမ္ဘာ့အပူချိန် ပိုမိုလျင်မြန်စွာ မြင့်တက်လာမည့် အန္တရာယ်မှ လူသားမျိုးနွယ်ကို ကာကွယ်ပေးခဲ့သည်။ သို့သော် ယင်းအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာလည်း ကြီးမားလှပါသည်။ သမုဒ္ဒရာရေထု ပူနွေးလာသည်နှင့်အမျှ အဏ္ဏဝါဂေဟစနစ်များ ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများ ကမောက်ကမဖြစ်လာခြင်းတို့ ကြုံတွေ့နေရပြီး၊ လူသန်းပေါင်းများစွာ မှီခိုအားထားနေရသည့်၊ သမုဒ္ဒရာ၏ အကျိုးကျေးဇူးများမှာလည်း ပိုမိုဖိစီးမှုများနှင့်…
Read more