abbreviation – အတိုကောက်စာလုံးများ
အကြောင်းအရာတစ်ခုလုံးကို ကိုယ်စားပြုပြီး အတိုချုပ်ထားသော စာလုံးတစ်လုံး (သို့မဟုတ်) စကားစု။ အတိုကောက်စာလုံးများသည် ယေဘူယျအားဖြင့် စာလုံးတစ်လုံး (သို့မဟုတ်) စာစုတစ်စု။ ဥပမာ – လမ်း – Street ကို အတိုကောက်အနေဖြင့် St. ဟု သုံးကြသည်။
ကိုးကား – wiki.gis.com
Abbreviation Dictionary – အတိုကောက်စာလုံး အဘိဓာန်
ArcGIS၏ Maplexတွင် စကားလုံးအပြည့်အစုံနှင့် အညွှန်းတပ်ရာတွင် အလိုအလျှောက် အတိုချုပ် ဖော်ပြနိုင်မည့် ထိုစကာလုံးများ၏အတိုကောက်စာလုံးများ ပါဝင်သော ဖိုင်။
ကိုးကား – wiki.gis.com
abscissa – ရေပြင်ညီကိုဩဒိနိတ်တန်ဖိုး/ X ဝန်ရိုးတန်ဖိုး
ထောင့်မှန် ကိုဩဒီနိတ်စနစ်တွင် ထောင်လိုက်ဝင်ရိုး (သို့မဟုတ်) Y ဝင်ရိုးမှ X ကိုဩဒီနိတ်အမှတ်အထိ ရေပြင်ညီဝင်ရိုးအတိုင်း အကွာအဝေး။ ဥပမာ ကိုဩဒီနိတ် အမှတ် (၇ , ၃) တွင် ရေပြင်ညီဝင်ရိုး / X ဝင်ရိုး၏ အကွာအဝေးမှာ (၇) ဖြစ်သည်။
ကိုးကား – wiki.gis.com
absolute accuracy – ပကတိ တိကျမှု
မြေပုံပေါ်ရှိ အရာဝတ္ထုတစ်ခု၏ တည်နေရာသည် သတ်မှတ်ထားသော ကိုဩဒီနိတ်စနစ်တစ်ခုအရ မြေပြင်ပေါ်ရှိ ၎င်း၏အမှန်တကယ်တည်နေရာနှင့် ကိုက်ညီမှု။
ကိုးကား – wiki.gis.com
absolute coordinates – ပကတိကိုဩဒီနိတ်
ကိုဩဒီနိတ်စနစ်တစ်ခု၏ မူလစမှတ်မှရည်ညွှန်းထားသော ကိုဩဒီနိတ်များ။
ကိုးကား – wiki.gis.com
absolute mode – ပကတိစနစ် နည်းလမ်း
တက်ဘလက် ဘုတ်ပြား ပေါ်ရှိတည်နေရာများကို ဖန်သားပြင် screen ရှိ သတ်မှတ်နေရာများသို့ချိတ်ဆက်ထားသော ဒီဂျစ်တယ်တက်ဘလက်ကိုအသုံးပြုခြင်းနည်းလမ်း။ Tablet မျက်နှာပြင်ပေါ်ရှိ digitizer puck ကိုရွှေ့ခြင်းသည် screen pointer ကို screen ပေါ်တွင်တူညီသောအနေအထားသို့ရွှေ့စေသည်။
ကိုးကား – wiki.gis.com
absolutely constrained adjustment – ပကတိ ထိန်းချုပ် ချိန်ညှိမှု
မြေပြင်တိုင်းတာမှုများအတွက် Survey Analyst တွင် ညှိနှိုင်းမှုကိုအကန့်အသတ်ဖြင့်ပြုလုပ်ရန် ဖြစ်နိုင် နည်းလမ်းနှစ်ခု အနက် တစ်ခု ဖြစ်သည်။ လုံးဝအကန့်အသတ်ရှိသောညှိနှိုင်းမှုစနစ် တွင် ရည်ညွှန်းအမှတ်၏သြဒီနိတ်မူလတန်ဖိုးများကို ပကတိအတိုင်းထိန်းသိမ်း ထားရှိသည်။ ချိန်ညှိမှုများကြောင့် မြေပြင်တိုင်းတာချက်များ ထဲရှိ ရည်ညွှန်းမှတ်တန်ဖိုးများမပြောင်းလဲသင့်သည့်အချိန်တွင်ဤနည်းလမ်းကိုအသုံးပြုပါ။
ကိုးကား – wiki.gis.com
absorption – စုပ်ယူခြင်း
လေထုထဲ ဖြတ်သန်းစဉ်တွင် ဓာတ်ငွေ့မော်လီကျူးများနှင့် ဒြပ်မတြာတို့နှင့် ဓာတ်ပြုခြင်းကြောင့် လျပ်စစ်သံလိုက်စွမ်းအင် ဆုံးရှုံးမှုပမာဏ။

ပုံ – wikipedia
ကိုးကား – wiki.gis.com
abstract class
ArcObjects များတွင် subclass များအတွက် သတ်မှတ်ချက်တစ်ခုဖြစ်ပြီး ၎င်းကို object model diagrams များတွင် diagram ဖွဲ့စည်းပုံကိုပြသရန်သုံးလေ့ရှိသည်။ abstract class တစ်ခုသည် အမျိုးအစားlibrary ထဲတွင် သတ်မှတ်ထားခြင်းမရှိသည့်အပြင် အသစ်ဖန်တီးရန်းမဖြစ်နိုင်ပါ။
ကိုးကား – wiki.gis.com
abstraction – စိတ်ကူးပုံဖော်ခြင်း
ကမ္ဘာပေါ်ရှိ အရာဝတ္ထုများ၊ စနစ်များကို ရိုးရှင်းစွာ စိတ်ကူးပုံဖော်ခြင်း။
ကိုးကား – wiki.gis.com
access control list – အသုံးပြုခွင့် ထိန်းချုပ်သည့် စာရင်း
အရာဝတ္တုတစ်ခုသို့ ဝင်ရောက်အသုံးပြုနိုင်ရန်အတွက် လိုအပ်သော သက်သေအထောက်အထား အချက်များနှင့် ကန့်သတ် သို့မဟုတ် ခွင့်ပြုသော ဝန်ဆောင်မှုများ သတ်မှတ်ရန်အတွက် အသုံးပြုသူများ သို့မဟုတ် အကောင့်များ စာရင်း။
ကိုးကား – wiki.gis.com
access key
Alt ခလုတ်ကို ဖိထားပြီး menu (သို့မဟုတ်) menu command itemတွင် မျဉ်းတားထားသော အက္ခရာစာလုံးကို နှိပ်ခြင်းဖြင့် main menu၏ အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုခွင့်ပေးသည့် ကီးဘုတ် (keyboard) ဖြတ်လမ်း (shortcut) တစ်ခုဖြစ်သည်။ access key ကို menu သို့မဟုတ် command item စာသားထဲရှိသင့်လျော်သောစာလုံးရှေ့တွင် ampersand (&) ကိုထည့်ခြင်းဖြင့် ဖန်တီးထားသည်။
ကိုးကား – wiki.gis.com
accessibility – သွားလာလွယ်ကူမှု
လျှောစောက်၊ ယာဉ်ကြောအနေအထား၊ အကွာအဝေး စသည်တို့အပေါ်မူတည်၍ နေရာတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုသို့ ရောက်ရှိနိုင်ရန် လွယ်ကူမှု အတိုင်းအတာ အချုပ်။
ကိုးကား – wiki.gis.com
Account Info Web Service
ဒေတာဝန်ဆောင်မှုများနှင့် ArcWeb Services များအတွက် ဝင်ရောက်အသုံးပြုထားသည့် မှတ်တမ်းအချက်အလက်များ ကဲ့သို့သော ArcWeb Services အကောင့် အချက်အလက်များကို ကြည့်ရှုရန် အသုံးပြုသည့် SOAP ArcWeb service တစ်ခုဖြစ်သည်။ Account Info Web Service ကို SOAP interface နှင့် Web interfaceအဖြစ် ရရှိနိုင်သည်။
ကိုးကား – wiki.gis.com
accuracy – မှန်ကန်မှု
လက်ခံနိုင်သော တန်ဖိုး သို့မဟုတ် တန်ဖိုးအမှန်နှင့် တိုင်းတာထားသော တန်ဖိုး ကြား ကိုက်ညီမှုဒီဂရီ။ မှန်ကန်မှုတန်ဖိုး (accuracy) ဆိုသည်မှာ မှန်ကန်မှု(correctness)ပမာဏအတိုင်းအတာဖြစ်ပါသည်။ ၎င်းသည် တိကျမှု (precision) နှင့် မတူပါ။
ကိုးကား – wiki.gis.com

$$Accuracy=\frac{TP+TN}{TP+TN+FP+FN}$$
TP = true positive, FP = false positive, TN = true negative, FN = false negative
TP = မှန်သော အမှန်ခန့်မှန်းချက်, FP = မှားသော အမှန်ခန့်မှန်းချက်, TN = မှန်သော အမှားခန့်မှန်းချက်, FN = မှားသော အမှားခန့်မှန်းချက်
acetate
ArcWeb ဝန်ဆောင်မှုတွင် အသုံးမပြုချိန်၌ စက်ဝိုင်းများ၊ မျဉ်း/လိုင်းများ၊ ဗဟုဂံများ၊ အမှတ်များ၊ အမှတ်အသားများကိုမှေးမှိန်ထားစေခြင်းဖြစ်သည်။ acetate လက္ခဏာအမှတ်အသားများကို မြေပုံပေါ်ရှိ layer များအပေါ်မှ ထပ်၍ ပြနိုင်သလို စာဖြင့်လည်း ခွဲခြားဖော်ပြရေးသားနိုင်ပါသည်။
ကိုးကား – wiki.gis.com
acknowledgement file
ArcGIS တွင် အသိအမှတ်ပြုကြောင်းစာပါဝင်သော XML ဖိုင်တစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
acknowledgement message
ArcGIS တွင် ဒေတာအပွားတစ်ခုမှ ၎င်း၏ ပင်ရင်းဒေတာ ထံပေးပို့သော မက်ဆေ့ချ် တစ်ခုဖြစ်ပြီး ဒေတာပြောင်းလဲမှုများကို ရရှိကြောင်းဖော်ပြထားသည်။
ကိုးကား – wiki.gis.com
ACL
အသုံးပြုခွင့်ထိန်းချုပ်စာရင်း access control list ၏ အတိုကောက်စာလုံးဖြစ်သည်။ အရာဝတ္တုတစ်ခုကို ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် လိုအပ်သော သက်သေခံအထောက်အထားများနှင့် ကန့်သတ် (သို့မဟုတ်) ခွင့်ပြုသည့် ဝန်ဆောင်မှုများ သတ်မှတ်ရန်အတွက် အသုံးပြုသော အကောင့်များပါသည့် စာရင်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
across-track scanner
လည်ပတ်နေသည့်မှန်ချပ်ငယ် Oscillating mirror တပ်ဆင်ထားသည့် အဝေးမှစူးစမ်းလေ့လာသော ကိရိယာ (remote-sensing tool) တစ်ခုဖြစ်သည်။ ၎င်းသည် ဂြိုလ်တု ဦးတည်ရာလမ်းကြောင်းတစ်လျောက် ကန့်လန့်ဖြတ်ပြီး တစ်ဖက်မှ တစ်ဖက်သို့ ရွေ့လျားကာ ပုံရိပ်ဖမ်းယူခြင်း ဖြစ်သည်။ ရရှိလာသော ကန့်လန့်ဖြတ်ပုံရိပ်လိုင်းသည် တစ်ခုနှင့်တစ်ခုထိကပ်လျက် (သို့) အနဲငယ်ထပ်ခြင်းတို့ဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com
active data frame – လက်ရှိအလုပ်လုပ်နေသော data frame
လက်ရှိအလုပ်လုပ်နေသော data frame ဖြစ်သည်။ ဥပမာအားဖြင့်- အလွှာများထည့်ထားသော data frame ဖြစ်သည်။ အလုပ်လုပ်နေသော data frame ကို မြေပုံပေါ်တွင် ထင်ရှားစွာပြထားပြီး ၎င်း၏အမည်ကို မာတိကာဇယားတွင် စာလုံးမဲအထူဖြင့် ဖော်ပြထားပါသည်။
ကိုးကား – wiki.gis.com
active network
Survey Analyst တွင် တွက်ချက်စီစစ်မှု သက်ရောက်သည့် အဓိကကွန်ယက်ဖြစ်သည်။ active network တစ်ခုတွင် အသုံးပြုသူများသည် ကွန်ရက်၏ datum အမှတ်များကို Survey Explorer တွင်စာရင်းပြုစုခြင်း၊ ကွန်ရက်တွက်ချက်မှုအဆင့်ဆင့်တွင် break များကို ရှာဖွေ၍ဖြေရှင်းခြင်းနှင့် ကွန်ရက်ရှိ ယန္တရားလည်ပတ်မှုများကို ရှာဖွေပြီး ပြုပြင်နိုင်သည်။
ကိုးကား – wiki.gis.com
active remote sensing
ရေဒါကဲ့သို့သော အဝေးမှအာရုံခံခြင်းစနစ်တစ်ခုဖြစ်သည်။ ၎င်းသည် ရေဒါလှိုင်းတိုထုတ်လွှတ်ပြီး မျက်နှာပြင်မှပြန်လာသောလှိုင်းများကို တိုင်းတာသည်။
ကိုးကား – wiki.gis.com
active sensors
Active sensors များသည် သူတို့၏ရည်ရွယ်သောပစ်မှတ်အား စွမ်းအင် ပို့လွှတ်ပြီး အာရုံခံကိရိယာဆီသို့ပြန်လာသော ပမာဏကို တိုင်းတာသည်။
ကိုးကား – gisgeography.com
acutance
ဓာတ်ပုံရိုက်စနစ်သည် အလင်းနှင့်အမှောင်ထိစပ်နေသောနေရာများကို မည်မျှပြတ်သားစွာဖော်ပြထားသည်ကို မိုက်ခရိုဒက်ဆီတိုမီတာ (သို့မဟုတ်) အလားတူကိရိယာကို အသုံးပြု၍ တိုင်းတာမှုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
Add ArcWeb Data
ArcWeb ဒေတာကို ArcGIS တွင် ထည့်သွင်းခွင့်ပြုသည့် ArcWeb Services tool တစ်ခုဖြစ်ပြီး ArcWeb Toolbar ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
add-in
မူလကမပါသည့် အလုပ်တစ်ခုကို လုပ်ဆောင်ပေးသည့် ဆော့ဖ်ဝဲပရိုဂရမ်တစ်ခု၏ ချဲ့ထွင်ချက် extension တစ်ခု ဖြစ်သည်။ ESRI သည် ArcGIS developer kit ၏ developer add-in အမျိုးမျိုးကို ပံ့ပိုးပေးပါသည်။
ကိုးကား – wiki.gis.com
address – လိပ်စာ
လူတစ်ဦး၏ နေထိုင်ရာနေရာ (သို့မဟုတ်) အလုပ်ခွင်၊ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) အဆောက်အဦးတစ်ခု၏ တည်နေရာကို ဖော်ပြခြင်း။ ထို့သို့ဖော်ပြရာတွင် လမ်းနံပါတ်၊ လမ်းအမည် နှင့် မြို့ နာမည်တို့ကို သီးခြားပုံစံဖြင့် စီစဉ်ထားသော ဂဏန်းများနှင့်စာသားများပါဝင်သည်။
ကိုးကား – wiki.gis.com
address data – လိပ်စာ အချက်အလက်များ
Geocoding အတွက် အသုံးပြုသော လိပ်စာအချက်အလက်များပါဝင်သော ဒေတာ။ လိပ်စာအချက်အလက်များတွင် လိပ်စာတစ်ခုတည်း (သို့မဟုတ်) လိပ်စာများပါဝင်သော ဇယားတစ်ခု ပါဝင်နိုင်ပါသည်။
ကိုးကား – wiki.gis.com
address data model
Geodatabase ၏ စည်းမျဉ်းစည်းကမ်းများတွင် လမ်းများ၊ ဇုန်များ၊ အကွာအဝေးများ စသည့် လိပ်စာနှင့်ပတ်သက်သော အရာများကို ထည့်သွင်းစဉ်းစားနိုင်ရန် အထူးသဖြင့် ဒီဇိုင်းရေးဆွဲထားသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို လိပ်စာနှင့်ပတ်သက်သောအချက်များ၊ ၎င်းတို့၏ အချက်အလက်တန်ဖိုးများနှင့် ၎င်းတို့ကြားဆက်နွယ်မှုများအဖြစ် သတ်မှတ်သည်။ Address data model တစ်ခုသည် လိပ်စာ အချက်အလက်များသိမ်းဆည်းမှုကို လွယ်ကူအဆင်ပြေစေသည်။
ကိုးကား – wiki.gis.com
address element – လိပ်စာ၏အစိတ်အပိုင်း
လိပ်စာတစ်ခုတွင်ပါဝင်သော အစိတ်အပိုင်းများအနက်တစ်ခု။ အိမ်နံပါတ်၊ လမ်းအမည်၊ လမ်းအမျိုးအစားနှင့် လမ်းညွှန်အမှတ်အသားတို့သည် လိပ်စာ၏ အစိတ်အပိုင်းများဖြစ်သည်။
ကိုးကား – wiki.gis.com
address event
ArcGIS တွင် လမ်းကွန်ယက် သို့မဟုတ် ZIP codes (သို့မဟုတ်) lots နံပါတ်များကဲ့သို့သော အချက်အလက်များသုံးပြီး နေရာချထားသည့် နိုင်သည့် အရာ များဖြစ်သည်။
ကိုးကား – wiki.gis.com
address event table
ArcGIS တွင် လိပ်စာများပါဝင်သော ဇယားတစ်ခု။ သို့သော် spatial ရည်ညွှန်းအချက်အလက်များ မပါဝင်ပါ။ GIS software ကိုအသုံးပြု၍ spatial ဒေတာအလွှာတစ်ခု ဖန်တီးရန် address event ဇယားများကို geocode လုပ်နိုင်သည်။
ကိုးကား – wiki.gis.com
address field
ဇယားတစ်ခုတွင်ပါဝင်သော လိပ်စာ တစ်ခု သို့မဟုတ် လိပ်စာအချက်အလက်များ ကို သိမ်းဆည်းထားသော ကော်လံတစ်ခု။ Address field တွင် ရည်ညွှန်းအချက်အလက်၊ လိပ်စာအချက်အလက် သို့မဟုတ် နှစ်ခုလုံး ပါနိုင်ပါသည်။
ကိုးကား – wiki.gis.com
Address Finder Web Service
လိပ်စာတစ်ခု၏ တည်နေရာ ကိုဩဒီနိတ်များကိုရှာဖွေရန်နှင့် ကိုဩဒီနိတ်များကိုအခြေခံ၍ လိပ်စာတစ်ခုကို ရှာဖွေရန် အသုံးပြုသည့် SOAP ArcWeb ဝန်ဆောင်မှုတစ်ခု။
ကိုးကား – wiki.gis.com
address format – လိပ်စာပုံစံ
လိပ်စာပါ အချက်အလက်များကို ပုံစံချ ရေးသားမှုနှင့် စီစဥ်ထားသိုမှုစနစ် ဖြစ်ပြီး ထိုသို့စီစဥ်ရေးသားထားမှုပုံစံကို လုပ်ငန်းရည်ရွယ်ချက်တစ်ခုခုတွင် သတ်မှတ်ချက်အနေဖြင့် အသုံးပြုနိုင်သည်။ စီစဥ်ရေးသားမှုပုံစံစနစ်များသည် နယ်ပယ်ဒေသအလိုက် သို့မဟုတ် နိုင်ငံအလိုက် သတ်မှတ်ချက်အပေါ်အခြေခံ၍ ပြောင်းလဲနိုင်ပါသည်။
ကိုးကား – wiki.gis.com
address geocoding
စာဖြင့်ဖော်ပြထားသည့် လိပ်စာအချက်အလက်များကို မြေပုံစနစ်တစ်ခုပေါ်တွင် ကိုသြဒိနိတ်ပါ တည်နေရာ အမှတ်တစ်ခုအဖြစ် ပြောင်းလဲဖော်ပြနိုင်အောင် ဆောင်ရွက်ပေးသော GIS လုပ်ငန်းစဥ်တစ်ခု ဖြစ်ပြီး၊ များသောအားဖြင့် လမ်းသွယ်အစိတ်အပိုင်းအလွှာ မှ လိပ်စာ အချက်အလက်များကိုကိုးကားပြီးပြသပေးခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
address locator
address locator တွင် geocoding တွင် အသုံးပြုခဲ့သည့် အချက်အလက်များ၊ လိပ်စာများကို စံသတ်မှတ်ရန်ပေးသည့်အချက်များ၊ ကိုက်ညီသည့်တည်နေရာများရှာဖွေခြင်း နှင့် ရလဒ်များဖန်တီးခြင်းတို့ပါဝင်သည်။ address locator ဖိုင်များမှာ .loc ဖိုင်အမျိုးအစားဖြစ်သည်။ ArcGIS 8.3 နှင့် ယခင် ဗားရှင်းများတွင် address locator ကို geocoding ဝန်ဆောင်မှုဟု ခေါ်ပါသည်။
ကိုးကား – wiki.gis.com
address locator property
geocoding လုပ်ငန်းစဉ်ကို ဖော်ပြသည့် address locator တစ်ခုရှိ သတ်မှတ်ချက်။
ကိုးကား – wiki.gis.com
address locator style
address locator တစ်ခု တည်ဆောက်ရန်ပြုလုပ်ထားသည့် ပုံစံတစ်ခုဖြစ်သည်။ ပုံစံတစ်ခုစီသည် သီးခြားလိပ်စာဖော်ပြမှုပုံစံ တစ်ခုခြင်း၊ အညွန်းအချက်အလက် နှင့် geocoding တွင်အသုံးပြုသည့် သတ်မှတ်ချက်များ ကို လက်ခံနိုင်ရန် ဖန်တီးထားသည်။ address locator style template ဖိုင်မှာ .lot အမျိုးအစားဖြစ်သည်။
ကိုးကား – wiki.gis.com
address matching – လိပ်စာနှိုင်းယှဉ်ခြင်း
လိပ်စာ တစ်ခု သို့မဟုတ် လိပ်စာများပါသော ဇယားတစ်ခုကို ကိုးကားဒေတာရှိ လိပ်စာအချက်အလက်များဖြင့် နှိုင်းယှဉ်ကြည့်သည့်အလုပ်ဖြစ်သည်။ ကိုးကားဒေတာသည် ရှာဖွေသောလိပ်စာသည် ကိုးကားဒေတာရှိ အရာဝတ္ထုတစ်ခုတွင်ချိတ်ဆက်ထားသည့်လိပ်စာနံပါတ်အပိုင်းအခြားတစ်ခုအတွင်းကျရောက်ခြင်းရှိမရှိကို ဆုံးဖြတ်ပေးသည်။ အရာဝတ္ထုတစ်ခု၏လိပ်စာနံပါတ်အပိုင်းအခြားအတွင်း ကျရောက်လျင် ရှာဖွေသောလိပ်စာနှင့် ကိုက်ညီသည်ဟုသတ်မှတ်ပြီး တည်နေရာကိုထုတ်ပေးသည်။
ကိုးကား – wiki.gis.com
address range – လိပ်စာနံပါတ်အပိုင်းအခြား
လမ်းအပိုင်း သို့မဟုတ် လမ်းတစ်လျှောက်တွင်ရှိသော လမ်းနံပါတ်အငယ်ဆုံး မှ အကြီးဆုံး ထိပါဝင်သည်။ ယေဘုယျအားဖြင့် လိပ်စာနံပါတ်အပိုင်းအခြားများကို လမ်းအလွှာ တစ်ခု၏ attribute ဇယားရှိ field များ ထဲတွင် သိမ်းဆည်းထားသည်။ ၎င်းတို့သည် လမ်းများ၏ ဘယ်ဘက်နှင့် ညာဘက်ရှိ အပိုင်းအခြားများကို ခွဲခြားသတ်မှတ်လေ့ရှိသည်။
ကိုးကား – wiki.gis.com
address service – လိပ်စာရှာ ဝန်ဆောင်မှု
လိပ်စာတစ်ခု၏ တည်နေရာကိုဩဒိနိတ် (x,y) ကို သတ်မှတ်ပေးသော ဝန်ဆောင်မှုဖြစ်သည်။ ထို့အပြင် တည်နေရာကိုဩဒိနိတ် (x,y) တစ်ခုရှိ လိပ်စာကိုလည်း ရှာဖွေပေးနိုင်ပါသည်။
ကိုးကား – wiki.gis.com
adds table – ထပ်တိုးဇယား
Feature class တစ်ခု သို့မဟုတ် ဇယားတစ်ခုကို ဗားရှင်းအဖြစ် သတ်မှတ်စဉ် ဖန်တီးလိုက်သော geodatabase စနစ် ဇယားတစ်ခုဖြစ်ပါသည်။ ယင်းသည် အသစ်တိုးလာသော သို့မဟုတ် ပြင်ဆင်မှုပြုလုပ်ထားသည့်အရာများ (rows) နှင့်ဆိုင်သည့် အချက်အလက်များကိုသိမ်းဆည်းထားသည်။
ကိုးကား – wiki.gis.com
adjacency – ကပ်လျက်တည်ရှိမှု
နှစ်ခု သို့မဟုတ် နှစ်ခုထက်များသော ဗဟုဂံများတွင် ဘေးအနား တစ်ဖက်သို့မဟုတ် အနားသတ်လိုင်း များထပ်နေသည့် တည်နေရာဆိုင်ရာဆက်သွယ်ချက်မျိုးအစားတစ်ခု။
ကိုးကား – wiki.gis.com
adoption – ရွေးချယ်အသုံးပြုခြင်း
နည်းပညာတစ်ခုကို ရည်ရွယ်ချက်နှင့် ကိုက်ညီသင့်လျော် အောင် ဖော်ဆောင်အသုံးပြု လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူ့ထုအဖွဲ့အစည်းတစ်ရပ်မှ နည်းပညာတစ်ခုကို ရွေးချယ်ပြီး ထိရောက်မှု့ရှိစေရန်လုပ်ဆောင်ချက်ဖြစ်ပါသည်။
ကိုးကား – wiki.gis.com
ADT
abstract data type၏ အတိုကောက်စကားလုံးဖြစ်ပါသည်။ OpenLS အတွက် နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသည့် ဝန်ဆောင် မှု့များမှ အတူတူအသုံးပြုသည့် တည်နေရာ သတတင်းအချက်အလက် အမျိုးအစားနှင့် ဖွဲ့စည်းပုံ တစ်မျိုးဖြစ်ပါသည်။ ADT ကို XML ပုံစံဖြင့်ဖန်တီထားသည်။
ကိုးကား – wiki.gis.com
Advanced Very High Resolution Radiometer – Resolution မြင့်မားသော အဆင့်မြင့် ရေဒီယိုမီတာ
အပင်များ / စိုက်ခင်းနှင့် သဘာဝပေါက်ပင်များ၊ တိမ်ဖုံးလွှမ်းမှုများ၊ ကမ်းရိုတန်းဒေသများ၊ ရေထု၊ ဆီးနှင်းများနှင့် ရေခဲများမှ အရောင်ပြန်လာသော အလင်းများနှင့် အနီအောက်ရောင်ခြည် ဖြာထွက်မှုတို့ကို တိုင်းတာရန် National Oceanic and Atmospheric Administration (NOAA) ဂြိုလ်တုများတွင် တပ်ဆင်ထားသော စကင်နာတစ်မျိုးဖြစ်သည်။ AVHRR ဒေတာကို မိုးလေဝသခန့်မှန်းခြင်းနှင့် အပင်များ / စိုက်ခင်းနှင့် သဘာဝပေါက်ပင်များ မြေပုံရေးဆွဲရာတွင် အသုံးပြုလေ့ရှိပါသည်။

ပုံ – wikipedia
ကိုးကား – wiki.gis.com
aerial photograph – ကောင်းကင်ဓါတ်ပုံ
မြေမျက်နှာပြင်အထက် (ဂြိုလ်တုပတ်လမ်းမဟုတ်) ပျံသန်းသော ပလက်ဖောင်းတစ်ခုမှ ရယူထားသော ကမ္ဘာ့မြေမျက်နှာပြင်၏ ဓါတ်ပုံ။ ကောင်းကင်ဓါတ်ပုံပညာကို အခြေခံမြေပုံများ ရေးဆွဲခြင်း၊ ပထဝီဝင် အသွင်အပြင်များ၏ တည်နေရာရှာဖွေခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ သုံးသပ်ခြင်းများအတွက် မြေပုံဆိုင်ရာ အချက်အလက် အရင်းအမြစ်အဖြစ် တစ်ခါတစ်ရံ အသုံးပြုသည်။
ကိုးကား – wiki.gis.com
agent – ကိုယ်စားလှယ်/အေးဂျင့်
Modeling လုပ်ဆောင်ရာတွင် လူတစ်ယောက်၊ လူတစ်စု၊ တိရစ္ဆာန်တစ်ကောင် သို့မဟုတ် အခြားသောအရာတစ်ခု၏ အပြုအမူတို့ကို ပုံတူတုပရန် လုပ်ဆောင်ပေးသည့် မော်ဒယ်အတွင်းရှိ အစိတ်အပိုင်းတစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
aggregation – စုစည်းမှု
တူညီသော၊ အထူးသဖြင့် ကပ်လျှက်တည်ရှိသော ဗဟုဂံများ( ၎င်းတို့၏စပ်ဆက်ဇယားတန်ဖိုးများ နှင့်အတူ)ကို ပို၍ကြီးမားသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာရန် စုစည်းသည့် လုပ်ငန်းစဉ်။ ဆင်တူသော၊ အထူးသဖြင့် ကပ်လျှက်တည်ရှိသော ဗဟုဂံများ ကို ပေါင်းပြီး ဗဟုဂံအကြီးတစ်ခုတည်းဖြစ်သွားရန် စုစည်းသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ထိုသို့လုပ်ရာတွင် မူလဗဟုဂံတို့ပါအချက်အလက်များပါပေါင်းစည်းသွားသည်။
ကိုးကား – wiki.gis.com
air station – လေပေါ်အမှတ်
ကောင်းကင်ဓာတ်ပုံရိုက်ကူးရာတွင် လေယာဉ်လမ်းကြောင်းရှိ ကင်မရာမှ ဓါတ်ပုံရိုက်ကူးသည့် အမှတ်တစ်ခုချင်းစီကို ခေါ်ဆိုပါသည်။
ကိုးကား – wiki.gis.com
AJAX
Asynchronous JavaScript and XML အတွက် အတိုကောက်စကားလုံးဖြစ်ပါသည်။ လျင်မြန်သော/ တုံပြန်မှုရှိသော အင်တာနက် အပ်ပလီကေးရှင်းများ ဖန်တီးသည့် ပရိုဂရမ်းမင်းနည်းပညာတစ်ခုဖြစ်သည်။ အသုံးပြုသူ၏ browser ဆော့ဖ်ဝဲယားတွင် လျင်မြန်စွာ ပြသနိင်စေရန်အတွက် အပ်ပလီကေးရှင်းအသေးစားတစ်ခုကို AJAX က ထည့်ပေးပါသည်။
ကိုးကား – wiki.gis.com
albedo
အရာဝတ္ထုတစ်ခု သို့မဟုတ် မျက်နှာပြင်တစ်ခု၏ အလင်းပြန်မှု့ အတိုင်းအတာ။ အရာဝတ္ထုတစ်ခုမှ ပြန်ထွက်လာသော စွမ်းအင်ပမာဏ ၎င်းအရာဝတ္ထုပေါ် ကျရောက်သော စွမ်းအင်ပမာဏတို့၏ အချိုးဖြစ်ပါသည်။

ပုံ – wikipedia
ကိုးကား – wiki.gis.com
alert – သတိပေးချက်
သိသာထင်ရှားသည့် အခြေအနေတစ်ခုကို သတိထားမိစေသည့် စာသား သို့မဟုတ် စောင့်ကြည့်နေသည့် အခြေအနေတစ်ခု၏ ပြောင်းလဲမှုများကို အသုံးပြုသူသို့ အကြောင်းကြားသည့် စာသား။
ကိုးကား – wiki.gis.com
algorithm – တွက်ချက်နည်းအဆင့်ဆင့်
ပြသာနာများကို ဖြေရှင်းရန်အတွက် အဆင့်လိုက်လုပ်ဆောင်မှုများအား အသုံးပြုသော သင်္ချာပညာရပ် ဆိုင်ရာလုပ်ထုံးလုပ်နည်း။ Algorithms များသည် များသောအားဖြင့်ကွန်ပျူတာ command များကို အစဉ်လိုက်အဖြစ် ဖြည့်သွင်းထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
alias – အခြားအမည်/အခေါ်အဝေါ်
filed များ၊ ဇယားများ၊ ဖိုင်များ၊ သို့မဟုတ် ဒေတာအစုမျာ၏မူရင်းအမည်ထက် ပိုမိုနားလည်လွယ်မည့် အခြားအမည်/ဖော်ပြချက်တစ်ခုဖြစ်သည်။ ကွန်ပျူတာ ကွန်ယက်ပေါ်တွင် အီးမေးAliasတစ်ခုသည် အီးမေးလ်လိပ်စာအုပ်စုတစ်ခုကို ရည်ညွှန်းနိုင်သည်။
ကိုးကား – wiki.gis.com
aliasing – မညီမညာဖြစ်ခြင်း
မျဉ်းကွေးများနှင့် ထောင့်ဖြတ်မျဉ်းများ ကို Raster ပုံတွင် ၏ မညီမညာမြင်ရမှု ဖြစ်ပါသည်။ ထိုသို့မညီမညာဖြစ်ခြင်းသည် raster pixel အရွယ်အစား ကြီးလာသခြင်း (သို့မဟုတ်) ပုံ၏ resolution ကျလာသည်နှင့်အမျှ ပိုမိုသိသာ လာသည်။
![]() | |
ကိုးကား – wiki.gis.com
alidade – ဦးတည်ရာအရပ်တိုင်းကိရိယာ
အဖြောင့်အနားစွန်းတစ်ခုပေါ်တွင် တပ်ဆင်ထားသော ချောင်းကြည့်ပေါက်တစ်ခုဖြစ်ပြီး ဦးတည်ရာအရပ်မျက်နှာကို တိုင်းတာရာတွင် အသုံးပြုပါသည်။
ပုံ – wikipedia
ကိုးကား – wiki.gis.com
align fields – Fieldများ ချိန်ညှိခြင်း
အချက်အလက်များကို upload လုပ်ရာတွင် လိပ်စာ နှင့် မြို့စသည်ကဲ့သို့သော geocoding အတွက် လိုအပ်သည့် field များကို ခွဲခြားသတ်မှတ်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။
ကိုးကား – wiki.gis.com
aligned dimension – အတိုင်းအတာ ချိန်ညှိခြင်း
Baseline နှင့်အပြိုင်ဖော်ပြထားသော ပုံဆွဲသင်္ကေတတစ်ခုဖြစ်ပါသည်။ အတိုင်းအတာ တစ်ခု၏ အစမှတ်နှင့် အဆုံးမှတ်ကြား အမှန်အကွာအဝေးကို ဖော်ပြပါသည်။
ကိုးကား – wiki.gis.com
allocation – ခွဲဝေနေရာချခြင်း
ကွန်ယက်ဆိုင်ရာခွဲခြမ်းစိတ်ဖြာတွက်ချက်ရာတွင် ကွန်ယက်အစိတ်အပိုင်းများ သို့မဟုတ် ကွန်ယက်လမ်းကြောင်းများ နှင့် ၄င်းလမ်းကြောင်းများ ဆုံရာအမှတ်များကို သွင်ပြင်လက္ခဏာ (Features) များ နှင့် လက်ခံနိုင်သည့်မာဏ သို့မဟုတ် ကန့်သတ်ပမာဏ ရောက်သည်အထိ ခွဲဝေနေရာချထားခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ ဥပမာ – လမ်းများကို ၆ မိနစ်အချင်းဧရိယာအတွင်း အလွယ်ကူဆုံး သွားလာနိုင်သည့် မီးသတ်ဌာနနှင့် သတ်မှတ်နေရာချထားခြင်း၊ သို့မဟုတ် ကျောင်းသားများကို အနီးဆုံးစာသင်ကျောင်းများနှင့် ကျောင်းလက်ခံအပ်နှံနိုင်သလောက်ထိ သတ်မှတ်နေရာချ ထားနိုင်ခြင်းမျိုးဖြစ်သည်။
ကိုးကား – wiki.gis.com


almanac – ဂျီပီအက်စ် ဂြိုလ်တုစာရင်း
ဂျီပီအက်စ်ဂြိုဟ်တု မှ ထုတ်လွှင့်သည့် ကွန်ယက်တစ်ခုလုံးတွင်ပါရှိသောဂြိုဟ်တုများ၏ပတ်လမ်းများ နှင့်ပတ်သက်သည့်သတင်းအချက်အလက်များပါရှိသည့် ဖိုင်။ ဂျီပီအက်စ်ဖမ်း ကရိယာသည် မည်သည့်ဂြိုလ်တုကို ခြေရာခံရမည်ကို ဆုံးဖြတ်ရာတွင် almanac ဖိုင်ကို အသုံးပြုသည်။
ကိုးကား – wiki.gis.com
across-track scanner
လည်ပတ်နေသည့်မှန်ချပ်ငယ် Oscillating mirror တပ်ဆင်ထားသည့် အဝေးမှစူးစမ်းလေ့လာသော ကိရိယာ (remote-sensing tool) တစ်ခုဖြစ်သည်။ ၎င်းသည် ဂြိုလ်တု ဦးတည်ရာလမ်းကြောင်းတစ်လျောက် ကန့်လန့်ဖြတ်ပြီး တစ်ဖက်မှ တစ်ဖက်သို့ ရွေ့လျားကာ ပုံရိပ်ဖမ်းယူခြင်း ဖြစ်သည်။ ရရှိလာသော ကန့်လန့်ဖြတ်ပုံရိပ်လိုင်းသည် တစ်ခုနှင့်တစ်ခုထိကပ်လျက် (သို့) အနဲငယ်ထပ်ခြင်းတို့ဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com

along-track scanner
အာရုံခံကိရိယာများစွာ အတန်းလိုက်တပ်ဆင်ထားသော အဝေးမှစူးစမ်းလေ့လာသော ကိရိယာ (remote-sensing tool) တစ်ခုဖြစ်သည်။ ၎င်းသည် ဂြိုလ်တု ဦးတည်ရာလမ်းကြောင်းတစ်လျောက် မြေပြင်မှ ထုတ်လွှတ်သော စွမ်းအင်များကို တစ်လိုင်းချဉ်း မှတ်တမ်းယူ၍ ပုံရိပ် တစ်ခု ထုတ်ခြင်း ဖြစ်သည်။ မှတ်တမ်းယူလာသော ပုံရိပ်လိုင်းများသည် တစ်ခုနှင့်တစ်ခု ထိကပ်လျက် (သို့မဟုတ်) အနဲငယ်ထပ်ခြင်းတို့ဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com

alphanumeric grid – အက္ခရာ-ဂဏန်းပါဇယားကွက်
အတန်း(row)နံပါတ်နှင့် တိုင် (column) အက္ခရာ (သို့မဟုတ်) ပြောင်းပြန်ထိုးထားသော မြေပုံ ဂရစ်ကွက် ဖြစ်ပြီး အရာဝတ္ထုများကို ရှာဖွေရန်နှင့် သတ်မှတ်ရာတွင် အသုံးပြုပါသည်။ အက္ခရာ-ဂဏန်း ဂရစ်ကွက်များကို ဒေသန္တရလမ်းကြောင်းပြမြေပုံတွင် ရည်ညွှန်းစနစ်တစ်ခုအဖြစ် အသုံးပြုသည်။
ကိုးကား – wiki.gis.com
alternate key – အစားထိုးအမှတ်အသား
မှတ်တမ်းတစ်ခုချင်းစီအတွက် ကိုယ်ပိုင်အမှတ်အသားကို ဖန်တီးပေးနိင်သည့် relational database ထဲရှိ attribute တစ်ခု သို့မဟုတ် attribute များဖြစ်ပြီး ပင်မကိုယ်ပိုင်အမှတ်အသား (primary key)ကို အစားထိုး အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
alternate name – အခြားအမည်
အများအားဖြင့် လိပ်စာအစိတ်အပိုင်း တစ်ခု ပါ လမ်းအမည် တစ်ခုသည် တရားဝင် သို့မဟုတ် အများသုံး နာမည်တစ်ခုနှင့်မတူသော သည့်အမည်ဖြစ်သသည်။ ဥပမာ အဝေးပြေးလမ်းနံပါတ်သည် လမ်းအမည်အတွက် အခြားအမည်တစ်ခုဖြစ်နိုင်ပါသည်။
ကိုးကား – wiki.gis.com
altitude – အမြင့်
ရည်ညွှန်းမျက်နှာပြင်အထက် အမှတ်တစ်ခု၏ အမြင့်သို့မဟုတ်ဒေါင်လိုက်မြင့်။ အမြင့်အား တိုင်းတာရာတွင် ပုံမှန်အားဖြင့် ပင်လယ်ရေမျက်နှာပြင်ကဲ့သို့သော ရည်ညွှန်း မျက်နှာပြင် ဒေတမ်(datum) ပေါ်တွင် အခြေခံသည်။
ကိုးကား – wiki.gis.com
AM/FM
automated mapping/facilities management ၏အတိုကောက်ဖြစ်သည်။ အများပြည်သူဝန်ဆောင်မှု အဖွဲ့အစည်းများ (ဥပမာ – စည်ပင်)၏ ဝန်ဆောင်မှု အဆောက်အအုံများ (မိလ္လာလိုင်များ၊ ရေပိုက်များ) စသည်တို့ နှင့် သက်ဆိုင်သော အချက်အလက်များကို သိမ်းဆည်းခြင်း၊ အသုံးပြုခြင်း၊ မြေပုံမှတ်တမ်းတင်ခြင်း တို့ပြုလုပ်သည့် GIS (သို့မဟုတ်) CAD အခြေခံ စနစ်များဖြစ်သည်။
ကိုးကား – wiki.gis.com
American National Standards Institute – အမေရိကန်နိုင်ငံ အမျိုးသားစံချိန်စံညွှန်းဆိုင်ရာ အဖွဲ့အစည်း
အများစုသဘောတူညီချက်များ နှင့် ပြည်သူလူထု သုံးသပ်ချက်များအားဖြင့် အမေရိကန်စက်မှုလုပ်ငန်း စံချိန်စံညွှန်းများကို ဖော်ဆောင်သတ်မှတ်ပေးသည့် အကျိုးအမြတ်မယူသော ပုဂ္ဂလိက အဖွဲ့အစည်းဖြစ်သည်။
ကိုးကား – wiki.gis.com
American Standard Code for Information Interchange – သတင်းအချက်အလက်ဖလှယ်ခြင်းဆိုင်ရာ အမေရိကန်စံသတ်မှတ်ချက်
ကွန်ပျူတာများနှင့် အင်တာနက်ပေါ်ရှိစာသားဖိုင်များ၏ ပုံစံအတွက် တရားဝင်မဟုတ်သော (de-facto) စံသတ်မှတ်ချက်သည် အက္ခရာနံပါတ် သို့မဟုတ် အထူးအက္ခရာတစ်ခုစီအတွက် 7-bit binary number ကိုသတ်မှတ်ပေးသည်။ ASCII တွင် ဖြစ်နိုင်သောစာလုံးရေ 128 လုံးရှိသည်ဟု သတ်မှတ်ပါသည်။
ကိုးကား – wiki.gis.com
amoeba
ဈေးဆိုင်တစ်ခုမှ အဝေးဆုံးဖောက်သည်များကို ရှာဖွေတွက်ချက်သည့် အကျယ်အဝန်း/ဧရိယာတစ်ခုဖြစ်သည်။ ရှုပ်ထွေးသည့် ဈေးကွက်ဧရိယာများသည် ရိုးရှင်းသည့်ဈေးကွက်ဧရိယာများထက် ပိုမိုတိကျပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ တွက်ချက်ထားသော ဧရိယာများသည် ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများကိုထည့်သွင်းတွက်ချက်သော ကြောင့်ဖြစ်သည်။ ထိုဧရိယာများ၏ ပုံသဏ္ဍာန်မမှန်မှုကြောင့် တခါတရံ ၎င်းတိုကို amoeba ဟု ခေါ်ခြင်းဖြစ်ပါသည်။
ကိုးကား – wiki.gis.com
anaglyph
နေရာတစ်ခု၏ ဓါတ်ပုံနှစ်ခုကို ထပ်ပြီး ပြုလုပ်ထားသော စတီရီယိုဓါတ်ပုံ တစ်ခုဖြစ်သည်။ ဓါတ်ပုံများကို အများအားဖြင့် အနီရောင်နှင့် အပြာ သို့မဟုတ်အနီရောင်နှင့်အစိမ်းရောင်တို့ဖြင့် ရောစပ် ပြသထားပါသည်။ ၎င်းအရောင်များနှင့် သက်ဆိုင်သည့် ရောင်စစ် filter ဖြင့်ကြည့်ရှုသည့်အခါ ဓါတ်ပုံများကို သုံးဖက်မြင်ပုံရိပ်တစ်ခုအဖြစ် မြင်ရပါသည်။
ကိုးကား – wiki.gis.com
analog
အပိုင်းများစိတ်ပြီး ဖော်ပြခြင်းမဟုတ်ပဲ တစ်ဆက်တည်းဖော်ပြခြင်း ဖြစ်ပြီ မည်သည့်တိကျမှုဒီဂရီနှင့်မဆို တိုင်းတာနိုင်သည်။
ကိုးကား – wiki.gis.com
analog image – Analog ပုံ
ရိုးရိုးဖလင်ဓါတ်ပုံ ကဲ့သို့သော ပုံ။
ကိုးကား – wiki.gis.com
analysis – ခွဲခြမ်းစိတ်ဖြာခြင်း
သိပြီးသားအကြောင်းအရာတစ်ခုမှ သတင်းအချက်အလက်အသစ်ရရှိရန် ကိစ္စတစ်ခု သို့မဟုတ် ရှုပ်ထွေးသည့် အကြောင်းအရာတစ်ခုကို စနစ်တကျစစ်ဆေးခြင်း။
ကိုးကား – wiki.gis.com
analysis extent – တွက်ချက်မှု ပြုလုပ်မည့် နေရာ
တည်နေရာနှင့်ဆိုင်သောခွဲခြမ်းစိတ်ဖြာတွက်ချက်မှုလုပ်ဆောင်မည့်ဧရိယာနယ်နိမိတ်။ ထိုဧရိယာနယ်နိမိတ်ကို မျက်နှာချင်းဆိုင်ထောင့်များ၊ အထူးသဖြင့် ဘယ်ဖက်အောက်ထောင့်နှင့် ညာဖက်အပေါ်ထောင့်များ၏x,y ကိုဩဒီနိတ်များဖြင့် သတ်မှတ်ပါသည်။
ကိုးကား – wiki.gis.com
analysis mask
ဒစ်ဂျစ်တယ် မြေပုံရေးဆွဲရာတွင် မြေပုံအပြ ပိုကောင်းရန် အတွက် မြေပုံပေါ်ရှိ (အချို့) အရာများကို ဖုံးခြင်းကွယ်ခြင်းပြုလုပ်သည့် နည်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်စာသားများကို ပိုမိုရှင်းလင်းစွာဖတ်နိုင်စေရန်စာသားနောက်ဖက်ရှိ အရာများကိုဖုံးကွယ်ခြင်းဖြင့် ပိုမိုထင်ရှားအောင် ပြုလုပ်လေ့ရှိသည်။
ကိုးကား – wiki.gis.com
analysis of variance – ကွဲပြားမှု ခွဲခြမ်းစိတ်ဖြာခြင်း
တူညီသည့်နမူနာ (သို့မဟုတ်) ဦးရေမှရရှိသည့် အချက်အလက်များ၏ ဖြစ်နိုင်ချေ/ဖြစ်တန်စွမ်းကို ခန့်မှန်းရန် နှစ်ခု (သို့မဟုတ်) နှစ်ခုထက်များသည့် ဒေတာအစုများအတွက် ပျမ်းမျှတန်ဖိုးများမှကွဲပြားမှုကို အကဲဖြတ် လေ့လာရာတွင် အသုံးပြုသည့် စာရင်းအင်းဆိုင်ရာ နည်းလမ်းဖြစ်သည်။
ကိုးကား – wiki.gis.com
ancillary data
ဒီဂျစ်တယ်ဓါတ်ပုံတွက်ချက်ရာ၌ metadata တွေကို တည်ဆောက်ရန် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အမျိုးအစားခွဲခြင်းတို့တွင် အထောက်အကူပြုလေ့ရှိသော အဝေးမှအာရုံခံခြင်းမှ လွဲ၍ အရင်းအမြစ်များမှ ဒေတာများ အဖြည့်ခံအချက်အလက် ဒီဂျစ်တယ်နည်းဖြင့် ပုံများကိုင်တွယ်ရာတွင် တွက်ချက်မှုနှင့်အမျိုးအစားခွဲခြားခြင်းလုပ်ငန်းတွင် အထောက်အကူအဖြစ်သုံးသည့်ရင်းမြစ်များမှအချက်အလက် သို့မဟုတ် metadata ဖန်တီးရာတွင် အသုံးပြုလေ့ရှိသည့် အချက်အလက် ဖြစ်သည်။
ကိုးကား – wiki.gis.com
ancillary source – အပို အရင်းအမြစ်
အပို နောက်ဆက်တွဲ သတင်းအချက်အလက် အရင်းအမြစ်/ ထပ်ထည့်ထားသည့် သတင်းအချက်အလက် အရင်းအမြစ်။
ကိုးကား – wiki.gis.com
angular unit – ထောင့်နှင့်ဆိုင်သောယူနစ်
စက်လုံး (သို့မဟုတ်) ဘဲဥပုံ စက်လုံးပေါ်တွင် တိုင်းတာမှု ယူနစ်၊ ပုံမှန်အားဖြင့် ဒီဂရီဖြင့် ဖော်ပြလေ့ရှိသည်။ ဗဟိုမရီဒီရမ်နှင့် စံမျဉ်းပြိုင် ကဲ့သို့သော အချို့သော မြေပုံအရိပ်ချဇာတိကိန်းများကို ထောင့်ယူနစ်များအဖြစ် သတ်မှတ်ပါသည်။
ကိုးကား – wiki.gis.com
animation – အန်နီမေးရှင်း
ArcMap, ArcScene နှင့် ArcGlobe တို့ရှိ အဆက်မပြတ်ပြောင်းလဲတတ်သည့် အရာများကို ချိတ်ဆက်နေသည့် အရာဝတ္ထုများအဖြစ် လုပ်ဆောင်ပေးသည့် animation အပိုင်းများ စုစည်းထားမှုဖြစ်သည်။ animation တစ်ခုတွင် ပုံရိပ်ကို ဖြတ်သန်း၍ လမ်းညွှန်မှုအတိုင်းသွားလာခြင်း၊ ယာယီပြောင်းလဲခြင်းများကို ကြည့်ရှုခြင်း၊အလွှာ ဖောက်ထွင်းမြင်နိုင်မှု (သို့မဟုတ်) မြင်ကွင်း၏နောက်ခံ ကဲ့သို့သော အလွှာနှင့် မြင်ကွင်းများ၏ ဂုဏ်သတ္တိများကို ပြောင်းလဲပြင်ဆင်နိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။
ကိုးကား – wiki.gis.com
Animation Manager – အန်နီးမေးရှင်းမန်နေဂျာ
အန်နီးမေးရှင်းတစ်ခု၏ keyframe များ၊ tracksများနှင့် အချိန်စကေးများကို တည်းဖြတ်နိုင်ပြီး အန်နီးမေးရှင်းတစ်ခု၏ ကြာချိန်ကို စီမံလုပ်ဆောင်၍ ကြိုတင်ကြည့်ရှုနိုင်သည့် ArcMap၊ ArcScene နှင့် ArcGlobe ရှိ အင်တာဖေ့စ်တစ်ခုဖြစ်ပါသည်။
ကိုးကား – wiki.gis.com
anisotropic
အများအားဖြင့် မျက်နှာပြင်တစ်ခုပေါ် တွင် ရွေ့လျားမှု (သို့မဟုတ်) ဂုဏ်သတ္တိ အကြောင်းအရာများ၏ မညီညာသည့် တည်နေရာပျံ့နှံ့မှုပုံစံ။
ကိုးကား – wiki.gis.com
anisotropy
နေရာဒေသနှစ်ခုကြားရှိ အကွာအဝေး နှင့် အရပ်မျက်နှာ နှစ်ခု အရ ပြောင်းလဲသည့် တည်နေရာ မှီခိုမှု ရှိသည့် ဒေတာ (သို့မဟုတ်) လုပ်ငန်းစဉ်တစ်ခု၏ ဂုဏ်သတ္တိတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
annotation – မှတ်စု
မြေပုံဖတ်ရှုသူအတွက် သတင်းအချက်အလက်ပေးသည့် မြေပုံပေါ်ရှိ စာသား (သို့မဟုတ်) ဂရပ်ဖစ်များ ကို ခေါ်ဝေါ်သည့် မြေပုံရေးဆွဲသည့်အတတ်ပညာသုံး အသုံးအနှုံးဖြစ်သည်။ မှတ်စုသည် မြေပုံပေါ်ရှိ အရာဝတ္ထုတစ်ခုကို ဖော်ပြခြင်း၊ နေရာတစ်ခုအကြောင်းဖော်ပြခြင်း (သို့မဟုတ်) ယင်းမြေပုံအကြောင်းဖော်ပြခြင်း တို့ပြုလုပ်ပေးသည်။
ကိုးကား – wiki.gis.com
annotation layer – annotation အလွှာ
annotation ကို ရည်ညွှန်းကိုးကားသည့် အလွှာတစ်ခုဖြစ်သည်။ annotation အတွက် သိမ်းဆည်းထားသည့် သတင်းအချက်အလက်များတွင် စာသားများ၊ ၎င်းစာသားများ၏နေရာ နှင့် ဂုဏ်သတ္တိ (display characteristics) များပါဝင်သည်။
ကိုးကား – wiki.gis.com
ANOVA – ကွဲပြားမှု ခွဲခြမ်းစိတ်ဖြာခြင်း
တူညီသည့်နမူနာ သို့မဟုတ် ဦးရေမှရရှိသည့် အချက်အလက်များ၏ ဖြစ်နိုင်ချေ/ဖြစ်တန်စွမ်းကို ခန့်မှန်းရန် နှစ်ခု (သို့မဟုတ်) နှစ်ခုထက်များသည့် ဒေတာအစုများအတွက် ပျမ်းမျှတန်ဖိုးများမှကွဲပြားမှုကို အကဲဖြတ် လေ့လာရာတွင် အသုံးပြုသည့် စာရင်းအင်းဆိုင်ရာ နည်းလမ်းဖြစ်သည်။
ကိုးကား – wiki.gis.com
ANSI – ကွဲပြားမှု ခွဲခြမ်းစိတ်ဖြာခြင်း
တူညီသည့်နမူနာ (သို့မဟုတ်) ဦးရေမှရရှိသည့် အချက်အလက်များ၏ ဖြစ်နိုင်ချေ/ဖြစ်တန်စွမ်းကို ခန့်မှန်းရန် နှစ်ခု (သို့မဟုတ်) နှစ်ခုထက်များသည့် ဒေတာအစုများအတွက် ပျမ်းမျှတန်ဖိုးများမှကွဲပြားမှုကို အကဲဖြတ် လေ့လာရာတွင် အသုံးပြုသည့် စာရင်းအင်းဆိုင်ရာ နည်းလမ်းဖြစ်သည်။
ကိုးကား – wiki.gis.com
Ant
အပ်ပလီကေးရှင်းများတည်ဆောက်မှုလုပ်ထုံးလုပ်နည်းများကို စီမံခန့်ခွဲသည့် Apache ဆော့ဖ်ဝဲဖောင်ဒေးရှင်းမှ ဂျားဗားအခြေပြု tool တစ်ခုဖြစ်၍ open-source တစ်ခုဖြစ်ပါသည်။
ကိုးကား – wiki.gis.com
antipode
စက်လုံးတစ်ခု၏ မျက်နှာပြင်ပေါ်ရှိ အမှတ်တစ်ခုမှ ၁၈၀ ဒီဂရီ (ဆန့်ကျင်ဘက်)တွင် ရှိသော အမှတ်တစ်မှတ်ဖြစ်သည်။ စက်လုံး၏အလယ်ဗဟိုကိုဖြတ်၍ ထိုအမှတ်နှစ်ခုကို ဆက်သွယ်ထားသည့် မျဉ်းသည် စက်လုံး၏ အချင်းအမှန်ဖြစ်ပါသည်။
ကိုးကား – wiki.gis.com
anywhere fix – မည်သည့်နေရာတွင် မဆို တွက်ချက်ရှိသော တည်နေရာ
ရောက်နေသည့် တည်နေရာ (သို့မဟုတ်) ဒေသစံတော်ချိန်ကို မသိပဲ GPS မှ တွက်ချက်ပေးသည့် တည်နေရာအချက်အလက်တစ်ခုဖြစ်ပါသည်။
ကိုးကား – wiki.gis.com
AOI
မြေပုံရေးဆွဲထုတ်လုပ်ရန် (သို့မဟုတ်) database တစ်ခုပြုလုပ်ရန် နေရာတစ်ခုကို သတ်မှတ်သည့် အတိုင်းအတာ အကျယ်အဝန်းဖြစ်သည်။
ကိုးကား – wiki.gis.com
aphylactic projection – aphylactic အရိပ်ချခြင်း
အကျယ်အဝန်းတူညီခြင်း၊ ပုံသဏ္ဌာန်တူညီခြင်း သို့မဟုတ် အကွာအဝေးတူညီခြင်း စသည့် ဂုဏ်သတ္တိများ မရှိသည့် အရိပ်ချနည်းဖြစ်သည်။ အပေးအယူ အရိပ်ချနည်းသည် ဤ ဂုဏ်သတ္တိများ ကြားမျှတရန် ကြိုးပမ်းခြင်းဖြစ်ပြီး အကြောင်းပြ မြေပုံရေးဆွဲရာတွင် အသုံးပြုပါသည်။
ကိုးကား – wiki.gis.com
API
application programming interface ၏အတိုကောက်စကားလုံးဖြစ်ပါသည်။ အပ်ပလီကေးရှင်း တီထွင်သူမှ ဆော့ဖ်ဝဲပရိုဂရမ်တစ်ခုကို တည်ဆောက်ရန် (သို့မဟုတ်) ပြုလုပ်ရန် အသုံးပြုသည့် အင်တာဖေ့စ်များ၊ နည်းလမ်းများ၊ စည်းမျဉ်းများ၊ ကရိယာများဖြစ်ကြသည်။ ကြိုတင်ရေးသား စစ်ဆေး၊ မှတ်တမ်းတင်ထားသော ကုဒ်တွဲများ building blocks များပါရှိခြင်းကြောင့် API ဖြင့် ပရိုဂရမ်တစ်ခု တည်ဆောက်ရန်ပိုမိုလွယ်ကူပါသည်။ APIs များကို မည်သည့် ပရိုဂရမ်းမင်းဘာသာစကားအတွက်မဆို တည်ဆောက်နိုင်ပါသည်။
ကိုးကား – wiki.gis.com
apogee
ပတ်လမ်းတစ်ခုပေါ်ရှိ အရာဝတ္ထုနှင့် ပတ်လမ်းဗဟိုရှိ အရာဝတ္ထုတို့ အဝေးဆုံးအနေအထားဖြစ်သည့် ပတ်လမ်းပေါ်ရှိနေရာ။
ကိုးကား – wiki.gis.com

APP-6A
NATO (North Atlantic Treaty Organization) မှ ထုတ်ပြန်ထားသော စစ်ဖက်ရေးရာ သင်္ကေတ သတ်မှတ်ချက်တစ်မျိုးဖြစ်သည်။ APP-6A သည် MIL-STD-2525A ပေါ်တွင် အခြေခံထားပြီး MIL-STD-2525B ထက် ရှေးကျပါသည်။
ကိုးကား – wiki.gis.com
appending – အဆုံးမှထည့်ခြင်း
ဒေတာအရင်းအမြစ်များစွာမှ feature များကို ရှိပြီးသား အမျိုးအစားတူဒေတာအစုထဲသို့ ပေါင်းထည့်ခြင်းဖြစ်ပါသည်။
ကိုးကား – wiki.gis.com
applet
အများအားဖြင့် Web browser တစ်ခုအတွင်းမှ ဆောင်ရွက်သည့် အသေးစားပရိုဂရမ် တစ်မျိုးဖြစ်သည်။ Applet များသည် ပလက်ဖောင်းများစွာတွင် အလုပ်လုပ်နိုင်သည်။ ထို့အပြင် applet ကိုလက်ခံသည့်အပ်ပလီကေးရှင်းများ သို့မဟုတ် စက်ပစ္စည်းများတွင်လည်း အသုံးပြုနိုင်ပါသည်။
ကိုးကား – wiki.gis.com
application – အသုံးချခြင်း
နယ်ပယ်တစ်ခုအတွင်းတွင် ပြဿနာ ကိစ္စရပ်များကို ဖြေရှင်းရန်၊ လုပ်ငန်းများ အလိုအလျောက်လုပ်ဆောင်ရန် သို့မဟုတ် သတင်းအချက်အလက်များ ဖော်ထုတ်ရန် GIS နည်းပညာကို အသုံးပြုခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် GIS နည်းပညာကို စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးချမှုသည် မြေဆီလွှာအမျိုးအစားနှင့် ယခင် သီးနှံထွက်နှုန်းပြ မြေပုံပေါ် အခြေခံ၍ မြေဩဇာလိုအပ်မှုကို ဆုံးဖြတ်ခြင်း/တွက်ချက်ခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
application programming interface
API ဟုအသုံးများပါသည်။ အပ်ပလီကေးရှင်း တီထွင်သူမှ ဆော့ဖ်ဝဲပရိုဂရမ်တစ်ခုကို တည်ဆောက်ရန် (သို့မဟုတ်) ပြုလုပ်ရန် အသုံးပြုသည့် အင်တာဖေ့စ်များ၊ နည်းလမ်းများ၊ စည်းမျဉ်းများ၊ ကရိယာများဖြစ်ကြသည်။ ကြိုတင်ရေးသား စစ်ဆေး၊ မှတ်တမ်းတင်ထားသော ကုဒ်တွဲများ building blocks များပါရှိခြင်းကြောင့် API ဖြင့် ပရိုဂရမ်တစ်ခု တည်ဆောက်ရန်ပိုမိုလွယ်ကူပါသည်။ APIs များကို မည်သည့် ပရိုဂရမ်းမင်းဘာသာစကားအတွက်မဆို တည်ဆောက်နိုင်ပါသည်။
ကိုးကား – wiki.gis.com
application server – အပ်ပလီကေးရှင်းဆာဗာ
သုံးစွဲသူဖက်မှ အပ်ပလီကေးရှင်းမှတဆင့် တောင်းဆိုချက်များကို လက်ခံယူပြီး အဖြေများကို အသုံးပြုသူများထံသို့ ပြန်ပို့ပေးသော ကွန်ပျူတာ ပရိုဂရမ်တစ်မျိုးဖြစ်ပါသည်။
ကိုးကား – wiki.gis.com
arbitrary symbol – အညွှန်းသင်္ကေတ
မူလအရာ နှင့် ပုံစံမတူသည့် သင်္ကေတ။ ဥပမာအားဖြင့် မြို့တစ်မြို့ကို ကိုယ်စားပြုဖော်ပြရန်အသုံးပြုသည့် စက်ဝိုင်း၊ သို့မဟုတ် ကျောင်းတစ်ကျောင်းကို ကိုယ်စားပြုဖော်ပြသည့် တြိဂံတိုဖြစ်သည်။
ကိုးကား – wiki.gis.com
arc – မျဉ်းပိုင်း
မြေပုံပေါ်တွင် x,y ကိုဩဒီနိတ် (အမှတ်) များကို အစဉ်လိုက်ဆက်ထားပြီးဖြစ်သလာသည့် အရာ တစ်ခုဖြစ်သည်။ Arc တစ်ခုသည် မျဉ်းဖြောင့် သို့မဟုတ် မျဉ်းကွေးဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com
arc second – အာ့ခ်စက္ကန့်
လတ္တီတွဒ် သို့မဟုတ်လောင်ဂျီတွဒ်၏ တစ်မိနစ်တွင် ခြောက်ဆယ်ပုံ တစ်ပုံနှင့်ညီမျှသောထောင့်။
ကိုးကား – wiki.gis.com
ArcCatalog
ArcCatalog သည် ပထဝီဝင်ဆိုင်ရာ အချက်အလက်များကို စီမံခန့်ခွဲရန်အတွက် ArcGIS suite အတွင်းရှိ application တစ်ခုဖြစ်ပြီး ၎င်းသည် windows file explorer နှင့်ဆင်တူသည်။
ကိုးကား – gisgeography.com

ArcGIS
ArcGIS သည် Environmental Systems Research Institute (Esri) မှ ထုတ်လုပ်ထားသော GIS software package တစ်ခုဖြစ်သည်။ ပထဝီဆိုင်ရာအချက်အလက်များကို စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်း၊ ပုံဖော်ခြင်း၊ ဒေတာတင်ပို့ခြင်း၊ ခွဲခြားဆန်းစစ်မှုများပြုလုပ်ခြင်းနှင့် မြေပုံများရေးဆွဲခြင်းများကို ပြုလုပ်နိုင်သည်။
ကိုးကား – gisgeography.com

ArcGIS Online
ArcGIS ထုတ်ကုန်များနှင့် အင်တာနက်ပေါ်ရှိ GIS အပလီကေးရှင်းများ၌ အသုံးပြုရန်အတွက် ESRI မှဖန်တီးထားသော ဝက်ဘ်ဆိုက်အခြေပြုမြေပုံများ၊ ကမ္ဘာလုံးဆိုင်ရာနှင့် အခြားသော ဒေတာနှင့် ဝန်ဆောင်မှုများ အစုအဖွဲ့။
ကိုးကား – wiki.gis.com
ArcGIS Pro
ArcGIS Pro သည် ribbon အားအခြေခံထားသည့် လုပ်ဆောင်ချက်ကြားခံနယ်၊ ပရောဂျက်ဖိုင်များနှင့် 64-bit processing စနစ်တို့ပါဝင်သော Esri ၏ နောက်ဆုံးထွက်ရှိထားသော GIS software ဖြစ်သည်။
ကိုးကား – gisgeography.com
ArcGIS Spatial Analyst
တည်နေရာဆိုင်ရာ မော်ဒယ်များ တည်ဆောက်ခြင်းနှင့် မြေပြင်ရှိအရာများကို ခွဲခြမ်းစိတ်ဖြာခြင်းများ လုပ်ဆောင်နိုင်သည့် ArcGIS extension ဖြစ်ပါသည်။ ArcGIS Spatial Analyst ဖြင့် raster ဒေတာများ ဖန်တီးခြင်း၊ စစ်ထုတ်ခြင်း (querying)၊ မြေပုံရေးဆွဲခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းများ နှင့် vector-raster ခွဲခြမ်းစိတ်ဖြာခြင်းများကို လုပ်ဆောင်နိုင်ပါသည်။
ကိုးကား – wiki.gis.com
arcgisant
ဝက်ဘ်အပ်ပလီကေးရှင်းများ ဖန်တီး အသုံးပြုရန် Apache Ant tool ကို စတင်လုပ်ဆောင်စေသည့် Java ADF ဖြင့်ပြုလုပ်ထားသော command ဖြစ်ပါသည်။
ကိုးကား – wiki.gis.com
ArcGlobe
ArcGlobe သည် ကမ္ဘာလုံးဆိုင်ရာ datasets များနှင့် ကြီးမားသော လေ့လာမှုဧရိယာများအတွက် အထူးပြုထားသော Esri ArcGIS suite (3D analyst) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် 3D မြင်ကွင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုလုပ်ဆောင်ချက်များ ပါသည်။
ကိုးကား – gisgeography.com
architecture
အပ်ပလီကေးရှင်းတစ်ခု သို့မဟုတ် ဆော့ဖ်ဝဲယားတစ်ခု၏ အတွင်းပိုင်း ဒီဇိုင်းဖြစ်သည်။ ဆော့ဖ်ဝဲယား (သို့မဟုတ်) ကွန်ပျူတာ/ဟာ့ဒ်ဝဲယား အစိတ်အပိုင်းများကို အလုပ်လုပ်ဆောင်ပေးသည့် ယူနစ် functioning unit တစ်ခုအဖြစ် စုစည်းထား ခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
archive – မှတ်တမ်း
စီဒီများ၊ ဓါတ်ပြားများ (သို့မဟုတ်) တိတ်ခွေများကဲ့သို့ ကြာရှည်ခံ ပစ္စည်းတစ်ခုထဲတွင် သိမ်းဆည်းထားသော သတင်းအချက်အလက် (သို့မဟုတ်) ဒေတာအစုအစည်းဖြစ်ပါသည်။ သတင်းအချက်အလက်များကို လုံခြုံမှုရှိစေရန် (သို့မဟုတ်) သိမ်းဆည်းထားရန် မှတ်တမ်းအဖြစ်ထိန်းသိမ်းထားနိုင်ပါသည်။
ကိုးကား – wiki.gis.com
archiving – သိမ်းဆည်းခြင်း
ArcGIS နှင့် ArcSDE တို့ရှိ geodatabase တစ်ခုထဲတွင် အရာဝတ္ထုများ နှင့် မှတ်တမ်းများကို သိမ်းဆည်းပြီး ဗားရှင်းတစ်ခုအဖြစ် ဖော်ပြသည့် နည်းလမ်း (သို့မဟုတ်) ပြင်ဆင်တည်းဖြတ်မှုများကို တိုက်ရိုက်သိမ်းဆည်းနိုင်သည့် နည်းလမ်းတစ်မျိုးဖြစ်သည်။ Archiving သည် ပြန်လည်ကြည့်ရှုနိုင်မည့် အတိတ်အချက်အလက်များ၏ အစဉ်အဆက် မှတ်တမ်းတစ်ခုကိုတည်ဆောက်ပေးသည်။
ကိုးကား – wiki.gis.com
ArcObjects
ArcGIS ၏ အခြေခံအုတ်မြစ်ဖြစ်သော ဆော့ဖ်ဝဲလ် အစိတ်အပိုင်းများ library တစ်ခုဖြစ်သည်။ ArcGIS Desktop၊ ArcGIS Engine နှင့် ArcGIS Server အားလုံးကို ArcObjects libraries များဖြင့် တည်ဆောက်ထားပါသည်။
ကိုးကား – wiki.gis.com
ArcScene
ArcScene သည် သေးငယ်သော ဧရိယာမြင်ကွင်းများကို အထူးပြုထားသော Esri ArcGIS suite (3D analyst) အပ်ပလီကေးရှင်းများ ၏ 3D feature နှင့် raster viewer အပိုင်းဖြစ်သည်။
ကိုးကား – gisgeography.com
ArcSDE
relational database management system (RDBMS) တစ်ခုဖြင့် ပထဝီဝင်ဆိုင်ရာအချက်အလက်များကို စီမံခန့်ခွဲပေးသော နည်းပညာ။ ArcSDE သည် ArcGIS ပလက်ဖောင်း၏ အစိတ်အပိုင်းဖြစ်ပြီး ၎င်းသည် ArcGIS နှင့် ဒေတာဘေ့စ်များကြားရှိ ဒေတာဆာဗာဖြစ်သည်။ ကွန်ယက်တစ်ခုပေါ်ရှိ အသုံးပြုသူများအကြားတွင် ပထဝီဝင်အချက်အလက်များကို ဖြန့်ဝေနိင်ရန်နှင့် ပုဂ္ဂလိကသုံး၊ အဖွဲ့သုံး၊ လုပ်ငန်းသုံး အရွယ်အစားအမျိုးမျိုးတွင် ArcSDE ကို ကျယ်ပြန့်စွာအသုံးပြုကြသည်။
ကိုးကား – wiki.gis.com
ArcToolbox
ArcGIS ရှိ geoprocessing tool များ၊ မော်ဒယ်များနှင့် scripts များ ရယူအသုံးပြုခြင်း၊ စုစည်းခြင်း နှင့်စီမံခန့်ခွဲခြင်း များအတွက်အသုံးပြုသည်။
ကိုးကား – wiki.gis.com
are
Area ဆိုသည်မှာ တဆက်တည်း raster ဆဲလ်များ ဖြင့် (သို့မဟုတ်) အနားသတ်လိုင်းအား ဖြင့် အပိတ်ဖြစ်နေသောအရာ ဖြစ်သည်။
ကိုးကား – wiki.gis.com
area
Area ဆိုသည်မှာ တဆက်တည်း raster ဆဲလ်များ ဖြင့် (သို့မဟုတ်) ၎င်း၏ အနားသတ်လိုင်းအား ဖြင့် အပိတ်ဖြစ်နေသောအရာ ဖြစ်သည်။ wiki.gis.com
area chart – ဧရိယာဂရပ်
ဒေတာ ၂ခု (သို့မဟုတ်) ၂ခုထက်ပိုသော ဒေတာအုပ်စုများ၏ ခြားနားချက်ကို အလေးထားဖော်ပြသည့် ဂရပ် ဖြစ်သည်။ ဥပမာအားဖြင့် နှစ်တစ်နှစ်မှ နောက်လာမည့်နှစ်များအတွင်း လူဦးရေ ပြောင်းလဲလာမှုကို ဖော်ပြခြင်း။ ပုံမှန်အားဖြင့် ကိုယ်အလေးပေးဖော်ပြချင်သော ဧရိယာကို အရောင်အပြည့်ချယ်လေ့ရှိသည်။
ကိုးကား – wiki.gis.com
area of adjustment – ဧရိယာ ညှိခြင်း
Survey Analyst – Cadastral Editor တွင် least-square နည်းဖြင့် ကိုက်ညှိရန် ရွေးချယ်ထားသော တဆက်တစပ်တည်းရှိသော မြေအကွက်များအတွဲ။
ကိုးကား – wiki.gis.com
area of interest – ဦးစားပေးဧရိယာ
မြေပုံတစ်ခု (သို့မဟုတ်) ဒေတာသိမ်းဆည်းရာ တွင် ဦးစားပေးအဖြစ် သတ်မှတ်လေ့ရှိသည့် နေရာအကျယ်အဝန်းအတိုင်းအတာဖြစ်သည်။
ကိုးကား – wiki.gis.com
areal scale – ဧရိယာစကေး
မြေပုံတစ်ခုပေါ်ရှိ အလျား (သို့မဟုတ်) ဧရိယာ နှင့် မြေပြင်ပေါ်တွင် ကိုယ်စားပြုသော အလျား (သို့မဟုတ်) ဧရိယာ၏ ဆက်သွယ်ချက် (သို့မဟုတ်)အချိုး ဖြစ်သည်။ များသောအားဖြင့် အပိုင်းဂဏန်း (သို့မဟုတ်) အချိုး အဖြစ်ဖော်ပြလေ့ရှိသည်။ မြေပုံစကေး ၁/၁၀၀,၀၀၀ (သို့မဟုတ်) ၁:၁၀၀,၀၀၀ သည် မြေပုံပေါ်ရှိ ၁ ယူနစ် အတိုင်းအတာ သည် မြေပြင်ပေါ်တွင် ၎င်းယူနစ်ပေါင်း ၁၀၀,၀၀၀ ဖြင့် တူညီသည်ဟု ဆိုလိုသည်။
ကိုးကား – wiki.gis.com
argument – ဆိုလိုရင်းအကြောင်းပြချက်
ကွန်ပြူတာ ဖြင့် တွက်ချက် ရာတွင် လုပ်ဆောင်ချက်၊ ခိုင်းစေချက် (သို့) ပရိုဂရမ် တစ်ခုအတွင်းထည့်သွင်းပေးရသည့် တန်ဖိုးတစ်ခု (သို့မဟုတ်) ဖော်ပြချက်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
arithmetic expression – ဂဏန်းသင်္ချာဆိုင်ရာ ဖော်ပြချက်
ဂဏန်းတစ်ခု၊ ကိန်းရှင်တစ်ခု၊ လုပ်ဆောင်ချက်တစ်ခု သို့မဟုတ် ၎င်းတိုအားလုံး ကို အော်ပရေတာများသုံးပြီး သို့မဟုတ် ကွင်းများအတွင်းထည့်သွင်းခြင်းဖြင့် တွကချက်ကာ အဖြေဂဏန်းတစ်ခုကို ရရှိစေသည့် ဖော်ပြချက်ဖြစ်သည်။
ကိုးကား – wiki.gis.com
arithmetic function – ဂဏန်းသင်္ချာဆိုင်ရာ လုပ်ဆောင်ချက်
raster ပုံတစ်ခုအတွင်းရှိ ဆဲလ်အကွက်များ၏ တန်ဖိုးကို တွက်ချက်သည့် သင်္ချာဆိုင်ရာ လုပ်ဆောင်ချက် အမျိုးအစား တစ်မျိုး ဖြစ်သည်။ ArcGIS Spatial Analyst တွင် Abs, Int, Float, Round up (Ceil), Round down (Floor) and Negate ဟူ၍ ဂဏန်းသင်္ချာဆိုင်ရာ လုပ်ဆောင်ချက် (၆)မျိုး ရှိသည်။
ကိုးကား – wiki.gis.com
arithmetic operator
Expression တစ်ခုတွင်ပါဝင်သော တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသော အော်ပရေတာများနှင့် တွက်ချက်ရသော လုပ်ငန်း သို့မဟုတ် လုပ်ငန်းစဉ်တစ်ခုကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဥပမာ “+” (ပေါင်းခြင်း) နှင့် “>”(ပိုကြီးခြင်း)။ အဆင့်အလိုက်ဖြေရှင်းမှုပြုလုပ်သောအခါ အော်ပရေတာများသည် အဖြေအဖြစ် တန်ဖိုးတစ်ခုကိုထုတ်ပေးသည်။ Expression တစ်ခုတွင် အော်ပရေတာများစွာပါဝင်ပါက အော်ပရေတာ ဦးစားပေးအစီအစဉ်အလိုက် ဖြေရှင်းသည်။
ကိုးကား – wiki.gis.com
ASCII – အားစ်ကီး တန်ဖိုး
American Standard Code for Information Interchange ၏ အတိုကောက် အသုံးအနှုံးဖြစ်သည်။ ကွန်ပြူတာနှင့် အင်တာနက် ရှိ စာသား ဖိုင်များ အတွက် စံတစ်ခုဖြစ်သည်။ 7-bit binary (ဂဏန်း ၇ လုံးတွဲ ပါ သုည/တစ် များ) ဖြင့် အက္ခရာ၊ ဂဏန်း နှင့် အထူးစာလုံး များ အပါဝင် စာလုံးပုံစံပေါင်း ၁၂၈ လုံးကို သတ်မှတ်ပေးသည်။
ကိုးကား – wiki.gis.com
aspatial data
တည်နေရာအချက်အလက်အရည်အသွေး မပါရှိသည့် ဒေတာဖြစ်သည်။ ဥပမာ – တွဲဖက်ဇယားပါ အချက်အလက်များ။
ကိုးကား – wiki.gis.com
aspatial query
အချက်အလက် တန်ဖိုးအရ အရာဝတ္ထုများ ၏ ဇယားပါ မှတ်တမ်း များကို တောင်းခံချက်ဖြစ်သည်။
ကိုးကား – wiki.gis.com
aspect ratio – မြင်ကွင်း အချိုး
ပုံရိပ်/မြင်ကွင်းတစ်ခုတွင် ထောင့်မှန်ကျနေသည့် အကျယ်နှင့်အမြင့်တို့၏ အကွာအဝေးအချိုးအစားကို ဆိုလိုသည်။ ဥပမာ – ကွန်ပျုတာ monitor ၏ မြင်ကွင်းအချိုးအစား သည် ၄း၃ ဖြစ်သည်။
ကိုးကား – wiki.gis.com
assumed bearing – တည်နေရာရပ်ညွန်းကိန်း အတုအယောင်
မရီဒီယံမျဉ်းအဖြစ်လက်တန်းရွေးချယ်ထားသောမျဉ်းတစ်ကြောင်း မှတိုင်းတာထားသည့် ရပ်ညွှန်းထောင့်ဖြစ်သည်
ကိုးကား – wiki.gis.com
asynchronous
အချိန်ကိုက်မဟုတ်သော၊ တစ်ပြိုင်တည်းမဖြစ်သော၊ တစ်ချိန်တည်းတွင် အတူတကွ ဖြစ်ပေါ်ချင်းမရှိသော။
ကိုးကား – wiki.gis.com
atlas – မြေပုံများ/မြေပုံစာအုပ်
များသောအားဖြင့် သီးခြားဧရိယာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုနှင့် ဆက်စပ်ပြီး စုစည်းတင်ပြထားသော မြေပုံများ။ ဥပမာအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ မြေပုံများ၊ သမိုင်းဝင်မြေပုံများ၊ ဇီဝမျိုးစုံမျိုးကွဲ မြေပုံများ ပါဝင်ပါသည်။
ကိုးကား – wiki.gis.com
atmospheric window – လေထုတံခါးပေါက်
လေထုအတွင်း အနှောက်အယှက် ခံရမှုနည်းပါးစွာဖြင့် ဖြတ်သန်းသွားနိုင်သည့် လျှပ်စစ်သံလိုက်ရောင်စဉ်တန်း၏ အလှိုင်းအလျားအစိတ်အပိုင်းများ ဖြစ်သည်။
ကိုးကား – wiki.gis.com
atomic clock – အဏုမြူနာရီ
အဏုမြူဓါတ်ပြုမှုတစ်ခုမှ ထွက်ပေါ်လာသော ရောင်ခြည်ဖြာမှုကြိမ်နှုန်းဖြင့် အလွန်တိကျသော အချိန်ကိုမှတ်သားနိုင်သည့် နာရီဖြစ်သည်။ အဏုမြူနာရီ ကို စံအချိန်များကို သတ်မှတ်ရာတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
attenuation – အားလျော့မှုဖြစ်ခြင်း
အလင်းနှင့် အခြားဖြာထွက်လှိုင်းများ လေထုကိုဖြတ်သန်းချိန်တွင် လေထုမှစုတ်ယူခြင်းနှင့် ဖြန့်ထွက် အလင်းပြန်ခြင်းကြောင့် ဂြိုလ်တုဓါတ်ပုံများတွင်အရောင်မှိန်ခြင်းနှင့် မြင်ကွင်းမကြည်မလင်ဝေဝါးခြင်း တို့ကိုဖြစ်ပေါ်စေနိုင်သည့်ဖြစ်စဉ်ကို ဆိုလိုသည်။
ကိုးကား – wiki.gis.com
attractiveness – အာရုံဖမ်းစားနိုင်စွမ်း/စွဲဆောင်နိုင်စွမ်း
နေရာတစ်ခု(သို့မဟုတ်) အဆောက်အဦးးတစ်ခု၏ ဝယ်ယူ၊ငှားယူနိုင်ချေရှိသူများကိုဆွဲဆောင်နိုင်သည့် ဂုဏ်သတ္တိ၊အချက်အလက်များ(သို့မဟုတ်) အားသာချက်များအားလုံးပေါင်းကိုဆိုလိုသည်။
ကိုးကား – wiki.gis.com
attribute – အချက်အလက်
GIS တွင်ရှိသည့် ပထဝီဝင်ဆိုင်ရာအရာတစ်ခု၏ nonspatial အချက်အလက်များဖြစ်သည်။ များသောအားဖြင့် ဇယားတစ်ခုအဖြစ် သိမ်းဆည်းထားပြီး မူလအရာ နှင့် ထိုဇယားအချက်အလက်ကို သီးသန့်အမှတ် (unique identifier) ဖြင့် ချိတ်ဆက်ထား သည်။ ဥပမာ – မြစ်တစ်ခု၏ attribute အချက်အလက်တွင် ၎င်း၏အမည်၊ အလျား နှင့် တိုင်းတာရေးစခန်းနေရာရှိ မြစ်ရေ၏အနည်ပမာဏ တို့ပါဝင်နိုင်သည်။
ကိုးကား – wiki.gis.com
attribute data – အချက်အလက်များ
အသွင်အပြင်များ (features) ၏ ပထဝီဆိုင်ရာဝိသေသလက္ခဏာများကို ဖော်ပြထားသော ဇယားဒေတာ သို့မဟုတ် စာသားဒေတာ။
ကိုးကား – wiki.gis.com
attribute query – အချက်အလက်မေးမြန်းစုံစမ်းခြင်း/အချက်အလက်တောင်းခံခြင်း
ဇယားပါအချက်အလက်များကို အခြေခံပြီး ဇယားတစ်ခုရှိမှတ်တမ်း(rows)များကို ရှာခိုင်းခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
attribute table – အချက်အလက်ဇယား
ပထဝီဝင်ဆိုင်ရာ အသွင်အပြင်များနှင့် သက်ဆိုင်သော အချက်အလက်များပါဝင်သည့် ဒေတာဘေ့စ်တစ်ခုသို့မဟုတ် ဇယားပါသော ဖိုင်တစ်ခု ဖြစ်သည်။အတန်း(row) တစ်ခုစီသည် အကြောင်းအရာ/အရာဝတ္ထုတစ်ခုကိုကိုယ်စားပြုပီး ကော်လံတစ်ခုစီသည် ယင်းအကြောင်းအရာ/အရာဝတ္ထု၏ အချက်အလက်တစ်ခုကို ကိုယ်စားပြုသည်။ raster dataset များတွင် ဇယား၏ အတန်းတစ်ခုသည် တန်ဖိုးတူ ဆဲလ်ဇုန်တစ်ခုကို ကိုယ်စားပြုသည်။ GIS တွင် အချက်အလက်ဇယားသည် spatial data layers များနှင့် ချိတ်ဆက်ထားသည်။ ၎င်းတွင်ပါသော အချက်အလက်များဖြင့် အရာဝတ္ထုများ (features) သို့မဟုတ် raster cells များကို ရှာဖွေခြင်း၊ စီစစ်ခြင်းနှင့် အမှတ်အသား ပြုလုပ်ခြင်းတို့ပြုလုပ်ရန် အသုံးပြုနိုင်ပါသည်။
ကိုးကား – wiki.gis.com
authorization – ခွင့်ပြုချက် ပေးခြင်း
ဆော့ဝဲမှတ်ပုံတင်ခြင်းလုပ်ငန်းပြီးစီးခြင်းဖြစ်သည်။ ခွင့်ပြုချက်ရယူနေစဉ်အတွင်း တစ်ဦးသုံး (သို့မဟုတ်) ဆာဗာသုံးဆော့ဝဲ နှင့်/သို့မဟုတ် ဆက်စပ် ဆော့ဝဲများကို ထည်သွင်းမှတ်ပုံတင်ခြင်း နှင့် ခွင့်ပြုချက်ဖိုင်တစ်ခုကို ဆော့ဖ်ဝဲလ်အသုံးပြုသူထံသို့ ထုတ်/ပို့ပေးခြင်းတို့ပါဝင်သည်။
ကိုးကား – wiki.gis.com
automated cartography – အလိုလျောက်မြေပုံထုတ်ခြင်း
မြေပုံထုတ်ခြင်းလုပ်ငန်းတွင်ပါဝင်သည့် လုပ်ငန်းအစိတ်အပိုင်းများစွာကို လုပ်ဆောင်ပေးသော ကွန်ပျူတာစနစ်သုံး မြေပုံထုတ်သည့် လုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
automated text placement – စာသားများကို အလိုလျောက်နေရာချခြင်း
ဆော့ဖ်ဝဲလ်အသုံးပြုသူ ချမှတ်ပေးလိုက်သောစည်းမျဉ်းများအရ ဒီဂျစ်တယ်မြေပုံတစ်ခုရှိ အရာဝတ္တုများ အပေါ်တွင် (သို့မဟုတ်) နံဘေးတွင် စာသားများကို ဆော့ဝဲလ်က အလိုလျောက်နေရာချပေးသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။
ကိုးကား – wiki.gis.com
autovectorization – အလိုလျောက် Vectorဒေတာသို့ ပြောင်းလဲခြင်း
Raster ဒေတာပေါ်တွင် ကပ်လျက်တည်ရှိသော တန်ဖိုးတူ (သို့မဟုတ်) တန်ဖိုးနီးပါးတူသည့် ဆဲလ်အကွက်များကို အလိုလျောက်ခြေရာခံကာ Vector ဒေတာသို့ပြောင်းလဲပေးခြင်း။
ကိုးကား – wiki.gis.com
availability – ရရှိနိုင်မှု
Dataset တစ်ခု (သို့မဟုတ်) အခြားသောအရာဝတ္တုများကို အလွယ်တကူတွေ့နိုင်၊ ရရှိနိုင်မှု အတိုင်းအတာ။
ကိုးကား – wiki.gis.com
Avenue
ArcView 3.x တွင်အသုံးပြုထားသော object-oriented ပရိုဂရမ်မင်းဘာသာစကား ဖြစ်ပါသည်။ Avenue သည် ArcView 3.x ကို လိုသလိုပြင်ဆင်ရန် နှင့် ArcView 3.x အက်ပလီကေးရှင်းများ ဖန်တီးရန်အတွက် ကိရိယာ tools တွေကို ထောက်ပံ့ပေးပါသည်။
ကိုးကား – wiki.gis.com
AVHRR
အဆင့်မြင့် ပုံရိပ်ထွက်အလွန်ပြတ်သားသော ရေဒီယိုမီတာ (Advanced Very High Resolution Radiometer) ၏ အတိုကောက်စာလုံး။ အမျိုးသားသမုဒ္ဒရာနှင့် လေထု အုပ်ချုပ်ရေး (NOAA) ၏ ဝန်ရိုးစွန်းပတ်လမ်းကြောင်းဂြိုဟ်တုများတွင် တပ်ဆင်ထားသော၊ အပင်များ၊ တိမ်များ၊ ကမ်းခြေများ၊ ရေ၊ နှင်း၊ ရေခဲ စသည်တို့မှ ရောင်ပြန်ထွက်လာသည့် မြင်နိုင်သည့်အလင်း နှင့် အနီအောက်ရောင်ခြည်များကို ဖမ်းယူနိုင်သော ပုံရိပ်ဖမ်းစက်တစ်ခု။ AVHRRဒေတာကို မိုးလေဝသခန့်မှန်းခြင်းနှင့် အပင်ဖုံးလွှမ်းမှုမြေပုံထုတ်ခြင်းများတွင် အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
Axis
SOAP web ဝန်ဆောင်မှုများကို ရယူနိုင်သည့် Javaအခြေခံ toolkit တစ်ခုဖြစ်သည်။ Axis ကို Apache Software Foundation မှ ဖန်တီးထားပါသည်။
ကိုးကား – wiki.gis.com
axis – ဝင်ရိုး
တည်နေရာတစ်ခု၏ ကိုဩဒီနိတ်များကို သတ်မှတ်ရန် တိုင်းတာမှုများပြုလုပ်မည့် မျဉ်းကြောင်းတစ်ကြောင်း။
ကိုးကား – wiki.gis.com
azimuth – အဇီမတ် ထောင့်
ဗဟိုအမှတ်မှ ဆွဲထားသော အခြေမျဉ်းနှင့် ထိုအမှတ်မှပင်ဆွဲထားသော အခြားမျဉ်းတို့အကြားရှိ ဒီဂရီဖြင့်တိုင်းတာသော ရေပြင်ညီထောင့်။ ယေဘူယျအားဖြင့် အခြေမျဉ်းသည် မူမှန်မြောက်အရပ်သို့ ညွှန်ပြပြီး အဇီမတ်ထောင့်သည် အဆိုပါအခြေမျဉ်းမှ လက်ယာရစ်အတိုင်း တိုင်းသော ထောင့်ဖြစ်သည်။
ကိုးကား – wiki.gis.com

azimuthal projection – ပြင်ညီအရိပ်ချနည်း
စက်လုံး (သို့မဟုတ်) စက်လုံးယောင်တစ်ခုပေါ်ရှိအမှတ်များကို ဝန်းထိ(tangent) (သို့မဟုတ်) ဝန်းဖြတ်(secant) ပြင်ညီပေါ်သို့ ပုံရိပ်ချသည့် အရိပ်ချနည်းစနစ်တစ်ခု။ အဇီမတ်မြေပုံအရိပ်ချနည်းကို ပြင်ညီမြေပုံအရိပ်ချနည်း (သို့မဟုတ်) ဇီနစ်(zenithal) မြေပုံပုံရိပ်ချနည်းဟုလည်း ခေါ်သည်။
ကိုးကား – wiki.gis.com



