🚀 နှစ်သစ်မှာ GeoAI နည်းပညာသင်တန်းအသစ်

image: nanobanana

🚀 AI နည်းပညာတိုးတက်မှုတွေဟာ နေ့စဉ်နဲ့အမျှဖြစ်ပေါ်နေတာ ကို လတ်တလောမြင်တွေ့နေရပါတယ်။ ဒီနည်းပညာဟာ နယ်ပယ်အစုံမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်ရောက်လာနေပါတယ်။ အလားတူပါပဲ GIS Remote Sensing နည်းပညာနယ်ပယ်မှာလဲ AI tools တွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာ နေပါတယ်။

ဒါပေမယ့်လည်း အသုံးပြုသူကိုယ်တိုင်မှာတော့ မိမိလိုအပ်ချက်နဲ့ လုံးဝကိုက်ညီတာမျိုး မဖြစ်တာ ကြုံရတဲ့အခါ ကိုယ်ဘာသာ AI model တွေတည်ဆောက်ချင်လာမျိုး ဖြစ်လာဖူးလား… တစ်ချိန်တည်းမှာ programming ကျွမ်းမှုအားနည်းလို့ လက်လျော့လိုက်တာမျိုးဖြစ်ဖူးလား..

👉 သင့်အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။

ဆည်းပူးရာ ကနေ ၂၀၂၆ ခု နှစ်ဆန်းပိုင်းမှာ QGIS မှာ Deep Learning Model အသုံးပြုပြီး object detection  ပြုလုပ်နိုင်မယ့် online သင်တန်းတစ်ခု ဖွင့်လှစ်ဖို့ရှိပါတယ်။

🌟 သင်တန်းရဲ့ထူးခြားချက်တွေကဘာတွေလဲ…

  • Programming တတ်ထားရန်မလိုအပ်ပါ
  • YOLO model ကို QGIS မှာအသုံးပြုမှာပါ
  • Coding ပါတယ်ဆိုပေမယ့် template ထဲက ဖိုင်အမည်ပြင်ပေးတာမျိုးလောက်ပဲပါတာပါ
  • မိမိကိုယ်တိုင် YOLO model ကိုတည်ဆောက်ရမှာပါ
  • Deep learning ကိုမျက်မြင်သင်ယူရမှာပါ
  • လုံးဝ လူသစ်တွေ လိုက်ပါသင်ယူနိုင်မည့်ပုံစံမျိုးနဲ့ သင်ခန်းစာတွေကိုဖန်တီးထားပါတယ်
  • သင်တန်းကြေး အခမဲ့ပါ

🎯 သင်တန်းကနေဘာတွေသင်ကြားတတ်မြောက်မှာလဲ…

  • Machine Learning/Deep Learning ကို GIS/RS မှာ ဘယ်လိုအသုံးပြုနိုင်တယ်
  • YOLO object detection model ကို တည်ဆောက်နည်းအဆင့်ဆင့်
  • YOLO object detection model ကို code ရေးစရာမလိုဘဲ နဲ့ QGIS မှာ အသုံးပြုပုံ
  • မိမိလိုအပ်ချက်နဲ့ ကိုက်တဲ့ YOLO model အသစ်တွေကိုဖန်တီးနိုင်လာမယ်
  • GeoAI ကိုအသုံးချဖို့ ယုံကြည်မှုမြင့်မြင့်မားလာမယ်

📖 သင်တန်းပုံစံ

  • Online – zoom and class
  • တဆင့်ခြင်း မှန်မှန်သွားမယ်
  • လက်တွေ့လုပ်ဆောင်မှုတွေပါမယ်
  • တတ်မြောက်မှုစစ်ဆေးခြင်း quiz တွေပါမယ်
  • ပေါ့ပေါ့ပါးပါး သင်ယူရပါမယ်

👥 ဘယ်သူတွေတက်ရောက်နိုင်လဲ

  • GIS/RS အသုံးပြုနေသူမည်သူမဆို
  • Machine Learning/Deep Learning ကိုစိတ်ဝင်စားပြီးစူးစမ်းလိုတဲ့ QGIS သမားတွေ

📢 “QGIS ကိုသုံးတတ်တယ်ဆိုရင် Deep Learning ကိုလည်း သုံးတတ်ရမှာပေါ့..”

သင်တန်း registration ကို နှစ်သစ်ကူးအပြီးမှာ ကြေညာပေးပါမယ်..စောင့်မျှော်နေပါ

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details