
မြန်မာဘာသာဖြင့် Geospatial နည်းပညာဆိုင်ရာ အရင်းအမြစ်များကို တစ်နေရာတည်းတွင် လေ့လာသင်ယူ ဖတ်ရှုနိုင်ရန် ရည်ရွယ်ပြီး ‘ဆည်းပူးရာ’ ဝက်ဆိုက်ကို လွှင့်တင်ခဲ့ပြီဖြစ်ပါတယ်။
ဤပလက်ဖောင်းပေါ်တွင် မြန်မာဘာသာသို့ ပြန်ဆိုထားသည့် GIS နည်းပညာဆိုင်ရာ ဝေါဟာရများ၊ ဆောင်းပါးများ၊ သင်ခန်းစာများ၊ သင်တန်းများနှင့် ဒေတာ ရရှိနိုင်မည့် ရင်းမြစ်များကို စုံလင်စွာ စုစည်းပေးထားပါတယ်။
‘ဆည်းပူးရာ’ သည် GIS နည်းပညာ၊ ဒေတာများစီမံခန့်ခွဲခြင်း၊ မြေအသုံးချမှုစီမံခန့်ခွဲခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ်များထိန်းသိမ်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်လိုက်လျောညီထွေစွာ နေထိုင်ခြင်း အစရှိသည်တို့နှင့် သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာစာပေများ၊ သင်တန်းများနှင့် သင်ခန်းစာများကို လေ့လာနိုင်သည့် နေရာတစ်ခုဖြစ်ပါသည်။ ကျောင်းသား/သူများ၊ လူထုအခြေပြုအသင်း/အဖွဲ့များနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် မြန်မာဘာသာဖြင့် လွယ်လင့်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ပါတယ်။
သက်ဆိုင်ရာနယ်ပယ်မှ ဘလော့ဂ်များ၊ ဆောင်းပါးများ၊ အခြားသင်ယူရေးအထောက်အကူပြုများ၊ ဒေတာ ဝက်ဆိုက်များနှင့် အွန်လိုင်းတွင်ရနိုင်သည့် ဆက်စပ်သင်တန်းများကိုလည်း စုစည်းဖော်ပြထားပါတယ်။ ဤဝက်ဆိုက်သည် ကိုယ်တိုင်လေ့လာသင်ယူနေသူများအတွက် ကောင်းကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းစေမည်ဟုလည်း မျှော်လင့်ပါတယ်။
‘နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေဟု ဆုမွန်တောင်းအပ်ပါတယ်’
ဆည်းပူးရာ အဖွဲ့သားများ
