ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ အခြေအနေ၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများနှင့် မူဝါဒဆိုင်ရာ ရွေးချယ်မှုများကို သိပ္ပံပညာရှင်များက အမြဲမပြတ် လေ့လာဆန်းစစ်ပြီး ကျွန်ုပ်တို့ လျှောက်လှမ်းမည့် လမ်းကြောင်းအမျိုးမျိုးပေါ် မူတည်ပြီး အနာဂတ်ရာသီဥတု မည်သို့ဖြစ်လာနိုင်သည်ကို ကြိုတင်ခန့်မှန်းနိုင်ကြသည်။ လက်ရှိ မူဝါဒဆိုင်ရာ ရွေးချယ်မှုများအပေါ် အခြေခံ၍ ယခင်က သတ်မှတ်ထားခဲ့သော “အဆိုးရွားဆုံးအခြေအနေ” (worst-case scenario ဟုခေါ်သည့် RCP 8.5) သည် ယခုအခါ ဖြစ်နိုင်ခြေမရှိတော့ကြောင်း သိပ္ပံပညာရှင်များက မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့အပူချိန် ၃.၅ ဒီဂရီဆဲလ်စီးယပ်စ်မှ ၅.၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်သည်ဟု ကြိုတင်ခန့်မှန်းခဲ့သော ထိုအခြေအနေသည် ဖြစ်လာနိုင်ဖွယ် မရှိတော့ဟု သတ်မှတ်ခဲ့ကြပါသည်။ ၎င်းသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် တိုးတက်မှုလက္ခဏာတစ်ခု ဖြစ်သော်လည်း လက်ရှိဆောင်ရွက်ချက်များ ကိုရပ်တန့်လိုက်ဖို့မဟုတ်သလို ရာသီဥတုသိပ္ပံပညာရပ်အပေါ်…
Read more