label – ထိုးစာ
မြေပုံရေးဆွဲခြင်းပညာရပ်ဆိုင်ရာ အသုံးဖြစ်သည်။ မြေပုံပေါ်ရှိ အရာဝတ္ထု အပေါ်တွင် (သို့မဟုတ်) ကပ်လျက်တွင် ယင်း၏အမည် (သို့မဟုတ်) အကြောင်းအရာကို ရေးထိုးထားသည့်စာ။
ကိုးကား – wiki.gis.com
label class – အညွှန်းစာအမျိုးအစား
ArcMap တွင် တူညီသော အညွှန်းစာဂုဏ်သတ္တိများရှိသည့် အရာဝတ္ထုများကို ကိုယ်စားပြုသော အညွှန်းထိုးစာများပါဝင်သည့်အမျိုအစားတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် လမ်းအလွှာများတွင် အညွှန်းစာအမျိုးအစားများကို ပြည်နယ်ချင်းဆက်လမ်း၊ ပြည်နယ်ဆင့်လမ်း၊ ခရိုင်လမ်းများစသည့် လမ်းအမျိုးအစား တစ်ခုချင်းစီအတွက် အချက်အလက်နှင့် ပုံစံကို သတ်မှတ်ရန် အတွက် ဖန်တီးနိုင်သည်။
ကိုးကား – wiki.gis.com
label engine
ArcMap ၏ မြေပုံပေါ်တွင် လေဘယ် စာများ ချိန်ညှိနေရာချပေးသည့် စနစ်။
ကိုးကား – wiki.gis.com
label expression – ထိုးစာတည်ဆောက်ပုံ
ထိုးစာသား ဖွဲ့စည်းပုံကို သတ်မှတ်သော ဖော်ပြချက်။ထိုးစာ တည်ဆောက်ရာတွင် အများအားဖြင့် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အကြောင်းအရာများကို ချိတ်ဆက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းဖြစ်သည်။ ထို့အပြင် ပိုမိုပြည်စုံစေရန်အတွက် လိုအပ်သည့်စာသားများ ထပ်ပေါင်းထည့်နိုင်သည်။ လေဘယ်ဖော်ပြချက်တွင် logic ၊ စာသားများကိုင်တွယ်လုပ်ဆောင်ခြင်းများနှင့် လေဘယ်များ ပုံစံချရန်အတွက် Visual Basic script သို့မဟုတ် Python or Java script တို့ ပါဝင်နိုင်ပါသည်။
ကိုးကား – wiki.gis.com
အောက်ပါသည် QGIS တွင် ရွာအမည်ကို စာလုံးတိုင်း အစကို အကြီးစာလုံးဖြင့်ဖော်ပြ ရန် ခိုင်းစေချက် နမူနာဖြစ်သည်
title( "Village_Name" )
Label Fitting Strategy tab
ArcGIS Maplex တွင် ပုံညွှန်းစာချထားခြင်း (Placement) dialog box ရှိ tab တစ်ခုဖြစ်ပြီး ၎င်းဖြင့် label engine က ကန့်သတ်ဧရိယာတစ်ခုအတွင်း စာများနဲ့ပိုမိုဝင်ဆန့်ရန်ပြုလုပ်မည့်နည်းလမ်းများကို ထိန်းချုပ်ခွင့်ပေးထားသည်။ အညွန်းထိုးစာနေရာချရာတွင် စာစုအရေအတွက် တိုးမြှင့်ပေးနိုင်သောနည်းလမ်းများမှာ ထိုးစာများအာအထက်အောက်နေရချခြင်း၊ ပြွတ်သိပ်ကျပ်နေသော ဧရိယာများတွင် ထိုးစာ စာလုံးအရွယ်အစားအားလျှော့ချခြင်း သို့မဟုတ် ထိုးစာများအား အတိုချုပ်ဖြင့်ဖော်ပြခြင်းတို့ ဖြစ်သည်။
ကိုးကား – wiki.gis.com
Label Manager
ArcMap တွင် လက်ရှိအသုံးပြုနေသော data frame အတွက် labeling properties များကို ဖော်ပြရန်နှင့် သတ်မှတ်ရန် အသုံးပြုသော tool ဖြစ်သည်။ Label manager ကို Labelling toolbar မှ တဆင့်အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
label offset – အညွှန်းစာ အဟအကွာအဝေး
အညွှန်းစာ နှင့် ၎င်း အညွှန်းစာထိုးသည့် အရာဝတ္ထုတစ်ခု (point, line, polygon) ကြား ရှိသင့်သော အဟအကွာဝေး။ Point အမှတ်အသားများအတွက် အများဆုံးရှိရမည့် အညွှန်းစာအဟအကွာအဝေး တစ်ခုကို သတ်မှတ်နိုင်သည်။ အများဆုံး အညွှန်းစာအဟအကွာအဝေးကို ရာခိုင်နှုန်းဖြင့် ဖော်ပြသည်။ Line အမှတ်အသားများ အတွက် အညွှန်းစာအဟအကွာအဝေးကို မျဉ်းမှ အဟ (Point အမှတ်အသားများ အညွှန်းတပ်သည်နှင့် ဆင်တူသည်) နှင့် မျဉ်းတန်းတစ်လျှောက် ( မျဉ်းအဆုံးမှအကွာအဝေး) သတ်မှတ်နိုင်သည်။ အညွှန်းစာအဟအကွာအဝေးကို အညွှန်းစာအနေအထား အားလုံးအတွက် မရနိုင်ပါ။
ကိုးကား – wiki.gis.com
label offset constraint
အညွှန်းစာတစ်ခု သည် Point အမှတ်အသားတစ်ခုမှ သတ်မှတ်ထားသော အဟ အကွာအဝေးကို ကျော်လွန်၍ ထားရှိနိုင်သည့်အများဆုံးအကွာအဝေးဖြစ်သည်။
ကိုးကား – wiki.gis.com
label orientation – အညွှန်းစာအနေအထား
အညွှန်းစာများအတွက် အနေအထား ထောင့် (alignment) (သို့မဟုတ်) အရပ်မျက်နှာတန်ဖိုး။ အညွှန်းစာများသည် များသောအားဖြင့် ရေပြင်ညီ ထားလေ့ရှိသော်လည်း ဇယားပါထောင့်တန်ဖိုး၊ အရာဝတ္ထု၏ အနေအထားအရလားရာဖြင့် သတ်မှတ်ထားသော ထောင့် (သို့မဟုတ်) မြေပုံdata frame ၏ လတ်-လောင် မျဉ်းများ အတိုင်းလည်း ထားရှိနိုင်သည်။
ကိုးကား – wiki.gis.com
label placement option – အညွှန်းစာ နေရာချထားပုံ နည်းလမ်း
အညွှန်းစာတစ်ခုအတွက် နေရာချထားပုံသတ်မှတ်ချက် placement property အဖြစ်အသုံးပြုသော သတ်မှတ်ချက်တစ်ခုဖြစ်သည်။ label placement properties တွင် အညွှန်းစာထားရှိမည့် အဟအကွာအဝေး၊ ထားရှိမည့် နေရာဇုံ၊ နေရာကျချထားပုံ နည်းလမ်း၊ ဦးစားပေးအဆင့်၊ အညွှန်းစာများထက်အောက်ထပ်စီခြင်း နှင့် အညွှန်းစာအဆင့်အတန်း (label weight) တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
label placement property – အညွှန်းစာ နေရာချထားပုံ နည်းလမ်း
အညွှန်းစာတစ်ခုအတွက် နေရာချထားပုံသတ်မှတ်ချက် placement property အဖြစ်အသုံးပြုသော သတ်မှတ်ချက်တစ်ခုဖြစ်သည်။ label placement properties တွင် အညွှန်းစာထားရှိမည့် အဟအကွာအဝေး၊ ထားရှိမည့် နေရာဇုံ၊ နေရာကျချထားပုံ နည်းလမ်း၊ ဦးစားပေးအဆင့်၊ အညွှန်းစာများထက်အောက်ထပ်စီခြင်း နှင့် အညွှန်းစာအဆင့်အတန်း (label weight) တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
label placement zone – အညွှန်းစာသားထားရှိမည့်ဇုန်
အမှတ်တစ်ခုပါတ်လည်ရှိ အညွှန်းစာသားများထားနိုင်သည့် နေရာ ၈ ခုမှ တစ်ခုဖြစ်သည်။ အသုံးပြုသူသည် ဇုန်ရှစ်ခုအနက် မည်သည့် ဇုန် တွင် အညွှန်း စာသားထားရှိမည်ကို သတ်မှတ်နိုင်ပါသည်။ အကောင်းဆုံးနေရာ Best Position တွင်ထားရှိရန် ဟုခိုင်းစေသည့်အခါ အထက်တွင်ရွေးချယ်ပေးထားသည့်နေရာများကို ဦးစားပေးအဖြစ်ထည့်သွင်းစဉ်းစားပါသည်။
ကိုးကား – wiki.gis.com
label point – အညွှန်းစာသား အမှတ်
coverage ဒေတာတွင် အမှတ်များ သို့မဟုတ် ဗဟုဂံများ ကို ကိုယ်စားပြုသည့် အရာဝတ္ထုအတန်းအစား ဖြစ်သည်။ အမှတ်များကို ကိုယ်စားပြုရာတွင် ပွိုင့်အမှတ်၏ “X” “Y” သည် ၎င်းပွိုင့်အမှတ်၏ တည်နေရာကိုဖော်ပြပြီး ဗဟုဂံများ တွင် ၎င်းဗဟုဂံအတွင်းရှိ မည်သည့် နေရာတွင်မဆို ယင်းအညွှန်းစားသားအမှတ်တည်ရှိနိုင်သည်။
ကိုးကား – wiki.gis.com
Label Position tab – အညွှန်းနေရာချ tab
ArcGIS ရှိ Maplex တွင် Label placement dialog box ရှိ tab သည် အညွှန်းစာသာကိုမည်သည့်နေရာတွင်ချထားမည်ကို ဆုံးဖြတ်ပေးသည်။ အညွှန်းစာတစ်ခု၏ တည်နေရာကို ဆုံးဖြတ်ရာတွင် ရှိနေသည့်ဂျီဩမေတြီအရာဝတ္ထု တွက်သတ်မှတ်ပေး ထားသော အနေထား၊ အဟအကွာအဝေး နှင့် ထားရှိမည့်နေရာပုံစံပေါ်မူတည်သည်။
ကိုးကား – wiki.gis.com
label priority – လေဘယ်အညွှန်းစာသားဦးစားပေးအဆင့်
In ArcGISတွင် မြေပုံတစ်ချပ်ပေါ်တွင် လေဘယ်များ ထားရှိမည့် အစီအစဉ်/နေရာချထားမှုကို ဆုံးဖြတ်သော အဆင့်သတ်မှတ်ချက်စနစ်တစ်ခုဖြစ်သည်။ ဦးစားပေးအဆင့်မြင့်သော လေဘယ်များကိုအရင် နေရာချထားသည်။နောက်ဆုံးနေရာချထားသော လေဘယ်များသည် ပြွတ်ကျပ်နေသောနေရာများတွင်နေရာချထားခံရခြင်း သို့မဟုတ် အခြားနေရာတစ်ခုတွင် နေရာချထားခံရခြင်းမျိုးကြုံရမည်။
ကိုးကား – wiki.gis.com
label rule – အညွှန်းစာ နေရာချထားပုံ နည်းလမ်း
အညွှန်းစာတစ်ခုအတွက် နေရာချထားပုံသတ်မှတ်ချက် placement property အဖြစ်အသုံးပြုသော သတ်မှတ်ချက်တစ်ခုဖြစ်သည်။ label placement properties တွင် အညွှန်းစာထားရှိမည့် အဟအကွာအဝေး၊ ထားရှိမည့် နေရာဇုံ၊ နေရာကျချထားပုံ နည်းလမ်း၊ ဦးစားပေးအဆင့်၊ အညွှန်းစာများထက်အောက်ထပ်စီခြင်း နှင့် အညွှန်းစာအဆင့်အတန်း (label weight) တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
label stacking
ရှည်လျားသော အညွန်းစာသား ကို စာကြောင်းများခွဲပြီး ရေးထိုးခြင်း။ ArcGIS ၏ Maplex တွင် မည်သည့် အက္ခရာ စာလုံးများကိုတွေ့လျင် စာကြောင်းခွဲရမည် နှင့် ယင်း အက္ခရာများကို အညွှန်းစာသားထဲတွင်လည်း ဖော်ပြပေးရန်/မပေးရန်ကိုသတ်မှတ်ပေးနိုင်သည်။
ကိုးကား – wiki.gis.com
label weight
ESRI Standard Label Engine ၏ အညွှန်းစာများ တွင် အဆင့်သတ်မှတ်သည့် စနစ်ဖြစ်သည်။ အညွှန်းစာသားနှစ်ခု တစ်ခုနှင့်တစ်ခုညိနေသည့်အခါ အညွှန်းစာသားတစ်ခုကို အခြား စာသားတစ်ခုက ဖုံးအုပ်ခွင့် ရှိမရှိကိုဆုံးဖြတ်ပေးသည်။ အဆင့်မြင့်သတ်မှတ်ထားသည့် အညွှန်းစာသားတစ်ခု ကို အခြား အဆင့်နိမ့်သည့် အညွှန်းစာသားများက ကွယ်နေခြင်းမျိုးမဖြစ်တော့ခြေ။
ကိုးကား – wiki.gis.com
lag
Semivariogram တစ်ခုဖန်တီးရာတွင် အတွဲသို့မဟုတ်အုပ်စု အမှတ်များအကြား နမူနာကောက်ယူသည့် အကွာအဝေး။ သင့်လျော်သော lag အကွာအဝေးတစ်ခုကို အသုံးပြုခြင်းဖြင့် စကေးပေါ် မူတည်သည့် တည်နေရာဆက်စပ်မှုကို ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။
ကိုးကား – wiki.gis.com
LAN
local area network ၏အတိုကောက်စာလုံးဖြစ်သည်။ အခန်းတစ်ခန်း (သို့မဟုတ်) အဆောက်အဦးတစ်ခု ကဲ့သို့ သေးငယ်သော ဧရိယာတစ်ခုတွင် ကွန်ပျူတာများကို ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးဆိုင်ရာ hardwareနှင့် ဆော့ဖ်ဝဲလ်များပါဝင်သည်။ LAN တစ်ခုပေါ်ရှိ ကွန်ပျူတာများသည် အချက်အလက်များနှင့် printers နှင့် plotters များကဲ့သို့ အရံပစ္စည်းကိရိယာများကို မျှဝေအသုံးပြုနိုင်သည်။ သို့သော် ပြင်ပကွန်ပျူတာများနှင့် ချိတ်ဆက်ထားရန် မလိုအပ်ပါ။
ကိုးကား – wiki.gis.com
land cover – မြေပေါ်ဖုံးလွှမ်းမှု
အပင်ပေါက်ရောက်ဖုံးလွှမ်းမှု သို့ ဟုတ် အခြားဖုံးအုပ်ထားသည့် အရာများကိုအခြေခံသည့် မြေအမျိုးအစား ခွဲခြားဖော်ပြသည့် စနစ်၊ ဥပမာ – ထင်းရှုးတောမြေ၊ မြက်ခင်းမြေ၊ ရေခဲလွှာ၊ ရေထု သို့မဟုတ် သဲတော မြေ စသည်။
ကိုးကား – wiki.gis.com

စိုက်ခင်းများကို အဝါနှင့်အညိုရောင်၊ ရေကိုအပြာရောင်နှင့် မြို့ပြကို အနီဖြင့်ပြထားသည်။ (Credit : wiki.gis.com)
land information system – မြေယာ သတင်းအချက်အလက်စနစ်
အများအားဖြင့် ဒေသန္တရအစိုးရများမှ အသုံးပြုသော မြေယာနှင့်မြေအသုံးချမြေပုံများအတွက် ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ်။
ကိုးကား – wiki.gis.com
land use – မြေအသုံးချမှု
မြေကိုမည်သို့မည်ပုံအသုံးပြုထားသည်ကို အခြေခံသည့် မြေအမျိုးအစား ခွဲခြားသည့် စနစ်၊ ဥပမာ – စိုက်ပျိုးမြေ၊ စက်မှုမြေ၊ လူနေထိုင်ရာမြေ၊ မြို့ပြမြေ၊ ကျေးလက်မြေ၊ စီးပွားရေးလုပ်ငန်းမြေ စသည်။
ကိုးကား – wiki.gis.com
landform – မြေပြင်ပုံသဏ္ဌာန်
ထူးခြားသည့် ပုံသဏ္ဌာန်ရှိနေသည့် မည်သည့် မြေထုကိုမဆို ခေါ်သည်။ အဓိက မြေပြင်ပုံသဏ္ဌာန်များမှာ လွင်ပြင်များ၊ တောင်များ နှင့် အဆင့်နိမ့် ပုံသဏ္ဌာန်များ ဖြစ်သည့် ကုန်းကမူများ နှင့် လျှိုမြောင်များပါဝင်သည်။
ကိုးကား – wiki.gis.com
landmark – ထူးခြား/ထင်ရှားအမှတ်အသား
ထူးခြားထင်ရှားသည့် သဘာဝ အရာဝတ္ထု သို့မ ဟုတ် လူလုပ် အရာဝတ္ထုများဖြစ်ပြီး ယင်းတို့ မှ/သို့ ရည့်ညွှန်းပြီး အတိုင်းအတာ များ လားရာ ထောင့်များ တည်နေရာ များ ဖော်ပြလေ့ရှိသည့် အမှတ်အသားများဖြစ်သည်။
ကိုးကား – wiki.gis.com

Landsat
နာဆာ NASA (အမျိုးသားလေကြောင်းသိပ္ပံနဲ့အာကာသစီမံခန့်ခွဲမှုဌာန – National Aeronautics and Space Administration) မှ တည်ဆောက်ထားသော ရောင်စဉ်လှိုင်းအစုံ multispectral အာရုံခံနိုင်သည့် ကမ္ဘာ့ပတ်လမ်းကြောင်းရှိ ဂြိုလ်တုများဖြစ်သည်။ ၎င်းတို့သည် မြေယာအသုံးပြုမှုမှတ်တမ်း၊ ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေး၊ သီးနှံနှင့်သစ်တောဆိုင်ရာ လေ့ဆန်းစစ်ခြင်းနှင့် မြေပုံရေးဆွဲခြင်းတို့အတွက် ပုံရိပ်များကို ရိုက်ကူးစုဆောင်းပေးသည်။
ကိုးကား – wiki.gis.com
landscape ecology
ဂေဟစနစ်များစွာပါဝင်သော ဧရိယာအတွင်းရှိ ဇီဝစနစ်နှင့် ယဉ်ကျေးမှုစနစ်ဖွဲ့စည်းပုံများ၏ ပြောင်းလဲမှုပုံစံ၊ ပြောင်းလဲပုံအဆင့်ဆင့်နှင့် တည်နေရာအနေအထားပုံစံများကို လေ့လာခြင်း။
ကိုးကား – wiki.gis.com
large scale
ယေဘုယျအားဖြင့် မြေပြင်ပေါ်ရှိ နေရာအကျယ်အဝန်းသေးသေး ကို အသေးစိတ်ဖော်ပြသည့် မြေပုံ စကေး ဖြစ်သည်။
ကိုးကား – wiki.gis.com
large-format printer
၃၆ လက်မနှင့် ၈၇ လက်မ (၉၁ မှ ၂၂၀ စင်တီမီတာ)ကြားရှိသော စာရွက်ကြီးများနှင့် အခြားမီဒီယာများပေါ်တွင် ပုံရိုက်နှိပ်ပေးနိုင်သော ပုံနှိပ်စက်တစ်ခု။ ခေတ်ပေါ် ပရင်တာကြီးများတွင် Inkjetနည်းပညာကိုအသုံးပြုပြီး စာရွက်လိပ်တစ်လိပ်ပေါ်၌ ပုံကိုနှိပ်ပြီး အလိုရှိသော စာရွက်အလျားအတိုင်းအတာကို ဖြတ်ယူနိုင်သည်။ Large-format printers (ပရင်တာကြီးများ )ကို plotters (သို့မဟုတ်) wide-format printers များဟုလည်း ခေါ်ကြသည်။
large scale – စကေးကြီး
ယေဘုယျအားဖြင့် မြေပြင်ပေါ်ရှိ နေရာအကျယ်အဝန်းသေးသေး ကို အသေးစိတ်ဖော်ပြသည့် မြေပုံ စကေး ဖြစ်သည်။
ကိုးကား – wiki.gis.com
LAS
နည်းပညာနယ်တွင် စံလက်ခံထားသည့် လိုက်ဒါ lidar အချက်အလက်များကို သိမ်းဆည်းသည့် ဖိုင်အမျိုးအစားတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
late binding
COM နည်းလမ်းတစ်ခုဖြစ်ပြီး application တစ်ခုသည် ပရိုဂရမ်ကုဒ်များကိုစုစည်း(compile)ချိန်တွင်မဟုတ်ပဲ လုပ်ငန်းလုပ်ဆောင်နေချိန်(run time) တွင် အရာဝတ္ထုတစ်ခု၏ ဂုဏ်သတ္တိများနှင့် နည်းလမ်းများအား သတ်မှတ်ခြင်းဖြစ်သည်။ Late binding ကို scripting languageများ တွင် သုံးလေ့ရှိသည်။
ကိုးကား – wiki.gis.com
latitude – လတ္တီကျု
အီကွေတာမှ တောင်ဖက်နှင့်မြောက်ဖက် ကို တိုင်းတာဖော်ပြသည့် ထောင့်တန်ဖိုးဖြစ်သည်။ လတ္တီကျုမျဉ်းများကို မျဉ်းပြိုင်များဟုလည်းခေါ်ဆိုသည်။
ကိုးကား – wiki.gis.com
latitude of center
မြေပုံအရိပ်ချစနစ်၏ ဗဟို နှင့် ရံဖန်ရန်ခါတွင် မူလမှတ်ကို သတ်မှတ်ပေးသော လတ္တီကျု တန်ဖိုး။
ကိုးကား – wiki.gis.com
latitude of origin – မူလမှတ်လတ္တီကျု
မြေပုံအရိပ်ချစနစ်၌ y ကိုဩဒီနိတ်တန်ဖိုး၏ မူလစမှတ်ကို သတ်မှတ်ပေးသော လတ္တီကျု တန်ဖိုး။
ကိုးကား – wiki.gis.com

lattice
အကွာအဝေးတူချထားသည့် နမူနာကောက် အမှတ်များ (ပိုက်ကွန်ကွက်အမှတ်များ – mesh points) ဖြင့် မျက်နှာပြင်တစ်ခုကို ကိုယ်စားပြုတည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းအမှတ်များသည့် စမှတ်တစ်ခုကိုရည်ညွှန်းထားပြီး x နှင့် y ဝန်ရိုးများအတိုင်းတွင် ပုံသေနမူနာကောက် အကွာအဝေးဖြင့်ရှိနေသည်။ အမှတ်တစ်ခုစီတွင် ထိုနေရာ၏ z တန်ဖိုးပါဝင်သည်။ z တန်ဖိုးသည် ပင်လယ်ရေမျက်နှာပြင်ကဲ့သို့ အခြေခံ z တန်ဖိုးကိုရည်ညွှန်းထားသည်။ နမူနာကောက် အမှတ်များကြားနေရာများ ရှိ z တန်ဖိုးကို အနီးဝန်းကျင်ရှိ အမှတ်များ၏ တန်ဖိုးများမှနေ၍ ဆက်စပ်တွက်ချက်ခြင်းဖြင့် ခန့်မှန်းနိုင်သည်။
ကိုးကား – wiki.gis.com
layer – အလွှာ
ပထဝီဝင်ဆိုင်ရာအချက်အလက်စာရင်းတစ်ခုကို မည်သည့်ဒစ်ဂျစ်တယ်မြေပုံအမျိုးအစားတွင်မဆို ပုံဖော် ကိုယ်စားပြုမှုဖြစ်သည်။ သဘောတရားအားဖြင့် အလွှာသည် သီးခြားဧရိယာတစ်ခုရှိ ပကတိပထဝီဝင်အနေအထား၏ အချပ်တစ်ခု သို့မဟုတ် အလွှာတစ်ခုဖြစ်ပြီး ၎င်းသည် စက္ကူမြေပုံတစ်ခုပေါ်က မြေပုံပါအညွှန်းနှင့် ပိုတူသည်။ လမ်းမြေပုံတွင် ဥပမာအားဖြင့်လမ်းများ၊ အမျိုးသားဥယျာဉ်များ၊ နယ်နိမိတ်များနှင့်မြစ်များကို မတူကွဲပြားသောအလွှာများဟု သတ်မှတ်နိုင်သည်။
ကိုးကား – wiki.gis.com
layer file – အလွှာဖိုင်
ArcGIS တွင် ဖိုင်အမည်တွင် .lyr ဖြင့် ဆုံးပြီး QGIS တွင် .qlr ဖြင့်ဆုံးသည့် ဖိုင်အမျိုးအစားဖြစ်သည်။ မူလ ဒေတာဖိုင်လမ်းကြောင်း၊ အလွှာဂုဏ်ပုဒ်အချက်အလက်များ နှင့် အသုံးပြုထားသည့် သင်္ကေတအမှတ်အသားများကို ပါ သိမ်းဆည်းပေးထားသည်။
ကိုးကား – wiki.gis.com
layout – မြေပုံတစ်ချပ်အဖြစ် ပြင်ဆင်ခြင်း
မြေပုံတစ်ချပ်တွင် မိမိထည့်သွင်းလိုသော ဖော်ပြချက်များကို စီစဉ်ပြင်ဆင်ခြင်း။ ဥပမာ – မြေပုံ၏ခေါင်းစဉ်၊ ရည်ညွှန်းချက်များ၊ မြောက်အရပ်ပြမြှား၊၊ စာစကေး(သို့)ဘားစကေး၊ မြေပုံအချက်အလက်များစသည်ဖြင့်။
ကိုးကား – wiki.gis.com
layout view – မြေပုံစာရွက်မြင်ကွင်း
ArcMap နှင့် ArcReaderတို့ တွင်စာရွက်ပေါ်၌ မြေပုံအချက်အလက်များ၊ ခေါင်းစဉ်၊ မြေပုံညွှန်း နှင့် စကေးဘား ကဲ့သို့ မြေပုံအစိတ်အပိုင်းများကိုနေရာတကျချထားပြီး မြေပုံထုတ်ရန် ပြင်ဆင်ထားသကဲ့သို့ပြသည့်မြင်ကွင်း။
ကိုးကား – wiki.gis.com
LBS
location-based services ၏အတိုကောက်အသုံးဖြစ်သည်။ ကြိုးမဲ့ကိရိယာတစ်ခု၏ တည်နေရာကိုသာ အခြေခံပြီး သတင်းအချက်အလက်များ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာဝန်ဆောင်မှုတစ်ခုကို ချန်နယ်ပေါင်းများစွာသို့ပေးပိုခြင်းဖြစ်သည်။ တစ်ချို့သော တည်နေရာကို အခြေခံသော အပ်ပလီကေးရှင်းများတွင် အရေးပေါ်ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်ဝန်ဆောင်မှုများနှင့် လမ်းကြောင်း/တည်နေရာရှာဖွေခြင်းဝန်ဆောင်မှုတို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
leader
MOLEတွင် များသောအားဖြင့် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသည့် Force elementများကို အတူတူအုပ်စုဖွဲ့ထားပြီး အသုံးပြုသူကသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအရ မျဉ်းကြောင်းတစ်ခုပေါ်တွင် နေရာချထားသည်။ သင်္ကေတများစွာ ထပ်နေပါက ရှင်းလင်းရန်၊ တူညီသောယူနစ်များကို အုပ်စုဖွဲ့ရန်နှင့် စုစည်းရမည့် စိတ်ဝင်စားသည့်ဧရိယာနယ်ပယ် သို့မဟုတ် အဝန်းအဝိုင်းကို သတ်မှတ်ရန် Leaderများကို အသုံးပြုသည်။
ကိုးကား – wiki.gis.com
least convex hull
အမှတ်များကဲ့သို့သော အရာဝတ္ထုများအုပ်စုတစ်ခုကို ဝန်းရံထားသော အသေးငယ်ဆုံး ဗဟုဂံဖြစ်သည်။ ArcGIS တွင် TIN နယ်နိမိတ်များသည် ပုံသေအားဖြင့် convex hulls များဖြစ်ကြသည်။
ကိုးကား – wiki.gis.com
L-band
GPS ဂြိုလ်တုများမှ GPS ဖမ်းစက်များဆီသို့ ဒေတာများသယ်ယူပေးသော ရေဒီယိုကြိမ်နှုန်းအုပ်စု။
ကိုးကား – wiki.gis.com
least-cost path – စရိတ်အနည်းဆုံးလမ်းကြောင်း
တည်နေရာ ၂ခုအကြား ဖြတ်ကျော်ရန် ကုန်ကျစရိတ်အနည်းဆုံးဖြစ်မည့် လမ်းကြောင်း။ ကုန်ကျစရိတ်ကို ကုန်ဆုံးသွားမည့်အချိန်၊ အကွာအဝေး သို့မဟုတ် အသုံးပြုသူမှ သတ်မှတ်ထားသော အခြားသော စံသတ်မှတ်ချက်များဖြင့် ဆက်နွှယ်၍ တွက်ချက်နိုင်သည်။
ကိုးကား – wiki.gis.com
least-squares adjustment
မြေတိုင်းအမှတ်များ၏ တည်နေရာကို ကိုက်ညီမှုအရှိဆုံးဖော်ပြနိုင်ပြီး တိုင်းတာမှုလိုအပ်ချက်အကျွင်းအကျန်များ၏ ထပ်ကိန်းများပေါင်းလဒ်ကို အနည်းဆုံးဖြစ်စေခြင်းဖြင့် တိုင်းတာမှုဆိုင်ရာအမှားများကို ရှာဖွေပေးနိုင်သည့် စာရင်းအင်းဆိုင်ရာတွက်ချက်မှုနည်းလမ်းတစ်ခု။ အဆိုပါနည်းလမ်းသည် များစွာသောတိုင်းတာမှုများအား တွက်ချက်မှုတစ်ခုတည်းတွင် တစ်ပြိုင်တည်းပါဝင်လာစေရန် ခွင့်ပြုပေးသည်။
ကိုးကား – wiki.gis.com
least-squares corrections
least squares adjustment တစ်ခု၏ နောက်ဆုံးကျန်ရှိသည့် တိုင်းတာခြင်းအမှားများ။
ကိုးကား – wiki.gis.com
left-right topology
ArcInfo coverage တစ်ခုရှိ ဆက်စပ်တည်ရှိမှုအရ ဒေတာဖွဲ့စည်းပုံဖြစ်ပြီး ၎င်းသည် မျဉ်းပြတ်တစ်ခုစီအတွက်၎င်းတို့၏ ဘယ်ဘက်နှင့် ညာဘက်ခြမ်းရှိ ဗဟုဂံများကိုသိမ်းဆည်းပေးသည်။ Left-right topology သည် ကပ်လျက်တည်ရှိမှုကဲ့သို့သော ဆန်းစစ်လေ့လာခြင်းလုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည်။
ကိုးကား – wiki.gis.com
legend – မြေပုံအညွှန်း
မြေပုံပေါ် တွင် ပါရှိသည့်အရာအမျိုးအစား များဖော်ပြချက်ဖြစ်သည်။ မြေပုံဘေး သို့မဟုတ် အောက်ခြေတွင်ဖော်ပြထားသည်။ မြေပုံအညွှန်းတွင် ဂရပ်ဖစ် သင်္ကေတများ အသုံးပြုလေ့ရှိသည်။ ဥပမာ – ဂရပ်ဖစ် သင်္ကေတများဘေးတွင် စာဖြင့် မည်သည့်အရာ ဆိုသည်ကိုရေးသားဖော်ပြထားလေ့ရှိသည်။
ကိုးကား – wiki.gis.com
legend patch shape
မြေပုံညွှန်းတစ်ခုနှင့် ArcMap မာတိကာတွင် အရာဝတ္ထုအမျိုးအစားတခုကို ကိုယ်စားပြုဖော်ပြရန် အသုံးပြုသော မျဉ်းတစ်ကြောင်း သို့မဟုတ် ဗဟုဂံတစ်ခုကဲ့သို့သော ဂျီဩမေတြီပုံသဏ္ဍာန်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
level of confidence – စိတ်ချရမှုအဆင့်
စာရင်းအင်းဆိုင်ရာစမ်းသပ်ချက်များတွင် စံနမူနာယူရာတွင်အမှားများကြောင့် သိသာထင်ရှားသောခြားနားမှု မရှိဟု ယူဆချက် အဆိုကို မှန်နေလျက်နှင့် ပယ်မိနိုင်ချေရှိဖြစ်သည်။ Level of Confidence ကို ရာခိုင်နှုန်းဖြင့် ဖော်ပြသည်။ ဥပမာ၊ စိတ်ချရမှုအဆင့် ၉၅ ဆိုသည်မှာ မတူညီသောစံနမူနာအခု၁၀၀ကို တူညီသော စမ်းသပ်ချက် အကြိမ်၁၀၀ဆောင်ရွက်ပါက သိသာထင်ရှားသောခြားနားမှု မရှိယူဆချက်အဆိုကို ပယ်မိနိုင်ချေ ၅ကြိမ်ရှိသည်။
ကိုးကား – wiki.gis.com
level of detail – အသေးစိတ်မှုအဆင့်
ArcGlobeရှိ အလွှာတစ်ခု၏ ရှင်းလင်းမှုနှင့် ရှင်းလင်းမှုမလုပ်ထားသည့်အနေအထားကြား အဆင့်ဒီဂရီအခြေအနေကို ဖော်ပြသည့် သဘောတရားတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
level of significance – ခိုင်လုံမှုအဆင့်
စာရင်းအင်းဆိုင်ရာစမ်းသပ်ချက်များတွင် သိသာထင်ရှားသောခြားနားမှု မရှိယူဆချက်အဆိုကို မှားယွင်းစွာပယ်မိနိုင်ချေဖြစ်တန်စွမ်း။
ကိုးကား – wiki.gis.com
leveling
မြေတိုင်းလုပ်ငန်းတွင် အမှတ်များနှင့် အရာဝတ္ထုတို့၏ အမြင့်ကို သတ်မှတ်ထားသည့် မြေပြင်အမြင့်တန်ဖိုးတစ်ခု မှ တိုင်းတာခြင်းဖြစ်သည်။ များသောအားဖြင့် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်ထက်မှ တိုင်းတာခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com

LIBID
Library Identifier ၏ အတိုကောက်စာလုံးဖြစ်သည်။ library အမျိုးအစားတစ်ခုအား သတ်မှတ်ထားသော ထူးခြားသည့်စာသားများ ပါဝင်သော GUID အမျိုးအစား။
ကိုးကား – wiki.gis.com
library
Object-oriented programming တွင် များသောအားဖြင့် ထိပ်ပိုင်းတွင် library တွင်ပါဝင်သော classesများအားစုစည်း ဖော်ပြထားသည့် သဘောသဘာဝတူ classes များ အုပ်စုဖြစ်သည်။
ကိုးကား – wiki.gis.com
license – လိုင်စင်
software package သို့မဟုတ် အစိတ်အပိုင်းတစ်ခုအား အသုံးပြုခွင့်အား လူပုဂ္ဂိုလ်တစ်ဦး/ အဖွဲ့တစ်ခုသို့ပေးအပ်ခြင်းဖြစ်သည်။ လိုင်စင်ထုတ်ပေးခြင်း နှင့် ဆော့ဝဲရောင်းချခြင်းအကြားခြားနားချက်မှာ လိုင်စဉ်သည် အသုံးပြုသူများအနေဖြင့် software ကို ဝယ်ယူရန်မလိုပဲ ၎င်းအား တရားဝင်အသုံးပြုခွင့်ပေးထားသည်။
ကိုးကား – wiki.gis.com
license file
License Manager လိုင်စင်ဒေတာများပါဝင်သော ဖိုင်တစ်ခုဖြစ်သည်။ လိုင်စင်ဖိုင်တစ်ခုစီတွင် SERVER၊ ESRI_SENTINEL_KEY နံပါတ် (Windows သီးသန့်)၊ ဗားရှင်း၊ seat အရေအတွက် စသည့် အချက်အလက်များ ပါရှိသည်။
Lidar
light detection and ranging ၏အတိုကောက်စာလုံးဖြစ်သည်။ လေဆာအသုံးပြုပြီး အကွာအဝေးများတိုင်းတာသည့် remote-sensing နည်းစနစ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
lighting normal
ArcScene နှင့် ArcGlobe တို့တွင် အလင်းအမှောင်က ဂျီသြမေတြီကို မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကို သတ်မှတ်ရာတွင် အထောက်အကူဖြစ်စေရန် ထည့်သွင်းသိမ်းဆည့်းထားသည့် ဂျီသြမေတြီ မျက်နှာပြင်ကိုထောင့်မှန်ကျသည့် vector များဖြစ်သည်။
ကိုးကား – wiki.gis.com
limits – ကန့်သတ်ချက်
Survey Analyst တွင် ကွင်းဆင်းတိုင်းတာမှုများကို တွက်ချက်မှုအဆင့်တိုင်းတွင် လက်ခံနိုင်သည့် တိုင်းတာမှု အမှားအဆင့်ကို သတ်မှတ်ပေးသည့် ကန့်သတ်ချက်များဖြစ်သည်။
ကိုးကား – wiki.gis.com
line – မျဉ်း
မြေပုံတစ်ခုပေါ်တွင် မတူညီသော x ၊ y ကိုဩဒီနိတ်မျအတွဲများကို အစဉ်လိုက်ဆက်ထားခြင်းဖြင့် ဖြစ်လာသော ပုံသဏ္ဍာန်တစ်ခုဖြစ်သည်။ မျဉ်းများသည် မျဉ်းဖြောင့်သို့မဟုတ် မျဉ်းကွေးများလဲ ဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com
line connection
Label engine အတွက် အမည်တူမျဉ်းကြောင်းတစ်ခုချင်းစီကို မျဉ်းကြောင်းတစ်ကြောင်းတည်းအဖြစ် စုစည်းသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ လမ်းများနှင့် မြစ်များကို များသောအားဖြင့် မျဉ်းကြောင်းပိုင်းများစွာဖြင့် ဆွဲသားထားလေ့ရှိပြီး လက်တွေ့မြေပြင်အခြေအနေတွင် ၎င်းတို့အားလုံးပေါင်းပြီး အရာဝတ္ထုတစ်ခုတည်းအဖြစ်ကိုယ်စားပြုရန် လိုအပ်သောကြောင့် အဆိုပါလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်လိုအပ်လေ့ရှိသည်။
ကိုးကား – wiki.gis.com
line event
Linear Referencing တွင် လမ်းကြောင်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုကို အစ နှင့် အဆုံး မှတ်တန်ဖိုးများသုံးပြီးဖော်ပြချက်ဖြစ်သည်။ ဥပမာများအနေဖြင့် လမ်းပိုင်းအဖြစ်အပျက်များ တွင် လမ်းမျက်နှာပြင်ရည်အသွေး၊ ဆော်လမွန်ငါးပေါက်ရာချောင်းရိုးအပိုင်း၊ လမ်းပိုင်းအလိုက်ဘတ်စ်ကားခ၊ ပိုင်လိုင်းအကျယ်နှင့် ယာဉ်ကြောပမာဏာအခြေအနေတို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
line feature – မျဉ်းလိုင်းအမှတ်အသား
ကမ္ဘာ့မြေပုံပေါ်မှ မြစ် သို့မဟုတ် မြို့မြေပုံပေါ်မှ လမ်း ကဲ့သို့ သတ်မှတ်ထားသောစကေးတွင် အလျားရှိသော်လည်း ဧရိယာမရှိသော မြေပုံ အရာ/အရာဝတ္ထုတစ်ခု။
ကိုးကား – wiki.gis.com
line of sight – မြင်ကွင်းအခြေပြုမျဉ်း
မူလစမှတ်နှင့် ရည်ရွယ်ရာအမှတ်၊ ထိုအမှတ်နှစ်ခုကြားတွင် ရေးဆွဲထားသော မျဉ်းကြောင်းတစ်ကြောင်း။ မျက်နှာပြင်တစ်ခုဖြင့် နှိုင်းယှဉ်ပြီး မူလအမှတ်မှ ရည်ရွယ်ရာအမှတ်အား မြင်နိုင်မမြင်နိုင် နှင့် မမြင်နိုင်ပါက မည်သည့်နေရာတွင် အတားအဆီးဖြစ်နေသည်ကိုပြသပေးသည်။
ကိုးကား – wiki.gis.com
line simplification – မျဉ်းကြမ်းလုပ်ခြင်း
မျဉ်းကြောင်း၏ မူလအခြေခံပုံကို မပျက်စေဘဲ မျဉ်းပေါ်ရှိ ထောင့်မှတ်များကို ရွေးချယ်ဖယ်ရှားပြီး ယေဘုယျပြုသည့် နည်းစနစ်တစ်ခု။
ကိုးကား – wiki.gis.com
line smoothing – မျဉ်းချောခြင်း
မျဉ်းအဆစ်များကြားတွင် ထောင့်ချွန်များဖြစ်နေခြင်းကို ဖြည်ဖျောက်ရန် အပိုအမှတ်များ ထပ်ဖြည့်ခြင်းဖြင့် မျဉ်းများကို ပိုမို ချောမွေ့အောင် ပြုလုပ်သည့် လုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
line-on-line overlay
Linear referencing တွင် line event ဇယားတစ်ခု ထုတ်လုပ်ရန် line event ၂ခုအား တစ်ခုနှင့်တစ်ခု ထပ် ပြီးပေါင်းစပ်ခြင်းဖြစ်သည်။ အသစ်ရရှိလာသော event ဇယားသည် အဝင်ဇယားများ၏ ဘုံပါဝင်မှု (intersect) သို့မဟုတ် နှစ်ခုလုံးမှအချက်များပေါင်းစည်ထားခြင်းလည်းဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com
line-on-point overlay
Linear referencing တွင် point event ဇယားတစ်ခု ထုတ်လုပ်ရန် line event တစ်ခုနှင့် point event တစ်ခုတို့ တစ်ခုနှင့်တစ်ခုထပ်ပြီးပေါင်းစပ်ခြင်းဖြစ်သည်။။ အသစ်ရရှိလာသော event ဇယားသည် အဝင်ဇယားများ၏ ဘုံပါဝင်မှု (intersect) သို့မဟုတ် နှစ်ခုလုံးမှအချက်များပေါင်းစည်ထားခြင်းလည်းဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com
lineage – ပြောင်းလဲမှုရာဇဝင်
အချိန်ကာလတစ်လျောက် ပြောင်းလဲမှု အဆင့်အဆင့်ကိုကိုယ်စားပြုချက်များဖြင့် စုစည်းထားချက်။ ဗားရှင်း geodatabase တွင်အသုံးပြုသည်။
ကိုးကား – wiki.gis.com
linear dimension
အရာ/အရာဝတ္ထုတစ်ခု၏ အလျားလိုက် သို့မဟုတ် ဒေါင်လိုက် အတိုင်းအတာ။ linear အတိုင်းအတာများသည် ထောင့်ကို ထည့်သွင်းစဉ်းစားခြင်းမရှိသောကြောင့်)အစမှတ် နှင့် အဆုံးမှတ်များအကြား အမှန်ရှိသော အကွာအဝေးကို ကိုယ်စားပြုနိုင်ခြင်းမရှိပါ။
ကိုးကား – wiki.gis.com
linear feature
ကမ္ဘာ့မြေပုံပေါ်မှ မြစ် သို့မဟုတ် မြို့မြေပုံပေါ်မှ လမ်း ကဲ့သို့ သတ်မှတ်ထားသောစကေးတွင် အလျားရှိသော်လည်း ဧရိယာမရှိသော မြေပုံ အရာ/အရာဝတ္ထုတစ်ခု။
ကိုးကား – wiki.gis.com
linear interpolation
သိရှိပြီးသောတန်ဖိုးများအကြား အဖြောင့်အကွာအဝေးကို အသုံးပြု၍ မသိရှိသေးသော တန်ဖိုးကို ခန့်မှန်းခြင်း။
ကိုးကား – wiki.gis.com
linear referencing – မျဉ်းတစ်လျောက်ရည်ညွှန်းနေရာချခြင်း
ရှိပြီးသားမျဉ်းကြောင်းတလျောက် နှိုင်းယျတည်နေရာအရ ပထဝီဝင်အချက်အလက်များကို သိမ်းဆည့်းသည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။ ယင်းနည်းလမ်းသည် x,y ကိုဩဒိနိတ်များမသုံးပဲ မျဉ်းများတလျောက် တွင်တည်နေရာကို သတ်မှတ်ပေးနိုင်သည့်ထူးခြားသည့်စွမ်းရည်ရှိပါသည်။ မျဉ်းတစ်လျောက်ရည်ညွှန်းနေရာချခြင်းတွင် တည်နေရာကို ရှိနေပြီးဖြစ်သည့် မျဉ်းနှင့် ၎င်းမျဉ်းအတိုင်းအကွာအဝေးတိုင်းတာချက်ဖြင့် တည်နေရာကိုသတ်မှတ်သည်။ မျဉ်းတစ်လျောက်ရည်ညွှန်းနေရာချခြင်းနည်းသည် မျဉ်း၏အစိတ်အပိုင်းများတွင် အချက်အလက်များချိတ်ဆက်ပေးသည့် သဘာဝကျသည့်နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
linear unit – အလျားတိုင်း ယူနစ်
ပြင်ညီမျက်နှာပြင်သို့မဟုတ် အရိပ်ချကိုဩဒိနိတ်စနစ်တစ်ခုတွင် တိုင်းတာသည့်ယူနစ်ဖြစ်သည်။ မီတာ သို့မဟုတ် ပေ ကိုသုံးလေ့ရှိသည်။
ကိုးကား – wiki.gis.com
link
ပုံကို မြေပုံစနစ်တွင်နေရာချ ရာတွင် အသုံးပြုသည့် ကိုဩဒိနိတ်သိအမှတ်များနှင့် ၎င်းတို့ကိုရည်ညွှန်းသည့်အမှတ်များကြား ချိတဆက်ထားမှု။
ကိုးကား – wiki.gis.com
link lines
Survey Analyst ၏ကွင်းဆင်းတိုင်းတာမှုများတွင် တိုင်းတာထားသည့် အမှတ် နှင့် အရာဝထ္ထု၏ vertext တို့ချိတ်ဆက်ထားသည်ကို မြေပုံပေါ်တွင် ဖော်ပြလာသည့် မျဉ်းကြောင်းဖြစ်သည်။
ကိုးကား – wiki.gis.com
LIS
Land Information System ၏အတိုကောက်အသုံးဖြစ်သည်။ ဒေသခံအစိုးရများ အသုံးပြုလေ့ရှိသည့် cadastral (မြေယာပိုင်ဆိုင်မှုမြေပုံစနစ်) နှင့် မြေအသုံးချမှုဆိုင်ရာ မြေပုံရေးဆွဲခြင်းအတွက် အသုံးပြုသော ပထဝီဆိုင်ရာ သတင်းအချက်အလက်စနစ် တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
little endian
multibyte ဖြင့် ကိန်းဂဏာန်းကိုယ်စားပြုရာတွင် အရေးပါမှုအနည်းဆုံး least significant byte သည် အောက်ဆုံးလိပ်စာတွင်ထားရှိသည့် ကွန်ပျူတာ hardware တည်ဆောက်မှုပုံစံ တစ်မျိုးဖြစ်သည်။ ကျန်ရှိသော bytes များသည် အရေးပါမှု အဆင့်တိုးလာသည့်အစဉ်အတိုင်း encode လုပ်ထားပါသည်။
ကိုးကား – wiki.gis.com
load balance
စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်စေရန် အပလီကေးရှင်း၊ ကွန်ယက် နှင့် / သို့မဟုတ် ဆာဗာ အရင်းအမြစ်များအား ဖြန့်ကျက်ချထား လုပ်ဆောင်ချက်။
ကိုးကား – wiki.gis.com
load distribution
စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်စေရန် အပလီကေးရှင်း၊ ကွန်ယက် နှင့် / သို့မဟုတ် ဆာဗာ အရင်းအမြစ်များအား ဖြန့်ကျက်ချထား လုပ်ဆောင်ချက်။
ကိုးကား – wiki.gis.com
local analysis
အထွက် raster ကိုတွက်ချက်ရာတွင် နေရာတစ်ခု ရှိ အဝင်တန်ဖိုးများအရ ၎င်းနေရာတွင်ရှိမည့်အထွက်တန်ဖိုးရရန် လုပ်ဆောင်ချက်ဖြစ်သည်။
ကိုးကား – wiki.gis.com
local area network
အခန်းတစ်ခန်း (သို့မဟုတ်) အဆောက်အဦးတစ်ခု ကဲ့သို့ သေးငယ်သော ဧရိယာတစ်ခုတွင် ကွန်ပျူတာများကို ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးဆိုင်ရာ hardwareနှင့် ဆော့ဖ်ဝဲလ်များပါဝင်သည်။ LAN တစ်ခုပေါ်ရှိ ကွန်ပျူတာများသည် အချက်အလက်များနှင့်၊ printers နှင့် plotters များကဲ့သို့ အရံပစ္စည်းကိရိယာများကို မျှဝေအသုံးပြုနိုင်သည်။ သို့သော် ပြင်ပကွန်ပျူတာများနှင့် ချိတ်ဆက်ထားရန် မလိုအပ်ပါ။
ကိုးကား – wiki.gis.com
Local check method
ကွင်းဆင်းတိုင်းတာခြင်းများအတွက် Survey Analyst တွင် Coordinate Out of Tolerance command ကို အသုံးပြုရန် နည်းလမ်း၂ခုအနက်မှ တစ်ခုဖြစ်သည်။ Local check method သည် မြေတိုင်းအလုပ် အသီးသီး တွင် ခွင့်ပြုကွာဟချက် tolerance ထက်ကျော်လွန်နေ ကိုဩဒီနိတ်များကို ရှာဖွေပေးသည်။
ကိုးကား – wiki.gis.com
local datum – ဒေသဆိုင်ရာ ရည်ညွှန်းမျက်နှာပြင်
ကမ္ဘာမြေ၏ သတ်မှတ်နေရာဒေသတစ်ခုအတွက် တိုင်းတာမူများတွင် အခြေခံအဖြစ်အသုံးပြုသည့် ရေပြင်ညီ ရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။ ၎င်း၏ မူလမှတ် ကမ္ဘာမျက်နှာပြင်တစ်နေရာတွင်ရှိပြီး ယင်း နေရာဒေသနှင့်ကိုက်ညီသည့်အရွယ်အစား ရှိသည့် စက်လုံးယောင်ကို အသုံးပြုထားသည်။ ထိုရည်ညွှန်းမျက်နှာပြင်ကို ကုန်းမြေပေါ်ရှိ မြေတိုင်းလုပ်ငန်းများ တွင် အသုံးပြုရန် မူလက သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ဒေသဆိုင်ရာ ရည်ညွှန်းမျက်နှာပြင် သည် ကမ္ဘာဗဟိုပြု ရည်ညွှန်းမျက်နှာပြင်နှင့် ကွဲပြားမှုရှိပါသည်။ ဥပမာ- မြောက်အမေရိက ရည်ညွှန်းမျက်နှာပြင် ၁၉၂၇ နှင့် ဩစတြေးလျ ဘူမိထု ရည်ညွှန်းမျက်နှာပြင် ၁၉၆၆ တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
local functions
အထွက် raster ကိုတွက်ချက်ရာတွင် နေရာတစ်ခု ရှိ အဝင်တန်ဖိုးများအရ ၎င်းနေရာတွင်ရှိမည့်အထွက်တန်ဖိုးရရန် လုပ်ဆောင်ချက်ဖြစ်သည်။
ကိုးကား – wiki.gis.com
local polynomial interpolation
ArcGIS Geostatistical Analyst တွင်ပါသည့် တိုက်ရိုက်တွက်ယူ ဆက်စပ်ခန့်မှန်းသည့် နည်းလမ်းတစ်ခု။ ဆက်စပ်ခန့်မှန်းတွက်ချက်ရရှိသည့် မျက်နှာပြင်သည် နမူနာကောက်အမှတ်များရှိအချက်အလက်အများနှင့် ကိုက်ညီရန် မလိုအပ်ပါ။ ထို့အပြင် ထိုနည်းလမ်းတွင် ၎င်းနှင့်ဆက်စပ်နေသည့် စံအမှားများမရှိပါ။
ကိုးကား – wiki.gis.com
localization
အခြားဘာသာစကားတစ်ခုဖြင့်ဆော့ဝဲကိုအသုံးပြုနိုင်ရန်အတွက်လိုအပ်ချက်များကိုကိုက်ညီအောင်ပြုလုပ်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ ယင်းတွင် interfaces ကိုဘာသာပြန်ခြင်း၊ မှတ်တမ်းပြုစုခြင်း၊ အကူအညီစနစ်များ၊ ပါဝင်သည့်အရာများကိုလိုအပ်သလိုပြင်ဆင်ခြင်း နှင့် ကွဲပြားသော အက္ခရာ စနစ်များကိုထည့်သွင်းပေးထားခြင်းတို့ပါဝင်သည်။
ကိုးကား – wiki.gis.com
location – တည်နေရာ
ဒေသတစ်ခု (သို့မဟုတ်) သွင်ပြင်တစ်ခုအား ခွဲခြားသတ်မှတ်ထားသည့်အမှတ်အသား။
ကိုးကား – wiki.gis.com
Location Aware Services
IBM WebSphere Everywhere Access (WEA) အပ်ပလီကေးရှင်း ဝန်ဆောင်မှုပေးသူများအား programming interface (API) ကို ပံ့ပိုးပေးခြင်းဖြင့် ဝန်ဆောင်မှုပေးသူအများအပြားထံမှ တည်နေရာအခြေခံဝန်ဆောင်မှုများကို ရယူအသုံးပြုခွင့်ပေးသည့် ဝန်ဆောင်မှုဖြစ်သည်။
ကိုးကား – wiki.gis.com
location query – တည်နေရာမေးခွန်း
နေရာ သို့မဟုတ် တည်နေရာ ဆက်နွယ်မှုအပေါ် အခြေခံပြီး အရာဝတ္ထုများကိုရွေးချယ်သည့် ခိုင်းစေချက် သို့မဟုတ် လော့ဂျစ်ခိုင်းစေချက် ဖြစ်သည်။ ဥပမာ – တည်နေရာအခြေခံ ရွေးချယ်ချက်ဖြင့် polygon တစ်ခု သို့မဟုတ် polygon အစုထဲတွင် မည်သည့် အမှတ်များကျရောက်နေသည်ကို ရှာဖွေနိုင်ခြင်း။ အရာဝတ္ထုတစ်ခု မှာ အကွာ အဝေးတစ်ခုအတွင်း ရှိနေသည့် အခြား အရာဝတ္ထုများကို ရှာဖွေခြင်း သို့မဟုတ် ကပ်လျက်ရှိသည့် အရာဝတ္ထုများကို ရှာဖွေခြင်း လုပ်နိုင်သည်။
ကိုးကား – wiki.gis.com
Location Utility Service – တည်နေရာအရ အသုံးဝင်မှု ဝန်ဆောင်မှု
လိပ်စာတစ် မှ ပထဝီဆိုင်ရာ ကိုဩဒီနိတ်များကို ရှာဖွေရန် နှင့် ပထဝီဆိုင်ရာ ကိုဩဒီနိတ်များမှတဆင့် လိပ်စာကိုရှာဖွေသည့်(geocoding/reverse geocoding ) OpenLS ArcWeb ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
location-allocation – တည်နေရာ ခွဲဝေခြင်း
တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ဝန်ဆောင်မှုအဆောက်အအုံများအတွက် အကောင်းဆုံး တည်နေရာကို ရှာဖွေခြင်း လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းတို့မှာ ပေးထားသည့်အမှတ်အစုများကို ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ ထိုသို့ပေးရာတွင်ရှိနေသည့် ဝန်ဆောင်မှုအဆောက်အအုံအရေအတွက်, ကုန်ကျစရိတ် နှင့် အဆောက်အအုံတစ်ခုနှင့် အမှတ်တစ်ခုကြား အများဆုံးအနှောက်အယှက် တို့ကဲ့သို့သော အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်သည်။
ကိုးကား – wiki.gis.com
location-based services – တည်နေရာ အခြေပြုဝန်ဆောင်မှုများ
ကြိုးမဲ့ကိရိယာတစ်ခု၏ တည်နေရာကိုသာ အခြေခံပြီး သတင်းအချက်အလက်များ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာဝန်ဆောင်မှုတစ်ခုကို ချန်နယ်ပေါင်းများစွာသို့ပေးပိုခြင်းဖြစ်သည်။ တစ်ချို့သော တည်နေရာကို အခြေခံသော အပ်ပလီကေးရှင်းများတွင် အရေးပေါ်ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်ဝန်ဆောင်မှုများနှင့် လမ်းကြောင်း/တည်နေရာရှာဖွေခြင်းဝန်ဆောင်မှုတို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
locked parcel – ထိန်းချုပ်ထားသည့် မြေကွက်
Survey Analyst – Cadastral Editor တွင် တည်းဖြတ်ပြင်ဆင်ရန်အတွက် ထိန်းချုပ်ထားသည့် မြေကွက်တစ်ခုဖြစ်သည်။ ထိန်းချုပ်ထားသည့် မြေကွက်များ ကို လူအများတပြိုင်နက်တည်း တည်းဖြတ်ခွင့် မပြုပါ။
ကိုးကား – wiki.gis.com
locomotion – ရွေ့လျားနိုင်မှု
လူတစ်ယောက်၏ လမ်းကြောင်းတစ်ခုအတိုင်း ရွေ့လျားမှုများဖြစ်သည်။ ရွေ့လျားနိုင်မှုသည် ခရီးသွားလာခြင်း၏ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းဖြစ်ပါသည်။
ကိုးကား – wiki.gis.com
log file
အချက်အလက်များ၏ ပြောင်းလဲမှုများကို မှတ်တမ်းတင်ထားသည့် ဒေတာဘေ့စ်ဖိုင်တစ်ခုဖြစ်ပြီး ဒေတာဘေ့စ် ပြန်လည်ပြင်ဆင်မွမ်းမံခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် မကြာခဏသုံးလေ့ရှိသည့်။
ကိုးကား – wiki.gis.com
logarithm – လော့ဂရစ်သမ်
ပေးထားသော ဂဏန်းတစ်ခုနှင့် ညီစေရန် ကိန်းသေဂဏန်းတစ်ခု (အခြေ) ၏ ထပ်ကိန်းအဖြစ်တင်ပေးရမည့် ဂဏန်းဖြစ်သည်။ လော့ဂရစ်သမ်တွင် အသုံးများသော အခြေများမှာ အခြေ ၁၀၊ အခြေ eနှင့် အခြေ ၂ တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
logical expression – လော့ဂျစ် ဖော်ပြချက်
မှန် သို့မဟုတ် မှားဆိုသည့် တန်ဖိုးကို ထုတ်ပေးသော ဏန်းများ၊ ကိန်းသေများ၊ ကိန်းရှင်များ၊ အော်ပရေတာများနှင့် လုပ်ဆောင်ချက်များဖြစ်သည်။
ကိုးကား – wiki.gis.com
logical operator – လော့ဂျစ်သင်္ချာသင်္ကေတ
မှန် (သို့မဟုတ်) မှား ရလဒ်မှကိုထုတ်ပေးသည့် လော့ဂျစ် ဖော်ပြချက်များကို နှိုင်းယှဉ်မှုလုပ်သည့် လော့ဂျစ် သင်္ကေတ (operator) တစ်ခုဖြစ်သည်။ logical operators များ၏ ဥပမာများတွင် ထက်ငယ်သော (<)၊ ထက်ကြီးသော (>)၊ ညီသော (=)၊ နှင့် မညီသော (<>) တို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
logical query – လော့ဂျစ်ခိုင်းစေချက်
ပထဝီဆိုင်ရာအလွှာတစ်ခုမှ အရာဝတ္ထုများကို အချက်အလက်များပေါ်အခြေခံ၍ ရွေးချယ်ရန် သင်္ချာဆိုင်ရာ ဖော်ပြချက်များကို အသုံးပြုထားသည့် လုပ်ငန်းစဉ် ဖြစ်သည်- ဥပမာ “ ၁၆၀၀၀ ယူနစ်ထက်ကြီးသော ဧရိယာရှိသည့် ဗဟုဂံများအားလုံးကို ရွေးချယ်ပါ” သို့မဟုတ် “Green Apple Run အမည်ရှိသော လမ်းပိုင်းများအားလုံးကို ရွေးချယ်ပါ” စသည်တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
logical selection – လော့ဂျစ်အရ ရွေးချယ်ခြင်း
ပထဝီဆိုင်ရာအလွှာတစ်ခုမှ အရာဝတ္ထုများကို အချက်အလက်များပေါ်အခြေခံ၍ ရွေးချယ်ရန် သင်္ချာဆိုင်ရာ ဖော်ပြချက်များကို အသုံးပြုထားသည့် လုပ်ငန်းစဉ် ဖြစ်သည်- ဥပမာ “ ၁၆၀၀၀ ယူနစ်ထက်ကြီးသော ဧရိယာရှိသည့် ဗဟုဂံများအားလုံးကို ရွေးချယ်ပါ” (သို့မဟုတ်) “Green Apple Run အမည်ရှိသော လမ်းပိုင်းများအားလုံးကို ရွေးချယ်ပါ” စသည်တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
long transaction
မိနစ်အနည်းငယ်မှ လပေါင်းများစွာကြာနိုင်သည့် feature dataset တစ်ခုကို တည်းဖြတ်ခြင်းအချိန်အပိုင်းတစ်ခု ဖြစ်သည်။ Long transactions များကို ArcSDE versioning mechanism မှ စီမံခန့်ခွဲသည်။
ကိုးကား – wiki.gis.com
long-range variation
တည်နေရာပုံစံငယ်တစ်ခုတွင် စကေးကြမ်းကွဲလွဲမှုဖြစ်ပြီး ၎င်းကို များသောအားဖြင့် trend အဖြစ် ပုံစံထားလေ့ရှိသည်။
ကိုးကား – wiki.gis.com
longitude – လောင်ဂျီကျု
စိတ်ကူးဖြင့်ရေးဆွဲထားသော မာရီဒီယံမျဉ်း (အများအားဖြင့် ဂရင်းနစ် ပင်မမာရီဒီယံမျဉ်း)၏ အရှေ့ဖက် သို့မဟုတ် အနောက်ဖက် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ အမှတ်တစ်ခု၏တည်နေရာကို ဒီဂရီ၊ မိနစ်၊ စက္ကန့်နှင့် ဖော်ပြလေ့ရှိသော ထောင့်အကွာအဝေး။ လောင်ဂျီကျုမျဉ်းများသည် အီကွေတာမျဉ်းကို ဖြတ်ပြီး မြောက်ဝန်ရိုးစွန်းနှင့် တောင်ဝန်ရိုးစွန်းကို ဖြတ်သန်းသွားသည့် စက်ဝန်းကြီးများ ဖြစ်ပါသည်။
ကိုးကား – wiki.gis.com
longitude of center – ဗဟိုလောင်ဂျီကျု
မြေပုံရိပ်ချ စနစ်၏ ဗဟိုနှင့် ရံဖန်ရန်ခါတွင် မူလမှတ် ကို သတ်မှတ်ပေးသော လောင်ဂျီကျုတန်ဖိုး။
ကိုးကား – wiki.gis.com
longitude of origin – မူလမှတ်လောင်ဂျီကျု
မြေပုံအရိပ်ချစနစ်၌ x ကိုဩဒီနိတ်တန်ဖိုး၏ မူလစမှတ်ကို သတ်မှတ်ပေးသောလောင်ဂျီကျု တန်ဖိုး။
ကိုးကား – wiki.gis.com

loop traverse
တိုင်းတာခြင်းလုပ်ငန်းများတွင် အမှတ်တစ်ခုတည်းတွင် အစနှင့်အဆုံးရှိနေသော လမ်းကြောင်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
lossless compression – ဆုံးရှုံးမှုမဲ့ခြုံ့ခြင်း
မည်သည့်တန်ဖိုးများမှ ပြောင်းလဲခြင်းမရှိပဲ ဒေတာများ သိမ်းဆည်းနိုင်သည့် ဒေတာချုံ့ခြင်းနည်းလမ်းဖြစ်သည်။ သော်လည်း ဒေတာများအား အချိုးနိမ့်(ပုံမှန်အားဖြင့် ၂ : ၁ သို့မဟုတ် ၃ : ၁) သာ ချုံ့ပေးနိုင်ပါသည်။ စမ်းစစ်တွက်ချက်ရာ လည်းကောင်း အခြားဒေတာများဆင့်ပွားဖန်တီးရာတွင် အသုံးပြုမည့် raster data များကို ချုံ့ရာတွင် lossless compression နည်းကိုအသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
lossy compression – ဆုံးရှုံးမှုရှိ ခြုံ့ခြင်း
အချိုးမြင့်မြင့်ဖြင့် ချုံ့ခြင်း (ဥပမာ ၁၀ : ၁ မှ ၁၀၀ : ၁ အဖြစ်) ကိုလုပ်ဆောင်နိုင်သည့် နည်းလမ်းဖြစ်သည်။ သို့သော်လည်း ဒေတာအတွင်းရှိ သတင်းအချက်အလက်အားလုံးကို မသိမ်း ပေးနိုင်ပါ။ GIS တွင် အောက်ခံပုံအဖြစ် အသုံးပြုမည့် raster datasets များကို lossy compression နည်းဖြင့် ချုံ့လေ့ရှိသည်။ သို့သော် လေ့လာဆန်းစစ်ခြင်း သို့မဟုတ် အခြားသော ဒေတာများထုတ်ယူ တွက်ချက်ခြင်းတို့တွင် အသုံးပြုမည့် raster dataset များအတွက် lossy compression သည် မသင့်လျော်ပါ (အသုံးမပြုသင့်ပါ)။
ကိုးကား – wiki.gis.com
low-level language
Machine Language၏ သုညများနှင့် တစ်များထက် အနည်းငယ်ပိုမိုရှုတ်ထွေးသည့် ဖော်ပြချက်များနှင့် keywordများကိုသာ အသုံးပြုသော programming languageတစ်ခုဖြစ်သည်။ Low-level language တွင် နည်းပညာအရ machine languageကို ထည့်သွင်းထားသော်လည်း Machine instruction များကို အလွယ်တကူဖတ်ရှုနားလည်နိုင်မည့် သင်္ကေတများအသုံးပြုသော Assembly languageတစ်ခုကိုသာ အများအားဖြင့် ညွှန်းဆိုခြင်းဖြစ်သည်။ Assembly Language ရှိ statement တစ်ခုစီသည် processorကိုခိုင်းစေသော command တစ်ခုကိုသာ ကိုယ်စားပြုသောကြောင့် mundane functionများနှင့်ပတ်သက်ပြီး Developerက အနည်းငယ်သာ အနှစ်ချုပ်ထုတ်ရန် လိုအပ်သည်။ Mundane function ဆိုသည်မှာ Memory access နှင့် register storageများကဲ့သို့ဖြစ်ပြီး ထိုသို့သောလုပ်ဆောင်ချက်များသည် developer၏ အနီးကပ်စောင့်ကြည့်မှုကို လိုအပ်သည်။
ကိုးကား – wiki.gis.com
low-pass filter – ကြိမ်နှုံးနိမ့် ဖစ်တာ
ပိုမိုချောမွေ့သော ဓါတ်ပုံရရှိရန် ဆဲလ် တစ်ခု ပါတ်ပါတ်လည်ရှိ အခြားဆဲများ၏တန်ဖိုးတို့ကိုပါရယူကာ ပျှမ်းမျှတွက် ယူသည့် နည်းလမ်းတစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
loxodrome
ရွေစောင်းသည့် ထောင့်တန်ဖိုး တစ်ခုဖြင့် မာရီဒီယံမျဉ်းအားလုံးကို ဖြတ်သွားသည့် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ အဆင့်မြင့် မျဉ်းကွေးတစ်ခုဖြစ်သည်။ Rhumb မျဉ်းတစ်ကြောင်း၏ လမ်းကြောင်းသည် သံလိုက်အိမ်မြောင်ထောင့်တစ်ခုအတိုင်းသာ ဖြစ်ပြီး၊ ယင်းသည် Mercator မြေပုံပုံရိပ်ချစနစ်တွင် မျဉ်းဖြောင့်ဖြစ်ကာ ဝန်ရိုးစွန်းပုံရိပ်ချစနစ်တွင် လော့ဂရစ်သမ်ခရုပတ်ပုံစံတစ်ခုဖြစ်သည်။ Rumb မျဉ်းသည် စက်လုံးတစ်လုံပေါ်ရှိ အမှတ်နှစ်မှတ်ကြား၏ အတိုဆုံးသောအကွာအဝေးမဟုတ်ပါ။
ကိုးကား – wiki.gis.com
