M

m-coordinate

linear referencing တွင် မျဉ်းကြောင်းတစ်ခုတွင် ထည့်ပေးထားသော အတိုင်းအတာတန်ဖိုးတစ်ခု။ M-values ကို vertex (သိပြီးသားတည်နေရာတစ်ခု) တစ်ခု မှ event ဖြစ်ရပ်တစ်ခုဆီသို့ မျဉ်းကြောင်းတစ်လျှောက်အကွာအဝေးကို တိုင်းတာရန်အသုံးပြုသည်။

ကိုးကား – wiki.gis.com


macro

Macro သည် ကွန်ပျူတာ ပရိုဂရမ်တစ်ခုဖြစ်ပြီး များသောအားဖြင့် command များစွာပါဝင်သည့် စာသားဖိုင်တစ်ခုဖြစ်ပြီး command တစ်ခုအဖြစ်ဆောင်ရွက်သည်။ ပုံမှန်အားဖြင့် Macros ကို အသုံးများသော command အတွဲလိုက် သို့မဟုတ် ရှုပ်ထွေးသောလုပ်ဆောင်ချက်များ ဆောင်ရွက်ရန် အသုံးပြုသည်။

ကိုးကား – wiki.gis.com


magnetic bearing

သံလိုက်အိမ်မြောင် ပြသည့်အရပ်ဒီဂရီ။ သံလိုက်မြောက်အရပ်မှ တိုင်းတာသည်။

ကိုးကား – wiki.gis.com


magnetic declination – သံလိုက်သွေဖီထောင့်

ကမ္ဘာမြေပေါ်ရှိ အမှတ်တစ်နေရာမှ လေ့လာတွေ့ရှိရသော သံလိုက်မြောက်အရပ်နှင့် မူမှန်မြောက်တို့အကြားရှိထောင့်။ သံလိုက်သွေဖီထောင့်သည် ကမ္ဘာ့သံလိုက်စက်ကွင်းအပြောင်းအလဲပေါ်မူတည်၍ နေရာနှင့် အချိန်ကိုလိုက်ပြီး ပြောင်းလဲမှုရှိသည်။

ကိုးကား – wiki.gis.com

Figure : သံလိုက်သွေဖီထောင့်
Ng = မူမှန်မြောက်
Nm = သံလိုက်မြောက်
+δ = သံလိုက်သွေဖီထောင့် (Credit : wiki.gis.com)

magnetic north – သံလိုက်မြောက်အရပ်

စက်ဝန်းကြီးတစ်ခုအတိုင်း ကမ္ဘာမြေပေါ်ရှိ အမှတ်တစ်နေရာမှ သံလိုက်အိမ်မြောင်၏ မြောက်အရပ်ပြ လက်တံက ညွှန်ပြသော သံလိုက်စက်ဝန်း၏မြောက်ဝန်ရိုးစွန်းရှိရာ အရပ်။

Nm = သံလိုက်မြောက်

ကိုးကား – wiki.gis.com


magnetometer – သံလိုက်အားတိုင်းကရိယာ

ကမ္ဘာ့သံလိုက်စက်ကွင်းပြင်းအားနှင့် ဦးတည်ရာအပြောင်းအလဲများကို တိုင်းတာသည့်ပစ္စည်းကရိယာ။

ကိုးကား – wiki.gis.com

Figure : Helium vector magnetometer (HVM) of the Pioneer 10 and 11 spacecraft (Credit : wikimedia)

Magnifier window

ArcMap တွင် ပင်မမြေပုံမြင်ကွင်းကိုချဲ့စရာမလိုပဲ ကြည့်လိုသော နေရာကို အကျယ်ချဲ့ပြသည့် ဒုတိယမြင်ကွင်း တစ်ခုဖြစ်သည်။ မှန်ဘီလူးမြင်ကွင်းကို နေရာရွေ့ကြည့်စဉ်တွင် ပင်မမြင်ကွင်း ပြောင်းလဲခြင်းစသည့်သက်ရောက်မှုမရှိပါ။

ကိုးကား – wiki.gis.com


maintenance license

ESRI ဖောက်သည် ဝန်ဆောင်မှုဌာနနှင့် ချုပ်ဆိုထားသည့် လက်ရှိပြုပြင်ထိန်းသိမ်းခွင့်ရ လိုင်စင်တစ်ခုဖြစ်သည်။ ထိန်းသိမ်းခွင့်ရ လိုင်စင်ဖြင့် ESRI ဆော့ဝဲ အသုံးပြုသူများသည် အသစ်ထွက်သည့် ဆော့ဝဲ ဗားရှင်းသို့အဆင့်မြင့်တင်အသုံးပြုနိုင်ခွင့်ရရှိသည်။

ကိုးကား – wiki.gis.com


maintenance renewal

ပြုပြင်ထိန်းသိမ်းခွင့်ရ လိုင်စင် ကုန်ဆုံးရက်ဖြစ်သည်။ ဆော့ဝဲ တစ်မျိုးတည်း ကိုပင် စက်အမျိုးအမျိုးတွင် အသုံးပြု နေပါက လိုင်စင် သက်တမ်းကုန်ဆုံး ရက် များတူညီမည်မဟုတ်ပါ။

ကိုးကား – wiki.gis.com


major axis – ပင်မဝင်ရိုး

စက်လုံးယောင် (သို့မဟုတ်) အီလစ်ဆွိုက်၏ အရှည်ဆုံးဝန်ရိုး။

ကိုးကား – wiki.gis.com


majority resampling

အများယူ-နမူနာကောက်ခြင်း အထွက် raster data အတွက် ဆဲတန်ဖိုးအသစ်များ ပြန်လည်တွက်ချက်သည့်နည်းလမ်း တစ်ခုဖြစ်သည်။ အများဆုံးအသုံးပြုကြသည်မှာ ဆဲ (၄) ကွက်ပါ စတုရန်းပုံနေရာ အစုများဖြင့်မူလ (input) raster မှ တွက်ချက်ခြင်းဖြစ်သည်။ အများယူ နည်းလမ်းတွင် ဆဲတန်ဖိုးအသစ်တွက်ချက်ရလာခြင်းမဟုတ် သည့်အတွက် အမျိုးအစား သို့မဟုတ် ကိန်းပြည့်သုံးသည့် ဒေတာများ အတွက် အသုံးဝင်သည့်နည်းဖြစ်သည်။ ဥပမာ မြေအသုံးချမှု၊ မြေဆီလွှာအမျိုးအစား၊ သစ်တောအမျိုးအစားစသည့် ဒေတာများ အတွက်အသုံးဝင်သည်။ အများယူ ဆဲတန်ဖိုးကောက်ယူနည်းသည် ကိန်းပြည့်အမျိုးအစား ဒေတာများအတွက် ကြိမ်နှုံးနိမ့် ပုံစစ်ဇကာ က ပုံမှန်မဟုတ်သည့် အချက်အလက်များကို ဖယ်ရှား သည့်ပုံစံ မျိုး ကဲ့သို့ လုပ်ဆောင်သည်။

ကိုးကား – wiki.gis.com


make permanent – အချက်အလက်ကို သိမ်းဆည်းခြင်း

ArcGIS Spatial Analyst တွင် တွက်မှုလုပ်နေစဉ် အတွင်း ဖန်းတီးခဲ့သည့် ယာယီ သို့မဟုတ် ဘေးထွက် raster များကို တွက်ချက်မှုပြီးသည့်အချိန်တွင် မဖျက်ပဲ သိမ်းဆည်းထားရန် ခိုင်းစေသည့် ရွေးချယ်ချက် တစ်ခုဖြစ်သည်

ကိုးကား – wiki.gis.com


managed raster catalog

Geodatabase မှသတ်မှတ်ပေးထားသောတည်နေရာတစ်ခုသို့ raster datasets များကို ကူးယူထားသည့် Raster catalog တစ်ခုဖြစ်ပါသည်။ row တစ်တန်းအား  managed raster catalog တစ်ခုမှ ဖျက်လိုက်သောအခါ ဒေတာများကိုလည်း ဖျက်လိုက်ပါသည်။

ကိုးကား – wiki.gis.com


many-to-many relationship – အများ-မှ-အများသို့ ဆက်သွယ်ချက်

ချိတ်ဆက်ထားသည့် ဇယားနှစ်ခု အကြား ဆက်သွယ်ချက် အမျိုးအစားတစ်ခုဖြစ်သည်။ ပထမ ဇယားရှိ အချက်အလက်တစ်ခုသည် ဒုတိယဇယားရှိ အချက်အလက်အများအပြားနှင့် ချိတ်ဆက် နေသည်။ အလားတူ သဘောပင် ဒုတိယဇယားအချက်အတစ်ခု သည် ပထမဇယားမှ အချက်အလက်များနှင့်ချိတ်ဆက်နေခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


many-to-one relationship – အများ-နှင့်-တစ်ခု ဆက်သွယ်ချက်

ချိတ်ဆက်ထားသည့် ဇယားနှစ်ခု အကြား ဆက်သွယ်ချက် အမျိုးအစားတစ်ခုဖြစ်သည်။ ပထမ ဇယားရှိ အချက်အလက်များသည် ဒုတိယဇယားရှိ အချက်အလက်တစ်ခုနှင့် ချိတ်ဆက် နေသည်။

ကိုးကား – wiki.gis.com


map – မြေပုံ

မြေပြင်အရာဝတ္ထုများ၏ တည်နေရာ အဆက်အစပ်ကို ပုံဖြင့်ဆွဲသား ပြသမှုဖြစ်သည်။

ကိုးကား – wiki.gis.com


map algebra – မြေပုံအက္ခရာသင်္ချာ

မြေပုံအချက်အလက်အသစ်တစ်ခု ဖန်တီးရန် သင်္ချာတွက်ချက်မှုများနှင့် ခွဲခြမ်းစိတ်ဖြာမှုများ လုပ်ဆောင်၍ မြေပုံ themes များကို ပေါင်းစပ်ရန် ပြုလုပ်ပေးသော ကွန်ပြူတာ ဘာသာစကားတစ်မျိုးဖြစ်သည်။ map algebra ဖော်ပြချက်တွင် အော်ပရေတာများသည် သင်္ချာနည်းများ၊ အကျိုးအကြောင်းဆက်စပ်မှုများ သို့မဟုတ် Boolean သင်္ကေတများ (+, >, AND, tan, စသည်ဖြင့်)၊ တည်နေရာလေ့လာဆန်းစစ်မှုလုပ်ဆောင်ချက်မှား (လျှောစောက်၊ အနီးဆုံး/အတိုဆုံးလမ်းကြောင်း၊ spline စသည်ဖြင့်) ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ တွက်ချက်သည့် အချက်အလက် များ (operand) သည် တည်နေရာနှင့်ဆိုင်သော အချက်အလက်များနှင့် ကိန်းဂဏန်းများဖြစ်ကြပါသည်။

ကိုးကား – wiki.gis.com

Figure : အနီရောင် နှင့် အနီးအနီအောက်ရောင်ခြည်အလွှာတို့ဖြင့် အပင်ညွှန်းတွက်ချက်ပုံ (Credit : wiki.gis.com)

map annotation – မြေပုံ၏မှတ်စုများ

ArcGIS တွင် စာသားများ(သို့) ပုံများကို မြေပုံဘောင် (data frame) အတွင်း၌ မှတ်စုအုပ်စုတစ်ခုတွင် သိမ်းဆည်းနိုင်သည်။ ၎င်းမြေပုံ၏မှတ်စုများကို စာသား/အညွှန်းသင်္ကေတများအား ကိုင်တိုင်ရေးသား/ဖန်တီးနိုင်သလို အလိုလိုလျောက်လည်းပြုလုပ်နိုင်သည်။ ယင်းတိုကို တစ်ခုချင်း ရွေးခြယ်ခြင်း၊ နေရာပြောင်းခြင်း နှင့် ပြုပြင်ရေးသားနိုင်သည်။

ကိုးကား – wiki.gis.com


map cache

ArcMap တွင် အသုံးပြုသော setting တစ်ခုဖြစ်ပြီး ၎င်းသည် geodatabase သို့မဟုတ် ArcIMS feature service features များကို မြေပုံအကျယ်အဝန်းအတိုင်း desktop computer ၏ RAM တွင်ယာယီသိမ်းဆည်းပေးသည်။ ထိုသို့သိမ်းဆည်ပေးခြင်းသည် တည်းဖြတ်ခြင်း၊ အရာဝတ္ထုများအားဖော်ပြခြင်းနှင့် ထိုးစာအညွှန်းတပ်ခြင်းတို့အတွက် ArcMap ရှိ စွမ်းဆောင်ရည်ကို တိုးတက်စေသည်။

ကိုးကား – wiki.gis.com


map collar

မြေပုံဖတ်ရာတွင် ဖတ်ရှုသူကို အကူအညီပေးသည့် အထောက်အကူပစ္စည်းများ သို့မဟုတ် အထောက်အကူပြုပေးသည့် အရာများဖြစ်ကြသည်။ ပုံမှန်မြေပုံအစိတ်အပိုင်းများတွင် ခေါင်းစဉ်၊ မြေပုံအညွှန်း၊ မြောက်တိုင်၊ စကေးဘား၊ နယ်နိမိတ်များ၊ သတင်းအချက်အလက် အရင်းအမြစ်နှင့် အခြားသော စာသားများ၊ ထည့်သွင်းထားသည့် မြေပုံများ ပါဝင်သည်။

ကိုးကား – wiki.gis.com


map configuration file

ArcIMSတွင် ပင်မနေရာ၏အချက်အလက်များပါဝင်သော ဖိုင်ဖြစ်သည်။ ArcIMS configuration fileများတွင် ဒေတာတည်နေရာနှင့် မြေပုံအလွှာသင်္ကေတပုံစံကဲ့သို့ ပေးပို့ရမည့် content၏ အခြေခံအချက်အလက်များ အားလုံးပါဝင်သည်။ အထူးသဖြင့် မြေပုံပါအချက်အလက်များကို သတ်မှတ်ပေးသည့်ဒေတာများပါဝင်ပြီး .axl ဖြင့်ဆုံးသည့် Configuration fileတစ်ခုဖြစ်သည်။ ၎င်းကို ArcMapတွင်ရေးဆွဲထားသောမြေပုံ (,mxd သို့မဟုတ် .pmf ဖိုင်များ) ဝန်ဆောင်မှုပေးရန်နှင့် လိုအပ်သည့် Meta ဒေတာ သို့မဟုတ် လမ်းကြောင်းဒေတာများကို .axlဖိုင်အဖြစ် ပေးပို့ရာတွင်လည်း သုံးနိုင်သည်။ မည်သည့်အမျိုးအစားဖြစ်စေကာမူ လုပ်ငန်းဆောင်ရွက်နိုင်မည့် ArcIMS တည်နေရာဆာဗာနှင့် Webဆာဗာတွင် မှတ်ပုံတင်ထားသော ဝန်ဆောင်မှုအတွက်လိုအပ်သည့် content များလည်းပါဝင်သည်။

ကိုးကား – wiki.gis.com


map display – မြေပုံမြင်ကွင်း

ကွန်ပျူတာစခရင်တစ်ခုပေါ်တွင် မြေပုံတစ်ခုအား ရုပ်ပုံအားဖြင့် ပြသခြင်း။

ကိုးကား – wiki.gis.com


map document – မြေပုံဖိုင်

ArcMap တွင် မြေပုံတစ်ခု၊ အဆိုပါမြေပုံ၏ layouts နှင့် ၎င်းနှင့်ဆက်စပ်နေသောအလွှာများ၊ ဇယားများ၊ ဂရပ်များနှင့် အစီရင်ခံစာများပါဝင်သော ဖိုင်တစ်ခု။ Map documents များကို ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခြားသောစာရွက်စာတမ်းများတွင် ထည့်သွင်းခြင်းပြုလုပ်နိုင်သည်။ Map document ဖိုင် များတွင် .mxd ဖိုင်နောက်ဆက်တွဲ ပါဝင်သည်။

ကိုးကား – wiki.gis.com


map element – မြေပုံအစိတ်အပိုင်း

ဒစ်ဂျစ်တယ်မြေပုံများတွင် မြေပုံ သို့မဟုတ် မြေပုံစာရွက် များ၌ သိသာထင်ရှားစွာသတ်မှတ်ထားသော ရုပ်ပုံ သို့မဟုတ် အရာဝတ္တုတစ်ခု။ ဥပမာအားဖြင့် မြေပုံညွှန်းအစိတ်အပိုင်းများသည် ခေါင်းစဉ်၊ scale bar ၊ အညွှန်း သို့မဟုတ် အခြားသော မြေပုံနှင့်ဆိုင်သည့် အစိတ်အပိုင်းများလည်း ဖြစ်နိုင်ပါသည်။ ‌မြေပုံဧရိယာတစ်ခုလုံးအား မြေပုံညွှန်းအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူနိုင်သကဲ့သို့ လမ်းအလွှာသို့မဟုတ် ကျောင်းသင်္ကေတကဲ့သို့သော မြေပုံအတွင်းတွင်ရှိသည့် အရာဝတ္ထုတစ်ခုခြင်းအားလည်း မြေပုံအစိတ်အပိုင်းအဖြစ် စဉ်းစားနိုင်ပါသည်။

ကိုးကား – wiki.gis.com


map extent – မြေပုံအကျယ်အဝန်း

မြေပုံတစ်ခုပေါ်တွင် ပြသထားသော ပထဝီဝင်ဧရိယာ၏ သတ်မှတ်ချက်။ များသောအားဖြင့် ၎င်းကို စတုဂံဖြင့် သတ်မှတ်လေ့ရှိသည်။ Dynamic မြေပုံပြကွက်တစ်ခုတွင် မြေပုံအကျယ်အဝန်းကို မြင်းကွင် ကျဉ်းကျယ်ချဲ့ခြင်းနှင့် ဘေးတိုက်ရွှေ့ခြင်းတို့ဖြင့် ပြောင်းလဲနိုင်သည်။

ကိုးကား – wiki.gis.com


map feature

ပြင်ပရှိ အရာဝတ္ထုတစ်ခုကို ကိုယ်စားပြုဖော်ပြထားသည့် မြေပုံပေါ်ရှိအရာ ဝတ္ထု။

ကိုးကား – wiki.gis.com


map generalization

အသေးစိတ်မှုကို လျော့ချခြင်းဖြင့် မြေပုံစကေး ကိုလျော့ချိန်တွင် မြေပုံပေါ်တွင် အရာများ ရှုပ်ထွေးမနေပဲ ရှင်းရှင်းလင်းလင်းရှိစေရန်ပြုလုပ်ခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


Map Image Web Service

အင်တာနက်အပလီကေးရှင်းများအတွက် dynamic မြေပုံကို ပံ့ပိုးပေးသည့် SOAP ArcWeb ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုဖြင့် သုံးစွဲသူများသည် ပထဝီဝင်ဆိုင်ရာ အကျယ်အဝန်းတစ်ခုနှင့် ရွေးချယ်နိုင်သည့် များစွာသောအရာများ (မြေပုံအပြင်အဆင်များ၊ မြေပုံအမျိုးအစား၊ ရုပ်ပုံအရွယ်အစား၊ မြေပုံမှတ်ချက်များ) စသည်တို့ကဲ့သို့သော) ကို ထည့်သွင်းပြီးပါက ရုပ်ပုံဖိုင်တစ်ခု၏ တည်နေရာကို လက်ခံရရှိမည် ဖြစ်သည်။ Map Image Web Service သည် ထိပ်တန်းဒေတာထုတ်ဝေသူအမျိုးမျိုးထံမှ ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုခွင့်ပေးသည်။

ကိုးကား – wiki.gis.com


map library

ArcInfo Workstation Map Librarian တွင် လျှင်မြန်စွာဝင်ရောက်ကြည့်ရှုနိုင်ရန် ပထဝီဝင်ဒေတာများကို တည်နေရာအလိုက်အကွက်များ(tile)အဖြစ်လည်းကောင်း အကြောင်းအရာအလိုက်အလွှာများအဖြစ်လည်းကောင်း ပိုင်းခြားစုစည်းထားသော ဒေတာစုစည်းမှုတစ်ခု။

ကိုးကား – wiki.gis.com


Map Production System – မြေပုံထုတ်လုပ်ရေးစနစ်

Production Line Tool Set (PLTS)၏  မြေပုံရေးဆွဲခြင်းဆိုင်ရာအစိတ်အပိုင်း ဖြစ်သည်။ dynamic မြေပုံပုံစံများ၊ အတွဲလိုက်သင်္ကေတများနှင့် အဆင့်မြှင့်ထားသော မြေပုံတည်းဖြတ်ခြင်းဆိုင်ရာ tools များဖန်တီးရန် စွမ်းရည်များကို ဖန်တီးပေးခြင်းဖြင့် ပမာဏကြီးမားသော မြေပုံများထုပ်လုပ်ရေးဆွဲရာတွင် လွယ်ကူချောမွေ့စေရန်  MPS ကို ဒီဇိုင်းထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

ကိုးကား – wiki.gis.com


map projection – မြေပုံအရိပ်ချခြင်း

ကမ္ဘာကြီး၏ ကွေးနေသည့် မျက်နှာပြင်ကို ပြင်ညီမျက်နှာပြင်တစ်ခုပေါ်တွင် ရေးဆွဲပုံဖော်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းတွင် ယေဘုယျအားဖြင့် ကမ္ဘာ့ လောင်ဂျီကျုနှင့် လတ္တီကျုမျဉ်းများ၏တည်နေရာအမှန်ကို ပြင်ညီမျက်နှာပြင်တစ်ခုပေါ်သို့ ချထားရန် သင်္ချာနည်းများဖြင့် စနစ်တကျ ပြောင်းလဲမှု့လုပ်ရန်လိုအပ်ပါသည်။ ဖောက်ထွင်းမြင်နိုင်သည့် ကမ္ဘာလုံးအလယ်တွင် မီးသီးထားရှိပြီး လတ္တီကျုနှင့် လောင်ဂျီကျုမျဉ်းများကို စာရွက်ပေါ်တွင် ထင်ဟပ်စေခြင်းဖြင့် အချို့သော အရိပ်ချစနစ်များကို စိတ်ကူးယဉ်ပုံဖော်ကြည့်နိုင်ပါသည်။( အရိပ်ချစနစ်အားလုံးတွင် ကမ္ဘာ့အလယ်ဗဟိုမှ အလင်းရောင် ထွက်ပေါ်လာခြင်းတော့မဟုတ်ပါ)။ ယေဘုယျအားဖြင်း စာရွက်သည် အပြားဖြစ်၍ ကမ္ဘာလုံးကို ထိကပ်(tangent) ထားရှိပါသည် ( ပြင်ညီအရိပ်ချစနစ် သို့မဟုတ် azimuthal အရိပ်ချစနစ်)။ သို့မဟုတ် စာရွက်ကို ကမ္ဘာလုံး၏အပေါ်တွင် ကန်တော့ချွန် သို့မဟုတ် ထုလုံးရှည်သဏ္ဍာန်အဖြစ် ထားရှိပါသည် (ထုလုံးရှည်ဖြင့်အရိပ်ချခြင်း နှင့် ကန်တော့ချွန်ဖြင့်ပုံရိပ်ချခြင်း)။ မြေပုံအရိပ်ချစနစ်တိုင်းသည် အကွာအဝေး၊ အကျယ်အဝန်း၊ ပုံသဏ္ဍာန်၊ ဦးတည်ရာအရပ်၊ သို့မဟုတ် ၎င်းအကြောင်းအရာအားလုံးကို ပုံပျက်မှု/ပုံသဏ္ဍာန်မမှန်မှုတို့ ဖြစ်နိုင်ပါသည်။

ကိုးကား – wiki.gis.com

Figure : ကြားခံမျက်နှာပြင်များ
Figure : မြေပုံအရိပ်ချနည်းများ

Credit : wikimedia


map query – မြေပုံအချက်အလက်တောင်းဆိုချက်

တည်နေရာ သို့မဟုတ် တည်နေရာဆက်စပ်မှုအပေါ်အခြေခံ၍ ပထဝီဆိုင်ရာအသွင်အပြင်များကို ရွေးပေးသည့် ဖော်ပြချက် သို့မဟုတ် လော့ဂျစ်ဖော်ပြမှုတစ်ခုဖြစ်သည်။ ဥပမာ- တည်နေရာဆိုင်ရာ တောင်းဆိုချက် (query) တစ်ခုသည် polygon တစ်ခု သို့မဟုတ် polygon အစုတစ်ခုအတွင်း ကျရောက်နေသော အမှတ်များကို ရှာဖွေပေးနိုင်သည်၊ အမှတ်တစ်ခုမှ သတ်မှတ်ထားသော အကွာအဝေးအတွင်းရှိ အရာဝတ္ထုများကို ရှာဖွေပေးနိုင်သည်၊ တစ်ခုနှင့် တစ်ခု ကပ်လျက်တည်ရှိသော အရာဝတ္ထုများကို ရှာဖွေပေးနိုင်သည်။

ကိုးကား – wiki.gis.com


map reading – မြေပုံဖတ်ရှုခြင်း

မြေပုံတစ်ခုကို ကြည့်ခြင်းအားဖြင့် ဖတ်ရှုသူကို မြေပုံမှ သတင်းအချက်အလက်များရရှိနိုင်သည်။ မြေပုံဖတ်ရှုခြင်းတွင် ကုဒ်တွေနှင့် မြေပုံတွင် အသုံးပြုထားသော မြေပုံရေးဆွဲခြင်းဆိုင်ရာ ဖော်ပြချက်များ၏ အနက်အဓိပ္ပါယ်ကို ပြန်ဆိုခြင်းတို့ ပါဝင်ပါသည်။

ကိုးကား – wiki.gis.com


map scale – မြေပုံစကေး

မြေပုံတစ်ခုပေါ်ရှိ အကွာအဝးတစ်ခု မြေပြင်ပေါ်ရှိ ဆက်စပ်သည့် အကွာအဝေး သို့မဟုတ်  မြေပုံပေါ်ရှိ ဧရိယာတစ်ခုနှင့် မြေပြင်ဧရိယာ တို့၏ အချိုး သို့မဟုတ် ဆက်စပ်မှု ဖြစ်ပါသည်။ အများအားဖြင့် မြေပုံစကေးကို အပိုင်း သို့မဟုတ် အချိုးဖြင့် ဖော်ပြပါသည်။ မြေပုံ စကေး ၁/၁၀၀,၀၀၀ သို့မဟုတ် ၁:၁၀၀,၀၀၀ သည် မြေပုံပေါ်ရှိ အတိုင်းအတာ တစ်ယူနစ်သည် ကမ္ဘာမြေပြင်ပေါ်ရှိ တူညီသည့် ယူနစ် ၁၀၀,၀၀၀ နှင့် ညီမျှသည်ဟု ဆိုလိုပါသည်။

ကိုးကား – wiki.gis.com


map series – မြေပုံစီးရီး

အကြောင်းအရာတစ်ခု နှင့် ဆိုင်သော မြေပုံများစုစည်းထားမှု။

ကိုးကား – wiki.gis.com


map service – မြေပုံဝန်ဆောင်မှု

မြေပုံထုတ်ပေးနိုင်သည့် ဝက်ဘ်ဝန်ဆောင်မှုတစ်မျိုးဖြစ်သည်။

ကိုးကား – wiki.gis.com


map sheet – မြေပုံချပ်

မြေပုံစီးရီးအတွဲထဲမှ မြေပုံတစ်ခု သို့မဟုတ် chart တစ်ခုဖြစ်သည်။ ဥပမာ- အမေရိကန်ပြည်ထောင်စုနှင့် ၎င်းနယ်မြေများ၏ USGS ၇.၅- မိနစ် မြေမျက်နှာသွင်ပြင်ဆိုင်ရာ မြေပုံ ၅၇,၀၀၀ ခန့်ထဲမှ မြေပုံတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


map style – မြေပုံစတိုင်

ကြိုတင်သတ်မှတ်ထားသော အရောင်များ၊ သင်္ကေတများ၊ သင်္ကေတများ၏ ဂုဏ်သတ္တိများ၊ နှင့် မြေပုံအင်္ဂါအစိတ်အပိုင်းများ စုစည်းထားမှုဖြစ်သည်။ မြေပုံစတိုင်သည် မြေပုံများရှိ စံသတ်မှတ်ချက်ထားရှိခြင်းနှင့်မြေပုံအားလုံးပုံစံတူတပြေးညီရှိမှု တို့ကို မြှင့်တင်ပေးနိုင်ပါသည်။

ကိုးကား – wiki.gis.com


map surround

မြေပုံဖတ်ရာတွင် ဖတ်ရှုသူကို အကူအညီပေးသည့် အထောက်အကူပစ္စည်းများ သို့မဟုတ် အထောက်အကူပြုပေးသည့် အရာများဖြစ်ကြသည်။ ပုံမှန်မြေပုံအစိတ်အပိုင်းများတွင် ခေါင်းစဉ်၊ မြေပုံအညွှန်း၊ မြောက်တိုင်၊ စကေးဘား၊ နယ်နိမိတ်များ၊ သတင်းအချက်အလက် အရင်းအမြစ်နှင့် အခြားသော စာသားများ၊ ထည့်သွင်းထားသည့် မြေပုံများ ပါဝင်သည်။

ကိုးကား – wiki.gis.com


map template – မြေပုံ ပုံစံနမူနာ

ArcMapတွင် မြေပုံအသစ်တစ်ခုကို လျင်မြန်စွာပြုလုပ်နိုင်ရန် ပံ့ပိုးပေးသော မြေပုံစာရွက်စာတမ်းတစ်မျိုးဖြစ်သည်။ မြေပုံ ပုံစံနမူနာများတွင် အချက်အလက်များ၊ စိတ်ကြိုက်ပြင်ဆင်ထားသောမြင်ကွင်း နှင့် ကြိုတင်သတ်မှတ်ထားသောမြေပုံတစ်ချပ်ပုံနှိပ်ရန် ပြင်ဆင်ရာတွင် ပါဝင်မည့်မြေပုံအင်္ဂါရပ်များ(ဥပမာ- မြောက်မြှား၊ စာစကေး(သို့)ဘားစကေး၊ သက်ဆိုင်ရာ အမှတ်တံဆိပ်သင်္ကေတ) ပါ၀င်နိုင်သည်။ မြေပုံ ပုံစံနမူနာဖိုင်များကို .mxt ဖိုင်အမျိုးအစား ဖြင့်ဖော်ပြသည်။

ကိုးကား – wiki.gis.com


map topology

မြေပုံတစ်ခုပေါ်ရှိ အရာဝတ္ထုများ၏ ထိနေသော အစိတ်အပိုင်းများအကြား တည်ရှိပုံအရဆက်စပ်မှုများကို ယာယီမှတ်သားထားပြီး ယင်းဘုံအစိတ်အပိုင်းများကို တည်းဖြတ်ရာတွင် အသုံးပြုလေ့ရှိသည့်။

ကိုးကား – wiki.gis.com


map unit – မြေပုံယူနစ်

မြေပြင်တွင် တိုင်းတာရာတွင် အသုံးပြုသည့် ယူနစ် – ဥပမာ ပေ၊ မိုင်၊ မီတာ၊ ကီလိုမီတာ ကိုဩဒိနိတ် များကို မြေပုံအချက်အလက်များသိမ်းဆည်းရာတွင် အသုံးပြုသည်။

ကိုးကား – wiki.gis.com


MapServer

Diskပေါ်ရှိ မြေပုံတစ်ခုပါ အကြောင်းအရာများကို programmatic access ဖြင့် ရယူကာ အသုံးပြုသူက တောင်းဆိုချက်များအပေါ် အခြေခံ၍ မြေပုံကို ပုံများအဖြစ် ဖန်တီးပေးသည့် ArcGIS Server ဆော့ဖ်ဝဲလ် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်း ကို ArcGIS Serverကို အသုံးပြု၍ မြေပုံကိုအခြေခံသည့် Web services နှင့် Web applications တည်ဆောက်ရာတွင် အသုံးပြုရန် ပုံစံထုတ်ထားသည်။

ကိုးကား – wiki.gis.com


MapTip

မြေပုံပေါ်ရှိအရာ/အရာဝတ္ထုတစ်ပေါ်တွင် မောက်စ်မြှားတင်လိုက်ချိန်တွင် ယင်းနှင့်ဆိုင်သည့်အကြောင်းအရာကို မြင်ကွင်းတွင် ဖော်ပြပေးသည့် ArcGIS ရှိ အထောက်ပံ့ပေးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


marginalia

မြေပုံဖတ်ရာတွင် ဖတ်ရှုသူကို အကူအညီပေးသည့် အထောက်အကူပစ္စည်းများ သို့မဟုတ် အထောက်အကူပြုပေးသည့် အရာများဖြစ်ကြသည်။ ပုံမှန်မြေပုံအစိတ်အပိုင်းများတွင် ခေါင်းစဉ်၊ မြေပုံအညွှန်း၊ မြောက်တိုင်၊ စကေးဘား၊ နယ်နိမိတ်များ၊ သတင်းအချက်အလက် အရင်းအမြစ်နှင့် အခြားသော စာသားများ၊ ထည့်သွင်းထားသည့် မြေပုံများ ပါဝင်သည်။

ကိုးကား – wiki.gis.com


marker symbol – အမှတ်သင်္ကေတ

မြေပုံပေါ်ရှိအမှတ်များ ကို ကိုယ်စားပြု ရန် အသုံးပြုသည့် သင်္ကေတ။

ကိုးကား – wiki.gis.com


market area – ဈေးကွက် ဧရိယာ

လယ်ယာထွက်ကုမ္ပဏီတစ်ခု၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူရန် အလားအလာရှိသော လူများနေထိုင်သော ပထဝီဝင်ဆိုင်ရာ နယ်မြေတစ်ခု။

ကိုးကား – wiki.gis.com


market penetration analysis – ဈေးကွက်ထိုးဖောက်ခြင်း ဆန်းစစ်မှု

‌ဒေသတစ်ခု တွင် ဈေးကွက်ထိုးဖောက်ရောက်ရှိမှုကို ရာခိုင်နှုံး ကို ထိုဒေသရှိဖောက်သည်ဦးရေကို စုစုပေါင်းလူဦးရေဖြင့်စားသည့်ရလာဒ် ရာခိုင်နှုံးဖြင့်သတ်မှတ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။

ကိုးကား – wiki.gis.com


mashup – ရောနှောဖန်တီးမှု

အင်တာနက်မြေပုံဖန်တီးရာတွင် တစ်ခုထက်မကသော အရင်းမြစ်များမှ မြေပုံ အချက်အလက်များ ကို ရောနှော အသုံးပြုထားသည့် ဒိုင်းနစ်မစ် မြေပုံဝန်ဆောင်မှုစနစ်။

ကိုးကား – wiki.gis.com


mask – ဖုံးကွယ်ခြင်း

ဒစ်ဂျစ်တယ် မြေပုံရေးဆွဲရာတွင် မြေပုံအပြ ပိုကောင်းရန် အတွက် မြေပုံပေါ်ရှိ အရာများကို ဖုံးခြင်းကွယ်ခြင်းပြုလုပ်သည့် နည်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် စာသားများကို ပိုမိုရှင်းလင်းစွာဖတ်နိုင်စေရန်စာသားနောက်ဖက်ရှိ အရာမျာကိုဖုံးကွယ်ခြင်းဖြင့် ပြုလုပ်လေ့ရှိသည်။

ကိုးကား – wiki.gis.com


mass point – အစုလိုက်အပြုံလိုက် အချက်အလက်

တြိဂံကွန်ယက် triangulated irregular network (TIN) တည်ဆောက်ရာတွင် အသုံးပြုသော x-,y- နှင့် z-တန်ဖိုးတို့ဖြင့် ကျပန်း ပြန့်နှံနေသော နမူနာကောက် အချက်အလက်တစ်ခု။ အကောင်းဆုံးအနေဖြင့် mass points များကို ရွေးချယ်ရာတွင် တည်ဆောက်မည့်မျက်နှာပြင်ပုံစံပေါ်တွင် အရေးကြီးသည့်အပြောင်းအလဲများကို ဖမ်းယူရရှိစေရန် ရည်ရွယ်ပြီးရွေးချယ်လေ့ရှိသည်။

ကိုးကား – wiki.gis.com


master checkout version – ထွက်ခွါချိန်ရှိ အဓိကဗားရှင်း

ArcGIS 9.1 နှင့် ရှေ့ကထွက်ခဲ့သော ဗားရှင်းများတွင် ဒေတာအသုံးပြုပြီးထွက်ခွာချိန်တွင်ဖန်းတီးခဲ့သော ထိုအချိန်တွင်ရှိနေသည့် ဒေတာအခြေအနေကို ကိုယ်စားပြုသည့် ပင်မ geodatabase ရှိ ဒေတာဗားရှင်းဖြစ်သည်။

ကိုးကား – wiki.gis.com


master geodatabase

ArcGIS 9.1 နှင့် ယခင်ထွက်ရှိထားသောဗားရှင်းများရှိ ဒေတာကိုအသုံးပြုပြီးပြန်အပ်ထားခဲ့သည့် geodatabase တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


master site – ပင်မနေရာ

Business Analyst တွင် သိထားပြီး ကောင်းမွန်စွာလည်ပါတ်နေသော စီးပွားရေးလုပ်ငန်းတစ်ခု၏ တည်နေရာ။

ကိုးကား – wiki.gis.com


mathematical model

Survey Analyst ရှိ မြေတိုင်းချင်းအပိုင်းတွင် ပါသည့် တိုင်းတာချက်များနှင့် ကိုဩဒီနိတ်အသစ်များကြား ဆက်စပ်မှုများ။

ကိုးကား – wiki.gis.com


max extent – လက်ကုန် အကျယ်အဝန်း

on-screen မြေပုံတစ်ခု၏ကိုလွှမ်းခြုံထားသည့် စတုဂံပုံရှိ အကြီးဆုံးအကျယ်အဝန်းဘောင် (x,y coordinatesအနေဖြင့်)။ အသုံးပြုသူများသည် ယင်းဘောင်ထက် ကျော်လွန်၍ အကျယ်ချဲ့ကြည့်ခြင်းများ မပြုလုပ်နိုင်ပါ။

ကိုးကား – wiki.gis.com


mean – ပျှမ်းမျှတန်ဖိုး

စုစုပေါင်းတန်ဖိုး ကို အရေအတွက်ဖြင့် စားခြင်းမှ ရရှိ သည်။

ကိုးကား – wiki.gis.com


mean center – ပျမ်းမျှဗဟိုချက်

လေ့လာသည့်နေရာတစ်ခုထဲရှိ အရာဝတ္ထုအားလုံး၏ ပျမ်းမျှ x-coordinate နှင့်y-coordinate တန်ဖိုးတို့ကို ကိုယ်စားပြုသည့် x,y coordinate တန်ဖိုးတစ်ခု၏ တည်နေရာဖြစ်သည်။

ကိုးကား – wiki.gis.com


mean sea level – ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့်

၁၉နှစ်တာကာလအတွင်း ဒီရေအတက်အကျအဆင့်အားလုံးနှင့်ဆက်စပ်သည့် ပင်လယ်ရေမျက်နှာပြင်၏ ပျမ်းမျှအမြင့်။ သတ်မှတ်ထားသောရည်ညွှန်းအမှတ်တစ်ခုမှ နာရီအလိုက်ဖတ်ယူရရှိသော အမြင့်များကို ပျမ်းမျှတွက်ချက်ကာ ပုံမှန်အားဖြင့် ဆုံးဖြတ်သည်။

ကိုးကား – wiki.gis.com


measure

မျဉ်းကြောင်းအရာဝတ္ထုခုဖြင့် linear referencing,(အလျားတစ်လျောက်ရည်ညွှန်းနေရာချခြင်း)လုပ်ရာတွင် ယင်းအရာဝတ္ထုတစ်လျောက်သိမ်းဆည့်းထားသည် တည်နေရာ တန်ဖိုးတစ်ခုဖြစ်သည်။ ယင်းတန်ဖိုးသည် x,yကိုဩဒီနိတ်တစ်စုံကိုမသုံးပဲ လမ်းကြောင်းအစမှသို့မဟုတ် ယင်းလမ်းကြောင်းပေါ်ရှိအမှတ်တစ်ခုခုမှ နှိုင်းယျအကွာအဝေး ဖြင့်တည်နေရာကို ကိုယ်စားပြုသည်။ measure ကိုမျဉ်းကြောင်းအရာဝတ္ထုတစ်လျောက် ဖြစ်ပျက်သည်များကိုမှတ်သားရန် အသုံးပြုသည် ဥပမာ အကွာအဝေး, အချိန်, လိပ်စာ စသည့်အဖြစ်အပျက်များဖြစ်သည်။

ကိုးကား – wiki.gis.com


measure location fields – အလျားတည်နေရာ ဇယားကော်လံ

အလျားတစ်လျောက်ရည်ညွှန်းနေရာချခြင်း လုပ်ရာတွင် လမ်းကြောင်းတစ်လျောက်တည်နေရာ ကို ဖော်ပြသည့် ကော်လံတစ်ခု သို့မဟုတ် ကော်လံနှစ်ခု ဖြစ်သည်။

ကိုးကား – wiki.gis.com


measure value – အတိုင်းအတာ တန်ဖိုး

Linear referencing တွင် မျဉ်းကြောင်းတစ်ခုတွင် ထည့်ထားသော စမှတ်မှ အဆစ်တစ်ခုဆီသို့ အကွာအဝေးတန်ဖိုး တန်ဖိုးတစ်ခုဖြစ်သည်။ အလျားအတိုင်းအတာတန်ဖိုးများကို တည်နေရာသိရှိသော vertex တစ်ခုမှ မျဉ်းပေါ်ရှိနေရာတစ်ခုသို့ အကွာအဝေးကို တိုင်းတာရာတွင် သုံးလေ့ရှိသည်။

ကိုးကား – wiki.gis.com


measurement – အတိုင်းအတာ

အရွယ်အစား၊အကျယ်အဝန်း သို့မဟုတ် ပမာဏ တို့ကိုသတ်မှတ်ချက်များအရ ဖတ်ရှုရရှိသည့် ကိန်းဂဏန်းဖြစ်သည်။

ကိုးကား – wiki.gis.com


measurement error – တိုင်းတာမှုအမှား

မြေတိုင်းရာတွင် တိုင်းတာမှုတိုင်းတွင်ကြုံတွေ့ရမည်ဟုမျှော်လင့်ထားသော အနှောက်အယှက် ဖြစ်သည်။ ခန့်မှန်းမရနိုင်သော ပတ်ဝန်းကျင် တစ်ခုတွင် (မည်သည့် အမှားမျိုးပေးမည်ကို) ခန့်မှန်းမရနိုင်သော စက်ပစ္စည်းကိုအသုံးပြုပြီး ခန့်မှန်းတိုင်းတာခြင်းဖြစ်သည့်အတွက် ဖြစ်ရခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


median – အလယ်ကိန်း

တန်ဖိုးအစုတစ်ခုကို ကြီးစဉ်ငယ်လိုက် တန်းစီပြီး အလယ်တွင်ရှိသောတန်ဖိုး။ အစုတစ်ခုထဲရှိ တန်ဖိုး တစ်ဝက်သည် အလယ်ကိန်းတန်ဖိုးထက် များပြီး တစ်ဝက်သည် အလယ်ကိန်းတန်ဖိုးထက် နည်းပါ သည်။ အလယ်တွင်ရှိသောတန်ဖိုး နှစ်ခုဖြစ်နေတဲ့အခါ ( တန်ဖိုးအစုဟာ စုံကိန်း ဖြစ်လျှင်) အလယ်ကိန်းတန်ဖိုးသည် ၎င်းတန်ဖိုး နှစ်ခု၏ ပျမ်းမျှ တန်ဖိုးဖြစ်ပါသည်။

ကိုးကား – wiki.gis.com


median center

လေ့လာမှုဧရိယာတစ်ခုတွင် အမှတ်အသားလက္ခဏာအားလုံးဆီသို့ အနီးဆုံး စုစုပေါင်းအကွာအဝေးကို ကိုယ်စားပြုသည့် နေရာတစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


medium-format printer – အလတ်စားပရင်တာ

 ၁၅ လက်မ နှင့် ၃၅ လက်မ  (၃၈ စင်တီမီတာနှင့် ၉၀ စင်တီမီတာ) အကျယ်ရှိသည့် စာရွက်တစ်ခု သို့မဟုတ် အခြားသော ပစ္စည်းတစ်ခုပေါ်တွင် ပုံထုတ်လုပ်နိုင်သည့် ပရင်တာစက်တစ်မျိုးဖြစ်ပါသည်။ ပုံမှန်အားဖြင့် အလတ်စားပရင်တာများသည် စာရွက်လိတ် သို့မဟုတ် စက္ကူချပ်ပေါ်တွင် ပုံထုတ်ရန် မင်ထည့်၍ ပရင့်ထုတ်ရသော နည်းပညာကို အသုံးပြုကြပါသည်။ အကြီးစားပရင်တာအများစု သည် အရွယ်ကြီးမားကြပြီး အလွတ်ထောင်ထားပြီးအသုံးပြုရချိန်တွင် အလတ်စားပရင်တာအများစုသည် စားပွဲခုံပေါ်တွင်တင်ပြီးအသုံးပြုနိုင်သည့်အရွယ်အစားဖြစ်သည်။

ကိုးကား – wiki.gis.com


members

interface တစ်ခု (သို့မဟုတ်) class တစ်ခု၏ properties များနှင့် နည်းလမ်းများ သို့မဟုတ် လုပ်ဆောင်ချက် function များကို စုပေါင်း၍ ရည်ညွှန်းသည်။

ကိုးကား – wiki.gis.com


memory cache

ArcGlobe တွင် အပ်ပလီကေးရှင်းမှ အသုံးပြုမည့် system memory ပမာဏ ဖြစ်ပါသည်။

ကိုးကား – wiki.gis.com


memory leak – ကွန်ပြူတာမှတ်ဉာဏ်(memory)ဆုံးရှုံးမှု

ကွန်ပျူတာ ပရိဂရမ်တည်ဆောက်ရာ တွင် အပ်ပလီကေးရှင်းတစ်ခုသို့မဟုတ်၎င်း၏အစိတ်အပိုင်းတစ်ခုသည် ကွန်ပျူတာmemory၏အပိုင်းတစ်ခုကိုအသုံးပြုပြီးသည့် အခါ လက်လွတ်ပေးရမည် ကိုမပြုလုပ်ခြင်းဖြစ်သည်။ memory ယိုစီးဆုံးရှုံးမှုဖြစ်နေချိန်တွင် အပ်ပလီကေးရှင်းတစ်ခု တွက်သတ်မှတ်ပေးထားသော memory မှတ်ဉာဏ်အပိုင်းတစ်ခုကို အခြား အခြားသော အပ်ပလီကေးရှင်းမှ အသုံးမပြုနိုင်တော့ပေ။

ကိုးကား – wiki.gis.com


mental map – စိတ်ကူးထဲရှိမြေပုံ

နေရာတစ်ခုနှင့်ပတ်သက်၍ လူတစ်ယောက်၏ စိတ်ကူး အမြင်ဖြစ်သည်။ စိတ်ကူးမြေပုံတစ်ခုတွင် နေရာတစ်ခု၏ အနီးအနားရှိ နယ်နိမိတ်များကဲ့သို့ နေရာတစ်ခု၏ရုပ်ပိုင်းဆိုင်ရာသွင်ပြင်လက္ခဏာများ၊ သို့မဟုတ် အနီးအနားရှိ မလုံခြုံသည့်(နယ်နိမိတ်မရှိသော)နေရာကဲ့သို့ နေရာတစ်ခု၏ attribute များ ပါဝင်နိုင်ပါသည်။ စိတ်ကူးမြေပုံတစ်ခုသည် အမှန်တကယ် မြေပုံတစ်ခုကို ကိုယ်စားပြုသော်လည်း ကနဦး စိတ်ကူးဖြင့် တည်ဆောက်မှုတစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


menu – မီနူး

ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ပြသထားသည့် အသုံးပြုသူမှ ရွေးချယ်နိုင်သည့် ရရှိနိုင်သောခိုင်းစေချက် (commands) သို့မဟုတ်  လုပ်ငန်း (operation) စာရင်းဖြစ်ပါသည်။

ကိုးကား – wiki.gis.com


menu item

မီနူးတစ်ခုတွင် ဖော်ပြထားသော ခိုင်းစေချက် (command)စာရင်းထဲရှိ အရာ (item) တစ်ခု/ပစ္စည်းတစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


mereing

မြေပြင်တိုင်းတာမှု ပြုလုပ်နေစဉ် ရှိသည့် မြေမျက်နှာသွင်ပြင် လက္ခဏာများအရ  နယ်နိမိတ်တစ်ခု သတ်မှတ်ခြင်း။

ကိုးကား – wiki.gis.com


merge policy – ပေါင်းစည်းမှု့ မူဝါဒ

ArcMap တွင် editing လုပ်ဆောင်ရာတွင် အရာဝတ္ထုများကို ပေါင်းလိုက်သည့်အခါ ၎င်းတို့၏ attribute များ မည်ကဲ့သို့ ဖြစ်ရမည်ဟု သတ်မှတ်ထားသည့် geodatabase ရှိ စည်းမျဉ်းစည်းကမ်း များဖြစ်သည်။ လက်ရှိတန်ဖိုးတစ်ခုကို attribute အသစ်တစ်ခုအဖြစ် သတ်မှတ်ရန်၊ ပေါင်းစည်းလိုက်သည့် attribute များ၏ တန်ဖိုးများကို အနှစ်ချုပ်ရန်၊ သို့မဟုတ် ပေါင်းစည်းလိုက်သည့် attribute များမှ ပျမ်းမျှပမာဏကို ဖန်တီးရန်အတွက် ပေါင်းစည်းမှု့ မူဝါဒ တစ်ခုကို ချမှတ်နိုင်ပါသည်။

ကိုးကား – wiki.gis.com


merging – ပေါင်းစည်းခြင်း

ရင်းမြစ်အမျိုးမျိုး မှ အမျိုးအစားတူ အရာများကို တစ်ခုတည်းဖြစ်အောင်ပေါင်း စည်းခြင်းဖြင့် အချက်အလက်စု အသစ်တစ်ခုပြုလုပ်ခြင်း။

ကိုးကား – wiki.gis.com


meridian – မရီဒီယံ

ဝန်ရိုးစွန်းများကို ဖြတ်သွားသော ကမ္ဘာ့မျက်နှာပြင်ပေါ်တွင်ရှိသော စက်ဝိုင်းကြီးတစ်ခုဖြစ်သည်။ လောင်ဂျီကျုနှင့် သံတူကြောင်းကွဲ မကြာခဏ သုံးလေ့ရှိသည်။ မရီဒီယံများသည် ဝန်ရိုးစွန်းများကိုဖြတ်ပြီး မြောက်မှ တောင်သို့ ဆက်သွယ်ထားသည်။ အစဉ်အလာအရ ပင်မ မရီဒီယံ၏ အရှေ့ဖက်ကိုအပေါင်းတန်ဖိုးဖြင့် ကြီးသွာပြီး  အနောက်ဖက် သို့ အနှုတ်တန်ဖိုးများဖြင့်သတ်မှတ်ပြီး အရှေနှင့်အနောက်ခြမ်းတို့သည် ၁၈၀ဒီဂရီမျဉ်းတွင်ဆုံတွေသည်။ သို့သော် မူလမရီဒီယံများကို အပေါင်း (သို့မဟုတ်) အနှုတ်နံပါတ်များချည်းဖြင့် အညွှန်းရေးထိုးနိုင်သည။ အနောက်ဖက်သို့ တန်ဖိုးတိုးသွားသည့် မရီဒီယံများကို အပေါင်းဖြင့်ပြခြင်း ပါပါဝင်သည်။

ကိုးကား – wiki.gis.com


metabase

မိုက်ခရိုဆော့ဖ် အင်တာနက်သတင်းအချက်အလက်ဝန်ဆောင်မှု (IIS) ဖြစ်သည်။ IIS ၏ စံပုံစံ သတင်းအချက်အလက်ကို သိမ်းဆည်းထားသည့် XML ဖိုင်တစ်မျိုးဖြစ်ပါသည်။

ကိုးကား – wiki.gis.com


metadata

ပါဝင်သည့်အကြောင်းအရာ၊ အရည်အသွေး၊ အခြေအနေ၊ မူရင်းနှင့် ဒေတာ၏ ဝိသေသလက္ခဏာများ သို့မဟုတ် သတင်းအချက်အလက်၏ အခြားအစိတ်အပိုင်း များ ကိုဖော်ပြသည့် အချက်အလက်ဖြစ်သည်။ တည်နေရာနှင့်ဆိုင်သော ဒေတာအတွက် metadata က ၎င်း၏ အကြောင်းအရာ – ဒေတာတွေကို မည်သူက မည်ကဲ့သို့၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ကောက်ယူသည်၊ ရရှိနိုင်မှုနှင့် ဖြန့်ဝေမှု အချက်အလက် – ၎င်း၏အရိပ်ချစနစ်၊ စကေး၊ အသေးစိတ်ပြတ်သားမှုနှင့်တိကျမှန်ကန်မှု- အချို့သောစံနှုံးများအရ လက်ခံနိုင်မှုအနေအထား စသည်တို့ကို မှတ်တမ်း တင်ဖော်ပြထားသည် ။ metadata တွင် အချက်အလက်များ၏ ဂုဏ်သတ္တိများနှင့်မှတ်တမ်းများပါဝင်သည်။ မှတ်တမ်းအချက်အလက်များကို လူတစ်ဦး မှဖြည့်သွင်းပြီး(ဥပမာ- ဒေတာနှင့် ဆိုင်သော အသုံးပြုလေ့ရှိသောအညွှန်းစာလုံးများ) ဂုဏ်သတ္တိအချက်အလက်များကို ဒေတာအရင်းအမြစ် မှ ရရှိသည် (ဥပမာ – ကိုသြဒီနိတ်စနစ် နှင့် ဒေတာ၏ အရိပ်ချစနစ်)။

ကိုးကား – wiki.gis.com


metadata element

Metadata အတွင်းရှိ သတင်းအချက်အလက်ယူနစ်တစ်ခုဖြစ်ပြီး ဒေတာအချက်အလက်၏ သီးခြားဝိသေသလက္ခဏာတစ်ခုကို ဖော်ပြရာတွင် အသုံးပြုသည်။

ကိုးကား – wiki.gis.com


Metadata Explorer

ArcIMS Java Connector ကို အသုံးပြု၍ တီထွင်ထုတ်လုပ်ထားသော ဝက်ဘ်အပ်ပလီကေးရှင်း တစ်မျိုးဖြစ်ပြီး ArcIMS metadata ဝန်ဆောင်မှုတွင် ပါဝင်သော metadata ကို ကြည့်ရှုရာတွင် အသုံးပြုနိုင်ပါသည်။

ကိုးကား – wiki.gis.com


metadata profile – metadata ပရိုဖိုင်း

ဒေတာအချက်အလက်ကိစ္စရပ်များ၊ အစဉ်အလာကိစ္စရပ်များ သို့မဟုတ် နှစ်ခုလုံးနှင့်ကိုက်ညီရန် မူလ metadata စံချိန်စံညွှန်းများကို ပြုပြင်မွမ်းမံခြင်းဖြစ်ပါသည်။ ပရိုဖိုင်းတစ်ခုသည် အသုံးပြုသူများကို ပိုမိုကောင်းမွန်သည့် အချက်အလက်များရရှိစေရန် အခြေခံစံချိန်စံညွှန်းတစ်ခုရှိ metadata များကို အံဝင်ခွင်ကျဖြစ်စေသည့် အခြေခံစံချိန်စံညွှန်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။  metadata ပရိုဖိုင်းသည် သီးခြားအသုံးပြုမှု သို့မဟုတ် သီးခြားနယ်ပယ်တစ်ခုအတွက် ပိုမိုသင့်တော်စေရန် စံချိန်စံညွှန်းကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးသကဲ့သို့ တစ်ချိန်တည်းမှာပင်  သုံးစွဲသူအမျာကို  metadata စံချိန်စံညွှန်းအတိုင်း လိုက်နာဆောင်ရွက်စေပါသည်။

ကိုးကား – wiki.gis.com


metadata server – metadata ဆာဗာ

metadata အချက်အလက်များကို ရှာဖွေ ပြီး စီမံခန့်ခွဲနိုင်သည့်အစွမ်းကိုပေးသည့်  အများသုံး ArcIMS virtual ဆာဗာတစ်ခုဖြစ်ပါသည်။ အချက်အလက်ထုတ်လုပ်သူများသည် ၎င်းတို့၏ metadata များကို ဘဏ်ထဲတွင် သိမ်းဆည်းထားပြီး အချက်အလက်အသုံးပြုသူများသည် သင့်တော်သည့်/သက်ဆိုင်သည့် အချက်အလက်များကို ထိုဘဏ်ထဲတွင် ရှာဖွေနိုင်ပါသည်။

ကိုးကား – wiki.gis.com


metadata service – metadata ဝန်ဆောင်မှု

အသုံးပြုသူများအား အင်တာနက် သို့မဟုတ် အင်ထရာနက် ပေါ်တွင် စာရွက်စာတမ်းများကို ထုတ်ဝေရန်နှင့် ဖြန့်ဝေနိုင်ရန် အတွက် တည်နေရာ metadata ဆာဗာ အစွမ်းကို အသုံးပြုထားသော ဝန်ဆောင်မှုတစ်မျိုးဖြစ်သည်။

ကိုးကား – wiki.gis.com


metes and bounds

မြေပြင်ထင်ရှားအမှတ်အသားများမှ မြေကွက်၏အနားများသို့ နှိုင်းယျ အကွာအဝေးနှင့်လားရာတန်ဖိုးများဖြင့် နယ်နမိတ်ကို သတ်မှတ်ပေးသည့် မြေတိုင်းနည်းတစ်ခုဖြစ်သည်။ Metes and bounds မြေတိုင်းခြင်းနည်းလမ်းဖြင့်တိုင်းတာသည့်အခါ ပုံသဏ္ဌာန်မမှန်သော ပုံများကိုဖြစ်စေတတ်သည်။

ကိုးကား – wiki.gis.com


method – နည်းလမ်း/နည်းစနစ်

object-oriented ပရိုဂရမ်မင်းဘာသာစကားတွင် အရာဝတ္ထုတစ်ခုမှ လုပ်ဆောင်ပေးနိုင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ တူညီသည့်အတန်းအစားတွင်ပါဝင်သော object များသည် တူညီသည့် method များရှိကြသည်။ ဥပမာအားဖြင့် Visual Basic ဖောင် objects အားလုံးတွင် “ပြသခြင်းနှင့် ဖျောက်ထားခြင်း” /“Show and Hide” ဟုခေါ်သော နည်းလမ်းကိုလုပ်ဆောင်နိုင်ကြသည်။

ကိုးကား – wiki.gis.com


metropolitan statistical area – မြို့ကြီးအဆင့် စာရင်းအင်းဆိုင်ရာဒေသ

အမေရိကန် သန်းခေါင်စာရင်းဗျူရိုအပါအဝင် ဖက်ဒရယ် စာရင်းအင်းအေဂျင်စီများမှ အသုံးပြုရန် အမေရိကန် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးရုံးမှ သတ်မှတ်ထားသော ပထဝီဝင်ဆိုင်ရာဒေသ တစ်ခုဖြစ်ပါသည်။ မြို့ကြီးအဆင့် စာရင်းအင်းဆိုင်ရာဒေသကို လူဦးရေများပြားသော နေရာဒေသ၊ ၎င်းဒေသနှင့်အတူ မြင့်မားသည့် စီးပွားရေးနှင့် လူမှုရေးပေါင်းစည်းမှုရှိသည့် လူ့အဖွဲ့အစည်းတို့ အပေါ်တွင် အခြေခံသတ်မှတ်ထားပါသည်။ ၁၉၉၀ စံချိန်စံညွှန်းအရ မြို့ကြီးအဆင့် စာရင်းအင်းဆိုင်ရာ ဒေသအဖြစ် သတ်မှတ်ရန် ဒေသတစ်ခုတွင် ဒေသခံလူဦးရေ ၅၀,၀၀၀ နှင့် အထက်ရှိသည့် မြို့ သို့မဟုတ် မြို့ပြတစ်ခု အနည်းဆုံး ပါဝင်ရမည်။ ထို့အပြင် မြို့ လူဦးရေစုစုပေါင်း အနည်းဆုံး ၁၀၀,၀၀၀ ( နယူးအင်္ဂလန်တွင် ၇၅,၀၀၀) ရှိရမည်ဖြစ်သည်။

ကိုးကား – wiki.gis.com


microdensitometer

အလွန်သေးငယ်သည့် နေရာရှိ သိပ်သည်းမှုကို တိုင်းတာနိုင်သော ကရိယာဖြစ်သည်။ အထူးသဖြင့် spectroscopic ပုံများနှင့် နက္ခတ္တဗေဒဆိုင်ရာ ပုံများကို လေ့လာရာတွင် အသုံးပြုသည်။

ကိုးကား – wiki.gis.com


micrometer – အဏုမီတာ

သေးငယ်သော အလျားများ သို့မဟုတ် ထောင့်များကို တိုင်းတာ သည့် ကိရိယာ။

ကိုးကား – wiki.gis.com

Figure : အထူ၊အတွင်းအကျယ် နှင့် အနက် တိုင်း မိုက်ခရိုမီတာများ
Figure : မိုက်ခရိုမီတာအသုံးပြုပုံ

Credit : wikimedia


micron – မိုက်ခရွန်

တစ်မီတာ၏ အပုံတစ်သန်းမှ တစ်ပုံဖြစ်ပြီး သင်္ကေတ μm ဖြင့် ဖော်ပြသည်။ မိုက်ခရွန်များကို လျှပ်စစ်သံလိုက်ရောင်စဉ်များ၏ လှိုင်းအလျားများကို တိုင်းတာရာတွင် အသုံးပြုပါသည်။

ကိုးကား – wiki.gis.com


micropolitan statistical area – မြို့ငယ် စာရင်းအင်းဆိုင်ရာဒေသ

အမေရိကန် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးရုံးမှ သတ်မှတ်ထားပြီး လူဦးရေ ၁၀,၀၀၀ နှင့် ၅၀,၀၀၀ ကြားရှိသည့် မြို့ပြတစ်ခု အနည်းဆုံးပါဝင်သော ပထဝီဝင်ဆိုင်ရာဒေသ တစ်ခုဖြစ်ပါသည်။ မြို့ငယ် စာရင်းအင်းဆိုင်ရာဒေသတစ်ခုတွင် ဗဟိုနေရာနှင့်အတူ မြင့်မားသည့် စီးပွားရေးနှင့် လူမှုရေးပေါင်းစည်းမှုရှိသည့် ကပ်လျက်တည်ရှိသော လူ့အဖွဲ့အစည်းတို့ ပါဝင်ပါသည်။

ကိုးကား – wiki.gis.com


MIDP

Mobile Information Device Profile အတွက် အတိုကောက်စကားလုံးဖြစ်သည်။ ဝိုင်ယာကြိုးမဲ့ စက်ပစ္စည်းများအတွက် J2ME APIs များဖြစ်ပါသည်။

ကိုးကား – wiki.gis.com


min/max scale – အငယ်ဆုံး/အကြီးဆုံး စကေး(အတိုင်းအတာ)

မြေပုံပေါ်တွင် မြင်နိုင်သော အလွှာတစ်ခု၏ အငယ်ဆုံးနှင့် အကြီးဆုံးစကေး။ စကေးအကွာအဝေးများသည် မြင်ကွင်းအား ချုံ့ကြည့်လိုက်သောအခါတွင် အလွှာအသေးစိတ်များကိုမပြရန်နှင့် မြင်ကွင်းအား ချဲ့ကြည့်လိုက်သောအခါ ယေဘူယျအလွှာများကိုမပြရန် အသုံးပြုပါသည်။

ကိုးကား – wiki.gis.com


minimum bounding rectangle – အသေးဆုံဝန်းရန်ထားသည့်စတုဂံ

x- နှင့် y-ဝန်ရိုးများ အတိုင်းတည်ရှိပြီး ပထဝီဆိုင်ရာအရာတစ်ခုသို့မဟုတ် ဒေတာများ၏ နယ်အကျယ်ကိုခြုံငုံထားသည့် ထောင့်မှန်စတုဂံတစ်ခုဖြစ်သည်။ ၎င်းကို  xmin, ymin and xmax, ymax. ကိုဩဒိနိတ် ၂စုံ ဖြင့်သတ်မှတ်ထားသည့်။

ကိုးကား – wiki.gis.com


minimum map unit – အနည်းဆုံး မြေပုံယူနစ်

သတ်မှတ်စကေးတွင် မြေပုံယူနစ် အရ အရွယ်အစား အတိုင်းအတာတစ်ခုအောက်တွင် ကျဉ်းမြောင်းသော အရာဝတ္ထုတစ်ခုကို မျဉ်းသို့မဟုတ် အမှတ်ဖြင့်သာ ကိုယ်စားပြုနိုင်သည်။ ယင်းအတိုင်းအတာကို ဆိုလိုသည်။

ကိုးကား – wiki.gis.com


minor axis

ထိပ်ပြားစက်လုံး၏ အတိုဝန်ရိုး။

ကိုးကား – wiki.gis.com

Figure : The semi-major (a) and semi-minor axis (b) of an ellipse (Credit : wikimedia)

minute

တစ်ဒီဂရီ ၏ ခြောက်ဆယ်ပုံတစ်ပုံနှင့်ညီသည့်ထောင့်တန်ဖိုး။ ယင်းကို စက္ကန့်ပေါင်း ခြောက်ဆယ်ထပ်စိတ်ထားသည်။

ကိုးကား – wiki.gis.com


mixed list – ရောစပ်ထားသော စာရင်း

Survey Analyst ရှိ မြေတိုင်းခြင်းအပိုင်းတွင် ပါသည့် စာရင်းစာရင်းနှစ်မျိုးအနက် တစ်ခုဖြစ်သည်။ Mixed listတွင် အချက်အလက်အမျိုးမျိုး ပါဝင်နေသည်။ ဥပမာ- မြေတိုင်း အမှတ်များ၊ coordinate geometry အတိုင်းအတာများ၊  နှင့် တွက်ချက်ပုံမျိုးစုံ ပါရှိနိုင်သည်။

ကိုးကား – wiki.gis.com


mobile toolkit

ArcWeb Services  ကို အသုံးပြုသော မိုဘိုင်းအပ်ပလီကေးရှင်းများ ဖန်တီးပြုလုပ်ရန်အတွက် J2ME အားအခြေခံသည့်  toolkit တစ်ခု ဖြစ်သည်။

ကိုးကား – wiki.gis.com


model – ပုံစံငယ်

အရာဝတ္ထုများ၊ လုပ်ငန်းစဉ်များ သို့မဟုတ် အဖြစ်အပျက်များကို ကိုယ်စားပြုရန် အသုံးပြုသော အမှန်တည်ရှိသည့်အနေအထားအတိုင်းယူဆချက် ပုံစံငယ်တစ်ခု။

ကိုးကား – wiki.gis.com


model generalization – စံနမူနာပုံစံကို ရှင်းလင်းခြင်း

အရာဝတ္ထုများကို ရိုးရှင်းအောင်ပြုလုပ်ခြင်း အရေအတွက်လျော့ချခြင်း နှင့် သဘောတရားကိုသာဖော်ပြခြင်း အာဖြင့် ရိုးရှင်းသောပုံစံကို ဖြစ်စေခြင်း သို့မဟုတ် သိမ်းဆည်းထားသည့် ဒေတာပမာဏများကို လျှော့ချခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


model parameter – စံနမူနာပုံစုံ၏အချက်အလက်

ArcGIS တွင် model’s dialog တွင် အသုံးပြုသူမှ အချက်အလက် ထည့်သွင်းနိုင်ရန် ဖော်ပြထားသည့် geoprocessing model တစ်ခုရှိ လိုအပ်သည့်အချက်အလက်များဖြစ်သည်။

ကိုးကား – wiki.gis.com


ModelBuilder

ArcGIS ရှိ geoprocessing models များတည်ဆောက်ရန်နှင့် တည်းဖြတ်ပြင်ဆင်ရာတွင်အသုံးပြုသည့် interface ဖြစ်သည်။

ကိုးကား – wiki.gis.com


modifier – ပြုပြင်ပြောင်းလဲသူ

MOLEတွင် သင်္ကေတတစ်ခု၏အသွင်အပြင်ကို ပြောင်းလဲပေးသည့် သင်္ကေတတစ်ခုပတ်လည်တွင် ပြသထားသော စာသား သို့မဟုတ် ဂရပ်ဖစ်များ သို့မဟုတ် တန်ဖိုးတစ်ခုဖြစ်သည်။ စစ်ရေးဆိုင်ရာသတ်မှတ်ချက်အချို့တွင် အချက်အလက်များကို ပြုပြင်ပြောင်းလဲသူများအဖြစ် ရည်ညွှန်းကြသည်။

ကိုးကား – wiki.gis.com


monument – (မြေတိုင်း)အမှတ်အသား/တိုင်

မြေတိုင်းမှတ်တိုင်/မြေတိုင်းခုံတစ်ခုအဖြစ်မှတ်သားထားသည့် အခိုင်အခန့် တပ်ဆင်ထားသော သတ္တုအပြား/ပစ္စည်းစသည့် အရာဝတ္ထုတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


morphology – မျက်နှာပြင်အနေအထား

မျက်နှာပြင်တစ်ခု၏ တည်ဆောက်ပုံ။

ကိုးကား – wiki.gis.com


mosaic – အစပ်/ပေါင်းဆက်ပုံ

raster datasetsနှစ်ခု နှင့် အထက် ပေါင်းစပ်ဖွဲ့စည်းပြီးရလာသည့် raster datasetတစ်ခုဖြစ်သည်။ ဥပမာ-ကပ်လျက်ရှိသောနေရာများ၏များစွာသောပုံ/ဓါတ်ပုံတစ်ခုချင်းကိုပေါင်းပြီးဖြစ်လာသော ပုံ ဖြစ်သည်။

ကိုးကား – wiki.gis.com


mouse mode

digitizing tablet တစ်ခုကို အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ထို့သို့အသုံးပြုသည့်အခါ digitizer puck သည် မောက်စ်တစ်ခုကဲ့သို့ ဆောင်ရွက်ပေးသည်။ puck ကို digitizing tablet ၏ မျက်နှာပြင်ပေါ်ရှိ ပုံသဏ္ဍာန်များကို တစ်ထပ်ထည်းလိုက်ဆွဲပေးရန်ထက် ခလုပ်များ (interface element) များကို ညွှန်ပြပေးရန်အတွက် အသုံးပြုသည်။

ကိုးကား – wiki.gis.com


MPS

Map Production System အတွက် အတိုကောက်စာလုံး။ Production Line Tool Set (PLTS)၏  cartographic အစိတ်အပိုင်းဖြစ်သည်။ MPS သည် dynamic map layouts များဖန်တီးနိုင်စွမ်းရည် ၊ batch symbology စွမ်းရည်၊ နှင့် အဆင့်မြင့် cartographic editing toolsကို ထောက်ပံ့ပေးခြင်းအားဖြင့် မြေပုံအများအပြားထုတ်လုပ်ရာတွင် ပံ့ပိုပေးနိုင်ရန်ဒီဇိုင်းရေးဆွဲထားသည်။

ကိုးကား – wiki.gis.com


MSA – မြို့ကြီးအဆင့် စာရင်းအင်းဆိုင်ရာဒေသ

metropolitan statistical area ၏အတိုကောက်အသုံးဖြစ်သည်။ အမေရိကန် သန်းခေါင်စာရင်းဗျူရိုအပါအဝင် ဖက်ဒရယ် စာရင်းအင်းအေဂျင်စီများမှ အသုံးပြုရန် အမေရိကန် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးရုံးမှ သတ်မှတ်ထားသော ပထဝီဝင်ဆိုင်ရာဒေသ တစ်ခုဖြစ်ပါသည်။ မြို့ကြီးအဆင့် စာရင်းအင်းဆိုင်ရာဒေသကို လူဦးရေများပြားသော နေရာဒေသ၊ ၎င်းဒေသနှင့်အတူ မြင့်မားသည့် စီးပွားရေးနှင့် လူမှုရေးပေါင်းစည်းမှုရှိသည့် လူ့အဖွဲ့အစည်းတို့ အပေါ်တွင် အခြေခံသတ်မှတ်ထားပါသည်။ ၁၉၉၀ စံချိန်စံညွှန်းအရ မြို့ကြီးအဆင့် စာရင်းအင်းဆိုင်ရာ ဒေသအဖြစ် သတ်မှတ်ရန် ဒေသတစ်ခုတွင် ဒေသခံလူဦးရေ ၅၀,၀၀၀ နှင့် အထက်ရှိသည့် မြို့ သို့မဟုတ် မြို့ပြတစ်ခု အနည်းဆုံး ပါဝင်ရမည်။ ထို့အပြင် မြို့ လူဦးရေစုစုပေါင်း အနည်းဆုံး ၁၀၀,၀၀၀ ( နယူးအင်္ဂလန်တွင် ၇၅,၀၀၀) ရှိရမည်ဖြစ်သည်။

ကိုးကား – wiki.gis.com


MSDN

Microsoft Developer Network ၏ အတိုကောက်စာလုံးဖြစ်သည်။ Microsoft ထုတ်ကုန်များနှင့် နည်းပညာများကို အသုံးပြု၍ developer များအား အပ်ပလီကေးရှင်းများရေးဆွဲရာတွင် ကူညီရန် ဒီဇိုင်းထုတ်ထားသော service များပါဝင်သည်။

ကိုးကား – wiki.gis.com


MSS

ဂြိုလ်တုများနှင့် လေယာဉ်များတွင်တပ်ဆင်အသုံးပြုသော ကိရိယာတစ်ခုဖြစ်ပြီး ၎င်းသည် လျှပ်စစ်သံလိုက်ရောင်စဉ်၏ အစိတ်အပိုင်းများမှ စွမ်းအင်များကို ဖမ်းယူမှတ်တမ်းတင်ပေးသည်။

ကိုးကား – wiki.gis.com


MTA

multiple threaded apartment ၏ အတိုကောက်စာလုံးဖြစ်သည်။ multiple threads များလုပ်ငန်းဆောင်ရွက်နိုင်သော apartment တစ်ခု။ လုပ်ငန်းစဉ်တစ်ခုတွင် MTA တစ်ခုသာလျှင် ရှိနိုင်သည်။

ကိုးကား – wiki.gis.com


multichannel receiver

ဂြိုလ်တုတစ်ခုစီအတွက် ချန်နယ်တစ်ခုဖြင့်  ဂြိုလ်တုများစွာကို တစ်ပြိုင်းနက်တည်း ခြေရာခံသည့် ဖမ်းစက် receiver တစ်ခု။

ကိုးကား – wiki.gis.com


multidimensional data

နေရာနှင့် အချိန်ကဲ့သို့သော များစွာသောအတိုင်းအတာများ ဖွဲ့စည်းပါဝင်သော ဒေတာ။ ဥပမာအားဖြင့် – အပူချိန်ဆိုင်ရာ dataset တွင် လတ္တီကျု၊ လောင်ဂျီကျု၊ အမြင့်နှင့် အချိန်တို့၏ အတိုင်းအတာများ ရှိနိုင်သည်။

ကိုးကား – wiki.gis.com


multivariate analysis

ကိန်းရှင်နှစ်လုံးကြားသို့မဟုတ် အများအပြားကြားဆက်စပ်မှုကို လေ့လာသည့် စာရင်းအင်းဆိုင်ရာ နည်းလမ်းတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details