N

N-ary association

အမျိုးအစား ၂ခုသည် အခြားတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အမျိုးအစားများနှင့် ဆက်စပ်မှုရှိကြောင်း ဖော်ပြသည့် UML ဝေါဟာရတစ်ခု ဖြစ်သည်။ N-ary association တစ်ခုတွင် အဆိုပါအမျိုးအစားများ၏ နမူနာများသည် အများအားဖြင့် အတူတကွတည်ရှိသော်လည်း ၎င်းတို့ဘာသာလည်း တည်ရှိနိုင်သည်။ ဥပမာအားဖြင့် three-way valve တစ်ခုတွင် အများအားဖြင့် အဝင်ပိုက်အမျိုးအစားတစ်ခုရှိပြီး အထွက်ပိုက်အမျိုးအစား၂ ခုရှိသည်။ ပိုက်များနှင့် အဆို့ရှင်များကို ရေပေးဝေခြင်းစနစ်နှင့် မချိတ်ဆက်မီ ၎င်းတို့သည် သီးခြားအစိတ်အပိုင်းများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့တွင် N-ary association ရှိသည်။

ကိုးကား – wiki.gis.com


National Spatial Data Infrastructure (NSDI) – အမျိုးသားအဆင့် မြေပုံအချက်အလက် အခြေခံအဆောက်အအုံ

ဖက်ဒရယ်ဗဟိုအစိုးရက သတ်မှတ်ထားသော USရှိ တည်နေရာများကို ညွှန်းဆိုရာ spatial data မူဘောင်တစ်ခုဖြစ်ပြီး ဒေတာများကို ထိရောက်စွာ ဖြန့်ဝေအသုံးပြုခြင်း နည်းလမ်းများလည်း ဖြစ်သည်။ FGDCက ဖန်တီးညှိနှိုင်းပေးထားပြီး NSDI တွင် ပထဝီဒေတာအချက်အလက်များကို အတူတကွ မျှဝေနိုင်ရန်နှင့် ထုတ်လုပ်နိုင်ရန် အဖွဲ့အစည်းများအတွက် မူဝါဒများ၊ စံများ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများနှင့် လူသားအရင်းအမြစ်များပါဝင်သည်။ NSDI ကို ဖယ်ဒရယ်အစိုးရ၊ ပြည်နယ်၊ ဒေသခံနှင့် လူမျိုးစုအစိုးရများ၊ ပညာရေးအသိုင်းအဝိုင်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ဖြင့် ဖွဲ့စည်းထားပါသည်။

ကိုးကား – wiki.gis.com


NAD 1927

မြောက်အမေရိက ရည်ညွှန်းမျက်နှာပြင် North American Datum of 1927 ၏အတိုကောက်စကားလုံးဖြစ်သည်။ နှစ်ဆယ်ရာစုအလယ်တွင် အမေရိကန်ပြည်ထောင်စု မြေပုံရေးဆွဲရာတွင် အဓိကအသုံးပြုခဲ့သည့် ပြင်ညီဘူမိထုရည်ညွှန်းမျက်နှာပြင် နှင့် ပထဝီဆိုင်ရာကိုဩဒီနိတ်စနစ်တို့ဖြစ်ကြပါသည်။ မြောက်အမေရိက ရည်ညွှန်းမျက်နှာပြ NAD 1927 သည် Clarke 1866 စက်လုံးယောင်ကို အသုံးပြုထားပြီး မူလမှတ်သည် Meades Ranch, Kansas တွင်ရှိပါသည်။ ၇.၅ မိနစ်မြေပုံများအပါဝင် USGS မြေမျက်နှာသွင်ပြင်ပြ မြေပုံများပေါ်ရှိ လက္ခဏာအမှတ်အသားများသည် NAD27 ကို ကိုးကားထားပါသည်။ NAD 1927 ကို မြောက်အမေရိက ရည်ညွှန်းမျက်နှာပြင် ၁၉၈၃ NAD 1983 ဖြင့် တဖြေးဖြေး အစားထိုးလာခဲ့ပါသည်။

ကိုးကား – wiki.gis.com


NAD 1983

မြောက်အမေရိက ရည်ညွှန်းမျက်နှာပြင် North American Datum of 1983 ၏အတိုကောက်စကားလုံးဖြစ်သည်။ ရည်ညွှန်းမျက်နှာပြင်နှင့် နှင့် ပထဝီဆိုင်ရာကိုဩဒီနိတ်စနစ်တို့ကို ဘူမိထုရည်ညွှန်းစနစ် ၁၉၈၀ (GRS80)၏စက်လုံးယောင်အပေါ် အခြေခံထားပါသည်။ မြောက်အမေရိကတွင် အဓိက သုံးစွဲပါသည်။ ၎င်း၏ အတိုင်းတာများကို မြေပြင်နှင့်ဂြိုလ်တု ဒေတာအချက်အလက်များမှ ရရှိပါသည်။

ကိုးကား – wiki.gis.com


nadir – အောက်မှတ်

ကောင်းကင်ဓါတ်ပုံရိုက်ရာတွင် ကင်မရာမှန်ဘီလူးဗဟိုမှ အောက်တည့်တည့်တွင် ရှိသော မြေပြင်ပေါ်ရှိ အမှတ်။

ကိုးကား – wiki.gis.com

Credit : wiki.gis.com

NAICS

North American Industry Classification System ၏ အတိုကောက်စကားလုံးဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း အမျိုးအစားအပေါ်မူတည်၍ စီးပွားရေးလုပ်ငန်းတည်နေရာတစ်ခုချင်းကို အမျိုးအစားခွဲခြားသည့် စနစ်တစ်ခုဖြစ်ပါသည်။ ကနေဒါ၊ မက္ကဆီကို နှင့် အမေရိကန်တို့မှ စာရင်းအင်း အေဂျင်စီတို့သည် နိုင်ငံ သုံးနိုင်ငံမှ ထုတ်လုပ်လိုက်သော စက်မှု့လုပ်ငန်းဆိုင်ရာ စာရင်းအင်းအချက်အလက်များကို စံသတ်မှတ်ရန် NAICS တွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ NAICS ကို အမျိုးအစားခွဲခြားသတ်မှတ်သည့် စနစ်တစ်ခုအဖြစ် ပြည်နယ်နှင့် ဒေသဆိုင်ရာအေဂျင်စီများ၊ ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် အခြားသောအဖွဲ့အစည်းများအပြင် စာရင်းအင်းဆိုင်ရာ ဖက်ဒရယ်အေဂျင်စီအားလုံးက အသုံးပြုကြပါသည်။ ၁၉၉၇ ခုနှစ်တွင် စက်မှု့လုပ်ငန်းဆိုင်ရာအမျိုးအစားခွဲခြားမှု စံချိန်စံညွှန်း (SIC) ကုဒ်များကို NAICS ဖြင့် အစားထိုးခဲ့ပါသည်။

ကိုးကား – wiki.gis.com


NaN

ကိန်းဂဏန်းမဟုတ် ကိုဆိုလိုသည့် not a number ၏အတိုကောက် အသုံးဖြစ်သည်။

ကိုးကား – wiki.gis.com


National Geodetic Vertical Datum of 1929

အမေရိကန်ပြည်ထောင်စုရှိ elevation data၏ ရည်ညွှန်းထားရာနှင့်ယှဉ်၍ မျက်နှာပြင်ကို သတ်မှတ်ထားသော အမေရိကန်ပြည်ထောင်စု ကမ်းရိုးတန်းနှင့် ဘူမိပမာဏ တိုင်းတာရေးလုပ်ငန်းမှ ၁၉၂၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။

ကိုးကား – wiki.gis.com


National Spatial Data Infrastructure – အမျိုးသားအဆင့် Spatial Data အဆောက်အအုံ

ဖက်ဒရယ်ဗဟိုအစိုးရက သတ်မှတ်ထားသော USရှိ တည်နေရာများကို ညွှန်းဆိုရာ spatial data မူဘောင်တစ်ခုဖြစ်ပြီး ဒေတာများကို ထိရောက်စွာ ဖြန့်ဝေအသုံးပြုခြင်း နည်းလမ်းများလည်း ဖြစ်သည်။ FGDCက ဖန်တီးညှိနှိုင်းပေးထားပြီး NSDI တွင် ပထဝီဒေတာအချက်အလက်များကို အတူတကွ မျှဝေနိုင်ရန်နှင့် ထုတ်လုပ်နိုင်ရန် အဖွဲ့အစည်းများအတွက် မူဝါဒများ၊ စံများ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများနှင့် လူသားအရင်းအမြစ်များပါဝင်သည်။ NSDI ကို ဖယ်ဒရယ်အစိုးရ၊ ပြည်နယ်၊ ဒေသခံနှင့် လူမျိုးစုအစိုးရများ၊ ပညာရေးအသိုင်းအဝိုင်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ဖြင့် ဖွဲ့စည်းထားပါသည်။

ကိုးကား – wiki.gis.com


natural breaks classification

ဒေတာပျံ့နှံ့ပုံ (data distribution) တွင် သဘာဝအလျောက်ဖြစ်နေသော အုပ်စုများကို အခြေခံသော အမျိုးအစားခွဲခြားသည့်နည်းလမ်းတစ်ခုဖြစ်သည်။ histogram ရှိ ချိုင့်ဝှမ်းများ၏ အနိမ့်ဆုံးအမှတ်များတွင် Natural breaks များဖြစ်ပေါ်သည်။ breaks များကို ချိုင့်ဝှမ်းအရွယ်အစားအလိုက် သတ်မှတ်ပေးပြီး ပထမဆုံး natural break က သတ်မှတ်ပေးသော ချိုင့်ဝှမ်းမှာ အကြီးဆုံးဖြစ်သည်။

ကိုးကား – wiki.gis.com


natural neighbors

အမျိုးမျိုးကွဲပြားသောဒေတာအတွက် Delaunay triangulation လုပ်ငန်း၏ ဆက်စပ်ခန့်မှန်းခြင်းနည်းလမ်းတစ်ခု ဖြစ်သည်။ interpolation point တစ်ခုအတွက်တန်ဖိုးကို triangulation ရှိ အနီးစပ်ဆုံးပတ်ဝန်းကျင်ရှိ အမှတ်များ၏တန်ဖိုးများကို အလေးတင်းအသုံးပြု၍ ခန့်မှန်းခြင်းဖြစ်သည်။ အဆိုပါ အမှတ်များသည် triangulation.တွင်ထည့်သွင်းအသုံးပြုမည်ဆိုပါက ခန့်မှန်အမှတ်နှင့်ချိတ်ဆက်မည့်အမှတ်များဖြစ်သည်။

ကိုးကား – wiki.gis.com


အမေရိကန် ကာကွယ်ရေးဌားန၏ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် ၏ အမည်ဖြစ်သည်။

ကိုးကား – wiki.gis.com


NDVI – Normalizied Difference Vegetation Index

အဝေးမှ စူးစမ်းသော ပညာရပ် တွင် တွက်ချက်သည့်အပင်များပေါက်ရောက်မှုကို ညွှန်းသော ကိန်းဖြစ်သည်။ တန်ဖိုးမှာ -၁ မှ +၁ ကြားထဲတွင်ရှိသည်။ များသောအားဖြင့် တန်ဖိုး ၀.၃ အထက် သည် အပင်များ ကို ရည်ညွှန်းသည်။

တွက်နည်းမှာ –

NIR−RNIR+R

NIR = near infrared band – အနီနီးအနီအောက် ရောင်ချည် အလွှာ R = red band – အနီရောင်အလွှာ


nearest neighbor resampling – အနီးဆုံး ကပ်လျက်ဆဲလ်ကွက်မှ ပြန်လည်နမူနာကောက်ယူခြင်း

အထွက် raster ဆဲ၏တန်ဖိုး ကို တွက်ချက်ရာတွင် ၎င်းနှင့် အနီးဆုံးရှိ အဝင် raster ဆဲလ်၏ တန်ဖိုးကို ယူသည့် နမူနာ ကောက်ယူ နည်းစနစ်ဖြစ်သည်။ အနီးဆုံးမှ တန်ဖိုးယူသည့်နည်းတွင် အဝင် raster မှ ဆဲတန်ဖိုးများပြောင်းလဲသွားခြင်းမရှိသည့် အတွက် မြေအသုံးချမှု၊ မြေဆီလွှာအမျိုးအစား သို့မဟုတ် သစ်တောအမျိုးအစား ကဲ့သို့သော အမျိုးအစားပြ သို့မဟုတ်ကိန်းပြည့် အချက်အလက်များ၊ ရေဒီယိုမက်ထရစ်တန်ဖိုးများ ပါသည့် ဂြိုလ်တုဓါတ်ပုံများ တွင် အသုံးပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com


neatline – အနားသတ်မျဉ်း

မြေပုံပေါ်ရှိ နေရာအကျယ်အဝန်းကိုသတ်မှတ်ပေးထားသည့် အနားသတ်မျဉ်း။ ထိုသို့ခွဲခြားသည့်အတွက် မြေပံအရိပ်ချစန်ပေါ်မူတည်ပြီး အနားသတ်လိုင်းသည် ၉၀ ဒီဂရီထောင့်များအမြဲရှိနေမည်မဟုတ်ပါ။ သေသေခြာခြာဆွဲထားသော မြေပုံတစ်ခုတွင် မြေပုံပေါ်ရှိအရာများကို နေရာ အနည်းငယ်လွှဲထားခြင်း ဖတ်ရလွယ်စေရန် အဆချဲ့ထားခြင်းများရှိသော်လည်း အနားသတ်မျဉ်းကို ထိုသို့ပြုလုပ်ထားခြင်းမရှိပဲ အတိအကျရေးဆွဲထားသည်။

ကိုးကား – wiki.gis.com


neighborhood

Raster တစ်ခုတွင် တွက်ချက်မှုပြုလုပ်ရာတွင် အကျိုးသက်ရောက်မည့် ဆဲများ ပါသည့် အဝန်းအဝိုင်း သို့မဟုတ် အကွက်ဖြစ်သည်။ တွက်ချက်မှုသည် ယင်းအကွက်၏အပြင်တွင် သက်ရောက်မှုမရှိပါ။Filter များကို ဆဲများအခြေခံသည့် တွက်ချက် ရာတွင် အဓိက အသုံးပြုပြီး ဗဟိုဆဲတန်ဖိုးကို Filter ထဲတွင်ကျရောက်နေသော ဆဲများအားလုံး၏ ပျှမ်းမျှတန်ဖိုး၊ စုစုပေါင်းတန်ဖိုး၊ သို့မဟုတ်အခြား တန်ဖိုးတစ်ခုခု အဖြစ်ပြောင်းလဲပေးသည်။ Filter သည် Raster ပေါ်တွင် စနစ်တကျ ရွှေ့ပြီး ဆဲတစ်ခုခြင်းအတွက် တွက်ချက်ပေးသည်။ Filter သည် ပုံသဏ္ဌာန်မျိုးစုံ အရွယ်အစားမျိုးစုံ ရှိနိုင်သော်လည်း ဆဲကိုးခုပါ စတုရန်းပုံကိုသာ အများဆုံး အသုံးပြုလေ့ ရှိသည်။

ကိုးကား – wiki.gis.com


neighborhood functions

တန်ဖိုးအသစ်များဖန်တီးရာတွင် သတ်မှတ်အကွာအဝေးသို့မဟုတ်ဦးတည်အရပ်မျက်နှာဝန်းကျင်အတွင်းကျရောက်သည့် အခြားနေရာများရှိတန်ဖိုးများကို အသုံးပြုသည့် နည်းလမ်းများဖြစ်သည်။

ကိုးကား – wiki.gis.com


neighborhood statistics – ဝန်းကျင် စာရင်းအင်းအချက်အလက်

အထွက် raster ကို တွက်ချက်ရာတွင် ဆဲလ်တစ်ခုချင်းစီ၏ တန်ဖိုးရရှိရန် ၎င်းဆဲလ်၏တည်နေရာရှိတန်ဖိုးနှင့် ၎င်းနှင့်ကပ်လျက်ရှိ သတ်မှတ်ထားသည့် ဝန်းကျင်အတွင်းရှိ ဆဲလ်များတန်ဖိုးတို့ ကို ထည့်သွင်းတွက်ချက် သည့်နည်းလမ်းဖြစ်သည်။

ကိုးကား – wiki.gis.com


NetBeans IDE

ဂျာဗား အပ်ပလီကေးရှင်းအမျိုးအစားအားလုံး အသုံးပြုနိုင်သော open-source development environment တစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


network – ကွန်ယက်

နေရာတစ်ခုမှ အခြားနေရာတစ်ခုသို့ ဖြစ်နိုင်ချေရှိသည့် လမ်းကြောင်းများကို ကိုယ်စားပြု၍ အပြန်အလှန်ချိတ်ဆက်နေသော အမှတ်များနှင့် မျဉ်းများပါသည့် အစုတစ်ခုဖြစ်ပါသည်။ ဂျီဩမေထြီကွန်ရက်တစ်ခုတွင် အနားစွန်းများ၊ ဆုံမှတ်များ နှင့် ၎င်းတို့ကြား ချိတ်ဆက်မှုတို့ပါဝင်သည်။ ကွန်ရက် ဒေတာဆက်တွင် အနားစွန်းများ၊ ဆုံမှတ်များ၊ အကွေ့များနှင့် ၎င်းတို့ကြား ချိတ်ဆက်မှုတို့ပါဝင်သည်။ ဥပမာ- မြို့တွင်းလမ်းများအလွှာတစ်ခုကို ကိုယ်စားပြုသော အပြန်အလှန်ချိတ်ဆက်နေသည့် မျဉ်းအစုတစ်ခုသည် ကွန်ရက်တစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


network analysis – ကွန်ယက် လေ့လာဆန်းစစ်မှု

သွားလာမှုလမ်းကြောင်း၊ စီးဆင်းနှုန်း၊ သို့မဟုတ် လုပ်ဆောင်နိုင်စွမ်း စသည့် ကွန်ယက်ပြဿနာများအား ကွန်ယက်ချိတ်ဆက်မှုသုံးပြီး ဖြေရှင်းသည့် နည်းလမ်း။

ကိုးကား – wiki.gis.com


Figure : ကွန်ယက်ဖော်ပြထားသည့်မြေပုံ
Figure : ဝန်ဆောင်မှုဌာနသို့ ရောက်ရန်ကားမောင်းကြာချိန်ဖြင့်ဇုန်များခွဲထားပုံ။ ရောက်ရှိနေသည့် ဇုန်တစ်ခုအတွင်း ရှိ ဝန်ဆောင်မှုဌာနသည်အမြန်ဆုံးရောက်နိုင်သည့်နေရာဖြစ်သည်။

Credit : wiki.gis.com

network analysis class – ကွန်ရက် လေ့လာဆန်းစစ်မှု အတန်းအစား

ArcGIS Network Analyst တွင် ကွန်ရက်လေ့လာဆန်းစစ်မှုအလွှာထဲ၌ သိမ်းဆည်းထားသော ကွန်ရက်လေ့လာဆန်းစစ်မှု့အရာများပါဝင်သည့် feature class တစ်ခု သို့မဟုတ် ဇယားတစ်ခုဖြစ်ပါသည်။ ကွန်ရက်လေ့လာဆန်းစစ်မှုပြုလုပ်ရာတွင် ကွန်ရက် လေ့လာဆန်းစစ်မှု အတန်းအစားများမှ ထည့်သွင်းချက်များကို ဖတ်ရှုပြီး ခြင်း ရလဒ်များကိုလည်း လေ့လာဆန်းစစ်မှု အတန်းအစားတွင် မှတ်တမ်းတင်ခြင်းများပြုလုပ်ပါသည်။

ကိုးကား – wiki.gis.com


network analysis layer – ကွန်ရက်လေ့လာဆန်းစစ်မှုအလွှာ

ကွန်ရက်အကြောင်းအရာတစ်ခု၏ လေ့လာဆန်းစစ်မှုတွင် အသုံးပြုသော ကွန်ရက်လေ့လာဆန်းစစ်မှု အတန်းအစားများ၊ ဂုဏ်သတ္တိများ (properties) နှင့် လေ့လာဆန်းစစ်ချက် ရလဒ်များ ပါဝင်သော ပေါင်းစပ်အလွှာ တစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


network analysis object – ကွန်ရက်လေ့လာဆန်းစစ်မှု အရာ

ArcGIS Network Analyst တွင် ကွန်ရက်လေ့လာဆန်းစစ်မှု အတန်းအစားထဲရှိ လက္ခဏာအမှတ်အသားတစ်ခု သို့မဟုတ် row တစ်ခုဖြစ်ပါသည်။ ကွန်ရက်လေ့လာဆန်းစစ်မှု အရာများကို ကွန်ရက်လေ့လာဆန်းစစ်မှုလုပ်ဆောင်နေစဉ်တွင် အဝင်ဒေတာအဖြစ် အသုံးပြုခြင်းနှင့် ရလဒ်ကိုသိမ်းဆည်းခြင်းပြုလုပ်လေ့ရှိသည်။ ကွန်ရက်တည်နေရာတစ်ခုသည် သီးသန့်ကွန်ရက်အရာဝတ္ထုတစ်မျိုးဖြစ်ပြီး ကွန်ရက် ဒေတာများအတွင်းသတ်မှတ်ထားသည့် တည်နေရာရှိသည့်အရာ တစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


network ancillary role

ဂျီဩမေထြီကွန်ရက်တစ်ခုအတွင်း လက္ခဏာအမှတ်အသား ဆုံမှတ်တစ်ခုကလုပ်ဆောင်သည့် အရံ သို့မဟုတ် ပူးတွဲ/ထပ်တိုး လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ဆုံမှတ်များသည် စီးဆင်းမှု ဦးတည်ချက်အရပ်ကို တွက်ချက်ရာတွင် လာရာအရင်းအမြစ်များ သို့မဟုတ် ကျွံဝင်နေသည့် နေရာများဖြစ်နိုင်သည်။ ဆုံမှတ်တစ်ခုသည် အရင်းအမြစ် သို့မဟုတ် ကျွံဝင်နေသည့်နေရာဖြစ်လျှင် ၎င်းကို ကွန်ရက်တစ်ခုတွင် ancillary role တစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။

ကိုးကား – wiki.gis.com


network attribute – ကွန်ရက် attribute

ကွန်ရက်ဒေတာအစုတစ်ခုရှိ ကွန်ရက်အစိတ်အပိုင်းတစ်ခုနှင်ချိတ်ဆက်ထားသည့် attribute အမျိုးအစားတစ်ခုဖြစ်ပါသည်။ ကွန်ရက်တစ်ခုကို ဖြတ်ပြီး စီးဆင်းမှုအား ထိန်းချုပ်ရန် ကွန်ရက် attribute များကို (ဂျီဩမေထြီကွန်ရက်တစ်ခုအတွင်းရှိ အလေးကဲ့သို့) အသုံးပြုပါသည်။ ကွန်ရက်ဒေတာအစုတစ်ခုရှိ ကွန်ရက်အစိတ်အပိုင်းအားလုံးသည် တူညီသော attributeအစုံ များ ပါဝင်သည်။ ကွန်ရက် attribute လေးမျိုးရှိပါသည်။ ၎င်းတို့မှာ ကုန်ကျမှု၊ ဖော်ပြချက်၊ အဆင့်/အစဉ် နှင့် ကန့်သတ်ချက် တို့ဖြစ်ကြပါသည်။

ကိုးကား – wiki.gis.com


network dataset – ကွန်ယက် ဒေတာအစု

လမ်း သို့မဟုတ် မြေအောက်ရထားလမ်း စသည့် ကွန်ယက်ကို ကိုယ်စားပြုဖော်ပြလေ့ရှိသည့် ကွန်ယက် အရင်းအမြစ်မှ ရရှိသော၊ မြေမျက်နှာသွင်ပြင်အရ ချိတ်ဆက်ထားသော ကွန်ယက်အစိတ်အပိုင်းများ (အနားစွန်းများ ၊ လမ်းဆုံများ၊ အကွေ့များ) အစုအစည်း။ ကွန်ယက်အစိတ်အပိုင်းတစ်ခုချင်းစီသည် ကွန်ယက်အချက်အလက်ဇယားများနှင့် တွဲကာဆက်စပ်ထားသည်။ ကွန်ယက် ဒေတာအစုများကို သွယ်ဝိုက် စီးဆင်းမှုစနစ်ပုံစံငယ်တည်ဆောက်ရာတွင် အသုံးပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com


network element – ကွန်ရက်အစိတ်အပိုင်း

ကွန်ရက် ဒေတာဆက်- အနားစွန်းများ ၊ လမ်းဆုံများ၊ အကွေ့များ ၏ အစိတ်အပိုင်းတစ်ခု။ ကွန်ရက် ဒေတာဆက်ရှိ အစိတ်အပိုင်းအားလုံးသည် တူညီသော ကွန်ရက်ဇယားရှိကြသည်။ ကွန်ရက်အစိတ်အပိုင်းများကို ယာဉ်အသွားအလာကဲ့သို့သော သွယ်ဝိုက် စီးဆင်းမှုကွန်ရက်များတွင် မြေမျက်နှာသွင်ပြင် ဆက်စပ်မှု ပုံစံငယ်တည်ဆောက်ရန် အသုံးပြုသည်။ ကွန်ရက်အစိတ်အပိုင်းများကို အမှတ်များ၊ မျဉ်းများနှင့် အကွေ့အသွင်အပြင်များမှ ပြုလုပ်ရရှိပါသည်။ ကွန်ရက် ဒေတာဆက်တည်ဆောက်တဲ့အခါတွင် အမှတ်များသည် အဆုံများဖြစ်လာသည်။ မျဉ်းများသည် အနားစွန်းများဖြစ်လာသည်။ အကွေ့များသည် အကွေ့အစိတ်အပိုင်းများဖြစ်လာသည်။

ကိုးကား – wiki.gis.com


network feature – ကွန်ရက် အရာဝတ္ထု

ဂျီဩမေထြီကွန်ရက်တစ်ခုရှိ အနားစွန်း သို့မဟုတ် ဆုံမှတ်တစ်ခုကဲ့သို့ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဂျီဩမေထြီကွန်ရက်တစ်ခုရှိ အရာဝတ္ထုများကို ဇလ(ရေထု)ဆိုင်ရာစနစ်များ သို့မဟုတ် နေရေးဆိုင်ရာဝန်ဆောင်မှုစနစ်များကဲ့သို့ တိုက်ရိုက်စီးဆင်းမှုကွန်ရက်များတွင် တည်ရှိပုံဆက်စပ်မှုများအား ပုံစံဖော်ဆောင်ရန်အတွက် အသုံးပြုကြပါသည်။ ကွန်ရက် အရာဝတ္ထုများကို ဂျီဩမေထြီကွန်ရက်များ တည်ဆောက်သည့်အခါ အမှတ်နှင့် မျဉ်းများမှ ရရှိပါသည်။ အမှတ်များသည် အဆုံ/ဆုံမှတ်များကို ဖြစ်လာပြီး မျဉ်းများသည် အနားစွန်းများ ဖြစ်လာပါသည်။

ကိုးကား – wiki.gis.com


network layer – ကွန်ရက်အလွှာ

ကွန်ရက်ဒေတာစု တစ်ခုကို ရည်ညွှန်းသော အလွှာတစ်ခုဖြစ်သည်။ geodatabase တစ်ခုတွင် ကွန်ရက်ဒေတာစု တစ်ခုသည် ကွန်ရက်အရင်းအမြစ်များမှ ဆင်းသက်ရရှိသော ကွန်ရက်အစိတ်အပိုင်းများ( အနားစွန်းများ၊ ဆုံမှတ်များနှင့် အကွေ့များ) ၏ အစုအဝေးတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


network location – ကွန်ရက်တည်နေရာ

ကွန်ရက်စနစ်တစ်ခုတွင် ပထဝီဝင်ဆိုင်ရာအရ တည်နေရာ တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


network port

အင်တာနက်အပ်ပလီကေးရှင်းတစ်ခုသို့ အင်တာနက်ကွန်ရက်ဖြင့် တိုက်ရိုက်ဆက်သွယ်ရန် အသုံးပြုသည့် နံပါတ်။

ကိုးကား – wiki.gis.com


network solver

ကွန်ရက်ဒေတာဆက်အပေါ် အခြေခံ၍ ကွန်ရက်လေ့လာဆန်းစစ်မှုပြုလုပ်သည့် လုပ်ဆောင်ချက်(function)တစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


network source – ကွန်ရက်အရင်းအမြစ်

ကွန်ရက်ဒေတာစုတစ်ခုကို ဖန်တီးရန်နှင့် သတ်မှတ်ရန် အသုံးပြုသော geodatabase တစ်ခုထဲရှိ feature classes များဖြစ်သည်။

ကိုးကား – wiki.gis.com


network trace – ကွန်ရက် ခြေရာခံခြင်း

ဂျီဩမေထြီကွန်ရက်တစ်ခုတွင် ကွန်ရက်လေ့လာဆန်းစစ်မှု ပြုလုပ်သည့် လုပ်ဆောင်ချက် (function) တစ်ခုဖြစ်ပါသည်။ သတ်မှတ်ထားသောကွန်ရက် ခြေရာခံခြင်းအမျိုးအစားများတွင် ချိတ်ဆက်နေသည့် အရာများကို ရှာဖွေခြင်း၊ တူညီသည့် မူလအရင်းအမြစ်(ancestors)များကို ရှာဖွေခြင်း၊ ကွင်းလမ်းများ(loops)ရှာဖွေခြင်း၊ အထက်ဘက်(upstream)နှင့်အောက်ဘက်(downstream)တစ်လျောက် ခြေရာခံခြင်းတို့ပါဝင်သည်။

ကိုးကား – wiki.gis.com


neural network – အာရုံကြောကဲ့သို့ကွန်ရက်

အတိတ်ကလုပ်ဆောင်ချက်/ဖြစ်ရပ်များမှခန့်မှန်းခြင်းများနှင့် ပုံသဏ္ဍာန်များကို မှတ်မိနေခြင်းကဲ့သို့ လူ့ဦးနှောက်မှပြသနာ ဖြေရှင်း ပုံကို အတုယူကာ ဒီဇိုင်းထုတ်ထားသော ကွန်ပျူတာမော်ဒယ်တစ်ခုဖြစ်သည်။ နူရယ်ကွန်ရက်များတွင် အပြန်အလှန်ချိတ်ဆက်ထားသည့် ကွန်ပြူတာပရိုဆက်ဆာများ ပါဝင်သည်။ ယင်းပရိုဆက်ဆာများသည် အဝင်အချက်အလက်များပေါတွင် အတိုးအလျော့အလေးများ ထည့်သွင်းတွက်ချက်ပြီး ရလာဒ်တစ်ခုကိုထုတ်ပေးသည်။ ဥပမာ- ခရက်ဒစ်ကတ် အသုံးပြုလျောက်ရာတွင် ခွင့်ပြုခြင်း သို့မဟုတ် ပယ်ချခြင်း ရလာဒ်မျိုးဖြစ်သည်။ ဤကဲ့သို့သော ရလဒ်သည် လျှောက်ထားသူ၏ ဝင်ငွေ၊ လက်ရှိအကြွေး နှင့် ခရက်ဒစ်ကတ် အသုံးပြုမှု ရှေ့ကမှတ်တမ်းများ အပါအဝင် များစွာသော အချက်အလက်များပေါ်တွင် အခြေခံတွက်ချက်ထား မည်ဖြစ်သည်။ ထို ထည့်သွင်းတွက်ချက်သည့် အချက်အလက်အချို့သည် အခြားသောအကြောင်းအရာ များထက် ပိုမို အရေးပါပါလိမ့်မည်။ အဆင့်ဆင့်ဖြတ်သန်းလာပြီးနောက်ရလာသောတန်ဖိုးကို ခွင့်ပြုမှုရရန်လိုအပ်သည့် သတ််မှတ် အောင်မှတ် (threshold) တန်ဖိုးနှင့် နှိုင်းယှဉ်ကြည့်ပါသည်။ နူရယ်ကွန်ရက်များသည် ၎င်းတို့၏ ထည့်သွင်းတွက်ချက်သော အချက်အလက်များအပေါ်သက်ရောက်သည့် အလေးတင်းပမာဏနှင့်အောင်မှတ်တို့ကို ချိန်ညှိခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ရလဒ်ကို တွက်ထုတ်ပေးရန် သင်ယူကြသည်။

ကိုးကား – wiki.gis.com

Credit : wiki.gis.com

new store analysis – စတိုးဆိုင်နေရာအသစ်ရှာဖွေခြင်း

ဖောက်သည်(ဈေးဝယ်သူ)အုပ်စုတစ်ခု၏ ဗဟိုကို တွက်ချက်ခြင်းအားဖြင့် စတိုးဆိုင်အသစ်တစ်ဆိုင် အတွက် အလားအလာရှိသည့် တည်နေရာကို ရှာဖွေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


NGVD 1929

အမေရိကန် ကမ်းရိုးတန်းနှင့် ဘူမိပမာဏတိုင်းတာရေး မှ ၁၉၂၉ ခုနှစ်တွင် ဖန်တီးထားသော ရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ မြေမျက်နှာသွင်ပြင်အနိမ့်အမြင့်ဒေတာများသည်ယင်းမျက်နှာပြင်အပေါ်အခြေခံထားသည်။

ကိုးကား – wiki.gis.com


NGVD29

NGVD 1929 နှင့် တူသည်။

ကိုးကား – wiki.gis.com


NMEA

National Marine and Electronics Association အတွက် အတိုကောက်စကားလုံးဖြစ်သည်။ ထုတ်လုပ်သူများ၊ ဖြန့်ဖြူးသူများ၊ ကုန်သည်များ၊ ပညာရေးအဖွဲ့အစည်များနှင့် အခြားသော ရေလမ်းကြောင်းဆိုင်ရာလျှပ်စစ်ပစ္စည်းများထုတ်လုပ်ရေးကို စိတ်ဝင်စားကြသူများဖြင့် ဖွဲ့စည်းထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ NMEA မှချမှတ်ထားသော ရေကြောင်းသုံး စက်ပစ္စည်းများကြား ဒေတာဆက်သွယ်ရေး စည်းမျဉ်း နှင့် လျှပ်စစ်ဆိုင်ရာ interface  ကို GPS  စက်မှုလုပ်ငန်းဆိုင်ရာစံချိန်စံ ညွှန်းတစ်ခုအဖြစ် လက်ခံအသုံးပြုထားသည်။

ကိုးကား – wiki.gis.com


NoData – မရှိဒေတာ

Raster ဒေတာတွင် မှတ်သားထားသည့် တန်ဖိုးမပါရှိခြင်းဖြစ်သည်။ မရှိဒေတာသည် သုညတန်ဖိုးမဟုတ်ပါ။ ဆဲလ်အကွက်ရှိ attribute တွင် သုညဖြစ်နိုင်သော်လည်း မရျိတန်ဖိုးသည် ၎င်းဆဲလ်အကွက်အတွက် တိုင်းတာမှု လုံးဝမလုပ်ဆောင်ရသေးသည်ကို ဆိုလိုပါသည်။

ကိုးကား – wiki.gis.com


node – အဆစ်

Geodatabase တစ်ခုတွင် အနားတစ်ခု၏ အစ သို့မဟုတ် အဆုံးကို ကိုယ်စားပြုသည့်အမှတ်။ ဆက်စပ်တည်ရှိမှု့ဖွဲ့စည်းပုံအရ ၎င်းအမှတ်တွင် လာဆုံသည့် အနား/မျဉ်းအားလုံးကို ချိတ်ဆက်ပေးထားပါသည်။

ကိုးကား – wiki.gis.com


noise – အနှောက်အယှက်

အဝေးမှ အာရုံခံခြင်းတွင် ကြိမ်နှုုန်းလှိုင်းအစုတစ်ခုထဲတွင်ပါနေသော အနှောက်အယှက်အားလုံးကို ဆိုလိုသည်။

ကိုးကား – wiki.gis.com


nominal data

‌ဒေတာကို class များအဖြစ် ပိုင်းစိတ်ရာတွင် အပိုင်းတိုင်းတွင် ပါဝင်သည့်အစိတ်အပိုင်းများအားလုံးသည် တစ်ခုနှင့်တစ်ခုတူညီကြသည်ဟု ယူဆထားထားပြီး မည်သည့် classသည် အခြားမည်သည့် classရှေ့တွင်ရှိရမည်ဟူသည့် အရေးပါမှုအခြေခံစီစဉ်မှုမျိုး၊ အစဉ်အလိုက်စီစဉ်မှုမျိုးများ မရှိပါ။ ဥပမာအားဖြင့် အမျိုးမျိုးသော မြေအမျိုးအစားများကို ကိုယ်စားပြုရန်အတွက် အရောင်ခြယ်ထားသော polygons အုပ်စုတစ်စု။

ကိုးကား – wiki.gis.com


nonsimple polygon

၎င်း၏ ကိုယ်ပိုင်နယ်နိမိတ်ကို ကျော်ဖြတ်ခြင်းဖြင့် ဆက်စပ်တည်ရှိမှုဆိုင်ရာစည်းကမ်းကို ချိုးဖောက်သော ဗဟုဂံတစ်ခု (ပုံမှန်အားဖြင့် သေးငယ်သော ကွင်းတစ်ဖြစ်သွားသည့်အခါ)။

ကိုးကား – wiki.gis.com


nonspatial data

အချက်အလက်များကဲ့သို့သော Spatial quality များမပါဝင်သော ဒေတာများ။

ကိုးကား – wiki.gis.com


normal distribution – ပုံမှန်ပြန့်ချက်

တန်ဖိုးများပြန့်ကျဲမှုကို အချိုးညီ ခေါင်လောင်းပုံမျဉ်းကွေးဂရပ်ဖြင့် ကိုယ်စားပြုနိုင်သော dataset တစ်ခု၏ သီအိုရီအရ ထပ်ကြိမ်ပြန့်ချက်တစ်ခု ဖြစ်သည်။ ပုံမှန်ပြန့်ချက်များသည် ဝိသေသလက္ခဏာ မှာ တန်ဖိုးများသည် ပျမ်းမျှတန်ဖိုးနားတဝိုက်တွင်စုနေပြီး အနည်းငယ်ကသာ ပျမ်းမျှတန်ဖိုးမှသိသိသာသာဝေးကွာပြန့်ထွက်နေခြင်းဖြစ်သည်။ မျဉ်းကွေး၏ ဘယ်ဘက် တွင်တန်ဖိုးများစွာရှိသကဲ့သို့ပင် ညာဖက်တွင် လည်းများစွာရှိနေသည်။ ထို့ကြောင့် ပြန့်ချက်အတွက် ပျမ်းမျှကိန်းနှင့် အလယ်ကိန်းသည် အတူတူပင်ဖြစ်သည်။ တန်ဖိုးများ၏ ၆၈ ရာခိုင်နှုန်းသည် ပျမ်းမျှမှ စံကွဲလွဲမှုတန်ဖိုး +/- ၁ အတွင်းရှိနေပြီး၊ ၉၅ ရာခိုင်နှုန်းသည် စံကွဲလွဲမှုတန်ဖိုး +/- ၂ အတွင်းကျနေသည်၊  ၉၉ ရာခိုင်နှုန်းသည် စံကွဲလွဲမှုတန်ဖိုး +/- ၃ အတွင်းတွင်ရှိနေသည်။

ကိုးကား – wiki.gis.com

Figure : A selection of Normal Distribution Probability Density Functions
Credit : wikimedia

normal form

relational database တစ်ခုတွင် ဇယားနှင့် ဒေတာပုံစံများကို ဒီဇိုင်းရေးဆွဲရာတွင် အသုံးပြုသော လမ်းညွှန်ချက်များဖြစ်သည်။ ၎င်းအတိုင်း လိုက်နာဆောင်ရွက်ပါက normal form လမ်းညွှန်ချက်များသည် ဒေတာထပ်ခြင်းများကို တားဆီးပေးပြီး database ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသဖြင့် တစ်သမတ်တည်းအမှားဖြစ်ခြင်း (consistency errors)ကို လျှော့ချပေးသည်။ လိုက်နာမှုအဆင့်အပေါ်မူတည်၍ ဒေတာဘေ့စ်တစ်ခုအား first normal form (1NF)ဖြစ်သည်၊၊ second normal form (2NF)ဖြစ်သည်၊ third normal form (3NF)ဖြစ်သည်ဟု ခေါ်ဆိုသည်။ လက်တွေ့တွင် 3NFကို အများအားဖြင့် အသုံးပြုသော်လည်း ထိုထက်မြင့်သောအဆင့်များကို အသုံးပြုခဲပါသည်။

ကိုးကား – wiki.gis.com


normal probability distribution – ပုံမှန်ပြန့်ချက်

တန်ဖိုးများပြန့်ကျဲမှုကို အချိုးညီ ခေါင်လောင်းပုံမျဉ်းကွေးဂရပ်ဖြင့် ကိုယ်စားပြုနိုင်သော dataset တစ်ခု၏ သီအိုရီအရ ထပ်ကြိမ်ပြန့်ချက်တစ်ခု ဖြစ်သည်။ ပုံမှန်ပြန့်ချက်များသည် ဝိသေသလက္ခဏာ မှာ တန်ဖိုးများသည် ပျမ်းမျှတန်ဖိုးနားတဝိုက်တွင်စုနေပြီး အနည်းငယ်ကသာ ပျမ်းမျှတန်ဖိုးမှသိသိသာသာဝေးကွာပြန့်ထွက်နေခြင်းဖြစ်သည်။ မျဉ်းကွေး၏ ဘယ်ဘက် တွင်တန်ဖိုးများစွာရှိသကဲ့သို့ပင် ညာဖက်တွင် လည်းများစွာရှိနေသည်။ ထို့ကြောင့် ပြန့်ချက်အတွက် ပျမ်းမျှကိန်းနှင့် အလယ်ကိန်းသည် အတူတူပင်ဖြစ်သည်။ တန်ဖိုးများ၏ ၆၈ ရာခိုင်နှုန်းသည် ပျမ်းမျှမှ စံကွဲလွဲမှုတန်ဖိုး +/- ၁ အတွင်းရှိနေပြီး၊  ၉၅ ရာခိုင်နှုန်းသည် စံကွဲလွဲမှုတန်ဖိုး +/- ၂ အတွင်းကျနေသည်၊  ၉၉ ရာခိုင်နှုန်းသည် စံကွဲလွဲမှုတန်ဖိုး +/- ၃ အတွင်းတွင်ရှိနေသည်။

ကိုးကား – wiki.gis.com


normal template

ArcMap တွင် အလိုအလျောက်တိုက်ရိုက် အသုံးပြုသော template ပုံစံတစ်ခုဖြစ်ပြီး ၎င်းတွင် standard toolbar နှင့် command default settings အားလုံးတို့ ပါဝင်ပါသည်။ ArcMap ကို စဖွင့်သည့်အကြိမ်တိုင်းတွင် normal template တွင် သိမ်းထားသော user interface customization ကို အလိုအလျောက်ဖော်ပြသည်။

ကိုးကား – wiki.gis.com


normalization – စနစ်ကျအောင်ပြုလုပ်ခြင်း

ဒေတာအသုံးပြုရာတွင် နှင့် မျှဝေရာတွင် ပိုမိုထိရောက်စွာတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ဒေတာများကို စုစည်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သန့်စင်းခြင်းများ ပြုလုပ်သည့်လုပ်ငန်းစဉ်။ ပုံမှန်အားဖြင့် normalization တွင် ဒေတာများ ဖွဲစည်းခြင်းနှင့် အသေးစိတ်ပြင်ဆင်ခြင်း၊ အထပ်ထပ်ပါနေမှုဖယ်ထုတ်ခြင်း နှင့် အမှားများ ဖယ်ရှားခြင်းနှင့် စံသတ်မှတ်ခြင်းတို့ ပါဝင်သည်။

ကိုးကား – wiki.gis.com


North American Datum 1927 (NAD27)

NAD27 သည် Clarke 1866 စက်လုံးယောင်အား အသုံးပြုထားပြီး မြောက်အမေရိကရှိ စံအလျားလိုက်အနေထား၏ ကွန်ရက်တစ်ခုကို တည်ထောင်ရန် long-baseline surveys အား ပြုပြင်ပြောင်းလဲထားခြင်းဖြစ်သည်။ ၎င်း၏ပုံသေဗဟိုချက်သည် Meades Ranch, Kansas တွင်ရှိပါသည်။

ကိုးကား – gisgeography.com


North American Datum of 1927

၂၀ ရာစုအလယ်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုအား မြေပုံထုတ်ရန်အတွက် အသုံးပြုထားသော အဓိကဒေသ ရေပြင်ညီရည်ညွှန်းမျက်နှာပြင်နှင့် ပထဝီကိုဩဒီနိတ်စနစ် ဖြစ်သည်။ NAD 1927 သည် ခုနှစ် Clarke spheroid ၁၈၆၆ နှင့် Kansas Meades၊ Ranch တွင်ရှိသော မူလအမှတ်တစ်ခုကို ကိုးကားရည်ညွှန်းထားသည်။ ၇.၅ မိနစ်စတုရန်းပုံမြေပုံများ၏ထောင့်များ အပါအဝင် USGS မြေမျက်နှာသွင်ပြင်ပြမြေပုံပေါ်ရှိ အရာဝတ္ထုများသည် NAD27 ကိုရည်ညွှန်းသည်။ ၎င်းအား  North American Datum of 1983.ဖြင့် တဖြည်းဖြည်းချင်း အစားထိုးခဲ့သည်။

ကိုးကား – wiki.gis.com


North American Datum of 1983

Geodetic Reference System 1980 ellipsoid (GRS80) ကို အခြေခံထားသော ကမ္ဘာဗဟိုအခြေပြုဒေတမ်နှင့် ဂရပ်ဖစ် ကိုဩဒီနိတ်စနစ်တစ်ခုဖြစ်သည်။ အဓိကအားဖြင့် မြောက်အမေရိကတွင် အသုံးပြုသည်။ ၎င်း၏အတိုင်းတာများကို မြေပြင်နှင့် ဂြိုလ်တုဒေတာတို့မှ ရရှိသည်။

ကိုးကား – wiki.gis.com


north american datum of 1983 (nad83)

NAD83 သည် ရည်ညွှန်းစက်လုံးယောင် GRS80 ကိုအခြေခံ၍ မြောက်အမေရိကအတွက် စံအလျားလိုက်အနေအထားများကို ဖန်တီးပေးသည့် NAD27 မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ကိုးကား – gisgeography.com


north arrow – မြောက်တိုင်

မြေပုံပေါ်တွင် မြောက်အရပ်ကိုညွှန်ပြသော ၊ မြေပုံမည်ကဲ့သို့ ဉီးတည်နေသည်ဆိုတာကို ပြသော မြေပုံသင်္ကေတ။

ကိုးကား – wiki.gis.com


northing –  မြောက်မူမျဉ်းတန်ဖိုး

Cartesian သြဒီနိတ်စနစ်တွင် မူလမှတ်မှ မြောက်ဖက်အတိုင်း တိုင်းသော အမှတ်တစ်ခု ၏ အကွာဝေး။ ယူနစ်မှာ ၎င်းစနစ်အရသတ်မှတ်ထားသော ယူနစ်ဖြစ််သည်။

ကိုးကား – wiki.gis.com


NOTAM

Notice to Airmen ၏ အတိုကောက်စာလုံးဖြစ်သည်။ နိုင်ငံတကာ လေပိုင်နက်စနစ်နှင့်ပတ်သက်သော အချက်အလက်များပါဝင်သည့် အကြံပေးစာစောင်တစ်ခုဖြစ်ပြီး ထုတ်ဝေမှုတစ်ခုနှင့်တစ်ခုကြား အချိန်နှင့်တပြေးညီ သိရှိနိုင်သော အချက်အလက်များ၊ သို့မဟုတ် ထုတ်ဝေထားသော စာရွက်စာတမ်းများနှင့် ဇယားများအတွက် ပြင်ဆင်ချက်များပါဝင်သည်။

ကိုးကား – wiki.gis.com


notice to airmen

နိုင်ငံတကာ လေပိုင်နက်စနစ်နှင့်ပတ်သက်သော အချက်အလက်များပါဝင်သည့် အကြံပေးစာစောင်တစ်ခုဖြစ်ပြီး ထုတ်ဝေမှုတစ်ခုနှင့်တစ်ခုကြား အချိန်နှင့်တပြေးညီ သိရှိနိုင်သော အချက်အလက်များ၊ သို့မဟုတ် ထုတ်ဝေထားသော စာရွက်စာတမ်းများနှင့် ဇယားများအတွက် ပြင်ဆင်ချက်များပါဝင်သည်။

ကိုးကား – wiki.gis.com


notice to mariners

ရေကြောင်းအာဏာပိုင်များက ထုတ်ပြန်ထားပြီးသော ရေကြောင်းနှင့်ဆိုင်သည့် မြေပုံများအား အချိန်ပိုင်းအလိုက် update ပြုလုပ်ခြင်း။

ကိုးကား – wiki.gis.com


NSDI

နိုင်ငံဆင့်/အမျိုးသားဆင့် မြေပုံအချက်အလက် အခြေခံအဆောက်အအုံ National Spatial Data Infrastructure.၏ အတိုကောက်စာလုံးဖြစ်သည်။ ဖက်ဒရယ်ဗဟိုအစိုးရက သတ်မှတ်ထားသော USရှိ တည်နေရာများကို ညွှန်းဆိုရာ spatial data မူဘောင်တစ်ခုဖြစ်ပြီး ဒေတာများကို ထိရောက်စွာ ဖြန့်ဝေအသုံးပြုခြင်း နည်းလမ်းများလည်း ဖြစ်သည်။ FGDCက ဖန်တီးညှိနှိုင်းပေးထားပြီး  NSDI တွင် ပထဝီဒေတာအချက်အလက်များကို အတူတကွ မျှဝေနိုင်ရန်နှင့် ထုတ်လုပ်နိုင်ရန် အဖွဲ့အစည်းများအတွက် မူဝါဒများ၊ စံများ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများနှင့် လူသားအရင်းအမြစ်များပါဝင်သည်။ NSDI ကို ဖယ်ဒရယ်အစိုးရ၊ ပြည်နယ်၊ ဒေသခံနှင့် လူမျိုးစုအစိုးရများ၊ ပညာရေးအသိုင်းအဝိုင်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ဖြင့် ဖွဲ့စည်းထားပါသည်။

ကိုးကား – wiki.gis.com


NTM

Notice to Mariners ၏ အတိုကောက်စာလုံးဖြစ်သည်။ ရေကြောင်းအာဏာပိုင်များက ထုတ်ပြန်ထားပြီးသော ရေကြောင်းနှင့်ဆိုင်သည့် မြေပုံများအား အချိန်ပိုင်းအလိုက် update ပြုလုပ်ခြင်း။

ကိုးကား – wiki.gis.com


null constraint

ကော်လံတစ်ခုတွင် ဗလာတန်ဖိုး (null)မပါရဟု သတ်မှတ်သည့် DBMS ကန့်သတ်ချက်တစ်ခု ဖြစ်သည်။

ကိုးကား – wiki.gis.com


null value – မရှိခြင်းကိုဖော်ပြသော တန်ဖိုး

အချက်အလက်ဇယားအတွက် မှတ်တမ်းတင်ထားသော တန်ဖိုး မရှိခြင်း။ မရှိတန်ဖိုးနှင့် သုည သည် မတူပါ။ သုညသည် တိုင်းတာထားသည့် တန်ဖိုးကို ကိုစားပြုနိုင်ပြီး မရှိတန်ဖိုး သည် တိုင်းတာမှု မယူရသေးခြင်းကို ရည်ညွှန်းသည်။

ကိုးကား – wiki.gis.com


 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details