radar – ရေဒါ
Radio detection and ranging ၏အတိုကောက်စာလုံး။ ရေဒီယိုလှိုင်းများထုတ်လွှတ်ခြင်းဖြင့် ကမ္ဘာ့မျက်နှာပြင်ပေါ်တွင်ရှိသော အရာဝတ္ထုများဆီသို့ ထိမှန်စေပြီး ၎င်းမှပြန်လာသော စွမ်းအင်ကိုတိုင်းတာသော ကိရိယာတစ်ခု သို့မဟုတ် စနစ်တစ်ခု။
ကိုးကား – wiki.gis.com

radar altimeter – အမြင့်တိုင်းရေဒါ
များသောအားဖြင့် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ကိုတိုင်းတာသော ကိရိယာတစ်ခုဖြစ်သည်။ ၎င်းသည် လေယာဉ် နှင့် မြေပြင် အကြား လျှပ်စစ်သံလိုက်လှိုင်း၏ အသွားအပြန်ကြာချိန်တို့ကို တိုင်းတာသည်။
ကိုးကား – wiki.gis.com

Credit: wikimedia
radar interferometry
IFSAR မှ ဖန်တီးထားသော သို့မဟုတ် တုပထားသော interferograms များအား ခွဲခြမ်းစိတ်ဖြာခြင်း ။ Radar interferometry ပြုလပ်ရာတွင် တူညီသောဧရိယာအား အမျိုးမျိုးသော ရှု့ထောင့်များမှ ရိုက်ယူထားသည့် ပုံနှစ်ပုံ သို့မဟုတ် နှစ်ပုံထက်ပိုသော ပုံများအား နှိုင်းယှဉ်ခြင်း နှင့် မြေမျက်နှာပြင်မော်ဒယ် သို့မဟုတ် မျက်နှာပြင်ရွေလျားမှုပြ မော်ဒယ်ကဲသို့ သုံးဖက်မြင် မော်ဒယ်များ ထုတ်ရန် အတွက် တိုင်းတာထားသော မြေပြင် အမှတ်များသုံးပြီး ချိန်ညှိခြင်းတို့ပါဝင် သည်။
ကိုးကား – wiki.gis.com
radial basis functions
ArcGIS Geostatistical Analyst ရှိ ဆက်စပ်ခန့်မှန်းခြင်းဆိုင်ရာ နည်းလမ်းတစ်မျိုးဖြစ်ပါသည်။ ဆက်စပ်ခန့်မှန်းသည့် မျက်နှာပြင်/နေရာကို နမူနာအမှန်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပါသည်။ ထိုနည်းလမ်းသည် ၎င်းနှင့်ဆက်စပ်နေသည့် စံလွဲမှားနိုင်ချေ/ standard errors မရှိပါ။ Spline ဆက်စပ်ခန့်မှန်းမှုနည်းလမ်းသည် radial basis function များ၏ အဓိကကျသည့် ကိစ္စရပ်ဖြစ်ပါသည်။
ကိုးကား – wiki.gis.com
radian – ရေဒီယမ်
စက်ဝိုင်းအချင်းဝက်တန်ဖိုးနှင့်တူညီသော အဝန်းပိုင်းတစ်ခုကို ခံဆောင်ထားသောထောင့်တန်ဖိုး။ အဆိုပါထောင့်တန်ဖိုးသည် 57 degrees၊ 17 minutes နှင့် 44.6 seconds ရှိသည်။ စက်ဝိုင်းတစ်ပတ်အပြည့်လည်ရန် 2π radians လိုအပ်ပါသည်။
ကိုးကား – wiki.gis.com
radiation
လှိုင်းများအသွင်ဖြင့် အကာသကိုဖြတ်ပြီး ထုတ်လွှတ်ပျံနှံ့သော စွမ်းအင်ဖြစ်သည်။ သံလိုက်စွမ်းအင် နှင့် အသံလှိုင်းတို့သည် ဖြာထွက်ပြန့်နှံ့ခြင်း ဥပမာများဖြစ်ကြသည်။
ကိုးကား – wiki.gis.com
radiometer – ရေဒီယိုလှိုင်းတိုင်းကရိယာ
အနီအောက်ရောင်ချည် သို့မဟုတ် မိုက်ခရိုဝေ့ ကဲ့သို့ လျပ်စစ်သံလိုက်ရောင်စဉ် ထဲရှိ သီးသန့် လှိုင်းစု တစ်ခု ၏ ဖြာထွက်ပြင်းအားကို တိုင်းတာပေးသည့် ပစ္စည်းကရိယာတစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
radiometric correction – ရေဒီယိုမက်ထရစ် ပြင်ဆင်ခြင်း
အဝေးမှအာရုံခံခြင်းနည်းပညာဖြင့်ရရှိလာသော ဒေတာများထဲတွင် လေထုသက်ရောက်မှုများ (မြူများကဲ့သို့သော) သို့မဟုတ် ကိရိယာများမှအမှားများ (stripping ကဲ့သို့သော) ကြောင့် ပုံများပျက်ယွင်းမှုများ ဖြစ်ပေါ်လာသည့်အခါ ဒေတာတန်ဖိုးများတွင် မူမမှန်မှုများကို ချိန်ညှိပေးခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ခြင်း ပြုလုပ်သည့် နည်းလမ်း။
ကိုးကား – wiki.gis.com
radiometric resolution
အာရုံခံကိရိယာတစ်ခု၏ ဝင်လာသောရောင်ပြန်အလင်းများကို အာရုံခံနိုင်စွမ်း။ Radiometric resolution သည် အာရုံခံကိရိယာတစ်ခုက ကောက်ယူထားသော ဒေတာထဲတွင် bit depth အရ ကွဲပြားမှုအရေအတွက် (ဥပမာ 8-bit အတွက် ၂၅၅၊ 16 bit အတွက် ၆၅၅၃၆ စသည်ဖြင့်) ကို ရည်ညွှန်းသည်။
ကိုးကား – wiki.gis.com
radius – အချင်းဝက်
စက်ဝိုင်း၊ စက်ဝန်းပိုင်း (သို့မဟုတ်) စက်လုံး၏ အနားစွန်းမှ သည် ဗဟိုအထိအကွာအဝေး။
ကိုးကား – wiki.gis.com
random noise – ကျပန်းဖြစ်လာသည့်အနှောက်အယှက်များ
တည်နေရာဆိုင်ရာ မော်ဒယ်တစ်ခုတွင် တည်နေရာနှင့် ဆက်စပ်မှုမရိသော၊ သင်္ချာနည်းလမ်းဖြင့် တွက်ချက်ဖော်ပြနိုင်ခြင်းမရှိသော ကိန်းရှင်တစ်ခု၏ တန်ဖိုးပြောင်းလဲမှုဖြစ်သည်။ ထိုပြောင်းလဲမှုများတွင် တိုင်းတာမှုအမှားနှင့် အလွန်သေးငယ်သည့် ပြောင်းလဲမှု( နမူနာကောက်ယူသည့် အချက်အလက်ထက် ပိုမိုအသေးစိတ်သည့် ပြောင်းလဲမှု) များ ပါဝင်ကြပါသည်။ ကျပန်းဖြစ်လာသည့်အနှောက်အယှက်များ သည် ပျံ့နှံ့မှုနှင့် တည်နေရာအရ ဆက်စပ်ပြောင်းလဲမှု့ရှိသည့် အဓိကအစိတ်အပိုင်း သုံးခုမှ တစ်ခုဖြစ်ပြီး မျက်နှာပြင်/နေရာတစ်ခုပေါ်ရှိ ကိန်းရှင်၏ တန်ဖိုးပြောင်းလဲမှုကို ဖြစ်စေပါသည်။ ရွေ့မျောမှု နှင့် တည်နေရာအရ ဆက်စပ်ပြောင်းလဲမှု တို့ကဲ့သို့ပင် ကျပန်းဖြစ်လာသည့်အနှောက်အယှက်များ သည် မျက်နှာပြင်/နေရာတစ်ခုပေါ်ရှိ ကိန်းရှင်၏ တန်ဖိုးပြောင်းလဲမှုကို ဖြစ်စေသည့် အဓိကအစိတ်အပိုင်း သုံးခုမှ တစ်ခုဖြစ်သည်။ semivariogram တွင် ကျပန်းဖြစ်လာသည့်အနှောက်အယှက်များကို nugget ဖြင့် ဖော်ပြပါသည်။ ကျပန်းဖြစ်လာသည့် အနှောက်အယှက်များကို တခါတရံ အဖြူရောင်အနှောက်အယှက် ဟုလည်း ခေါ်ပါသည်။
ကိုးကား – wiki.gis.com
range – ပမာဏ
variogram မော်ဒယ် သို့မဟုတ် semivariogram မော်ဒယ်ရှိ ဇာတိကိန်းတစ်ခုဖြစ်သည်။၎င်းသည်ကိန်းရှင်(variable) များကြားရှိ ဆက်စပ်မှုကို ကိုယ်စားပြုသည့်အကွာအဝေးတစ်ခုဖြစ်ပြီး ၎င်းအကွာအဝေးထက်ကျော်လွန်ပါက ကိန်းရှင်(variable) များကြားဆက်စပ်မှုသည် မဆိုစလောက်သို့မဟုတ် သို့မဟုတ် ဆက်စပ်မှုလုံးဝမရှိတော့ပါ။
ကိုးကား – wiki.gis.com
range domain
ကိန်းဂဏန်းဆိုင်ရာ attribute တစ်ခုအတွက် ခွင့်ပြုနိုင်သည့် တန်ဖိုးပမာဏကို သတ်မှတ်ပေးသော attribute domain ဖြစ်သည်။ ဥပမာ- ပိုက်လုံးအချင်းအတွက် ခွင့်ပြုနိုင်သည့် တန်ဖိုးပမာဏသည် ၁ လက်မ နှင့် ၃၂ လက်မကြား ဖြစ်နိုင်ပါသည်။
ကိုးကား – wiki.gis.com
rank – အဆင့်
feature class တစ်ခု၏ လိုင်းအဆစ်မှတ်များကို မှန်ကန်မှုမြင့်မားစွာဖြင့် ဆွဲသားနေချိန်တွင် မှန်ကန်မှုနည်းသည့် feature class တစ်ခု၏ လိုင်းအဆစ်မှတ်များ ဆီသို့ ဆွဲမကပ်မစေရန် အတွက် feature class များတွင် မှန်ကန်မှုတန်ဖိုးသတ်မှတ်ပေးသည့် နည်းလမ်းဖြစ်ပါသည်။ အဆင့်ပိုမြင့်သည့် feature class မှလိုင်းအဆစ်မှတ်များသည် အဆင့်နိမ့် feature class များ၏ လိုင်းအဆစ်မှတ်များသို့ လျပ်တပြတ် ဆွဲကပ်သည့်အခါ နေရာရွေ့သွားမည် မဟုတ်ပါ။ အမြင့်ဆုံးအဆင့်သည် ၁ ဖြစ်၍ အဆင့်ပေါင်း ၅၀ အထိ သတ်မှတ်နိုင်ပါသည်။
ကိုးကား – wiki.gis.com
raster
အရွယ်တူ ဆဲလ်များကို Row နှင့် column များဖြင့်ဖွဲ့စည်းထားသော spatial data model တစ်ခု ဖြစ်သည်။ ၎င်းတွင် band တစ်ခုတည်း သို့မဟုတ် band အများကြီးပါဝင်သည်။ ဆဲလ်တစ်ခုချင်းစီတွင် အချက်အလက်တန်ဖိုးတစ်ခုနှင့် တည်နေရာကိုဩဒီနိတ်များ ပါဝင်သည်။ vector တည်ဆောက်မှုတွင်ကိုဩဒီနိတ်များကို ရှင်းရှင်းလင်းလင်း သိမ်းဆည်းထားသော်လည်း raster ကိုဩဒီနိတ်များသည် matrix ၏ အစီအစဉ်အတိုင်း ပါဝင်သည်။ တန်ဖိုးတူပြသော ဆဲလ်အုပ်စုများသည် တူညီသောအသွင်ပြင်များကို ကိုယ်စားပြုသည်။
ကိုးကား – wiki.gis.com
raster band
ခရမ်းလွန်ရောင်ခြည်၊ အပြာရောင်၊ အနီ၊ အနီအောက်ရောင်ခြည် ကဲ့သို့သော လျှပ်စစ်သံလိုက်ရောင်စဉ် အပိုင်းအခြားများမှတန်ဖိုးများ သို့မဟုတ် ရေဒါ သို့မဟုတ် မူလပုံရိပ် bands များ မှထပ်ဆင့်ထွက်လာသော တခြားသောတန်ဖိုးများအား ကိုယ်စားပြုသော raster dataset တစ်ခုထဲရှိ အလွှာတစ်ခုဖြစ်သည်။ Raster dataset တွင် band တစ်ခုထက်မက ပါဝင်နိုင်သည်။ ဥပမာ- ဂြိုလ်တုပုံရိပ်များတွင် များသောအားဖြင့် လျှပ်စစ်သံလိုက်ရောင်စဉ်တွင်ပါသော စွမ်းအင်၏ အမျိုးမျိုးသောလှိုင်းအလျားများကို ကိုယ်စားပြုသော band များစွာ ရှိပါသည်။
ကိုးကား – wiki.gis.com
Raster Calculator
အခြေခံတွက်ချက်မှုများ နှင့် လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း၊ ရွေးချယ်ရန်ခိုင်းစေချက်များ ပြင်ဆင်ခြင်း သို့မဟုတ် မြေပုံအက္ခရာသင်္ချာ ညွှန်ကြားချက်များ တည်ဆောက်ခြင်းအားလုံးအတွက် အသုံးပြုသော ရှိ ArcGIS Spatial Analyst tool ကရိယာတစ်ခုဖြစ်သည်။ Raster Calculator ၏ Inputs များသည် Raster dataset များ၊ raster အလွှာများ၊ Coverage များ၊ Shape ဖိုင်များ၊ ဇယားများ၊ ကိန်းသေများနှင့် ဂဏန်းများ ဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com
raster cell
raster ဒေတာထဲတွင်ရှိသော အသေးဆုံးအချက်အလက် ယူနစ်ဖြစ်ပြီး ပုံမှန်အားဖြင့် စတုရန်းပုံသဏ္ဍာန် ရှိပါသည်။ မြေပုံ သို့မဟုတ် GIS ဒေတာအစုအဖွဲ့တွင် cell(ဆဲလ်)တစ်ကွက်ချင်းစီသည် ကမ္ဘာမြေ၏ အစိတ်အပိုင်းကို စတုရန်းမီတာ သို့မဟုတ် စတုရန်းမိုင် စသည်ဖြင့် ကိုယ်စားပြုပြီး များသောအားဖြင့် ၎င်းနှင့်ဆက်စပ်သောအချက်အလက်တစ်ခုပါရှိသည် – ဥပမာ မြေဆီလွှာအမျိုးအစား သို့မဟုတ် အပင်အမျိုးအစား စသဖြင့်။
ကိုးကား – wiki.gis.com
raster cleanup
ArcScan Raster Cleanup and Raster Painting tools ကိုအသုံးပြု၍ raster cells များ ရေးဆွဲခြင်း၊ ဖြည့်ခြင်း ၊ ဖျက်ခြင်းများ ပြုလုပ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။
ကိုးကား – wiki.gis.com
raster data model
Cellများပါသော ဂရစ်အကွက်တစ်ခုအဖြစ်စိတ်ပိုင်းထားသော မျက်နှာပြင်တစ်ခုအနေဖြင့် ကမ္ဘာကို ပုံဖော်ထားခြင်း ဖြစ်သည်။ Raster model များသည် ကောင်းကင်ဓာတ်ပုံ၊၊ ဂြိုလ်တုဓာတ်ပုံ၊၊ ဓာတုပစ္စည်းများပါဝင်မှုအခြေအနေပြမျက်နှာပြင် သို့မဟုတ် အနိမ့်အမြင့်ပြမျက်နှာပြင်တို့ ကဲ့သို့တဆက်တည်းပြောင်းလဲမှုများပါသည့်ဒေတာများကို သိမ်းဆည်းရာတွင်အသုံးဝင်သည်။
ကိုးကား – wiki.gis.com
raster dataset
ArcGIS တွင် geodatabase ထဲတွင် သို့မဟုတ် disk ပေါ်၌ သိမ်းဆည်းသော raster spatial model တစ်ခုဖြစ်သည်။ Raster dataset များကို TIFF၊ Imagine၊ ESRI Grid နှင့် MrSid ကဲ့သို့ ပုံစံ (formats)မျိုးစုံဖြင့် သိမ်းဆည်းနိုင်သည်။
ကိုးကား – wiki.gis.com
raster dataset band
ခရမ်းလွန်ရောင်ခြည်၊ အပြာ၊ အနီ၊ အနီအောက်ရောင်ခြည် ကဲ့သို့သော လျှပ်စစ်သံလိုက်ရောင်စဉ် အပိုင်းများမှတန်ဖိုးများ သို့မဟုတ် ရေဒါ သို့မဟုတ် မူလပုံရိပ် bands များ မှထပ်ဆင့်ထွက်လာသော တခြားသောတန်ဖိုးများအား ကိုယ်စားပြုသော raster dataset တစ်ခုထဲရှိ အလွှာတစ်ခုဖြစ်သည်။ Raster dataset တွင် band တစ်ခုထက်မက ပါဝင်နိုင်သည်။ ဥပမာ- ဂြိုလ်တုပုံရိပ်များတွင် များသောအားဖြင့် လျှပ်စစ်သံလိုက်ရောင်စဉ်တွင်ပါသော စွမ်းအင်၏ အမျိုးမျိုးသောလှိုင်းအလျားများကို ကိုယ်စားပြုသော band များစွာ ပါရှိပါသည်။
ကိုးကား – wiki.gis.com
raster intersection
ဘုံအမှတ်တစ်ခုတွင်ဆုံသည့် Rasterတစ်ခုရှိမျဉ်းသုံးကြောင်းသို့မဟုတ် ထို့ထက်ပိုများသော မျဉ်းကြောင်းများ။
ကိုးကား – wiki.gis.com
raster layer
ArcGISတွင် အလွှာ တစ်ခုဖြစ်ပြီး ဒေတာအရင်းအမြစ်အဖြစ် Raster တစ်ခုကို ရည်ညွှန်းထား သည်။ raster layer တွင် Raster dataများကို မည်သို့ပြသသင့်သည်ဆိုသည်နှင့် ပြသချက်ဆိုင်ရာအခြား ဂုဏ်သတ္တိများကို သတ်မှတ်ထားသည်။
ကိုးကား – wiki.gis.com
raster model
Cellများပါသော ဂရစ်အကွက်တစ်ခုအဖြစ်စိတ်ပိုင်းထားသော မျက်နှာပြင်တစ်ခုအနေဖြင့် ကမ္ဘာကို ပုံဖော်ထားခြင်း ဖြစ်သည်။ Raster model များသည် ကောင်းကင်ဓာတ်ပုံ၊၊ ဂြိုလ်တုဓာတ်ပုံ၊၊ ဓာတုပစ္စည်းများပါဝင်မှုအခြေအနေပြမျက်နှာပြင် သို့မဟုတ် အနိမ့်အမြင့်ပြမျက်နှာပြင်တို့ ကဲ့သို့တဆက်တည်းပြောင်းလဲမှုများပါသည့်ဒေတာများကို သိမ်းဆည်းရာတွင်အသုံးဝင်သည်။
ကိုးကား – wiki.gis.com
raster postprocessing
ArcScan တွင် vector ဒေတာအဖြစ် ပြောင်းလဲခြင်းလုပ်ငန်းပြီးဆုံးသွားသည့်အခါ vector feature ရလဒ်များကို ချက်ချင်း မှန်ကန်အောင် အလိုအလျောက်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ postprocessing တွင် မျဉ်းများ အသေးစိတ်မှုကို လျော့ချခြင်းဖြင့် ရှင်းရှင်းလင်းလင်းဖြစ်စေရန် ပြုလုပ်ခြင်း(generalizing)၊ ထောင့်ကွေးများကို ဖြောင့်အောင်ဆောင်ရွက်ခြင်း(straightening) နှင့် မျဉ်းများပြေပြစ်အောင်ဆောင်ရွက်ခြင်း(smoothing)တို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
raster preprocessing
ကြည့်ရှုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းအတွက် ပံရိပ်များကို ပြင်ဆင်ပေးသည့် ရိုးရှင်းသော raster တည်းဖြတ်မှုလုပ်ခြင်း ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်(Preprocessing)ရာတွင် ပုံနှင့်မြေပြင်မှတ်ပုံတင်ခြင်း(georeferencing) ၊ ဖြတ်တောက်ခြင်း(clipping)၊ နေရာချထားခြင်း(positioning)၊ အရွယ်အစားပြောင်းခြင်း(resizing)၊ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်း(enhancing)နှင့် ပေါင်းစပ်ဖွဲ့စည်းခြင်း(mosaicking)တို့ ပါဝင်ကြပါသည်။
ကိုးကား – wiki.gis.com
raster process definition file – raster လုပ်ဆောင်ချက်သတ်မှတ်ချက်ဖိုင်
ArcGIS ပုံရိပ်ဆာဗာတွင် raster ဒေတာများကို ကိုင်တွယ်ဆောင်ရွက်ရမည့် လုပ်ဆောင်ချက် များ နှင့် metadata များအပါအဝင် raster dataset ၏ ဂုဏ်သတ္တိများပါဝင်သည့် XML ဖိုင်တစ်မျိုးဖြစ်ပါသည်။ Raster လုပ်ဆောင်ချက် သတ်မှတ်ချက် ဖိုင် extension သည် .RPDef ဖြစ်သည်။
ကိုးကား – wiki.gis.com
Raster Product Format
ထောင့်မှန်စတုဂံပုံ ဆဲလ်ကွက်များ (ချုံ့ထားသော သို့မဟုတ် မချုံ့ထားသော) ဖြင့် ဖွဲ့စည်းထားသော ဒေတာပုံစံဖြစ်ပါသည်။ စစ်ဖက်ရေးရာတွင် အသုံးပြုရန်အတွက် U.S မဟာမိတ်များနှင့် အမျိုးသားအဆင့် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက် ထောက်လှမ်းရေးအေဂျင်စီတို့မှ ထုတ်လုပ်ထားသည့် ဒေတာပုံစံ ဖြစ်သည်။
ကိုးကား – wiki.gis.com
raster snapping – ဆဲလ်ကွက်များ လျပ်တစ်ပြတ်ဆွဲကပ်ခြင်း
သတ်မှတ်ထားသော အကွာအဝေးတစ်ခုအတွင်း ကျရောက်သော အခြားအမှတ်များ (သို့) အခြားအရာဝထ္ထုများကို အခံ အမှတ်များ သို့မဟုတ် အရာဝတ္ထုများနှင့် တစ်ထပ်တည်းကျစေရန် (သို့) ကိုက်ညီစေရန် ရွှေ့ပေးသော/လျပ်တစ်ပြတ်ဆွဲကပ်ပေးသော အလိုအလျောက် ပြုပြင်ပေးသည့် လုပ်ဆောင်ချက်ဖြစ်သည်။
ကိုးကား – wiki.gis.com
raster statistics
Raster တစ်ခုတွင် band တစ်ခုချင်းစီ၏ ဆဲလ်တန်ဖိုးများမှ တွက်ချက်သည့် စာရင်းအင်းအချက်အလက်။ တွက်ချက်ရလာသည့်၎င်းအချက်အလက်များတွင် ဆဲလ်တန်ဖိုးများ၏ အနိမ့်ဆုံး၊ အမြင့်ဆုံး၊ ပျမ်းမျှ နှင့် စံသွေဖည်မှုများ ပါဝင်သည်။ ဒေတာစု (dataset) သည် အကြောင်းအရာအလိုက် (thematic)အမျိုးအစား ဖြစ်မည်ဆိုလျှင် အတန်းအစား အရေအတွက် တို့ပါဝင်သည်။ အချို့သော သရုပ်ဖော်ခြင်းနှင့် တည်နေရာအခြေခံသည့်တွက်ချက်မှု(geoprocessing) လုပ်ငန်းများအတွက် စာရင်းအင်းအချက်အလက်များလိုအပ်ပါသည်။
ကိုးကား – wiki.gis.com
raster tracing
တစ်ဆက်တည်းရှိနေသော raster ဆဲလ်ကွက်များ၏ အနားတလျောက် လိုက်လံ (trace)ရေးဆွဲပြီး vector အရာဝတ္ထုများ ဖန်တီးသည့် Vector ရေးဆွဲခြင်း လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
rasterization – raster အဖြစ်ပြောင်းလဲခြင်း
အမှတ်၊ မျဉ်း၊ ဗဟုဂံများ (points, lines, and polygons) မှ ဆဲလ်များအဖြစ်ပြောင်းလဲခြင်း။ Vector format ဖြင့် ဖော်ပြထားသော ပုံရိပ်တစ်ခုကို raster format အဖြစ်ပြောင်းလဲခြင်း။
ကိုးကား – wiki.gis.com

ratioing – အချိုးပြုလုပ်ခြင်း
ဒီဂျစ်တယ်ပုံရိပ်ဖော်လုပ်ငန်းစဉ်တွင် ပုံရပ်တစ်ခု၏ pixels တန်ဖိုးများကို အခြားပုံရိပ်တစ်ခု၏ သက်ဆိုင်သော pixels များ၏ တန်ဖိုးများဖြင့် စားခြင်းအားဖြင့် ပုံရိပ်တစ်ခု၏ ပုံသဏ္ဍာန်များကြား ကွဲပြားခြားနားမှုကို တိုးတက်လာစေခြင်း။
ကိုးကား – wiki.gis.com
RDBMS
ဆက်စပ်မှုအခြေခံဒေတာဘေ့စ်စနစ် (relational database management system) ၏ အတိုကောက်စာလုံးဖြစ်သည်။ ဇယားတစ်ခု သို့မဟုတ် ဇယားများတွင် ဒေတာများကို စုစည်းထားသော database အမျိုးအစားတစ်ခုဖြစ်သည်။ ဇယားများသည် key ဟုခေါ်သော field များမှတဆင့် တစ်ခုနှင့်တစ်ခု ဆက်စပ်ထားသည်။ RDBMS သည် အခြားဒေတာဘေ့စ်တည်ဆောက်ပုံများနှင့်မတူဘဲ ဒေတာများမည်သို့ဆက်စပ်သည် သို့မဟုတ် ဒေတာများကိုများကို database မှ မည်သို့ ထုတ်ယူရမည်ဆိုသည့် ယူဆချက်အနည်းငယ် လိုအပ်သည်။
ကိုးကား – wiki.gis.com
real-time data – အချိန်နှင့်တပြေးညီ အချက်အလက်
ဒေတာများကို စုဆောင်း နေစဉ်တွင် ချက်ချင်းဖော်ပြပေးခြင်းဖြစ်သည်။ Real-time data များကို လမ်းကြောင်းညွှန်စနစ် သို့မဟုတ် ခရီးလမ်းညွှန်ပြခြင်းတို့အတွက် မကြာခဏ အသုံးပြုသည်။
ကိုးကား – wiki.gis.com
real-time mode
ဒေတာကိုထည့်ပြီးနောက် မြေပုံပေါ်တွင် အလိုအလျောက်ပြသပေးသော ArcGIS Tracking Analyst ရှိ အချိန်နှင့်တပြေးညီလုပ်ဆောင်သည့်စနစ်။
ကိုးကား – wiki.gis.com
record – မှတ်တမ်း
Feature တစ်ခုအတွက် အချက်အလက်တန်ဖိုးများအားလုံးပါဝင်သော သက်ဆိုင်သည့် ဒေတာ field တစ်စုံ။ တစ်ခါတစ်ရံ ၎င်းသည် database တစ်ခုထဲရှိ row တစ်ခုလည်းဖြစ်နိုင်သည်။ ဥပမာအားဖြင့် လိပ်စာနှင့်ပတ်သက်သော database တစ်ခုတွင် တစ်ဦးချင်းစီ၏လိပ်စာများအား အတူတကွ သတ်မှတ်ထားသော fields များသည် မှတ်တမ်းတစ်ခုအဖြစ် ပါဝင်သည်။ SQL query language တွင် မှတ်တမ်းတစ်ခုသည် tuple နှင့် ဆင်တူသည်။
ကိုးကား – wiki.gis.com
rectification
စကေးမှန်သည့်ပုံတစ်ပုံဖြစ်လာစေရန် ပုံ(ကောင်းကင်ဓါတ်ပုံ၊ ဂြိုလ်တုဓါတ်ပုံစသည်) တစ်ခုကို သင်္ချာကိန်းဂဏန်ဆိုင်ရာပြောင်းလဲမှုလုပ်ဆောင်ချက်များ ကိုအသုံးပြု၍ လုပ်ဆောင်သည့် လုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
rectilinear – ဖြောင့်တန်းမှု
များသော အားဖြင့် ဝန်ရိုးများနှင့်ပြိုင်လျက်ရှိသည့် မျဉ်းဖြောင့်များဖြင့်ဖော်ပြသည်။
ကိုးကား – wiki.gis.com
redistricting – ခရိုင်များပြန်လည်ဖွဲ့စည်းခြင်း
အုပ်ချုပ်မှုနယ်၊ ဥပဒေပြဌာန်းမှုနယ် (သို့မဟုတ်) မဲဆန္ဒနယ်များ၏ နယ်နိမိတ်များကို ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
redundancy – ပိုနေခြင်း
Survey Analyst တွင် တိုင်းတာမှုကွန်ယက်တစ်ခု ၏ တိုင်းတာမှု အရေအတွက်သည် တွက်ချက်ထားသော ကိုသြဒီနိတ်အရေအတွက်ထက်ပိုများနေသောအခါ redundancy ဖြစ်ပေါ်သည်။
ကိုးကား – wiki.gis.com
reference – အညွှန်း
မှတ်ဉာဏ်ထဲတွင် နေရာပေးထားသော အရာဝတ္ထု၊ ကြားခံ သို့မဟုတ် အခြားသော အရာဝတ္ထုတစ်ခုသို့ ညွှန်ပြသည့် ညွှန်ပြချက်။ IUnknown interface နည်းလမ်းများဖြစ်သော AddRef နှင့် Release တို့ကို သုံးပြီး ၎င်းတို့ကိုယ်တိုင်ကို ညွှန်ပြသည့် အညွှန်း အားလုံးကို သိမ်းထားကြသည်။
ကိုးကား – wiki.gis.com
reference data – ရည်ညွှန်းဒေတာ
Geocoding တွင် အရာဝတ္ထုတစ်ခု၏ တည်နေရာနှင့် လိပ်စာအချက်အလက်များပါဝင်သော အရာတစ်ခုဖြစ်သည်။ ရည်ညွှန်းဒေတာတွင် ဒေတာ၏တည်နေရာကိုယ်စားပြုမှုနှင့်အတူ ၎င်းနှင့်သက်ဆိုင်သော အချက်အလက်ဇယားတို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
reference data source – ရည်ညွှန်းဒေတာရင်းမြစ်
ArcGIS တွင် လိပ်စာမှတည်နေရာရှာပေးသော geocoding လုပ်ဆောင်ရန် geocoding service တစ်ခုက အသုံးပြုသော spatial ဒေတာအလွှာတစ်ခုဖြစ်သည်။ ရည်ညွှန်းဒေတာရင်းမြစ်တစ်ခုသည် လိုအပ်သောလိပ်စာ အချက်အလက်များပါဝင်သည့် အမှတ်၊ မျဉ်း သို့မဟုတ် ဗဟုဂံ တစ်ခုခုဖြစ်နိုင်သည်။ လိပ်စာနှင့်ပတ်သက်သော အစိတ်အပိုင်းတစ်ခုစီကို သီးခြားအချက်အလက်တစ်ခုအဖြစ် သိမ်းထားသည်။ လိပ်စာအချက်အလက်များ သည် ရည်ညွှန်းဒေတာရင်းမြစ်များထဲတွင် သို့မဟုတ် ၎င်းနှင့် ချိတ်ဆက်ထားသော ဇယားထဲတွင် ပါဝင်နိုင်သည်။
ကိုးကား – wiki.gis.com
reference datum – ရည်ညွှန်း ဒေတမ်
မည်သည့် ရည်ညွှန်းမျက်နှာပြင်၊ ပြင်ညီ သို့မဟုတ် မျက်နှာပြင် မှ မဆို အခြား ပမာဏများကို တိုင်းတာပါက ရည်ညွန်းမျက်နှာပြင် ဖြစ်သည်။
ကိုးကား – wiki.gis.com
reference ellipsoid – ရည်ညွှန်း စက်လုံးယောင်
ကမ္ဘာ့အရွယ်အစား ရည်ညွှန်းစနစ်တစ်ခု (သို့မဟုတ်) ကမ္ဘာ့အရွယ်အစား ရည်ညွှန်းမျက်နှာပြင်တစ်ခုနှင့် ဆက်စပ်နေသော စက်လုံးယောင်တစ်ခု။
ကိုးကား – wiki.gis.com
reference grid – ရည်ညွှန်းဂရစ်ကွက်
နံပါတ်တပ်ထားသော အတန်းများ(rows) နှင့် အက္ခရာစဉ်ထားသော အတိုင်များ (column) သို့မဟုတ် အပြန်အလှန်ဖြင့် မြေပုံပေါ်တွင် ရေးဆွဲထားသော ဂရစ်တစ်ခုဖြစ်သည်။ ၎င်းကို အရာဝတ္ထုများကို ရှာဖွေရန်နှင့် ဖော်ပြရန် အသုံးပြုသည်။ ဒေသန္တရလမ်းမြေပုံများတွင် အက္ခရာနှင့်ဂဏန်းသုံး ဂရစ်ကွက်များကို ရည်ညွှန်းစနစ်တစ်ခုအဖြစ် အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
reference level
အမြင့် သို့မဟုတ် အတိမ်အနက်ကို တို့ကို ၎င်းမှရည်ညွှန်းထားသော မျက်နှာပြင်။
ကိုးကား – wiki.gis.com
reference map – ရည်ညွှန်းမြေပုံ
ပထဝီသင်္ကေတများ တစ်ခုနှင့် တစ်ခု ဆက်နွယ်မှုများအရတည်ရှိပုံကို ဖော်ပြနိုင်ရန် ဖန်တီးထားသော မြေပုံတစ်ပုံ။
ကိုးကား – wiki.gis.com
reference point – ရည်ညွှန်းအမှတ်
Survey Analyst တွင် တွက်ချက်ခြင်းလုပ်ငန်းတစ်ခုအတွက် ထည့်သွင်းအသုံးပြုသော ကိုဩဒီနိတ်များသိရှိပြီးဖြစ်သည့် အမှတ်တစ်ခု။
ကိုးကား – wiki.gis.com
reference scale – ရည်ညွှန်းစကေး
ဒီဂျစ်တယ်စာမျက်နှာတစ်ခုပေါ်တွင် စာမျက်နှာသုံးယူနစ်များအရ အညွှန်းသင်္ကေတများ၏ အရွယ်အစားအမှန်ကို ဖော်ပြပေးသော စကေး။ မြေပုံအတိုင်းအတာပြောင်းလဲသွားပါက စာသားနှင့် သင်္ကေတများ လည်းအလိုက်သင့် ပြောင်းလဲသွားမည်ဖြစ်သည်။ ရည်ညွှန်းစကေးတစ်ခုမရှိပါက အညွှန်းသင်္ကေတများသည် မည်သည့်မြေပုံစကေးတွင် မဆို အရွယ်အစားမပြောင်းလဲဘဲ တူညီစွာ ရှိနေလိမ့်မည်။
ကိုးကား – wiki.gis.com
reference spheroid – ရည်ညွှန်းစက်လုံးယောင်
ကမ္ဘာ့အရွယ်အစား ရည်ညွှန်းစနစ်တစ်ခု (သို့မဟုတ်) ကမ္ဘာ့အရွယ်အစား ရည်ညွှန်းမျက်နှာပြင်တစ်ခုနှင့် ဆက်စပ်နေသော စက်လုံးယောင်တစ်ခု။
ကိုးကား – wiki.gis.com
reference system – ရည်ညွှန်းစနစ်
ကမ္ဘာမျက်နှာပြင်ပေါ်ရှိ တည်နေရာများကို သတ်မှတ်သော နည်းစနစ်တစ်ခုဖြစ်သည်။ ကမ္ဘာ့ လတ္တီကျု့နှင့် လောင်ဂျီကျုများကို ရည်ညွှန်းသော ဂရစ်ကွက်တစ်ခု (သို့မဟုတ်) ပြင်ညီတစ်ခုတွင် သတ်မှတ်ထားသော မူလမှတ်တစ်ခုမှ အကွာအဝေးတူ မျဉ်းများဖြင့် ပိုင်းထားသော ဂရစ်ကွက် ဖြင့် တည်ဆောက်ထားလေ့ရှိသည်။
ကိုးကား – wiki.gis.com
reference theme – ရည်ညွှန်းအကြောင်းအရာ
ArcView 3.x တွင် geocoding ဆောင်ရွက်ရန် အသုံးပြုသည့် theme တစ်ခုဖြစ်ပါသည်။ reference theme သည် လိုအပ်သည့် လိပ်စာကော်လံများ ပါဝင်သော အမှတ်တစ်မှတ်၊ မျဉ်းတစ်ကြောင်း သို့မဟုတ် ဗဟုဂံတစ်ခုဖြစ်နိုင်ပါသည်။ လိပ်စာအစိတ်အပိုင်းတစ်ခုချင်းစီ (လမ်းနာမည်၊ လိပ်စာအပိုင်းအခြား၊ လမ်းနာမည်အတိုကောက်၊ နှင့် လမ်းအမျိုးအစား ကဲ့သို့) ကို သီးခြားကော်လံတစ်ခုစီအဖြစ် သိမ်းဆည်း ထားပါသည်။ လိပ်စာကော်လံများကို reference theme ထဲတွင် သို့မဟုတ် ၎င်းနှင့်ချိတ်ဆက်သည့် ဇယားထဲတွင် သိမ်းထားနိုင်သည်။ geocoding လုပ်ဆောင်စဉ် လိပ်စာတစ်ခုချင်းစီကို reference theme ထဲရှိ လိပ်စာအစိတ်အပိုင်းများ (လိပ်စာတစ်ခု သို့မဟုတ် လိပ်စာအရှည်)နှင့် ကိုက်ညီသည့် လက္ခဏာ အမှတ်အသားတစ်ခုနှင့် ချိတ်ဆက်ပါသည်။ ထို့နောက် အမှတ်လက္ခဏာအသစ်တစ်ခုအတွက် ကိုဩဒီနိတ်များကို သတ်မှတ်ပါသည်။
ကိုးကား – wiki.gis.com
referencing – ရည်ညွှန်းကိုးကားမှု
Survey Analyst တွင် မတူညီသည့် ပရောဂျက်မှ ကိုဩဒီနိတ်မိတ္တူတစ်ခုကို ကိုယ်ပိုင်ပရောဂျက်အတွက် အသုံးပြုရန် တိုင်းတာထားသည့် အမှတ်နှင့်ပေါင်းစည်းလိုက်သည့်အခါ ဖြစ်ပေါ်လာမှုများဖြစ်သည်။ ရည်ညွှန်းကိုးကားမှုဖြစ်ပေါ်လာသည့်အခါ သင်သည် GIS ကိုဩဒီနိတ် သို့မဟုတ် ကိုယ်ပိုင်ပရောဂျက်၏ လက်ရှိကိုဩဒီနိတ်ကို ရွေးချယ်သတ်မှတ်ပေးရမည်ဖြစ်သည်။
ကိုးကား – wiki.gis.com
referential constraint – ရည်ညွှန်းကိုးကားမှုဆိုင်ရာ ကန့်သတ်ချက်
ဆင့်ပွားဇယားထဲရှိ rows များ ထဲရှိ foreign key တန်ဖိုးများသည် မူရင်းဇယားထဲရှိ မူလသော့ချက်/ primary key တန်ဖိုးများနှင့် အမြဲတမ်းကိုက်ညီစေရန် DBMS မှ သတ်မှတ်ထားသော ကန့်သတ်ချက်ဖြစ်ပါသည်။
ကိုးကား – wiki.gis.com
referential integrity – ရည်ညွှန်းကိုးကားမှုဆိုင်ရာကိုက်ညီမှု
database တွင်ပြောင်းလဲမှုဖြစ်သည့်အခါ ဒေတာအချက်အလက်များ မှန်ကန်စွာနှင့် တသမတ်တည်း ဆက်ရှိနေစေရန် သေချာစေသည့် ဖြစ်စဉ်/နည်းလမ်းတစ်မျိုးဖြစ်သည်။ ဘုံသော့ချက်/ common key တစ်ခုဖြင့် အခြားဇယားတစ်ခုနှင့်ဆက်စပ်နေသော ဇယားတစ်ခုကို ပြောင်းလဲမှုများ လုပ်ဆောင်သည့်အခါ ပြောင်းလဲမှုများသည် ဇယားနှစ်ခုလုံးတွင် အလိုအလျောက်ဖြစ်ပေါ်လာပါသည်။
ကိုးကား – wiki.gis.com
reflectance – အလင်းပြန်မှု
မျက်နှာပြင်တစ်ခုပေါ်သို့ ကျရောက်လာသည့် အလင်းနှင့် ပြန်ထွက်သွားသည့် အလင်းတို့၏ အချိုးဖြစ်ပါသည်။ အလင်းပြန်မှုသည် ကျရောက်လာသည့် အလင်း၏ လှိုင်းအလျားနှင့် အလင်းကျရောက်သောမျက်နှာပြင်၏ အရောင်နှင့် ဖွဲ့စည်းတည်ဆောက်ပုံတို့ပေါ်တွင် မူတည်၍ကွဲပြားပါသည်။
ကိုးကား – wiki.gis.com
Regedit
Windows operating system ၏ အစိတ်အပိုင်းဖြစ်ပြီး system registry ကို ကြည့်ရှုစစ်ဆေးရန်နှင့် တည်းဖြတ်ရန် / edit လုပ်ဆောင်နိုင်သည့်ပရိုဂရမ်တစ်ခုဖြစ်ပါသည်။
ကိုးကား – wiki.gis.com
region – နေရာဒေသ
ပထဝီအနေအထားအရ ယဉ်ကျေးမှု (သို့) မြေမျက်နှာသွင်ပြင်လက္ခဏာများဖြင့်ကွဲပြားလေ့ရှိသော နေရာများ။ ဥပမာ-တောင်ပိုင်းကယ်လီဖိုးနီးယား၊ အနောက်ဥရောပ၊ သို့မဟုတ်အရှေ့တောင်အာရှ။
ကိုးကား – wiki.gis.com
register – မှတ်ပုံတင်သည်
ပထဝီဆိုင်ရာ ကိုဩဒီနိတ်များကို တစ်ထပ်တည်းကျစေခြင်းဖြင့် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော မြေပုံများ၊ ဓါတ်ပုံများကို နေရာကိုက်ချထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
registration – မှတ်ပုံတင်ခြင်း
Install လုပ်ဆောင်စဉ် အသုံးပြုသူများမှ ESRI Customer Service သို့ ဆက်သွယ်ရန်လိုအပ်သည့် အဆင့်ဖြစ်ပြီး အသုံးပြုသူများ၏ ကွန်ပျူတာ၊ ဆာဗာ သို့မဟုတ် developer product မှတ်ပုံတင်နံပါတ် တို့ကို အကြောင်းကြားပေးသည့် အဆင့်ဖြစ်ပါသည်။
ကိုးကား – wiki.gis.com
registration number – မှတ်ပုံတင် နံပါတ်
ESRI မှ ဆော့ဖ်ဝဲယားများ စစ်မှန်ကြောင်း အထောက်အထားပြသည့် အက္ခရာ ၃ လုံးနှင့် ဂဏန်း ၉ လုံး (ဥပမာ- ABC123456789) တွဲဖြစ်သည်။ နောက်ဆက်တွဲ/ extension များ သို့မဟုတ် ရွေးချယ်စရာများ အပါအဝင် ကွန်ပျူတာတစ်လုံး နှင့် ဆာဗာ တစ်ခုချင်းစီတွင် တစ်ခုတည်းသော မှတ်ပုံတင်နံပါတ် ရှိပါသည်။
ကိုးကား – wiki.gis.com
registry – မှတ်ပုံတင်
Window စက်ပစ္စည်း တစ်ခုအတွက် system configuration နှင့်ပတ်သက်သည့် သတင်းအချက်အလက် များကို သိမ်းဆည်းထားခြင်းဖြစ်သည်။ COM သည် ProgIDs နှင့် ClassIDs ၊ binary code များ၏ ဖိုင်တည်နေရာ၊ marshalling information ၊ အမျိုးအစားများ စသည်တို့ ပါဝင်သော COM အစိတ် အပိုင်းများ၏ အသေးစိတ်အချက်အလက်များကို သိမ်းဆည်းထားသည့် registry ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါသည်။
ကိုးကား – wiki.gis.com
registry file – မှတ်ပုံတင်ဖိုင်
Window Registry ပုံစံဖြင့် သတင်းအချက်အလက်များပါဝင်သော ဖိုင်တစ်မျိုးဖြစ်သည်။ Window တွင် .reg ဖိုင်ကို နှစ်ချက်နှိပ်လိုက်ခြင်းဖြင့် ဖိုင်ထဲရှိ သတင်းအချက်အလက်များသည် system registry ထဲသို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။component များကို component categories ထဲသို့ register လုပ်ရာတွင် အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
