Tag: knowledge

Map Series Tool များအကြောင်း

မြေပုံစီးရီးများတွင် ပါဝင်သည့် မြေပုံတစ်ချပ်ခြင်းသည် ဖော်ပြသည့် နေရာဒေသသာ ကွဲသွားသော်လည်း မြေပုံတိုင်း၏အသွင်အပြင်ပုံစံများသည် အတူတူဖြစ်သည်။ မြေပုံအရွယ်အစား၊ အရောင်၊ ခေါင်းစဉ်၊ သုံးထားသည့် စာလုံးဖောင့်၊ မြေပုံဘောင်၊ မြေပုံပေါ်ရှိအရာဝတ္ထုများကိုဖော်ပြပုံဖော်ပြနည်းများ၊ မြေပုံအညွန်းများ နှင့် လေးအောက်(layout)ပုံစံ စသည့် အားလုံးသည် တစ်ပုံစံတည်းအတူတူပင်ဖြစ်သည်။ ဥပမာ – ပြည်နယ်နှင့်တိုင်းဒေသကြီး မြေပုံများ ထိုသို့မြေပုံစီးရီးများကို ထုတ်လုပ်ရာတွင် မြေပုံတစ်ချပ်ခြင်းစီ ကို ပြင်ဆင်ပြီးထုတ်လုပ်ခြင်းသည် အချိန်ကုန်ပြီး အမှားအယွင်းများရှိနိုင်သည်။ အဓိကပုံစံကိုသာ ပြင်ဆင်ပြီး အတွင်းတွင်ဖော်ပြသည့် နေရာ‌‌‌ဒေသ ကိုပြောင်းပြီး ထုတ်နိုင်သော်လည်း အချို့အရာများကို လူမှ အကြိမ်တိုင်းတွင် ဝင်ရောက်ပြင်ဆင်ပေးရတတ်သည်။ ဥပမာ – မြေပုံ ခေါင်းစဉ်များ သည် အချပ်တိုင်းတွင်ပြောင်းပေးဖို့လိုသေးသည်။ ယခု ခေတ် GIS Application များတွင် မြေပုံစီးရီးများကို မြန်မြန်ဆန်ဆန်ထုတ်လုပ်…
Read more

Landsat 9 ဂြိုလ်တု အကြောင်း

ပုံ နှင့် ဆောင်းပါးမူရင်း – https://landsat.gsfc.nasa.gov/satellites/landsat-9/ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇၊ တနင်္လာနေ့ မှာ Landsat 9 ကို ကယ်လီဖိုးနီးယား ပြည်နယ် ရှိ Vandenberg Space Force Base က နေနောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။ Landsat 9 data များ USGS website မှာ အခမဲ့ ရယူနိုင်ပါတယ်။ Landsat 9 ကို NASA နှင့် U.S Geological Survey တို့ပူးပေါင်းတည်ဆောက်တာ ဖြစ်ပြီး လေ့လာစောင့်ကြည့်ခြင်း၊ လူသားဘဝများ ရေရှည်တည်တံ့ရေးအတွက် မြေသယံဇာတများ ကို နားလည်ခြင်း နှင့် စီမံခန့်ခွဲခြင်းများ အတွက် Landsat ရဲ့ အရေးကြီးတဲ့ အစီအစဉ်များကို…
Read more

မဖြစ်မနေသိထားရမယ့် GIS Editing Tools ၂၅ ခု

ပုံ နှင့် ဆောင်းပါးမူရင်း – https://gisgeography.com/gis-editing-tools/ GIS ထဲမှာ feature (point, line, polygon တစ်ခုကို ဆိုလိုသည်) တွေကို အပိုင်းပိုင်းဖြတ်ခြင်း၊ အတုံးများ ဖြတ်ခြင်း နှင့် တည်းဖြတ်ပြင်ဆင်ခြင်းတွေလုပ်လို့ရတဲ့ နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။ သိပ်သည်းသွားအောင် ပြုလုပ်ခြင်း၊ ရိုးရှင်းသွားအောင်လုပ်ခြင်း၊ ပြေပြေပြစ်ပြစ်ဖြစ်သွားအောင် လုပ်ခြင်း၊ ဆုံမှတ်များမှာခွဲထုတ်ခြင်း၊ အစွန်းထွက်အနားများတိဖြတ်ခြင်း၊ ထောင့်ချိုးကို ပြေပြစ်အောင် ပြုလုပ်ခြင်း၊ အချိုးညီပိုင်းဖြတ်ခြင်း၊ အပိုင်းပိုင်းခွဲထုတ်ခြင်း တို့လို ဟာတွေ အများကြီးလုပ်လို့ ရပါတယ်။ ဒါကြောင့် ခုလို GIS editing tools တွေရဲ့ ဓာတ်ပုံများနဲ့ မြင်သာအောင်ပြထားတဲ့ လမ်းညွှန်ကို ဖန်တီးပေးထားတာပါ။ အခြေခံကနေ အဆင့်မြင့်ထိ GIS data များ ပြင်ဆင်နည်းတွေကို ကျစ်ကျစ်လစ်လစ်နဲ့…
Read more

MODIS – အလတ်စား ရောင်စဉ်ပုံရိပ်ဖမ်းကိရိယာ

နိုင်ဝင်ဘာ ၁ ရက် ၂၀၂၃ တွင် MODIS မှ ရိုက်ကူးထားသည့် ဂျပန်နိုင်ငံဆောင်းဦးပုံ

မြေဆီလွှာတိုက်စားခြင်း

ပုံ နှင့် ဆောင်းပါးမူရင်း – https://eos.com/blog/soil-erosion/ မြေဆီလွှာတိုက်စားရခြင်း အကြောင်းရင်းများ၊ အမျိုးအစားများ၊ လျှော့ချရန် နှင့်ကြိုတင်ကာကွယ်ရန် နည်းလမ်းများ မြေဆီလွှာတိုက်စားခြင်းဟာ မြေဆီလွှာအရည်အသွေးကျဆင်းစေပြီး ကမ္ဘာပေါ်မှာရှိတဲ့ စိုက်ပျိုးမြေများ ဆုံးရှုံး ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ မြေဆီလွှာတိုက်စားရခြင်း အကြောင်းရင်းများ နှင့် ၎င်းလုပ် ဆောင်ပုံကို နားလည်လျှင် စိုက်ခင်းများ ပျက်စီးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ၎င်းရဲ့ဘေးထွက်ဆိုးကျိုးတွေဟာ အတော်ပြင်းထန်ပါတယ်၊ ဒါပေမယ့် ကြိုတင်ကာကွယ်ခြင်း၊ လျှော့ချရေးအစီအစဉ်များ နှင့် ကြိုတင်စုံစမ်း ဖော်ထုတ်ခြင်းတွေဟာ ထိခိုက်မှုကို လျော့ပါးစေနိုင်ပါတယ်။ စိုက်ခင်းများ ဖြစ်ထွန်းမှုပမာဏဟာ မြေဆီလွှာ တိုက်စားမှုနဲ့ ဆက်စပ်နေတာကြောင့် ဂြိုဟ်တုနည်းပညာအသုံးပြုပြီး ကောက်ပဲသီးနှံထိန်းချုပ်ခြင်း ဟာ ဒီနေရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ မာတိကာ မြေဆီလွှာတိုက်စားမှုအကြောင်းအရင်းများ မြေဆီလွှာတိုက်စားမှုဆိုတာ မြေဆီလွှာအတွင်းထဲကအမှုန်အမွှားတွေကို ဖယ်ရှားခံလိုက်ရလို့ မြေယိုရွင်းပျက်စီးလာခြင်း ဖြစ်ပါတယ်။…
Read more

NDVI နှင့်ပတ်သက်၍ အမေးများသောမေးခွန်းများ

မူရင်းဆောင်းပါး – https://eos.com/blog/ndvi-faq-all-you-need-to-know-about-ndvi/ NDVI အား ၁၉၇၀ ခုနှစ်များတွင် စတင်မိတ်ဆက်ခဲ့ပြီးကတည်းက ၎င်းသည် အဝေးမှအာရုံခံစူးစမ်းလေ့လာခြင်း (remote sensing) နယ်ပယ်တွင် အသုံးအများဆုံးသော အပင်အညွှန်းကိန်း (vegetation index) တစ်ခု ဖြစ်လာခဲ့သည်။ ဂြိုလ်တုများ ဒရုံးUAVs များဖြင့် အဝေးမှအာရုံခံစူးစမ်းပုံရိပ်များ ပိုမိုရရှိလာသည်နှင့်အမျှ မူလကရည်ရွယ်သည့်သိပ္ပံနယ်ပယ်ထက် ကျော်လွန်ကာ NDVI ကို အသုံးပြုသူ ပိုမိုများပြားလာခဲ့ပါသည်။ စိုက်ခင်းတစ်ခုမှသည် နိုင်ငံတစ်ခုအရွယ်အစားထိ ရက်ခြားရိုက်နှုံးတစ်ခုဖြင့် အာကာသမှပုံရိပ်ရိုက်ကူးနိုင် ပြီး ဂြိုလ်တုဒေတာ၏ အားသာချက်များဖြစ်သော လွှမ်းခြုံဧရိယာကျယ်ဝန်းမှု၊ ရလာဒ်များတိကျမှု၊ အကြိမ်ရေမြန်မြန်ရိုက်ကူးနိုင်မှု တို့ကို အသုံးချနိုင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းသည် လူကြိုက်များသည့်လုပ်ငန်းတစ်ခုဖြစ်လာနေသည်။ သို့သော်လည်း ဤထူးဆန်းသည့် အပင်အညွှန်းကိန်း (vegetation index) များအကြောင်း ဗဟုသုတ နည်းပါးခြင်းနှင့် လွဲမှားသောထင်မြင်ယူဆချက်များစွာ ရှိနေပါသေးသည်။ အသုံးပြုသူများအနေဖြင့်…
Read more

World ဖိုင်အကြောင်း

ဘာသာပြန်သူမှတ်ချက် – png, jpeg, bmp အစရှိသည့် ပုံ format များသည် ၎င်းတို့၏ဖိုင်ဖွဲ့စည်းပုံအတွင်း၌ georeference အချက်အလက်များကို ထည့် သွင်း သိမ်းဆည်းနိူင်စွမ်းမရှိပါ။ world file သည် ထိုပုံများ ကို georeference လုပ်ရာတွင် မူရင်းဖိုင်များအတိုင်းဆက်လက်သုံးစွဲလိုသည့်အခါ သို့မဟုတ် geotif, img များ အဖြစ်မပြောင်းလိုသည့်အခါ ထိုပုံများ အတွက်georeference အချက်အလက်များကို သိိိမ်းဆည်းပေးသည့် အကူ text ဖိုင်တစ်မျိုးဖြစ်သည်။ အထူးသဖြင့် jpg ဖိုင်များသည်အရွယ်အစားသေးငယ်သဖြင့် ယင်းတို့ကို georeference လုပ်ပြီး မူလ format အတိုင်း အသုံးပြုခြင်းဖြင့် သိမ်းဆည်းရန်ပေးရသည့်နေရာပမာဏ ကိုချွေတာနိုင်သည်။ world file ဖွဲစည်းပုံကိုနားလည်ခြင်းသည် GIS/RS အလုပ်လုပ်ရာတွင် အားသာချက်တစ်ခုဖြစ်လာပါလိမ့်မည်။ ဆောင်းပါးမူရင်း – world…
Read more

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details